'ဝမ်ရယ် စိတ်ဖိစီး'
ရှန်လျန်တို့လူငယ်ငါးယောက်ရဲ့သတင်းက ကျိုးလီကနေ နန်းတော်ထိ ပေါက်ရောက်သွားတယ်၊ ညီလာခံမှာ သတင်းတင်ပြတော့ 'ကော'တွေ ဦးဆောင်တာပဲ၊ အရေးစိုက်နေစရာမလိုဘူးလို့ အားလုံးက ထင်ခဲ့ပေမယ့် နောက်ကွယ်က မုရုန်မိသားစု ထောက်ပံ့ပေးနေတယ်လည်းကြားရော စိတ်ထဲ ထူးဆန်းကုန်သည်။ ဦးဆောင်တဲ့ သခင်လေးတွေကလည်း အခြားမဟုတ်.. ရှဲ့အကြီးအကဲ၊ တုံးလင်အိမ်တော်၊ လင်အန်းအိမ်တော်နဲ့အခြားဝန်မင်းအိမ်တော်တွေအချင်းချင်း ပူးပေါင်းထားသသည်ဆိုေသာအခါ ညီလာခံ အပြန်လမ်းမှာ လူတိုင်းမျက်နှာမကောင်းကြချေ။
ထိမ်းမြားခြင်းမရှိသေးသည့် မင်းညီမင်းသားများနဲ့ ဝန်မင်းမိသားစုတွေဟာ ဂုဏ်သရေကို ဂရုစိုက်နေတာနဲ့ လှုပ်ရှားဖို့ နောက်ကျသွားခဲ့သည်။ ထို့အပြင် ကုန်သည်တွေ အနေနဲ့လည်း မုရုန်မိသားစုက ငွေကြေး အမြောက်အများရှာနိုင်တာကိုမြင်တော့ ပထမရက် အစာရေစာဝေပေးပြီးတာနဲ့ ရှန်လျန့်ကိုဆက်သွယ်လာကြသည်။ ဆန်နဲ့ အလှူငွေတွေ ထပ်ရလိုက်တဲ့အခါမှာတော့ ရှဲ့ယန်နဲ့ ကျန်တဲ့သူတွေက ရှန်လျန်ဘာလို့ မုရုန်မိသားစုကို ထည့်ပြောလဲ သဘောပေါက်သွားတော့သည်။
"ပင်ပန်းလွန်းလို့ သေတော့မယ်"
ဆန်ပြုတ်ခွက်ပေါင်း ထောင်ချီကို မနားတမ်း ဝေငှပေးခဲ့သည့်အပြင် ရှန်လျန်ရဲ့ဆေးကုသမှုနေရာမှာလည်း ဆာလောင်လွန်းလို့မေ့လဲသူနဲ့ လူနာပေါင်းစုံ ကို ကူညီခဲ့ကြပြီး ပေါက်စီပါဝေပေးခဲ့တာကြောင့် အတော်လေးအလုပ်ရှုပ်တဲ့နေ့ဟု ပြောနိုင်သည်။ သူတို့ကိုယ် သူတို့ ထိုမျှ လုပ်နိုင်မယ်လို့ပင် မထင်ထားခဲ့မိ။ သခင်လေး ငါးဦးက ပခုံးတွေကိုနှိပ်နယ်နေရင်း ပင်ပန်းစွာ အနားယူနေကြသည်။
"မင်း အရမ်းမပင်ပန်းဘူးမလား၊ဒီနေ့ ဆက်သွယ်လာတဲ့ ကုန်သည်တွေကို မနက်ဖြန် သွားတွေ့ပေးပါဦး"
ရှန်လျန်က ထိုင်ခုံမှာ မှီထိုင်ရင်း လက်ကောက်ဝတ်ကို နှိပ်နှယ်နေသည်။ ဒီနေ့အရမ်းပင်ပန်းသွားသည်။ ရေတွက်မနိုင်လောက်တဲ့ လူများစွာကို သွေးကြောစမ်းသပ်ပေးခဲ့ပြီး နောက်ကျတဲ့အထိ တစ်ဦးချင်းစီရဲ့ ရောဂါကိုတိတိကျကျ အမှားယွင်းမရှိ ကုသပေးနိုင်ခဲ့သည်။ ထို့အပြင် ဒုက္ခသည်တွေ အပေါ်မှာလည်း အလွန်စိတ်ရှည်ပေးရသည်။
"သူတို့လှူတာ လက်ခံမလို့လား၊ နာမည်ကောင်းလိုချင်လို့ လာလှူကြရုံပဲမလား"
ရှဲ့ယန် မျက်မှောက်ကြုံ့၏။ စိတ်ဓာတ်မကောင်းသူတွေကို လစ်လျူရှုချင်နေသည့် ရှဲ့ယန်ကြောင့် ရှန်လျန် ခေါင်းသာ ယမ်းမိသည်။
"သူတို့ရည်ရွယ်ချက်ကို အာရုံမစိုက်နဲ့၊ အလှူငွေရသရွေ့ငါတို့ လိုအပ်တာ ဝယ်နိုင်တယ်ဆိုတာ ကောင်းတဲ့ကိစ္စပဲ၊ နည်းနည်း အချိုသပ်မှ သူတို့ဆီက ငွေညစ်လို့ရမှာပေါ့၊ အလှူငွေကောက်ရင်း တစ်ခုတော့ပြောခဲ့ဦးနော်၊ အလှူရှင်နာမည်နဲ့ လှူတဲ့ပမာဏကို ဆိုင်တံခါးမှာ ချိတ်ထားပေးပါမယ်ဆိုပြီး"
ရှန်လျန်က တော်ရုံ ချေးများတဲ့သူမဟုတ်ပါ၊ သူတော်ကောင်းယောင်ဆောင်ချင်နေတဲ့သူမှန်း သိနေလည်း မမြင်ချင်ယောင်ဆောင်ပေးလိုက်မည်။ ဘာပဲဖြစ်ဖြစ် နှစ်ဖက်လုံး အဆင်ပြေပြီး သူတို့လည်း ဆန်အိတ်တွေ ပိုစုမိလာလိမ့်မည် မဟုတ်လား။
"လျန်လျန်ပြောတာ ဆီလျော်တယ်၊ သူတို့လည်းနာမည်ကောင်းရ၊ ငါတို့လည်း လူတွေကိုကူညီနိုင်၊ အရိုးသားဆုံးဝန်ခံရရင် ငါဒီနေ့ ဒုက္ခသည်တွေကို အနီးကပ်ဆက်ဆံရတော့ သူတို့ရဲ့ဘဝက တစ်ကယ်မလွယ်မှန်း သိလိုက်ရတယ်"
ငွေစာရင်းကိုင်တဲ့ ဝေထန်က မတတ်နိုင်စွာ ငြီးငြူသည်။ အများကြီး ကူညီချင်ပေမယ့်လည်း သူတို့မှာ အကန့်အသတ်ရှိသေး၏။
"မနက်ဖြန် ငါကျောင်းမှာ အလှူငွေ များများကောက်နိုင်လောက်တယ်၊ ဝါးချောင်းတွေ မလောက်မှာတောင်စိုးမိပါရဲ့"
ရန်ထျန်းယွီက စိတ်ကြီးဝင်စွာပြော ၏။ ရှန်ကျိုးလည်း သံယောင်လိုက်ကာ ထောက်ခံသည်။
"အဲ့တာဆို ငါနဲ့ ရှန်လျန်လည်း အလှူခံလာမယ်၊ လျန်လျန် ငါတို့ ဝါးချောင်းတွေ ထပ်တိုးလုပ်သင့်လား"
စကားဆုံးတော့ အားလုံး တညီတညွှတ်တည်း ရှန်လျန့်ဆီ လှည့်ကြည့်လိုက်ကြသည်။
"ဘာလို့ငါ့ကိုကြည့်ကြတုန်း၊ ငွေများများရလာလည်း အလောတကြီးမလုပ်နဲ့၊ ငါတို့ ကျွေးမှာက တစ်ရက်နှစ်ရက် မဟုတ်ဘူး၊ ရက်ရှည်ကျွေးမှာ၊ထောက်ပံ့မယ့်သူတောင် ပိုပြီး လိုအပ်သေး တယ်"
လူငယ်လေးတွေက ကြင်နာတတ်ပေမယ့် အလွန်အကျွံဖြုန်းတီးချင်နေမှာပဲ စိုးရိမ်သည်။
"ငါတို့ သဘောပေါက်ပြီ"
လူငယ်လေးတွေက ခေါင်းချင်းဆိုင်ပြီး ဆွေနွေးကြသည်။ သေချာပေါက် သူတို့လမ်းလွှဲသွားရင် ရှန်လျန်က လမ်းမှန်ပေါ် ပြန်လည် တည့်မတ်ပေးရသည်။
"အင်း ဒီနေ့တော့ငါနားချင်နေပြီ၊ ကျန်တာနောက်မှ ပြောရအောင်"
ရှန်လျန်အာရုံမစိုက်နိုင်တော့သဖြင့် ထရပ်လိုက်သည်။ သူပြန်တော့မှာကိုမြင်သော်လည်း မည်သူမှ မတားမိ၊ သူတို့လည်း အလွန့်အလွန်ခြေကုန်လက်ပန်းကျနေပြီလေ။
ရှန်လျန်ပြန်ရောက်တာနဲ့ ရှန်ရွေ့ထင်က ထင်မှတ်မထားစွာ ငွေအများအပြားလှူဒါန်းထားခြင်းကိုသိလိုက်ရသည်။ ရှန်လျန် ပြန်မရောက်ခင်ကတည်းက ငွေတုံး ငါးသောင်းကို ရှန်ရွေ့ထင်ရဲ့အခြွေရံ ရှန်ကျီက ကျုံးလင်ခြံဝန်းဆီ လာပို့သွားခဲ့သည်ဆို၏။ ဖုရင်က ငွေလက်ခံထားပေးခြင်းပင်။
အမှန်တော့ တုံးလင်အိမ်တော်သာမက ရှဲ့ယန်တို့လည်း ပြန်ရောက်တာနဲ့ ကိုယ်ပိုင်မိသားစုဆီက ငွေတုံးအသီးသီး လက်ခံရရှိလိုက်ကြ၏။ ငွေပမာဏက နည်းနည်းနောနော မဟုတ်တာကြောင့် နောက်ရက်အနည်းငယ်ထိ ကောင်းကောင်း ကျွေးမွေးနိုင်လိမ့်မည်။
"ရှန်အိမ်ထိန်းကပြောတယ်၊ လျန်လျန်က တုံးလင်အိမ်တော်ရဲ့သားတစ်ယောက်၊ အပြင်မှာ အလှူအတန်းလုပ်နေတာဆိုတော့ ကိုယ်ပိုင်ငွေ မသုံးနဲ့တဲ့၊ အဲ့ငွေတွေကို ခန်းဝင်ငွေအဖြစ်သိမ်းထားမှ တော်ဝင်မျိုးနွယ်အိမ်တော်ထဲ လက်ထပ်ပြီး ဝင်သွားရင် အဆင်ပြေမှာ၊ သုံးစရာလိုရင် သခင်ကြီးရဲ့ငွေစာရင်းထဲက ယူသုံး၊ ကိုယ်ပိုင်ငွေက ကိုယ်တိုင်အတွက်ပဲ သိမ်းထားပါ ဆိုပြီး သခင်ကြီးက အမှာစကားပါးလိုက်တယ်တဲ့ လျန်လျန်"
ဖုရင်က တာဝန်တသိနဲ့ မှတ်ထားခဲ့တဲ့စကားတွေကို ရှန်လျန့်ဆီ ပြန်ပြောပြ၏။ ရှန်လျန်က စိတ်အနှောင့်အယှက်ဖြစ်နေတဲ့ မျက်နှာထားနဲ့ ငွေစက္ကူတွေကိုကြည့်နေသည်။ သူဘာတွေးနေမှန်း ဘယ်သူမှမသိတာကြောင့် ချီယွဲ့နဲ့ ချီရွှမ်းတို့လည်း တိတ်ဆိတ်စွာ နေပေးကြသည်။ သခင်ကြီးကိုဆန့်ကျင်ဖို့ တွေးနေမှန်းတော့ ခန့်မှန်းမိ၏။
" ငွေလာပေးလို့ တစ်ခုခုပြန်ပေးမယ် မထင်နဲ့၊
ဝေးဝေးမှာထားလိုက်!"
အချိန်အတော်ကြာမှ ရှန်လျန် ခံစားချက်မဲ့စွာ ပြောလိုက်သည်။ တချိန်တည်းမှာပဲ ထရပ်လိုက်ပြီး..
"ရွှမ်းကော ချိုး ရေနွေးပြင်ပေးဦး၊ ကျွန်တော်ရေချိုးချင်တယ်၊ အရမ်းပင်ပန်းနေပြီ"
"ဟုတ်ပြီ"
နွမ်းလျနေတဲ့ ပုံစံကြောင့် ချီရွှမ်းက ချက်ချင်းပြေးကာသွားလုပ်ပေးသည်။ ချီယွဲ့က စိတ်ပူစွာနဲ့
"လျန်လျန် အစ်ကို သမားတော် ခေါ်ပေးရမလား၊ ပထမရက်ပဲ ရှိသေးတယ်.. ဒီလောက်ထိ ပင်ပန်းနေရင် နောက်ရက်တွေ ဘယ်လိုလုပ်ကြမလဲ"
လျန်လျန့်ခန္ဓာကိုယ်က ကျန်းမာရေးပြန်ကောင်းတာမှ သုံး၊လေး၊ငါးလပဲရှိသေးတာ။
"ရတယ်၊ ထိုင်ပြီး လူနာကြည့်ပေးရုံပဲကို"
ရှန်လျန် လက်ခါယမ်းပြပြီး ညောင်းကိုက်ေနတဲ့ခန္ဓာကိုယ်နဲ့ အခန်းထဲ ဝင်သွား၏။ ဖုရင်က တစ်ခုခုပြောရန် ချီယွဲ့ကို ဆွဲခေါ်လိုက်သည်။
"မပြောတော့နဲ့၊ လျန်လျန့်မှာ သူ့အတွေးနဲ့သူရှိတယ်၊ သူတို့အလုပ်က လွယ်လွယ်နဲ့ ရပ်လိုက်လို့မရဘူး၊ တစ်ရက်ပဲ လုပ်ပြီး ဆက်မလုပ်တော့ရင် သူများတွေနေရာ လုသွားလိမ့်မယ်"
"ကျွန်တော် သိပါတယ်၊ သူ ပင်ပန်းတာမကြည့်ရက်လို့ ပြောမိတာပါ၊ လျန်လျန်ကအလုပ်အများကြီး လုပ်နေကျမဟုတ်တော့ မောပန်းဒဏ်မခံနိုင်ဘူး"
ရှန်လျန့်အတွေးကို ချီယွဲ့ နားလည်သဘောပေါက်ပါ၏။ လျန်လျန်ရဲ့ ကျန်းမာရေးက တစ်ရက်ထက် တစ်ရက် ပိုပိုကောင်းလာတော့ ဝမ်းသာရပေမယ့် ပြန်လည် ဆိုးရွားသွားမှာကိုလည်း တစ်ကယ်ပဲ စိုးရိမ်သည်။
"ချိုးရေရပြီနော်၊ အပူချိန်က အနေတော်ပဲ"
ရင်မနာဘူးလားလို့မေးရင် ဖုရင် ရင်နာတာပေါ့၊ ရှန်လျန့်ကို သားအရင်းတစ်ယောက်လို သူ့စိတ်ထဲ သတ်မှတ်ထားတာ ကြာလှပြီပဲ၊ ဒါပေမယ့်လည်း ရှန်လျန့်အတွက် ကူလုပ်ပေးနိုင်တာမျိုး သူတို့မှာ မရှိဘူး။
"သခင်က တစ်ကယ်ပဲ လူတွေကိုကယ်တင်တဲ့ နတ်ဘုရားပဲ"
အခန်းထဲမှာ ရှိနေတဲ့ ဖန်ကျုံးယွင်က ဆိုသည်။
"လျန်လျန်က စိတ်ထားအရမ်းကောင်းပေမယ့် တစ်ချို့လူတွေက သူ့ကိုရက်စက်တဲ့သူဖြစ်အောင် တွန်းအားပေးကြတာ"
ဖုရင် သက်ပြင်းရှည် ချမိသည်။ တစ်ကယ်လို့ သခင်မသာ အသက်ရှင်နေသေးရင်....
"သခင်..."
ရှန်လျန် ရေချိုးပြီး အခန်းထဲ ပြန်ဝင်လာတော့ လေ့ကျန်းနဲ့ ယောင်းကွမ်က ရောက်နှင့်နေတယ်၊ နောက်ဆုံးတော့ နှစ်ယောက်သား အဆင်ပြေသွားပြီထင်၏။ အနည်းဆုံးတော့ တွေ့တိုင်း စကားများနေတာမျိုး မရှိတော့ဘူးလေ..
"ကိစ္စ တစ်ခုခုရှိလို့လား"
မျက်ခွံတွေ လေးလံစွာ ဖွင့်ထားပြီး လက်တစ်ဖက်က ပခုံးတစ်ဖက်ကို နှိပ်နယ်နေလျက် ရှန်လျန် ရှေ့ဆက်လျှောက်လာသည်။
"လျန်လျန် အရင်လာထိုင်လိုက်ဦး.. ပင်ပန်းနေတာလား၊ ဘာလို့ သာမာန်လူတွေလို အလုပ်တွေလုပ်နေရတာလဲ"
"အင်း.. အဲ့ဒီအနောက်ဘက်.."
ရှန်လျန်လဲလျောင်းကာ တစ်ဖက်သူနောက်ကျော နှိပ်ပေးတာကို ခံယူနေသည်။ ယောင်းကွမ်က ဆေးပညာ နားမလည်ပေမယ့် သ်ိုင်းပညာ တတ်ကျွမ်းတာကြောင့် လူ့ခန္ဓာကိုယ်ရဲ့ သွေးကြောတွေကိုနားလည်ပြီး အညောင်းပြေရန် နှိပ်နယ်ပေးရာ ခန္ဓာကိုယ်အရမ်းပေါ့ပါးပြီး နေ၍ထိုင်၍ ကောင်းလှသည်။
"သခင် လျိုရှုဟန်က ရှန်ချန်ရဲ့အနီးကပ် အခြွေရံနှစ်ယောက်ကို ရှန်ဟွေးဆီ ပို့လိုက်တယ်၊ ရောင်းလိုက်တယ်လို့ ထင်ခဲ့တာ... သူတို့က အဆင့်ချလိုက်တာပဲ"
"ဟင်?"
လေ့ကျန်းတင်ပြတဲ့ သတင်းကြောင့် ရှန်လျန် မျက်လုံး နည်းနည်း ဖွင့်လိုက်သည်။ တစ်ခဏခန့်ကြာပြီးနောက်...
"တစ်ကယ့်ကို ယုတ်မာတဲ့သူတွေ၊ အဲ့ဒီကောင်မလေးနှစ်ယောက်က ရှန်ချန့်ကို ငယ်ငယ်လေးထဲက အလုပ်အကျွေးပြုခဲ့တဲ့သူတွေ၊ ရှန်ချန်နဲ့ပတ်သက်သမျှ ကိစ္စကြီး၊ငယ် အကုန်သိလို့ ပစ်ခံရတာ၊
ငါစိတ်ကျေနပ်စေမယ့် သတင်းမျိုး ပြောပြနိုင်ရင် သူတို့ကို လွတ်မြောက်အောင်လုပ်ပေးမယ်လို့ သွားပြောလိုက်၊ တစ်ခုတော့ရှိတယ်..အသက်ရှင်လျက် ထွက်သွားခွင့်ပြုပေမယ့် မြို့တော်ကို ဘယ်တော့မှ ပြန်မလာရဘူး"
"ဟုတ်ကဲ့"
ချီရွှမ်း ချိုးရေလာသိမ်းတဲ့အချိန် လေ့ကျန်း ထွက်သွားလိုက်သည်။ ရှန်လျန်က တစ်ကိုယ်လုံး သက်တောင့်သက်သာရှိစွာနဲ့ အိပ်မောကျသွား၏။
ရေချိုးပြီးတာနဲ့ တန်းအိပ်ပျော်သွားတာကြောင့် ညစာလည်း မစားလိုက်ရရှာ၊ ထို့အတူ ညလယ်ခေါင်မှာ တစ်စုံတယောက်က သူ့အိပ်ရာပေါ်တက်ပြီး သူ့ကိုတစ်ညလုံးဖက်အိပ်ခဲ့တာကိုလည်း သတိမထားမိခဲ့ပေ။
နောက်တစ်ရက် ကျိုးလီပုကိုရှန်လျန် အချိန်မှန်ရောက်သွားချိန်တွင် ရှန်ကျိုးက အလုပ်များနေလေပြီ။ နှစ်ယောက်သား ရိုးရိုးရှင်းရှင်း နှုတ်ဆက်လိုက်ကြပြီး ဆန်ပြုတ်ဝေသူကဝေ၊ သမားတော်အဖြစ် ဆေးကုသူကကုနဲ့ မနေ့ကလို အရာရာအစီအစဉ်တကျ ဆက်သွားသည်။
သို့နှင့် တစ်နေ့တာ ပြီးခါနီးတွင် ကုန်ပစ္စည်းအပြည့်တင်ဆောင်လာသော လှည်းအစင်းရေများစွာက သူတို့ဆိုင်ရှေ့ တည့်တည့်ရောက်လာသည်။ သံချပ်ကာ ဝတ်စုံဝတ်ထားသူကို ကြည့်ရင်း ရှန်လျန် ကူကယ်ရာမဲ့စွာ ခေါင်းတယမ်းယမ်း။
"ဝမ်ဖေး.. မြို့စားမင်းက ဆန်ညိုအိတ်ပေါင်း နှစ်သောင်းနဲ့ ငွေတုံး တစ်သိန်း ပို့ဆောင်ခိုင်းလိုက်ပါတယ်"
ထျန်းရှုက ရှေ့တက်ကာ လက်သီးစု၍ဂါရဝပြုရင်း သတင်းပို့သည်။ မျက်နှာပြောင်ပြောင်ဖြင့်ပင် ရှန်လျန့်အား သူတို့၏ဝမ်ဖေးဟု တိုက်ရိုက် ထုတ်ဖော်ပြောဆိုသည်။
"ဝမ်ရယ်ကို ကျေးဇူးတင်ကြောင်းစကားပါးပေးပါဦး.. ပြီးတော့ ဆန်အိတ်တွေကို အနောက်ဘက် သိုလှောင်ရုံထဲ တစ်ခါတည်း ထည့်ပေးခဲ့ဖို့ အနှောင့်ယှက်ပေးပါရစေ"
ရှန်လျန် ထရပ်ကာ ဝတ်ကျေတန်းကျေပြုံးပြသည်။ ဖေးယွမ်ရွှင်း ပို့ပေးလိုက်သည့် ဆန်နဲ့ငွေကို လွယ်လင့်တကူလက်ခံယူလိုက်သည့် အပြင် သံမဏိအထူးတပ်သားများကိုပင် ကိုယ်ပိုင်အစေခံလို စေခိုင်းလိုက်သေး၏။ သို့နှင့် ကုန်ပစ္စည်းများက အလွန်လျင်မြန်စွာဖြင့် အနောက်ခြံတွင် သိုလှောင်ခံလိုက်ရသည်။ သိုလှောင်ရုံက အတော်ပြည့်ကြပ်နေတော့သည်။
"မြို့စားမင်းက ဝမ်ဖေးရဲ့ ကျန်းမာရေးသိပ်မကောင်းတာသိလို့ ဝမ်ဖေး အလုပ်သက်သာအောင် သမားတော် နှစ်ယောက်ကို ပင့်ဆောင်ပေးခဲ့ပါသေးတယ်၊ သူတို့ကို ဝမ်ဖေးနဲ့ အတူ ကူညီကုသခွင့် ပေးနိုင်ဖို့ မျှော်လင့်ပါတယ်"
ထျန်းရှု စကားဆုံးသည်နှင့် သမားတော်နှစ်ယောက်က ရှေ့တက်ကာ နှုတ်ခွန်းဆက်၏။
"ဝမ်ဖေးကို ဂါရဝပြုပါတယ်"
"အားမနာပါနဲ့ ထပါ၊ ဒါက ဝမ်ရယ်ရဲ့ ဆန္ဒဆိုမှတော့ ကျွန်တော် မငြင်းတော့ပါဘူး၊ သမားတော်တို့ကို အလုပ်ကြိုးစားပေးဖို့ အကူအညီတောင်းပါရစေ၊ ပြီးတော့ ဝမ်ရယ် ရဲ့ ကြင်နာမှုတွေကို ကျွန်တော် အမှတ်ရနေပါ့မယ်လို့ တပ်မှူးက စကားပါးပေးပါဦးဗျာ"
သမားတော်နှစ်ယောက် ဦးညွှတ်နေတာကို ပြန်ရပ်စေလိုက်ပြီး ရှန်လျန်က ရင်းရင်းနှီးနှီးပြုံးပြ၏။သူနဲ့ မျက်နှာချင်းဆိုင်ထားတဲ့ သူတွေ အဖို့ ထို အခိုက်အတန့်မှာ စကားအလိမ္မာနဲ့ သူပြောတဲ့အတိုင်းလုပ်ရန် အမိန့်ပေးသည်ဟုခံစားလိုက်ရသည်။
"ဟုတ်ကဲ့၊ ပြန်ခွင့်ပြုပါဦးဗျ"
ထျန်းရှုက ဦးညွှတ်ပြီးနောက် လှည့်ပြန်သွားသည်။ သံမဏိအထူးတပ်သားက မြန်မြန်ရောက်လာပြီး မြန်မြန် ပြန်သွားသော်လည်း ချင်ဖင်းမြို့စားမင်းရဲ့ သဘောထားကို မြင်လိုက်ကြသည့်အပြင် ရှန်လျန်ကလည်း မြို့စားမင်းရဲ့ သဘောအတိုင်း လိုက်လျောသည်ကိုတွေ့လိုက်ရသည်။ လင်လင် နှစ်ဦးက တစ်ယောက်နှင့်တစ်ယောက် သဟဇာတဖြစ်နေတာကို မြင်လိုက်ရသူတွေအဖို့ သွေးအန်ကုန်သည်။ ထို့အထဲ နန်းတော်က လူတစ်ယောက်လည်း အပါအဝင်။
"အိုင်းယိုး.. လက်ထပ်တယ်ဆိုတာ တစ်ကယ်တော့ ငွေကိုမီးရှို့တာပဲ၊ စန်းကောကိုပဲကြည့်၊ တော်သေးတယ် ပိုက်ဆံ ချမ်းသာလို့ပေါ့"
ချူးလီက ရှောင်မုချန်ရဲ့ပခုံးကို လက်တစ်ဖက်နဲ့ လှမ်းဖက်လိုက်ရင်းေတွးမိ၏။ငွေကုန်ရတာမကြိုက်ပေမယ့် မရီးကိုတော့အလကား ရချင်၏။
"မင်းဘာသိလို့လဲ? ငါတို့ မရီးက တစ်ကယ်ထက်မြက်တဲ့သူ၊ ခုချိန်မှာ သုံးလိုက်တဲ့ ငွေကို နောင်တစ်ချိန်မှာ မရီးက အများကြီး ပြန်ရှာပေးနိုင်တယ်၊ မင်းမယုံရင် စောင့်ကြည့်လိုက်၊ မနက်ဖြန်ကစပြီး လူတိုင်း ငါတို့လိုလိုက်လုပ်ကြတော့မှာ"
ရှောင်မုချန်က စွေစောင်းကြည့်လိုက်ပြီး ခေါက်ယပ်တောင်ဖွင့်ကာ တဖျတ်ဖျတ်ခပ်ရင်း အဓိပ္ပာယ်ရှိရှိဆို၏။
ဒါပေမယ့် လိုက်တုတယ်ဆိုကတည်းက လိုက်တုတာပဲ၊ အရင်လုပ်တဲ့သူကသာ အောင်မြင်မှု ရလိမ့်မယ်။
"မင်းသိရင်လည်း သူတို့ကို ရှင်းပြပေးလိုက်ဦး"
ဖေးယွမ်ရွှင်းက အရေးစိုက်ဖို့ အလွန်ပျင်းနေလေသည်။ ထိုစဉ် ရက်အတော်ကြာအောင် ပျောက်နေသည့် မြေခွေးနီလေးက သူ့ပေါင်ပေါ် ရုတ်တရက် ခုန်တက်လာသည်။
"ကိစ္စမရှိဘူး၊ ကျွန်တော့်တာဝန်ထားလိုက်"
ရှောင်မုချန် တွေးမိသည်။ တတိယမရီးရဲ့ ကောင်းသတင်းတွေက အရမ်းပျံ့နှံ့နေတော့ စန်းကော စိတ်အခြေအနေမကောင်းဘူးထင်သည်။
2691 words
Grape 🍇
chansoocandy
1 year ago
စာတွေလည်း ပြန်ဖတ်ကြည့်ပါအုံး။ ဘာတွေမှန်းလည်း မသိဘူး.....မြန်မာလို ဖတ်ရပေမဲ့ နားမလည်ဘူး။နာမည်တွေလည်း စောက်တလွဲ