no

Font
Theme

'ယောက်ဖ'



ငါးနှစ်လောက် ဝေးကွာနေတဲ့ ညီအစ်ကိုချင်း ပြန်လည်ဆုံတွေ့ခြင်းမှာ သာမာန်ထက် တွယ်ကပ်မှုလေး တွေတော့ ရှိသည်။ဤအသက်အရွယ်၌ မကြုံ တွေ့ သင့်သေးတဲ့ အဖြစ်အပျက် တွေ အများကြီး ဖြတ်သန်းခဲ့ရခြင်းက ညီအစ်ကိုနှစ်ဦးကို ပိုမိုရင်းနှီးချစ်ခင်သွား စေသည်။ 


သို့နှင့် ရှန်လျန့်ဘက်က မရီးကို လက်ခံနိုင် သော်လည်း အစ်ကိုတစ်ယောက် အနေနှင့် ဖေးယွမ်ရွှင်းကို ယောက်ဖ မတော် ချင်ပါ။ ထိုသကောင့်သားက ချစ်လှစွာသော ညီငယ်လေးအား ထောင်ချောက်ဆင်ဖမ်းသည်ဟုသာ ခံစား‌‌ နေရသည်။ 


"လျန်လျန် အစ်ကို မြို့တော်ပြန်ရောက်တဲ့အခါစေ့စပ်ပွဲဖျက်သိမ်းပေးဖို့ကို ဧကရာဇ်ဆီ တောင်းဆိုပေးမယ်၊ ငါ့ညီက အသက်ဆယ့်ငါးနှစ်ပဲရှိ‌‌ သေးတယ်၊ ဘာကို လက်ထပ်ရမှာလဲ နောက်ငါးနှစ်နေမှ ယူလည်း နောက်မကျသေးဘူး"


ရှန်လျန့်ကိုဆွဲထားကာ ဖေးယွမ်ရွှင်းအား မျက်‌‌ ထောင့်နီနဲ့ ကြည့်သည်။ မသိလျှင် ရန်သူလိုလို...


"တာ့ကော"


"ခင်‌ဗျားကို ဒီစစ်မြေပြင်ကနေ 

မပြန်နိုင်အောင် လုပ်လိုက်လို့ရတယ်နော်"


ထိုချေပစကားက ရှန်လျန့်အား ရယ်ရခက် ငိုရခက်ဖြစ်စေ သည်။ ဖေးယွမ်ရွှင်းရဲ့ ဇာမဏီမျက်ဝန်းက တာ့ ကောကို ရဲရဲတင်းတင်း ပြန်ကြည့်နေပြီး အလျော့မပေးခဲ့ချေ။ ဟော်ရယ့်လင် တော့ ယောက်ဖချင်း စစ်တိုက်ပွဲကြား ဝင်ပါရန် အလွန်ပျင်းရိနေသည်။ 


" မပြန်နိုင်တော့ ဘာဖြစ်လဲ? လျန်လျန်က ငါ့ညီ၊ သေချာပေါက် သူငါနဲ့ အတူနေခဲ့လိမ့်မယ်"


ဖေးယွမ်ရွှင်းက ယုံကြည်ချက် ပြည့်ဝစွာဖြင့် ခပ် ထေ့ထေ့ ပြုံးသည်။ 


"ညီ လေး ဆိုတော့ရော"


"ဘာဖြစ်လဲ"


"ဘာမှ မဖြစ်ပါဘူး ၊ကျုပ်က အသိပေးချင်ရုံတင်၊ လျန်လျန်က ခင်ဗျားရဲ့ညီလေးပဲ ဖြစ်တာ၊ ကျုပ်က သူ့ရဲ့ အနာဂါတ်ခင်ပွန်းလောင်း နော်"


"ဖီး! ဘယ်သူက ခွင့်ပြုလို့လဲ!"


ရှန်တာ့ ရုတ်ချည်းထထိုင်သည်။ လျပ်တပြက်လှုပ်ရှားလိုက်၍ ခန္ဓာကိုယ်ကို နာကျင်သွားစေတာတောင် အမှုမထားနိုင်ပဲ ဆက်လက် ငြင်းခုန် ချင်နေ သေးသည်။ တော်‌‌သေး၍ ဘေးနားမှာ ရှန်လျန်နဲ့ ဟော်ရယ့်လင်က သူလဲကျမသွားစေရန် ထိန်းထားပေးလို့သာ။ 


"ကျုပ်က လျန်လျန့်ကို လက်ထပ်ဖို့ ဆန္ဒရှိသလို၊ လျန်လျန်ကလည်း သဘောတူတယ်၊ လက်တွဲသွားမယ့် ချစ်သူနှစ်ယောက် ပျော်ရွှင်နေရင်ရပြီ၊ ဘယ်သူ့ ခွင့်ပြုချက် သွားတောင်းရဦး မှာလဲ"


ဝုန်းဒိုင်းကြဲချင် နေတဲ့ သူနဲ့ ဆန့်ကျင်စွာ ဖေးယွမ်ရွှင်းက အေးဆေးတည်ငြိမ်စွာနဲ့ စကားတိုင်း ချက်ကျလက်ကျ ပြန်လည်ချေပသည်။ ရှန်တာ့အပါအဝင် မည်သူကမှ ရှန်လျန်နဲ့ သူ၏ လက်ထပ်ပွဲကို တားဆီးပိုင်ခွင့် မပေးနိုင် ချေ။ 


"မင်း!"


"လောင်ကုန်း!"


"တာ့ကော"


ရှန်တာ့ ဖင်တကြွကြွဖြစ်လာလေ ဟော်ရယ့်လင်နဲ့ ရှန်လျန်က ပူးပေါင်းပြီး တစ်ဦးက လင်ကိုထိန်း၊ ကျန်တစ်ဦးက ချစ်သူကို ဆက်မပြောတော့ပါရန် နဂါးမျက်စောင်း ဖြင့်တားဆီးသည်။ 


ဆက်မပြောတော့နဲ့၊ ကောကော ဒဏ်ရာပြန်ပွင့်သွားရင်ဒုက္ခရောက်မှာ၊ တာ့ကောက ခဏတာလက်မခံနိုင်ရုံတင်၊ တစ်သက်လုံးသူနဲ့ ရန်ဖြစ် နေလို့ မရဘူး လေ...


"........"


အကြည့်ကို နားလည်စွာ ဖေးယွမ်ရွှင်း ကလန်ကဆန် မလုပ် တော့ချေ။ သို့ပေမယ့် စိတ်ထဲမှာတော့ လူရှေ့တည့်တည့် ပွဲဖျက်မယ့်စကားတွေ ပြောခံနေရခြင်းအား ငြိမ်ခံပြီး နားထောင် နေလို့ မဖြစ်သည့်အတွက် မကျေမချမ်းနိုင် ဖြစ် နေသည်။ 


ရှန်လျန်ကလည်း ယွမ်ရွှင်း၏ မျက်နှာကို အကဲခတ်ကြည့်သည်နှင့် စိတ်ထဲတွေးနေတာကို သဘောပေါက်သည်။ 


ကူကယ်ရာမဲ့စွာ သက်ပြင်းချလျက် ရှန်လျန်က ယွမ်ရွှင်းရဲ့လက်ကိုတွဲကာ ချော့သည်။ 


"လျန်လျန်"


ဒါတွေကို မြင်တဲ့ လင်လင် နှစ်ဦးက နောက်ဆုံး တော့ စိတ်အေးသွားကြသည်။ ရှန်တာ့စိတ်ထဲ နည်းနည်းတော့ မယုံကြည်နိုင် ဖြစ်နေသည်။ ဖေးယွမ်ရွှင်းက ဦးနှောက်ဆေးခံထားရတာများလား?


"တာ့ကော ၊ယွမ်ရွှင်းက ကျွန်တော် ရွေးချယ်ထားတဲ့သူပါ၊ ဒီဘဝမှာ သူ့တစ်ယောက်ထဲကိုပဲ လက်ထပ်ဖို့ ရည်ရွယ်ထားပြီးသား"


လက်ချင်းတွဲရင်း ရှန်လျန်က ချစ်သူကို မော့ကြည့်သည်။ ပြုံးနေသည့် မျက်နှာလေးက ပျော်ရွှင်ခြင်းကို ဖော်ပြထားသည်။ ဒီတစ်ကြိမ် တော့ လူမှားမရွေးဘူးဟု ယုံကြည်သည်။ 


ညီငယ်၏ မျက်ဝန်းထဲမှ ချစ်ရည်ရွှန်းလဲ့မှုကို မြင်လိုက်ရသဖြင့် ရှန်တာ့သည် လည်ချောင်းထဲမှ ကန့်လန့်တိုက်ချင်သည့် စကားလုံးများကို ပြောမထွက်ပဲ ပြန်လည်မြိုချလိုက်ရသည်။ 


ချက်ချင်းကြီး လက်ခံဖို့ မလွယ်ကူမှန်း နားလည်စွာ ရှန်လျန် အတင်း မတိုက်တွန်း၊ ထို့အစား ဖေးယွမ်ရွှင်းနှင့် လက်တွဲဖြုတ်ကာ စကားလမ်း ကြောင်း ပြောင်းလိုက်သည်။


" ဆေးညွှန်းအတိုင်း သုံးရက်ဆက်တိုက် ပုံမှန် သောက်လိုက်ရင် ခန္ဓာကိုယ်ထဲက အဆိပ် တွေ အကုန်ပြေ သွားလိမ့်မယ်၊ ဒဏ်ရာက ငါးရက် လောက် နေမှ အနာကျက်မယ်၊ ဒါပေမယ့် ကလိစာ နဲ့ အသားဖြတ်ထုတ်ထားတဲ့ အပိုင်းက နည်းနည်းများတာမို့ ခန္ဓာကိုယ် အားသုံးရတဲ့အလုပ် တွေ၊ ကြွက်သားဆွဲဆန့်တာမျိုးတွေ လုံဝ လုံးဝ လုပ်လို့မရဘူး၊ အနည်းဆုံး သုံးလကနေ ငါးလထိ ဒီတိုင်း နေရမယ်၊ အသားစ အသစ်ပြန်ထွက်လာမယ့် အချိန်ထိ ပေါ့"


တာ့ ကော ဘာမှ မဖြစ်မှ ရှန်လျန်ရဲ့ စိုးရိမ်စိတ်လည်း လျော့ပါးသွားရသည်။ 


"ချူးတိုင်းပြည်နဲ့ တိုက်ပွဲကလည်း ဒီတစ်ကြိမ် နောက်ဆုံးပဲ၊ မင်းတို့ တင်းအန်းမှာ ပဲ အရင် စောင့် နေကြဦး ပေါ့၊ ချူး တွေကို မောင်းထုတ်ပြီးမှ မြို့ တော် အတူပြန်ကြမယ်"


"ဟော်ရယ့်လင်က ဆုံးဖြတ်ချက်ချသည်။ ရှန်တာ့မိတဲ့ အဆိပ်က စတုတ္ထမင်းသားအိမ် တော်က လာတယ်လို့ ရှန်လျန် ပြောပုံအရ ရှုပ်ထွေးတဲ့ ကိစ္စတွေ ရှိနေနိုင်သည်။ မြို့တော်ကို အမြန်ပြန် နိုင်အောင် လုပ်ရမည်။ 


"သူပဲ ဖြစ်လိမ့်မယ်"


ကုတင် ပေါ် ကျောမှီထိုင် နေတဲ့ ရှန်တာ့က အလေးအနက် ပြောသည်။ 


"စတုတ္ထမင်းသားရဲ့လူတွေ ငါ့ကို စောင့်ကြည့် နေတာကြာပြီ၊ ငါက သူနဲ့ ပြဿနာ မဖြစ်ချင်လို့ မသိချင် ယောင် ဆောင် နေတာ၊ သိပ်မကြာ သေးခင်က သူ့လူ တွေ ငါ့ဆီလာတယ်၊ လျန်လျန်နဲ့ မင်းတို့ စေ့စပ်တဲ့ အကြောင်း လာသတင်း ပေးတာ၊ ပေါ် တင်ကြီး ထုဆ် မ ပြော ပေမယ့် သူတို့ ဆိုလိုချင်တာက ရှင်းပါတယ်၊ ငါ့ရဲ့ စစ် အင်အားကို နောက်ခံထားပြီး ဧကရာဇ်ဆီ မင်းတို့ရဲ့ ကိစ္စ ဖျက်ခိုင်း စေချင်တာ၊ အဲ့ဒီတုန်းက တာ့ ကောလည်း လျန်လျန့်ကို စိတ်ပူသွားပြီး မင်းသားရဲ့ လူတွေကို မောင်းထုတ်ပစ်လိုက်တာ၊ အဲ့တာနဲ့ အခဲမ ကြေ ဘူးထင်တယ်၊ ငါ တစ်ယောက်ထဲ ချိန်းတဲ့ဆီ လာခဲ့ဖို့ စတုတ္ထမင်းသားက အ‌‌ ခေါ် လွှတ်လိုက် ရော၊ 


ဟို ရောက်တာနဲ့ ဝတ်စုံနက် ဝတ်ထားတဲ့သူ တွေ ဝိုင်းတာ ခံရ တာပဲ၊ ကိုယ်ခံပညာက ပေါ့ သေး သေး တွေ မပါဘူး၊ ငါ လျှို့ဝှက် ခေါ်သွားတဲ့ လူတွေလည်း ငြိမ်ကြည့် မနေပါဘူး၊ တိုက်ပွဲ ဖြစ်ပြီး အမြန် တပ်ဆုတ်တဲ့ အချိန် ငါ့ကို မြားတစ်စင်းလာမှန်တယ်၊ မြားပစ်တဲ့လူရဲ့ မျက်လုံးက ငါ့အတွက်အရမ်း ရင်းနှီး နေခဲ့တာ၊ အဲ့တာနဲ့ သတိ‌ မေ့ သွား တော့ တာပဲ ၊ ရှောင် ယွီကိစ္စ တောင် နိုးလာမှ ရယ့်လင် ပြောပြလို့ သိတာ"


ချင်ယွင်ရှန်းက တိုင်းပြည်ရဲ့ မင်းသားတစ်ပါးဆို တော့ အာဏာလုပွဲထဲ ရှန်တာ့ ဝင်မပါချင်။ လက် အောက်ခံလည်း မလုပ်ချင် သဖြင့် သတိထား နေရုံသာ ရှိသည်။ ပြီးခဲ့တဲ့ နှစ်ကြိမ်လုံး ဘာမှ မဖြစ်ခဲ့ ပေမယ့် အခုတစ်ခါ တော့ ပေါ့ လျော့သွားမိမှန်း ဝန်ခံ ပါသည်။ 


" သေချာတယ်၊ သူပဲ"


ရှန်လျန့်မျက်ဝန်းထဲ ရုတ်ချည်း လက်ခနဲ ဖြစ်သွားသည်။ 


"ရင်းနှီးနေတဲ့ မျက်လုံး ပိုင်ရှင်က ဘယ်သူမှန်း သိ သွားပြီလား"


ဖြစ်နိုင်လျှင် ချင်ယွင်ရှန်းရဲ့ အတွင်းရေး တွေ အကုန် မြန်နိုင်သမျှ မြန်မြန် အကုန် ဖော်ထုတ်ပစ်ချင် နေပြီ။ 


ရှန်တာ့က မျက်မှောင်ကြုံ့လျက် ခေါင်းယမ်းသည်။


"မြင် တော့ မြင်ဖူး နေတယ်၊ ဘယ်လို တွေး တွေး မမှတ်မိဘူး"


"လျိုဝမ်ကျင်း မဟုတ်ဘူးလား"


ရှန်လျန်က အာရုံစိုက်လျက် မေးလိုက်သည်။ 


"အေး.. ဟုတ်တယ်၊ သူပဲ လျိုဝမ်ကျင်း၊ သေစမ်း!သူဘယ်အချိန်က စတုတ္ထမင်းသားရဲ့ လူ ဖြစ်သွားတာလဲ၊အဲ့တာဆို အဖေလည်း...."


ရှန်တာ့ သည် ရှန်လျန့်ကို အထိတ်တလန့်ကြည့်လျက် ရင်နာရပြန်သည်။ ငါးနှစ်တိတိ ဖခင်က သူတို့ကို လက်လွှတ်ခဲ့ပြီ ပေါ့?


"ဟင့်အင်း ၊သခင်ကြီးက သူ့ရုံးကိစ္စနဲ့သူ ရှုပ် နေတာ၊ မင်းမှုထမ်းစည်းမျဉ်းအတိုင်း နေနေတုန်းပဲ၊ ကျွန် တော့်ကို ဂရုမစိုက် ပေမယ့် အနည်း ဆုံး တော့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ချင်ယွင်ရှန်းရဲ့ လူ မဟုတ်ဘူး၊ လျိုဝမ်ကျင်းပဲ..."


ရှန်ရွေ့ထင်နဲ့ ပတ်သက်ပြီး သူ့အတွက်အစ်ကိုက စိတ် မကောင်းပိုဖြစ် နေမှန်း သိပါသည်။


သို့နှင့် ရှန်လျန်က အသေးစိတ် ပြန်ဖောက်သည်ချသည်။ လျိုဝမ်ကျင်းနဲ့ လျိုရှုဟန်ကို ချင်ယွင်ရှန်းရဲ့ လူမှန်းသိလိုက်ကတည်းက ရှန်ချန်နဲ့ ရှန်ကျင်းကို ချင်ယွင်ရှန်းရဲ့ ကိုယ်လုပ် တော် နေရာ ပို့သည်။ အိမ်က အဖွားကြီး မေ့ မျော သွား တာကအစ ရှန်ဒုတိယမိသားစု မှာ အိမ် ထောင်စုထဲက ဖယ်ထုတ်ပစ်ခံလိုက်ရသည်အထိ ပြန်ပြောပြလိုက်၏။ 


"ဘာ? သူတို့ "


ရှန်တာ့ နား ထောင်ရင်း ဒေါသ ကြောင့် အံတင်းတင်းကြိတ်ထားသည်။ တစ်ဦးတည်း သော ညီ လေးကိုမှ ရက်ရက်စက်စက် လုပ်ရက်ကြတာ၊ လုပ်ရဲလိုက်ကြတဲ့ ‌‌‌‌‌သူ တွေ!


"လောင်ကုန်း!"

ဟော်ရယ့်လင်ရဲ့ မျက်နှာလည်း ခက်ထန်လာသည်။ တုံးလင်အိမ် တော်က လူတွေ က အသိဉာဏ်ကင်းမဲ့လွန်းသည်။ လျန်လျန့် အသက် ဆယ်နှစ်မှာ အဝေး ပို့ပစ်လိုက်ကြပြီး ပြန် ခေါ် တော့လည်း အမျိုးမျိုး ကြံစည်ကြသည်။ ကောက်ကျစ်ချက်က တစ်ဖက်ကမ်း လွန်သည်။ စက်ဆုပ်ဖွယ် ကောင်းလ်ိုက်တာ !


" ကော ပြီးတာလည်း ပြီးခဲ့ပါပြီ၊ ကျွန် တော် ဘာမှ မဖြစ်တာ ပဲ ဟုတ်လှပြီ"


တဆတ်ဆတ် တုန် နေတဲ့ ရှန်တာ့လက်ကို ပုတ်ကာ ရှန်လျန်နှစ်သိမ့် ပေးဖြစ်၏။ ရှန်လျန်က စိတ် အေး အေးထားကာ တေးမှတ်ထားပြီးဖြစ်၏။ အတိတ်ကပြီးသွားတာ တွေကို မှတ်ထားပြီး မှားယွင်းပြုမှူခဲ့တာ တွေအတွက် လက်စားချေရမယ့်အချိန် ရောက် ပေပြီ။ 


"ဖြစ်တာ မဖြစ်တာက ထမင်းစား ရေ သောက်သလို လွယ်လွယ် ပြောလို့ မရဘူး‌ လေ လျန်လျန်၊ ဒါ အကြမ်းဖက်တဲ့ကိစ္စကြီး၊ ဒီလို တွေ ဖြစ်နေ တာတောင် အဖေက..."


အဆုံးမရှိတဲ့ စိတ်နာမှု တွေနဲ့ ရှန်တာ့ ဆက်မပြော နိုင်။ သူက အဖေ့အတွက် တော့ အချစ်ရဆုံးသားကြီး ဖြစ်ခဲ့ သော်လည်း တစ်ဦးတည်း သော ညီငယ် လေးမှာ တော့ ဖခင် မေတ္တာကို ကောင်းစွာ မရခဲ့ ချေ။ လျန်လျန်က မိထွေးများရဲ့ အဆုံးမရှိတဲ့ နှိပ်စက် မှု တွေကို ခံစားခဲ့ရသည်။ နန်းတွင်းထဲက ကိုယ်လုပ် တော်များနှင့် ယှဉ်လျှင် အိမ် တော်က အမေ လေးများက ကောင်းသည်ဟု တွေးထင်ခဲ့သမျှ ဖခင်ကို လေးစားခဲ့ရသမျှ အကုန် အလကားပင်။ 



"အဖေလား? "


ရှန်လျန်က အေးစက်စက် နှာမှုတ်သည်။ 


"သူက မကောင်းတဲ့ သူတော့ မဟုတ်ပါဘူး၊ ကျွန် တော့်ကို မုန်း နေရုံတင်၊ ခု တော့ ငြိမ်းချမ်း ရေး ယူထားပါပြီ၊ ပြီးတော့ ကတိလည်း ပေးထား သေးတယ်၊ ကျွန်တာ်နဲ့ ဆန့်ကျင်ဘက်ဖြစ်မယ့် လမ်းကို သူ မရွေးဘူးတဲ့၊ အဖွားနဲ့ လျိုရှုဟန်လို မကောင်းကြံစည် တာမျိုးလည်း မ‌‌လုပ်ပါဘူးတဲ့"


အဖေ့ကို ခွင့်မလွှတ်နိုင် ပေမယ့်လည်း သူသာ ကျန်းမာ ရေး ကောင်း အောင် နေထိုင်ပြီး ယိုအာကိုလည်း သေချာ စောင့် ရှောက်နိုင်မယ်ဆိုရင် တော့ ဒီဘဝမှာလက်စား ချေမယ့် စာရင်းက ဖျက် ပေးနိုင်သည်။ မဟုတ်လို့က တော့ အဖေ ဖြစ်ဖြစ် ဘာဖြစ်ဖြစ် သတ်ပစ်ရန် ဝန်မ လေး ‌‌‌‌‌ပါ။


"လျန်လျန်"


လျန်လျန်က ဘာလို့ အဖေ့ဘက်က ကာ ပြော ပေးနေပါလိမ့်? ရှန်တာ့ နားမလည်နိုင်ဖြစ်သွားသည်။ သူကိုယ်တိုင်က တော့ နည်းနည်းမှ မကျေနပ်နိုင်ပါ။ 


" သခင်ကြီး အကြောင်း ဆက်မပြောတော့နဲ့ ကော၊ ကောရဲ့ကိစ္စမှာ ကောက်ချက်ချလိုက် တော့ အချက်နှစ်ချက် ထွက်လာတယ်၊ တစ် အချက်က လျိုဝမ်ကျင်းက ကောကို သတ်ချင် နေတာ သေချာတယ်၊ ချင်ယွင်ရှန်းက ကောကို သတ်ပြီး ကျွန် တော့်ရဲ့ နောက်ခံအင်အားကို ရိုက်ချိုးချင်တာလည်း ပါတယ်၊ နှစ်အချက်က ကော ကိုသတ်ပြီး မရီးတစ် ယောက်ထဲ ကျန်မှ ချူးတိုင်းပြည်နဲ့ ပေါင်းပြီး တာ့ချင်ကို လာသိမ်းပိုက်ဖို့ကြိုးစား နေတာ၊ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ပြီးရင် ကောရဲ့ အလောင်းကို အောင်ပွဲခံတဲ့အ နေနဲ့ သူတို့တိုင်းပြည်ရဲ့နံရံမှာ ချိတ်ဆွဲထားကြလိမ့်မယ်"


အဲ့ဒီလိုဆိုရင် အတိတ်ရဲ့ အရိပ်မည်းက ပြန်ဖြစ်ပေါ် လာလိမ့်မည်။ ထိုအ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ခြင်းအရာကို ပြန် တွေးကြည့်ရုံနဲ့ ရှန်လျန့်ခံစားချက်က ရူးမတတ် ဖြစ်လာသည်။ 


"လျန်လျန်..."


ရှန်တာ့က ညီ လေးရဲ့ တွေးမြင်နိုင်ပုံ ကြောင့် အတော် အံ့အားသင့်ရပြီး ပျော်ရွှင်ဝမ်းသာမိသည်။ လျန်လျန်က အရမ်းထက်မြက်ပြီး တွေး တော နိုင်စွမ်း မြင့်ပုံပင်။ 


သို့နှင့် ဖေးယွမ်ရွှင်းကိုကြည့်လိုက် သော် မဆီမဆိုင်ဂုဏ်ယူ နေတဲ့ မျက်နှာ ကြောင့် ရှန်တာ့က တတိယဘီး ဖြစ်သွားသလိုပင်။ ချစ်သူနှစ်ဦးကို တစ်လှည့်စီကြည့်လိုက်ပြီး ချစ်ရတဲ့ညီ လေးက တစ်ကယ် ပြန် ပေးဆွဲခံလိုက်ရပြီဖြစ် ကြောင်း စိတ်ထဲ ဝန်ခံလိုက်ရသည်။ 


"လျန်လျန် ပြောတာ ဟုတ်တယ်၊ ခက်တာက ငါတို့မှာ သက်သေမရှိတော့ မသိချင် ယောင် ဆောင်တာ ပို ကောင်းမယ်"


ဟော်ရယ့်လင်က ခင်ပွန်း၏ လောင်နေတဲ့မျက်နှာကိုလစ်လျူရှုကာ ဖေးယွမ်ရွှင်းနဲ့ တိုင်ပင်ထားတဲ့အတိုင်းလုပ်ဖို့ အကြံပြုလိုက်သည်။ 


"အင်း.. လျှို့ဝှက်ထားကြတာပေါ့"


ဆိုလိုချင်တာကို ရှန်လျန် သဘောပေါက်၏။ မဟုတ်ရင်‌‌ တောင် လျိုဝမ်ကျင်းက လိပ်ပြာမလုံဖြစ်ပြီး မြို့တော်ကိုချက်ချင်းပြန်ရဲမှာ မဟုတ် ချေ။ သူတို့ဘက်မှလည်း ဧကရာဇ်၌ တိုင်ကြားပြီး အမှုလွယ်လွယ်ပြီးသွားတာမျိုး မဖြစ်ချင်။ ခဏ လောက် စိတ်ရှည်ရှည်နဲ့ လွှတ်ထား ပေးလိုက်ပြီးမှ လျိုဝမ်ကျင်း ၊လျိုရှုဟန်နဲ့ စတုတ္ထမင်းသားတို့ဆီက နေ သွေးကြွေးပြန် တောင်းမည်ဖြစ်သည်။ 




"မြို့ တော် ပြန်ရောက်တဲ့အထိ စောင့်ကြမယ်"


ဟော်ရဲ့လင်က ‌‌‌‌‌‌‌‌‌‌‌‌‌‌စကားလမ်း ကြောင်းပြောင်းလိုက်သည်။ 


"ယိုအာ ရော အဆင် ပြေ နေလား"


ဖေးယွမ်ရွှင်းဘက် လှည့် မေးလိုက်တာ ဖြစ်သည်။ က လေးကို သူ့လက်ထဲ အပ်ခဲ့တာ ဆို ပေမယ့် ဘိုး ဘေး လေးက ရှန်လျန့်ဆီ ရောက်သွားပြီမှန်း မသိ သေး ချေ။ 


"သူ အဆင် ပြေ နေပါတယ်"


ဘယ်လိုလုပ် လျန်လျန်က? ရှန်တာ့နဲ့ ရယ့်လင်တို့နှစ်ဦး ကြားလိုက်ရတဲ့စကားကို မယုံနိုင် ဖြစ်သွားသည်။ တပြိုက်နက် ရှန်လျန့်ကို ကြည့်လိုက်ကြပြီး အံ့အားသင့်စွာ ပါးစပ်ကို လက်ဖြင့်အုပ်မိသည်အထိ။ 


"ယိုအာက လိမ်မာတယ်၊ အခုသူက လုံးတစ် လေး ဖြစ် နေပြီ၊ ဝူးဝူးဝါးဝါးနဲ့ အသံပြုပြီး လိုက် ခေါ် တတ်‌‌ နေပြီ၊ ရောက်စ ကနဲ့ မတူတော့ဘူး၊ ပွေ့ တောင်မ ပွေ့နိုင် တော့ဘူး သူ့ကို၊ 


တခြားကလေး တွေလို ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဆူညံတာလည်း သိပ်မလုပ်ဘူး၊ ဆရာကြီးက ခပ် အေး အေးပဲဗျာ၊ ကျွန် တော်နား အရမ်း ကပ်ချွဲတတ်တဲ့ ကိုတတ်ပ လေး ဖြစ် နေပြီ"


ချစ်စရာတူ လေး အကြောင်း တွေးမိ တော့ ရှန်လျန့်ရင်ထဲ နွေးသွားသည်။ တော်ရုံမငိုတတ်တဲ့ ခ‌‌ လေးက သူ့ဆို အရမ်း လူကပ်သည်။ အိမ်မှာ မရှိတဲ့ ဒီရက်ပိုင်းအတွင်း က လေးက သူ့ကိုဘယ် လောက် တောင် မျှော် နေရှာလိုက်မလဲ လေ....


အရမ်းရင်းနှီး နေ ပြီတဲ့လား?


သားအတွက် စိတ်ပူ နေ တဲ့လင်လင် နှစ်ဦး ခုမှပဲ စိတ် အေးသွား တော့သည်။ နှစ် ယောက်သား ဖေးယွမ်ရွှင်းကို အဓိပ္ပာယ်ပါပါ လှမ်းကြည့်လိုက်ကြသည်။ ရှန်လျန့်ဆီ ရောက်သွားပုံ ထောက်လျှင် ဖေးယွမ်ရွှင်

းက ယိုအာ ကြောင့် အတော် လေး ပြဿနာ တက်ခဲ့ပုံရသည်။ 


ရှန်တာ့ စိတ်ထဲမှ ယိုအာ့အား လက်မ ကြီးကြီး ထောင်ကာ ချီးကျူးလိုက်သည်။ ဖ အေတူသား လေး တော်တယ်၊ အဖေ့ သွေး အပြည့်ပါတယ်။


2819

Grape 🍇 

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment