no

Font
Theme

'ကွပ်မျက်ခြင်းနှင့် လက်တွေ့ဘဝ ပြန်ရောက်လာခြင်း'

❌❌သွေးထွက်သံယို အခန်းပါဝင်သည်❌❌

"မင်းရဲ့ ဧကရီမှန်း သိသေးတယ်ပေါ့? ဒီမတိုင်ခင်က သူ့အပေါ် ဘာသောက်လုပ်တွေ လုပ်ခဲ့လဲ!"

ပြင်းထန်တဲ့ လက်သီးချက်ကျွေးခဲ့ပြီးပေမယ့် စိတ်မကျေနပ်နိုင်ပဲ ချင်ယွင်ရှန်းရဲ့ လည်ပင်းတစ်ဝိုက် ဝတ်ရုံကို ခပ်တင်းတင်း ဆွဲဆုပ်လိုက်သည်။

ရှန်လျန့်မျက်ဝန်းတွေက ဝိုင်းစက်လျက် မျက်ရည်ဖြင့်ပြည့်‌နေသည်။ သူ့ရှေ့ကလူက ဝမ်းကွဲတော်စပ်သူ ဝေရွှီဖြစ်လေ၏။ ဤမြင်ကွင်းတွေက သူသေဆုံးပြီးနောက် ဖြစ်ပျက်ခဲ့သဖြင့် ဘယ်တော့အခါမှ မမြင်နိုင်ခဲ့ပေ။

ရိုက်နှက်ခံရပြီးနောက် အသိတရားဝင်သွားသည့်အလား နှုတ်ခမ်းထောင့်က သွေးယိုစီးလျက် ချင်ယွင်ရှန်း တိတ်ဆိတ်နေသည်။ အတန်ကြာမှ

"ငါ.... နောင်တရတယ်"

"ဟား!နောင်တ ဟုတ်လား.. နောင်တဆိုတာ ဘာမှန်း မင်း သိလို့လား"

ဝေရွှီက အထင်သေး ရှုံ့ချလိုက်ပြီး ရှန်ချန်က်ု လက်ညှိုးငေါက်ငေါက်ထိုးသည်။

"သူမင်းနဲ့ ဆယ်နှစ်ဖြတ်သန်းခဲ့ပေမယ့် သူ့တန်ဖိုးကိုမသိပဲ တစ်ရက်လေးမှ ပျော်ရွှင်အောင် မင်းမထားပေးခဲ့ဘူး၊ မင်းရဲ့နာမည်ဂုဏ်သတင်း၊ ထီးနန်း၊ ချင်ပြည်ထောင် အကုန်လုံးကို သူယူပေးခဲ့တာချည်းပဲ၊ ရှန်မိသားစုက ဒီကောင်မ က ဆေးကျမ်း ခိုးပြီး နာမည်ယူတာတောင် မင်းကဂရုမစိုက်ခဲ့ဘူး၊ ရှန်လျန် ကြောင့် မဟုတ်ရင် ဝေမိသားစုက မင်းကို ဘုရင် ဖြစ်ခွင့်ပေးထားမယ်ထင်နေတာလား၊ ချင်ယွင်ရှန်း မင်းမှာ နောင်တရဖို့ အရည်အချင်းမရှိဘူး"

"ငါ..."

ချင်ယွင်ရှန်းက ပါးစပ်ဟလိုက်ပေမယ့် ဘာမှ မပြောဖြစ်လိုက်ဘူး၊ တခါတလေ လူတွေက တန်ဖိုးရှိတဲ့ ရတနာတွေကိုပိုင်ဆိုင်ခွင့်ရနေတုန်းက တန်ဖိုးမထားတတ်ပဲ လက်ထဲ ပျောက်ဆုံးသွားခါမှ သတိရအောက်မေ့တတ်တာ သဘာဝပင်။ မျက်စိရှေ့မှာ ရှိနေတုန်းက ဖမ်းဆုပ်မထားပဲ လွှတ်ကျသွားခါမှ နောင်တရနေလို့ အချည်းနှီးပင်။

"ရှန်လျန့်ရုပ်အလောင်းက တော်ဝင် သင်္ချိုင်းထဲမှာ မြှုပ်ထားလိမ့်မယ်"

သူတို့နှစ်ယောက်ကြားထဲ ဖေးယွမ်ရွှင်းဖြတ်ပြောလိုက်၏။ ချင်ယွင်ရှန်းက စူးစူးစိုက်စိုက်ပြန်ကြည့်နေသဖြင့် ဖေးယွမ်ရွှင်းခန့်မှန်းတာ မှန်သွားကြောင်း အနားမှာ ရှိနေတဲ့လူတိုင်း သိလိုက်သည်။

ဝေရွှီက ‌ဦးညွှတ်ပြီး

"အရှင်မင်းမြတ်၊ ဝမ်းကွဲရဲ့ရုပ်အလောင်းကို တော်ဝင် သင်္ချိုင်းကနေ ယူထုတ်ခွင့်ပေးပါ"

"မရဘူး! မယူရဘူး! သူက ငါကိုယ်တော်ရဲ့......ဒီဧကရာဇ်ရဲ့...."

ဝေရွှီပြောတာ ကြားပြီး ချင်ယွင်ရှန်း အပြင်းအထန် ရုန်းကန်လေတယ်။ သို့သော် မည်သူမှ သူ့အားအဖတ်မလုပ်ကြ၊ လက်ရှိမှာ သူက အပြစ်သားတစ်ယောက်ထက် ဘာမှ မပိုပေ။

"ရှန်မိသားစုနဲ့ လျိုမိသားစုက အဓိက ဒုက္ခပေးနစ်‌နာစေခဲ့သူတွေပဲ၊ သူတို့ရဲ့ အပြစ်ကို စံထားပြီး အချိန် မလင့်ခင် ကွပ်မျက်လိုက်"

ဖေးယွမ်ရွှင်းသည် ဘယ်အပြစ်သားရဲ့ မျက်နှာ မှ တစ်ချက် မကြည့်ပဲ လူသတ်ကွင်းက လှည့်ထွက်သွားသည်။

ကျန်နေခဲ့သည့် သူတွေက အမိန့်အတိုင်းစီစဉ်လိုက်ကြသည်။

"ကွပ်မျက်ဖို့ အသင့်ပြင်!"

"မလုပ်ပါနဲ့၊ ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ.. အရှင်မင်းကြီး"

"မသတ်ပါနဲ့!"

"ငါမသေချင်သေးဘူး..."

လေ့ကျင့်ထားတဲ့ စစ်သည် တစ်ရာကျော်ဟာ တိုင်လုံးမှာ ကပ်ချည်ထားတဲ့ အပြစ်သားတွေရှေ့ လေးနှင့်မြှားကို ကိုင်ကာ အသီးသီး နေရာယူကာ ချိန်ရွယ်ထားလိုက်ကြသည်။ သွေးပျက်ဖွယ် အော်ဟစ် ‌ငိုယိုသံက ကမ္ဘာပျက်နေသည့်အလား ဆူညံပွက်ကလောရိုက်နေသည်။

ဟော်ရဲ့လင်က သားဖြစ်သူလက်ကိုကိုင်ဆွဲကာ

"မင်းကြောင့်မိုးရေထဲမှာ ရင်ဘတ်တည့်တည့် မြားစိုက်ခံရပြီး သေဆုံးသွားတဲ့ ရှန်တာ့အစား ငါဒီနေ့ လက်စားပြန်ချေမယ်၊ သူ့အတိုင်း သေဆုံးရတဲ့ အရသာက်ု ပြန်ခံစားကြည့်ပေါ့! မြားလွှတ်!"

"မလုပ်ပါနဲ့!"

ရွှီး! ရွှီး !ရွှီး!

မြားပေါင်းတစ်ရာကျော်က ရှေ့တည့်တည့်ဆီက အပြစ်သားတွေရဲ့ ခန္ဓာကိုယ်ကို ထိုးဖောက်သွားရာ နာကျင်မှုကြောင့် ငြီးငြူသံဖြင့်ပြည့်နှက်သွားသည်။ ဤလောက်နှင့်မပြီးသေး ဒုတိယ မြားလှိုင်းက ထပ်မံ ပစ်လွှတ်လိုက်ပြန်သည်။ မြားတံက အပြစ်သားများ၏ ကြွက်သားကိုကြိတ်ခွဲထိုးဖောက်ပြီး သွေးတွေ ကုန်ခမ်းကာ ဖြူစုတ်သော အလောင်းများဖြစ်စေသည်။

မည်သူမှ သတိမထားမိလိုက်သည်က ဟော်ရဲ့လင်၏ ပါးပြင်တစ်လျှောက် ပေါက်ခနဲ စီးဆင်းသွားသည့် မျက်ရည်စကိုပင်။။

"ဧကရာဇ်၏ အမိန့်တော်!"

သေဆုံးသူတွေကို အကြည့်တစ်ချက် မပေးပဲ ဖေးယွမ်ရွှင်းက လက်ဟန်ပြလိုက်ရာ မိန်းမစိုးကရွှေဝါရောင် ဘုရင့်အမိန့်ပြန်တမ်းကို ဖြည်ချလိုက်သည်။

"ကောင်းကင်ရဲ့ အလိုဆန္ဒအရ ဘုရင့်အမိန့်တော်.....သုံးနှစ်တိတိ ထီးနန်းစိုးစံခဲ့တဲ့ ချင်ယွင်ရှန်းအား သုံးထောင်သော ကိုယ်လက်အင်္ဂါဖြတ်တောက်မှုဖြင့် ကွပ်မျက်ရန် အမိန့်ချမှတ်သည်။ ဘုရင့်ကိုယ်လုပ်တော် ရှန်ချန်အား ခြေလက်များဖြတ်တောက်ကာ မြို့လယ်မှာ တုံးလုံးချွတ်လျက် ချိတ်ဆွဲထားပြီး ပြည်သူလူထုရဲ့ စပ်ဆုပ်ရွံရွာမှု တံတွေးကို ခံယူစေ၊ အရှင်မင်းမြတ်ရဲ့ အမိန့်တော်.....!"

ချင်ယွင်ရှန်းသည် ရှန်လျန်အား ထောင်ချီသော ဖြတ်တောက်မှုဖြင့်သေဒဏ်ချမှတ်ခဲ့ဖူးသည်။ ထို့ကြောင့် ဖေးယွမ်ရွှင်းက တစ်ဖန် ထိုခံစားချက်ကို ပိုင်ရှင်ထံပြန်ပေး၏။ ရှန်ချန်ကမူ ရှန်လျန်၏ ခြေလက်များ ဖြတ်တောက်ကာ မျက်လုံးဖောက်ထုတ်ပစ်ခဲ့သည်။ ဖေးယွမ်ရွှင်းက အပြစ်သားနှစ်ယောက်လုံးဆီကို တူညီသော ပြစ်ဒဏ်များပြန်ပေးခဲ့သည်။

နောက်ဆုံးတော့ ရှန်လျန် ထိန်းမထားနိုင်တော့ပဲ ငိုချမိ၏။ သူသေဆုံးပြီးနောက် ဒီလိုတွေ ဖြစ်ပျက်လိမ့်မယ်လို့ မထင်ထားခဲ့ပ။ သူ့အစ်ကိုကြီးနဲ့ ဝေမိသားစုကို ဒုက္ခဖြစ်စေခဲ့တဲ့သူအကုန်လုံး တူသော အကျိုးပေးကို ပြန်ရလိုက်တာပင်။

"မဟုတ်ဘူး၊ မလုပ်နဲ့၊ ငါမှားမှန်းသိပါပြီ၊ ငါ သူ့ကို မလုပ်ခဲ့ အား...."

ကွပ်မျက်သူများက ချင်ယွင်ရှန်းနဲ့ ရှန်ချန့်ဆီ လျှောက်သွားလိုက်ကြသည်။ ချင်ယွင်ရှန်းကပြင်းထန်သည့် စိတ်ဒဏ်ရာ ကြောင့်ထင်၏။ သူ့ဝတ်ရုံရှည်အား ဆွဲချွတ်နေစဉ်တောင် မည်သည့်တုံ့ပြန်မှုမှ မလုပ်ခဲ့၊ ရှန်ချန်ကတော့ ကွဲပြား၏။ ကွပ်မျက်သူများက လေးလံသော ဓားအား မြောက်ကိုင်ရုံရှိသေး ကြောက်လန့်တကြားအော်ဟစ်လေ၏။ ဓားကြီး၏ တိကျတုံ့နှေးမှုမရှိ ခုတ်ဖြတ်မှုကြောင့် သူမရဲ့ ခြေလက်များက အညာအတာ ကင်းမဲ့စွာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

ကွပ်မျက်ခြင်းလုပ်ငန်းစဉ်က အချိန်နှစ်နာရီကြာညောင်း၏။ ရှန်ချန်သည် ယခုတော့ ခြေလက်များလည်း မရှိတော့၊ မျက်နှာအစိတ်အပိုင်းလည်း ဖြတ်တောက်ခံရကာ လျှာလည်း ဖယ်ရှားခံထားရပြီး မျက်လုံးနေရာက အပေါက်ကြီးနှစ်ပေါက်ဖြစ်လို့နေသည်။

ချင်ယွင်ရှန်းက‌တော့ ထက်ရှ ပါးလွှာတဲ့ ကြိုးနဲ့ တစ်ကိုယ်လုံး ချည်ခံထားရပြီး ကြိုးက တစ်စထက် တစ်စ တင်းကြပ်လာတာကြောင့် အသားထဲ စိုက်ဝင်ကာ ကြွက်သားတွေထိ နာကျင်စေပြီး အရိုးများပင် မြင်လာရသည်။ သို့သော် ချင်ယွင်ရှန်းရဲ့ မျက်လုံးက လှုပ်ရှားနေဆဲမို့ ကွပ်မျက်သူများမှာ ရွေးချယ်စရာ မရှိပဲ နောက်ဆုံးထိုးနှက်ချက် ကို ထုတ်သုံးလိုက်ရသည်။

ရှန်လျန်မှာ မျက်ရည်များပင် ခမ်းလုနီးနီးဖြစ်‌ပြီး တစ်ဖန်မျက်စိရှေ့က မြင်ကွင်းက ပြောင်းလဲသွားသည်။ ဒီတစ်ကြိမ်တော့ သွေးထက်သံယို မြင်ကွင်းမရှိတော့ပဲ တော်ဝင် မြှုပ်နှံရာနေရာမှ ဂူဖောက်နေသော မြင်ကွင်းဖြစ်၏။ အုတ်ဂူကို ဖွင့်လိုက်ရာ အောက်သိုးသိုးပုပ်နံ့က လှိုင်ခနဲ တက်လာသည်။ ဝေမိသားစုက ဦးဆုံးရှေ့တိုးပြီး

"လျန်လျန်!"

နီရဲရဲ ဧကရီ ဝတ်စုံလွှမ်းခြုံထားသော ခြေလက် အပိုင်းပိုင်းဖြစ်နေသည့် ရုပ်ကလာဘ်တစ်ခုက လဲလျောင်းနေလေသည်။ တော်ဝင်စည်းမျဉ်အတိုင်း မြှပ်နှံခံထားရတာကြောင့် ဝေမိသားစုမှာ မျက်ရည်တွေ သုတ်ဖယ်လိုက်သည်။ အကုန်မြင်နေရသည့် ရှန်လျန်လည်း သူ့ကိုယ်သူ ဧကရီ တစ်ပါး၏ ဂုဏ်ကျက်သရေနှင့်အညီ ကောင်းကောင်းမွန်မွန် မြှုပ်နှံခံရလိမ့်မယ်လို့ မထင်ခဲ့မိပေ။

သို့သော် ချင်ယွင်ရှန်း ရှိရာ တော်ဝင်မြေမှာ ကောင်းကောင်း မြှုပ်ခံရလဲ ဝိဉာဏ်က ဘယ်တော့မှ ငြိမ်းငြိမ်းချမ်းချမ်း အနားယူနိုင်မည် မထင်ပါ!

"သူ့ကို အပြစ်တင်နေတုန်းလား"

ဖေးယွမ်ရွှင်းနဲ့ ဟော်ရဲ့လင်က ခပ်လှမ်းလှမ်းမှာပဲ တိတ်တဆိတ်ရပ်နေတာ ဖြစ်၏။

သူ့စကားကို‌ကြပြီး ဟော်ရဲ့လင်က တစ်မျိုးတမည် ကြည့်လာကာ

"သေချာတွေးကြည့်လိုက်တော့လည်း ရှန်လျန်က ဘာမှ မသိပဲ သနားစရာကောင်းတဲ့သူပါပဲ၊ ငါသာ သူ့ကို ဒီလောက်နှစ်တွေ အကြာကြီး အပြစ်ဆက်တင်နေမယ် ဆိုရင် ရှန်တာ့ကို သွားတွေ့တဲ့အခါကျရင် ယိုအာကိုခေါ်သွားတာတောင် ငါ့ကို စိတ်တိုနေလိမ့်မယ်"

အဲ့တော့ ဟော်ရဲ့လင်က သူ့ကို အမြဲ အပြစ်တင်နေခဲ့တာပေါ့?

ရှန်လျန်ရဲ့ မျက်ဝန်းထောင့်တွေ က စပ်ဖျဉ်းဖျဉ်း ဖြစ်လာခဲ့တယ်။ သူ့ရဲ့မိုက်မဲမှုကြောင့် မဟုတ်ရင် သူ့အစ်ကိုက ဘယ်လိုလုပ် သေသွားပါ့မလဲ? သူသာ အတိတ်ဘဝက ဦးနှောက်လေး နည်းနည်းကောင်းခဲ့ရင် ချင်ယွင်ရှန်းကို ရူးရူးမိုက်မိုက် မချစ်မိပဲ အဆုံးသတ်က ပြောင်းသွားလောက်သည်။

"သူက ဘာမှ မသိပေမယ့် မိုက်မဲလွန်းတယ်၊ လိုချင်တာ ရအောင်ယူဖို့ပဲ သိတယ်၊ ဘာတွေ ဆုံးရှုံးသွားနိုင်မလဲ မတွေးဘူး"

ဖေးယွမ်ရွှင်းက ရှေ့တိုးပြီး ရုပ်ကလာဘ်ကို ငုံ့ကြည့်လိုက်၏။

"နောက်ဘဝကျရင် နွေးထွေးမှု ‌နည်းနည်းလောက်ပေးရုံနဲ့ ကန်းမသွားစေနဲ့ ၊ မင်းဘဝက ပြည့်စုံတဲ့အနေအထားနဲ့ ထိုက်တန်ပြီးသားလေ"

ရှန်တာ့ရဲ့ ညီငယ်လေးက ချင်ယွင်ရှန်းရဲ့ နွေးထွေးမှုအောက်မှာ အရူးအမူးနှစ်မြှုပ်သွားပြီး အဆုံးသတ်မှာ သူချစ်တဲ့တစ်ယောက်ချင်းစီတိုင်းအပြင် သူ့ဘဝနဲ့ပါ ပေးဆပ်ခြင်းနဲ့ လဲလှယ်သွားခဲ့ရတယ်။

"ဖေးယွမ်ရွှင်း.."

ရှန်လျန်က ခရမ်းရောင် ဝတ်ရုံဆင်မြန်းထားတဲ့ ဖေးယွမ်ရွှင်းကိုပဲ ငေးကြည့်နေမိ၏။ ထိုစဉ် ဖေးယွမ်ရွှင်က တစ်စုံတစ်ခုကို အာရုံခံမိသည့်အလား ရုတ်ချည်း သူ့ဘက်ကို လှည့်ကြည့်လာသည်။ သူ့တည်ရှိမှုကို ဖေးယွမ်ရွှင်း သတိပြုမိဖို့ မဖြစ်နိုင်ပေမယ့် နှစ်ဦးသား အကြည့်ချင်းဆုံနေကြသည်။

ဤမှာပင် အိပ်မက်က ပြီးသွားလေသည်။

"လျန်လျန်? လျန်လျန်...."

"အင်း..."

ဘေးနားက လူက သူ့ကို ခေါ်နိုးနေသည်။ ရှန်လျန်က အတော်လေး အိပ်မောကျနေကာ မျက်ဝန်းတွေကို တင်းတင်းကြပ်ကြပ်ဖိပိတ်ထား၏။ မျက်စံက အနည်းငယ် ရွေ့လျားသွားပြီးနောက် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်ကြည့်လိုက်ရာ စိုးရိမ်နေသည့် ဖီးနစ်မျက်ဝန်းနှင့်သွားဆုံသည်။

အိပ်မက်ထဲက အကြည့်နဲ့ တူလိုက်တာ!

ရှန်လျန် ငေးငိုင်နေပြီးမှ ကိုယ့်ကိုကိုယ် သတိထားမိသွားသည်က သူ့ပါးပြင်မှာ မျက်ရည်တွေ နှင့် ရွှဲရွှဲစိုနေခြင်းပင်။

"ဘာလို့ငိုနေတာလဲ? အိပ်မက်ထဲမှာ မနားတမ်းငိုနေတာမှ နိုးနေတဲ့ အတိုင်းပဲ၊ ကိုယ် အခုထိ အသက်ရှင်နေပါသေးတယ်"

ဖေးယွမ်ရွှင်းက သူ့လက်ကိုင်ပဝါနဲ့ ရှန်လျန့်မျက်ရည်တွေကို သဘာဝကျစွာ ရင်းရင်းနှီးနှီး သုတ်ပေးလေတယ်။ ဖေးယွမ်ရွှင်းကြည့်ရသည်မှာ မတိုင်ခင်ကနှင့် ကွဲပြားစွာ ကျန်းမာရေးကောင်းလာပုံရ၏။

"ဖေးယွမ်ရွှင်း?"

အချိန် အတော်ကြာမှ ရှန်လျန် ခေါ်လိုက်သည်။ သူ့အကြည့်က ဖေးယွမ်ရွှင်းဆီမှ လုံးဝ မခွာပေ။

"အင်း? ကိုယ့်ကို မမှတ်မိတော့လို့လား?ဒါမှ မဟုတ် ကိုယ့်မျက်နှာက အရမ်း‌ေကြာက်စရာကောင်းနေ...."

"ဖေးယွမ်ရွှင်း!"

နောက်ဆုံးတော့ အိပ်မက် ကမ္ဘာကနေ လက်တွေ့ကို ပြန်ရောက်လာတဲ့ ရှန်လျန်က ချက်ချင်းပဲ ဖေးယွမ်ရွှင်းရဲ့ လည်ပင်းတစ်ဝိုက်ကို သိုင်းဖက်လိုက်လေတယ်။ သူ့မျက်နှာကို ဖေးယွမ်ရွှင်းရဲ့ပခုံးမှာ ဝမ်းပန်းတနည်း နှစ်မြှုပ်ထားလိုက်သည်။

အိပ်မက်ထဲမှာ ဖြစ်စေ သူ့ရဲ့ကံကြမ္မာက ဖေးယွမ်ရွှင်းရဲ့လက်ထဲမှာပဲ၊ ဖေးယွမ်ရွှင်းကို သူပိုင်တယ်!

"ကျေးဇူးပါ"

ငါ့အစ်ကိုကြီးအတွက် ကျေးဇူးပါ၊ ဝေမိသားစုအတွက်လည်း ကျေးဇူးပါ၊ ငါ့ကြောင့် သေသွားခဲ့ရသူတွေ အတွက် လက်စားချေပေးလို့ ကျေးဇူးတင်ပါတယ်။

သူ့သဘောထားကို "ကျေးဇူးပါ" တစ်လုံးထဲနှင့်ဖော်ပြလိုက်ရသည်။ ဖေးယွမ်ရွှင်းက သူ့အတွက် လုပ်ပေခဲ့တာ မဟုတ်ရင်တောင် "ကျေးဇူး" ဆိုတဲ့ စကားလုံးကို ဒီလူကိုပြောရပေလိမ့်မည်။

"အိပ်ပြီး ရူးသွားတာလား"

ရုတ်တရက်ဖက်ခံရပြီး ကျေးဇူးတင်စကားပြောခံလိုက်ရတဲ့ဖေးယွမ်ရွှင်းက ဘာမေးခွန်းမှ မထုတ်လာပဲ ရှန်လျန့်ကို တိုးတိုး စ၏။ ရှန်လျန့် ခေါင်းကို ပုတ်ပေးလိုက်ပြီး ခပ်ဖျော့ဖျော့ပြုံးသည်။ ရှန်လျန့်မှာ ထုတ်မပြောချင်တဲ့ တစ်ချို့အကြောင်းအရာတွေ ရှိနေမယ်မှန်းသူသိပါ၏။ လက်ရှိအချိန်နဲ့ အနာဂါတ်ကိုပဲ ကြည့်မှာမလို့ ဖေးယွမ်ရွှင်းထုတ်မေးမနေပါ။

"ငါ... ဟင်? သူတို့ကဒီနားမှာ ဘာလို့ စုပြုံနေကြတာလဲ"

မျက်ရည်တွေ ရပ်တန့်သွားတဲ့ ရှန်လျန်က နောက်ဆုံးတော့ ဖေးယွမ်ရွှင်း ကုတင်ဘေးက လူအုပ်လိုက်ကြီးကို သတိပြုမိသွားတယ်။ တစ်ယောက်ချင်းစိီတိုင်းက စိတ်ဝင်တစားနဲ့ စပ်စုနေကြတာမလို့ ရဲပတောင်းခတ်နေတဲ့ မျက်နှာ‌က ချက်ချင်းမည်းမှောင်သွားတော့တယ်။

ဒီလူတွေက သူတစ်ပါးရဲ့ ကိုယ်ရေးကိုယ်တာကို မသိကြတော့တာလား?

"ထျန်းရှု"

"ဟုတ်ကဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့ ဒီငယ်သား သိပါပြီ နားလည်ပါပြီ"

ဖေးယွမ်ရွှင်းရဲ့ ခေါ်သံအဆုံး ထျန်းရှုက ချက်ချင်းပဲ လူအုပ်ကြီးကို ရယ်ချင်ပက်ကျိမျက်နှာဖြင့် မောင်းထုတ်ပေးလေတယ်။ လင်းဖိုးဖိုးပင် စပ်ဖြီးဖြီးပြုံးလျက် ရှိ၏။

"အိုင်းယိုး.... ဘုရားရေ ဝမ်ဖေးက ငါတို့ မြို့စားမင်းကို အလွန်ဂရုစိုက်သကိုး? အိပ်နေရင်းလည်း ငိုတယ်၊ နိုးလာတော့လည်း မြို့စားမင်းကို အကြာကြီးဖက်ငိုသေးတယ်"

"ဟုတ်ပါ့ ဟုတ်ပါ့၊ သခင်ကလည်း ဝမ်ဖေးကို ဘယ်လောက်ဂရုစိုက်လိုက်သလဲ? ဝမ်ဖေး ရှက်သွားတာနဲ့ ချက်ချင်း အကုန်မောင်းထုတ်ခိုင်းတော့တာ... အစတုန်းက ငါတို့ရှိနေမှန်း ဝမ်ဖေး မသိနေခဲ့ဖူးပေါ့?"

"အိုး... တော်တော် ရှုပ်တဲ့လူတွေ၊ မင်းတို့က အတွေ့အကြုံမှ မရှိတာ ၊သူတို့ ဆက်ဆံတဲ့ပုံစံက ဘာမှားလို့လဲ"

"အိုင်းယိုး၊ လင်းဖိုးဖိုး ကသာ မနာလို ဖြစ်နေတာ မလား? ခင်ဗျား ဒီအသက် ဒီအရွယ်ပဲ ရှိနေပြီ၊ ဇနီးလှလှလေး မရှာနိုင်ခဲ့ဘူး မဟုတ်လား"

"ဖွီး! ငါ ငယ်ငယ်က နတ်သမီးလို လှတဲ့ သူမျိုးပိုင်ဆိုင်ခဲ့ဖူးတာ မင်းတို့သိသင့်တယ်"

ထွက်သွားကြတာ မှန်ပေမယ့် လေ‌ဆက်ပေါနေသံက အခန်းထဲ ထိ ပျံ့လွှင့်လာတယ်။ သံမဏိတပ်သားတွေအဖို့ အတင်းတုပ်ချိန်ကလည်း အတော်ရှားရှားပေမို့ အားတက်သရော ဆွေးနွေးနေကြလေ၏။

အိပ်ရာပေါ်ဝယ် ရှန်လျန့်မျက်နှာက မည်းမှောင်လျက် ရှိရာ အစောကတည်းက နိုးနှင့်နေတဲ့ ဖေးယွမ်ရွှင်းက ကိုယ်တစ်ဝက်မှီထိုင်ထားပြီး ဖီးနစ်မျက်ဝန်းတစ်စံုက ရှန်လျန့်ကို အပြုံးလေးနှင့်ကြည့်နေ၏။ လေထုကရှုပ်ထွေး တင်းမာနေတာကြောင့် နှစ်ယောက်သား စကား မဆိုဖြစ်ကြတော့ချေ။

2640words

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment