' မြို့စားမင်းက မကျန်းမာဘူး'
ညတစ်ညမှာ...အရာအားလုံးက တိတ်ဆိတ်နေတယ်!
ချင်ဖင်းမြို့စားအိမ်တော်ဟာ အင်ပါယာ မြို့တော်ရဲ့ အရှေ့အရပ်မှာ တည်ရှိပြီး အလွန်ကျယ်ဝန်းတယ်။ ပတ်ဝန်းကျင်ကတိတ်ဆိတ်နေပြီးမည်သည့်အသံမှ မကြားရချေ။ ဝံပုလွေအူသံနှင့် ကျားဟိန်းသံတို့ ကတော့ ချွ င်းချက်ဖြစ်သည်။
ထိုအချိန် ချင်ဖင်း မြို့စားအိမ်တော်မှ သားရဲ ဟိန်းသံကလည်း သဘာဝကျကျ ထွက်ပေါ်လာသည်။ အင်ပါယာမြို့တော်ဖြစ်တဲ့ ချင်ဖင်းရဲ့ အဌမမြောက် မြို့စားက ဤဆယ်နှစ်အတွင်း ရာထူးကြီးတိုးမြှင့်အပ်နှင်းမခံရသေးသဖြင့် လူသိများ ကျော်ကြားသည်။
အခြားသူများက သောက်စား၊ပျော်ပါးရသည်ကို နှစ်သက်သော်လည်း ချင်ဖင်းမြို့စားက သားရဲများ အား အမဲလိုက်ရခြင်းကိုနှစ်သက်သည်။အန္တရာယ် ကြီးသော သားရဲဖြစ်လေ ပိုနှစ်သက်လေပင်။အခြားသူများသာမက ဧကရာဇ် မင်းကြီးပင် သူ့ကိုမြင်သည်နှင့် ရှောင်သွားတော့သည်။
ချင်ဖင်းအိမ်တော်၏တစ်နေရာ... ကိုယ်ပိုင် အိမ်တော် ဝန်းတွင် ဖေးယွမ်ရွှင်းသည် ပျင်းရိစွာ လဲလျောင်းလျက်ရှိသည်။ အပေါ်ပိုင်း အင်္ကျီဗလာနှင့် မို့၊၊ ဝါကြင်ကြင် အသားအရည်နှင့် လေ့ကျင့်ခန်းလုပ်ထားသည့် ခန္ဓာကိုယ်အချိုးအစား မှာ ပေါ်လွင်နေလျက်....။သို့သော် ထိုဆွဲဆောင်မှုရှိသော ကိုယ်မှာ ဒဏ်ရာတွေနှင့်... ဝမ်းဗိုက်နားမှ သွေးများဆက်တိုက်ထွက်နေသည်။သက်လတ်ပိုင်းအရွယ် သမားတော်က သူ့ဒဏ်ရာကို ပတ်တီးအသစ် ပြန်လဲ ပေးနေ သည်။
"သခင်, မင်းသမီးက စစ်သည်တွေကို မြို့ပြင် ထွက်ခွာဖို့အမိန့်ပေးခဲ့ပါတယ်"
အရပ်ရှည်ရှည် ၊ပိန်ပိန်နှင့်လူ တစ်ဦး ရုတ်တရက် ထွက်ပေါ်လာသည်။ ညောင်စောင်းထက်တွင် လဲလျောင်းနေသော ဖေးယွမ်ရွှင်း က သူ့မျက်ဝန်းတွေကို မှေးကျဉ်းလိုက်ကာ ပခုံးပေါ်ရှိ မြေခွေးနီကို လက်ဖြင့်ပွတ်သပ်လိုက်သည်။
"ရှန်လျန်အကြောင်း ဘာစုံစမ်းလို့ရခဲ့လဲ?"
မင်းသမီးရဲ့ အကြီးဆုံးသားတော်က နန်းပြင်ထွက်သွားတာက ထားပါတော့... ။ ရှန်လျန့်ကို စုံစမ်းရင်း သတင်းရလာတာဆိုတော့....ရှန်လျန်ကမှ အရမ်း စိတ်ဝင်စားစရာ ကောင်းတာ။
"မရခဲ့ပါဘူး၊ ရှန်လျန့် နောက်ကြောင်းက အလွန်ရိုးစင်းပါတယ်၊ တုံးလင် အိမ်တော်တံခါးဝမှာ ရှန်သခင်မကြီးနဲ့ထိပ်တိုက် တွေ့ပွဲ အရ ဓားပြတွေကို လွှတ်လိုက်တာ ရှန်သခင်မကြီး ဖြစ်နိုင်ပါတယ်"
လျှောက်တင်နေသူမှာ ရိုကျိုးစွာ ဦးညွှတ်လျက်... အပြစ်ရှိစိတ်ဖြင့် မိမိကိုယ်ကို လိပ်ပြာမလုံဖြစ်ရသည်။ မိမိတို့မှာ ကိုယ်ရံတော်တပ်သားများဖြစ်လျက်နှင့် မည်သည်ကိုမှ စုံစမ်းမရခဲ့....။
"ဆက်စုံစမ်းလိုက်၊ငါ ကြားတာတော့ တရားရေး ရုံးက အမှုတွေ လိမ်ပြီး အကျင့်ပျက် ခြစားနေတယ်ဆို?"
ဖေးယွမ်ရွှင်းသည် သူတို့အရည်အချင်းကို မမေးမြန်းပဲ အခြားအရာ ကိုမေးသည်။
တပ်သားမှ ကြည့်ကာ အဖြေပေးသည်။
"ဟုတ်ကဲ့၊ သက်သေ တစ်ချို့တော့ ရထားပါပြီ၊ တစ်ချို့ကိစ္စတွေကတော့ လျို့ဝှက်ချက်များနေဆဲပါ၊ ကျွန်တော်တို့ စုံစမ်းနိုင်တာ အရမ်းနည်းပါသေးတယ်"
"ကြည့်ရတာ ၊ ခေါင်းကြီးပိုင်းက အာဏာ သုံးပြီး ဖိနှိပ်ထားပုံပဲ၊ ငါတို့ ရှန်သခင်မ ကို စစ်ဆေးဖို့လိုပြီ"
ဖေးယွမ်ရွှင်းက မျက်ဝန်းများအသာမှိတ်ကာ တိုးညှင်းစွာပြောသည်။
"ရှန်လျန်ကလဲ ဝေကျစ်ချန်ရဲ့သား ဆိုတော့...အဲ့ဒီပစ္စည်းက ရှန်လျန်လက်ထဲမှာ ဖြစ်နိုင်တယ်"
"အဲဒါက..ရှန်လျန် ပြန်လာပေမယ့် ဝေကျစ်ချန်က သေဆုံးနှင့်ပြီ၊ သူ့သားက ကော တစ်ယောက်လဲ ဖြစ်သေးတယ်၊ မကြာခင်အချိန်အတွင်း တစ်စုံတစ်ယောက်နဲ့ လက်ထပ်ရမှာပဲ ။ အဲ့လောက် အရေးကြီးတဲ့ ပစ္စည်းကို ဝေကျစ်ချန်က သူ့သားဆီ ပစ်စလတ်ခတ် ပေးထားပါ့မလား၊ ဗိုလ်ချုပ်ဝေက သူ့အိမ်တော်ကို သူများလက်ထဲ ကျရောက်သွားမှာ ကို ခွင့်ပြုမယ်မထင်ဘူး"
"အဖိုးတန်တယ်ဆိုပေမယ့် သူတို့အားလုံးအတွက် အရေးမပါတာရော မ ဖြစ်နိုင်ဘူးလား?"
"သခင်ဆိုလိုတာက..".
တပ်သားမှာ သဘောမပေါက်ချေ။ဖေးယွမ်ရွှင်းပြုံးကာ လှည့်ကြည့်သည်။
"ဒီသခင်တွေးနေတာ...ဝေမိသားစုက ဘယ်တော့မှ ထုတ်မသုံးဘူး ၊ သူတို့က ဂရုမစိုက်တာဖြစ်မယ်။ ငါတို့ကလဲ ဘာမှ မစုံစမ်းနိုင်ဘူးဆိုတော့ ၊ဒီလိုလုပ်ကြမလား.... ဝေအိမ်တော်ဆီသွားပြီး တစ်ချက်လောက် ပေးကြည့်နိုင်မလားလို့ တောင်းဆိုကြည့်မယ်လေ။ဘယ်လိုလဲ ဗိုလ်ချုပ်ဝေက ဘာမှ မပြောပဲ ထုတ်ပေးမယ်ထင်လား?"
"..…......."
တပ်သားလေးမှာ ကူကယ်ရာမဲ့သွားတော့တယ်။ သူတို့မြို့စားမင်းက ကပ်သီးကပ်ဖဲ့ နိုင်လိုက်တာ....!
"ပုံမှန်ဆို မျိုးရိုးစဉ်ဆက် ဘိုးဘွားအမွေ ခန်းထဲ ကြည့်ရှုဖို့ခေါ်ကြပါ့မလား? အရှင် က တအားမျက်နှာ ပြောင်တာပဲ"
ဒဏ်ရာ ကြည့်ရှုဖို့ သမားတော်ပင့်ပေးသူ အိမ်တော်ထိန်း လင်းက သူနှင့်အလိုက်သင့်မနေ။ သူ့အားအလွန်မှ အထင်သေးစွာ ကြည့်သည်။
တပ်သားလေးလဲ ခပ်သွက်သွက် ခေါင်းငြိမ့်ထောက်ခံလိုက်သည်။ ထင်သည့်အတိုင်း... ဖိုးဖိုးလင်းပဲ အမှန်တရားပြောရဲသည်။
"ဒီလိုကိုး...."
ချင်ဖင်း မြို့စားက ဤကဲ့သို့ လက်လွှတ်စပယ်နိုင်မည်ဟု မည်သူ ထင်ထားမည်နည်း။ တစ်ခြားသူ၏ ဘိုးဘွားပိုင်အိမ်ခန်းထဲဝင်ကြည့်မည် ဆိုသော စကားက ပြောသင့်သည်လော?
သို့သော် ဖေးယွမ်ရွှင်းမှာမူ ဂရုပင်မစိုက်ချေ။သူ၏နက်မှောင်သော မျက်ဝန်းများအား မှေးကျဉ်းလျက်။
"ရှန်လျန် ရဲ့လှုပ်ရှားမှုတွေကို သေချာ စောင့်ကြည့်ဖို့လိုမယ်"
"ဟုတ်ကဲ့"
ကိုယ်ရံတော်တပ်သားသည် အရိုအသေပြုပြီးနောက် မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားသည်။အခန်းတွင်းတွင်သမားတော်၏ပတ်တီးစည်းပေးခြင်းအမှုလည်းပြီးဆုံးသွားပေပြီ။
"အရှင်၊ ဆေးဝါးတွေက ကုန်ခါနီးနေပါပြီ၊တတ်နိုင်သမျှ အမြန်ဆုံး ဆေးရှာရပါမယ်"
"ကျုပ် သိပြီမို့ ...ထွက်သွားနိုင်ပြီ"
လက်ဝေ့ယမ်းကာ အချက်ပြလိုက်သော ဖေးယွမ်ရွှင်း၏အပြုအမူမှာ ရှင်းလင်းစွာပင် စကားအပို ထပ်မပြောချင်ဟန်။ သမားတော်လည်း သက်ပြင်းအသာချကာ ခေါင်းတယမ်းယမ်းနှင့် ထွက်ခွာသွားသည်။
"နံပါတ်တွေ ဘယ်လိုရေတွက်ရတယ်ဆိုတာသိရောသိ ရဲ့လား? ကိုယ့်ကိုကိုယ် ဘယ်နှကြိမ်လောက် ဒီလိုလုပ်နေတယ်ဆိုတာရော သိလား?
မနာကျင်တတ်ဘူးဆိုတိုင်း တစ်ချိန်လုံးဒဏ်ရာပဲ ယူနေလို့ ဖြစ်မတဲ့လား၊မြို့စားက ငယ်ရွယ် ပါသေးတယ်၊ မြန်မြန်လေး ဇနီး မြောက်သင့်နေပါပြီ။ မပြောကောင်းမဆိုကောင်း မတော်တဆ တစ်ခုခုများဖြစ်ပြီး ထီးမွေနန်းမွေ မဆက်ခံရရင် ပထမမင်းသားကြီးနဲ့ မင်းသမီးတို့ကို မျက်နှာ ဘယ်လိုပြမလဲ? ဟင်း... မင်းသားကြီးရယ် ..ဘာကြောင့်များ ဒီလို မသိတတ်တဲ့သားကိုမွေးဖွားခဲ့ရတာပါလဲ "
ဘေးနားမှ အိမ်တော်ထိန်းက ငြီးငြူနေသည်။ ချင်ဖင်းမြို့စားအား လက်ရှိတွင် ဤသို့ပြောဆိုရဲသူမှာ အိမ်တော်ထိန်း လင်း တစ်ယောက်သာ ရှိသည်။
"ဖိုးဖိုးလင်း၊ ကျုပ် အနားယူတော့မယ်"
ဖေးယွမ်ရွှင်းမှာ အာရုံမစိုက်ပဲ မျက်ဆံတစ်ပတ် သာ လည်လိုက်သည်။လက်ဆက်ရမည့်အရွယ်ရောက်သည့်အချိန်မှစ၍ ဤဓာတ်ပြားဟောင်းကြီးဖြင့် ထပ်ခါထပ်ခါ နားပူနားဆာ လုပ်ခံရသည်။ သူ့နားရွက်များ မီးလောင်ကျွမ်းတော့မည်ကဲ့သို့ပင် ခံစားရသည်။
"အရှင်၊ အမှန်တိုင်းပြောပါ၊ အဲ့ဒီအရာကို ဆယ့်ရှစ်နှစ်တိတိအသုံးမပြုပဲ ထားတာဆိုတော့ အလုပ်မလုပ်နိုင်တာလား?"
အိမ်တော်ထိန်းလင်းမှာ ထွက်မသွားသေးသည့်အပြင် သူ့ပေါင်ခြံကြားသို့ စိုက်ကြည့်ကာပင် ဝေဖန်နေသေးသည်။ သူ့မှာ မသက်သာစွာ ပေါင်နှစ်ဖက်ကိုစေ့လိုက်ရသည်။
"ကျုပ် သတိပေးလိုက်မယ်၊ ပေါက်ကရအတွေးတွေ တွေးမနေနဲ့"
အလုပ်လုပ်လား၊မလုပ်ဘူးလား?အဲ့တာသုံးဖို့ တစ်ယောက်ယောက်နဲ့မတွေ့သေးတာလား ဆိုတာတွေ......
ဘာတွေတွေးနေတာလဲ!
"အရှင်၊ မရှက်ပါနဲ့၊ဒီလိုရောဂါမျိုးက စောစော ကုသမှ ပြန်ကောင်းနိုင်မှာ၊ တစ်ကယ်လို့ ကုသတာ နောက်ကျသွားရင် အရှင့် ဘဝကို အနှောင့်ယှက်ပေးလိမ့်မယ်၊မစိုးရိမ်ပါနဲ့ ၊ဒီအစေခံအိုကြီး ဘယ်သူ့ကိုမှ မပြောပြပါဘူး၊ မြန်မြန်လေးသာ ထုတ်ပြောပြပါ၊ ဒါမှ စီစဉ်စရာ ရှိတာ စီစဉ်နိုင်မှာ၊ ဒါပေမယ့် အမှန်အတိုင်း ပြောပြဖို့တော့လိုမယ်နော်"
အလုပ်လုပ်၊မလုပ် အတင်းအကျပ် ဖိအားပေးခံရသူ ဖေးယွမ်ရွှင်းမှာ နှုတ်ခမ်းနှစ်လွှာ ဖွင့်ဟကာ စိတ်ဆိုးတကြီး အော်ငေါက်ရတော့သည် ။
"ထျန်းရှု ..လာစမ်း၊ ဖိုးဖိုးလင်းကို ဒီက ခေါ်ထုတ်သွားလိုက်"
"ဟုတ်ကဲ့"
"အိုက်ယား..အိုက်ယား...ဒီကောင်လေးက အဖိုးအိုကြီးကို ထိရဲတယ်ပေါ့? လွှတ်စမ်း"
ရုတ်တရက် လူတစ်ဦးမှ အိမ်တော်ထိန်းလင်းအား အင်္ကျီကော်လံမှ ဆွဲကာ ခေါ်ထုတ်သွားသည်။အိမ်ထိန်းလင်းက စိတ်ဆိုးမာန်ဆိုးဖြင့် ခြေလက် လေးချောင်းလုံးသုံးကာ ကန်ကျောက်လေသည်။ အခန်းပြင်သို့ မရောက်သွားခင် ကျယ်လောင်စွာ အော်ဟစ်သွားသေးသည်။
"အရှင် ၊အမြန်ဆုံးကုသမှရပါမယ်၊ အခု မကျန်းမာရင် နောင်ခါအရမ်းခံစားရပါလိမ့်မယ်"
"ခဗျားပဲ မကျန်းမာနေလိုက်!"
ဖေးယွမ်ရွှင်းလည်း ကျယ်လောင်စွာ ခွန်းတုံ့ပြန်သည်။ ထို့နောက် အားအင်ကုန်ခမ်းစွာ လဲလျောင်းလိုက်သည်။ အိပ်မပျော်ခင်အချိန်အတွင်း စိတ်ထဲ တစ်ချိန်လုံးတွေးမိနေသည်မှာ ဖိုးဖိုးလင်းအား ဆေးတိုက်သင့်လား ဟူ၍.....။
ဒီအဖိုးအိုက ကြာလေ အရူးရင့်လေဖြစ်လာသည်။
Words 1604
🍇 Grape