no

Font
Theme

'ဝှက်ဖဲ...ထုတ်ပြပြီ'

နာမည် ခေါ်ခံလိုက်ရတဲ့ ရှန်လျန်က လူတိုင်းရဲ့ အာရုံစူးစိုက်မှုကို တစ်ဖန်ထပ်ရလိုက်သည်။ ငါးနှစ်လုံးလုံး နယ်စွန်နယ်ဖျားမှာ နေထိုင်ခဲ့ရသည်ကို မည်သူက မသိပဲရှိလို့နည်း ? ဖခင်ရဲ့လစ်လျူရှုမှုနဲ့ မိထွေးရဲ့ ပစ်ပယ်ထားမှုတွေကြောင့် သူ့ခမျာ သခင်လေးတစ်ပါးကဲ့သို့နေထိုင်ခဲ့ရခြင်းမရှိသည် မဟုတ်ပေလော... လူတိုင်း၏မျက်လုံးထဲ ဂရုဏာသက်မှုနှင့် ကိုယ်ချင်းစာ တရားများဖြတ်ပြေးသွားကာ တိတ်တဆိတ်စောင့် ကြည့်နေကြ၏။

"သူပြန်ရောက်လာတာမှ မကြာသေးဘူး တစ်စုံတစ်ယောက်က သူ့ရဲ့အရည်အချင်းကို စိန်ခေါ်နေပြီပဲ... ကျန်းအိမ်တော်က ဒီမင်းသားကို အံ့အားသင့်စေတယ်"

ဖေးယွမ်ရွှင်းက မင်းသမီးကြီးတို့ဇနီးမောင်နှံ အား ကျော်၍ ပြောလိုက်သော်လည်း ကြောက်ရွံနေခြင်းမျိုးမရှိ.. သူ့အရှိန်အဝါက အလကားမှ မဟုတ်ပဲလေ..ကျန်းအိမ်သားများမှာ ရှက်ရွံ့မှု ခံစားလိုက်၏။ သူမက ရှန်လျန်ကိုစိန်ခေါ်လိုက်မယ်လို့ မည်သူမှထင်မထားမိပေ။

"ရှန်သခင်လေး.. ကြောက်နေတာတော့ မဟုတ်ပါဘူးနော်?"

ဖေးယွမ်ရွှင်းအား ပစ်မှတ်မထားရဲရာ အချိန်အတန်ကြာသည်ထိ တုံ့ပြန်မှုမရှိသောရှန်လျန် ကိုသာ ပစ်မှတ်ထားလိုက်သည်။ ရှန်လျန့်အား ပျာယာခတ်ကာ အရှက်ရစေချင်သည်၊ ရှုံးနိမ့်သွားသည့်မျက်နှာကို ကြည့်ချင်သည်။ တောရွာမှာ ငါးနှစ်ကြာ နေခဲ့ရသူက ဘာကြောင့်သူ့လို လူတိုင်းလိုချင်နေတဲ့ သခင်မလေးကို လာဖိနှိပ်ရလဲနော်?

"အမ်း... ကျွန်တော် နည်းနည်းတော့ကြောက်တယ်ဗျ.. ကျန်းမိန်းကလေးကပဲ ညှာတာ ပေးပါဦး"

ပြောရင်း ထရပ်လိုက်သည်။

အားလုံး၏အမြင်တွင် ရှန်လျန်မှာ ကူကယ်ရာမဲ့နေပြီး သူကြောက်နေသည်ကိုပင် ရိုးသားစွာ ‌ထုတ်ပြောလာသေး၏။

"ဟွန့်! ဘယ်လောက်ထိ တောင့်ခံနိုင်မလဲ ကြည့်ဦးမယ်"

လျိုရှုဟန်၏နောက်တွင် ထိုင်နေသော ရှန်ချန်က တီးတိုးရေရွတ်၏။

ရှန်လျန်က သူမ ရသင့်တဲ့ စိတ်ဝင်စားခံရမှုတွေအားလုံးကိုလုယူသွားသည်။ အရှင့်သား‌တွေ ၊ ချင်ဖင်းမြို့စား၊ ကျင်းသခင်လေး

နဲ့ အခြားသခင်လေးတွေအားလုံးကို ဆွဲဆောင်သွားတော့ သူမရဲ့ မနာလိုအူတိုစိတ်က အတော်လေးမြင့်နေတော့သည်။ သူ တတ်ကျွမ်းတဲ့ အတတ်ပညာတွေကို ထုတ်ပြချင်လာသည်။ သို့မှသာ အားလုံးက သူမကိုသာ ချီးမွှမ်းကြပြီး

ရှန်လျန်က ရုပ်ရည်သာရှိပြီး အချင်းမရှိသည့်လူမှန်းသိသွားကြလိမ့်မည်။

"ချန်အာ..."

လျိုရှုဟန် သတိပေးလာ၏။ သူတို့ကြံစည်ခဲ့သည့်ပြီးပြည့်စုံသော ထောင်ချောက်သည်လည်း ထင်မှတ်မထားသည့်အလှည့်အပြောင်းဖြစ်ခဲ့ရကာ ကိုယ့်ဘက်လူကိုပြန်ထိ ခိုက်စေခဲ့သည်။ လက်ရှိမှာ တစ်ခြား ဖိအားတွေကို ရင်ဆိုင်ရန် မောပန်းနေကြလေပြီ။

"သမီး ပြောတာ ဘာမှားနေလို့လဲ"

သူမ အမေ၏ ပြင်းထန်တဲ့ အကြည့်တွေအောက်မှာ ရှန်ချန် လိမ်လိမ်မာမာ ခေါင်းငုံ့လိုက်ရတော့၏။

စားပွဲတစ်ဝိုင်းထဲ ထိုင်နေသော ကျောက်လန်ကမူ မီးခဲပူပူကို ခုထိုင်နေရသလိုပင်...သူမ သမီးအတွက် အလွန်ပူပန်နေမိသည်။

လုယန်ကမူ မည်သည့်မိခင်၊ သားသမီးကိုမျှ မကြည့် ပဲ ဟိတ်ဟန်တစ်ခွဲသားနှင့် ထိုင်နေသည်။ ရှန်ရှောင်၊ရှန်ယန်နှင့် ရှန်ကျင်းတို့သုံးဦးသည်လည်း မည်သည့် ထင်မြင်ချက်မှ မဖော်ပြပဲ ဒီတိုင်း ရှန်လျန့်အား ‌စိတ်ရှုပ်စွာ ကြည့်နေ ကြသည်။

ဆန့်ကျင်ဘက်အနေဖြင့် ရှန်သခင်ကြီး၏မျက်နှာက မဲပုတ်နေသည်။ ရှန်လျန့်ကို ထပ်မတွေ့ချင်ရင်တောင် ဘယ်လိုပဲပြောပြော သွေးသားတော်စပ်မှုက သူ့သားအရင်းဖြစ်သည်။ ဒီယှဉ်ပြိုင်မှုမှာ ရှန်လျန်ရှုံးသွားခဲ့ရင် သူရော တုံးလင်အိမ်တော်ပါ ရှုံးနိမ့်မည့်အပြင် ထိုကောလဟာလသာ ပျံ့သွားပါက မနက်ဖြန်တိုင်းမှာ အိမ်တော်သခင်ဖြစ်တဲ့ သူသာ ဖိနှိပ်ခံရမည်ဖြစ်သည်။

"ရှန်လျန့်ဘက်က ပွင့်ပွင့်လင်းလင်းပြောလာပြီဆိုတော့ ကျန်းမိန်းကလေး ဆက်ပြိုင်ချင်သေးလား"

ရှန်လျန်က မျက်နှာချင်းဆိုင်က ကျန်းမိန်းကလေးအား တည့်တည့် ရပ်ကြည့်ကာ ရင်ဆိုင်နေသည်။ မင်းသမီးကြီးက ကျန်းမိန်းကလေးဘက်လှည့်ကာ ပြောလိုက်သည်။

"မင်းသမီးကြီးရှင့်.. ကျွန်မက ပန်းချီပညာ တစ်ခုပဲ ပြိုင်မှာပါ. ရှန်သခင်လေးက ကျွန်မနဲ့ ပြိုင်ဖို့ဆန္ဒ ရှိရဲ့လား သိချင်ပါတယ်"

မင်းသမီးကြီးအား ဦးညွှတ်ရင်းပြောလိုက်သည့်စကားနောက်ကွယ်က အဓိပ္ပာယ်မှာ ရှန်လျန့်အား တည့်တိုးပင် ထုတ်ခေါ်နေမှန်းသိသာသည်။

ပန်းချီဆွဲတာ!

ရှန်လျန် ကူကယ်ရာမဲ့စွာပြုံးလိုက်၏။

"ဒါကပထမဆုံးပွဲဆိုတော့. ကျွန်တော် မပြိုင်ရင် လူတိုင်းကိုစိတ်ပျက်စေမိမှာ စိုးပါတယ် ဒါကြောင့် ကျွန်တော် ကြိုးစားကြည့်ပါ့မယ်"

တင်းသည် လျှော့သည် မဟုတ်သော စကားအနည်းငယ်က လူထု၏ အမြင် ပိုကောင်းကာ သဘောကျသွားစေသည်။

အငယ်လေးမှာ တစ်ကယ်ပဲ လျှို့ဝှက်ဖဲ ရှိတာလား?

ဘာမှအရေးမစိုက်တတ်သော ဖေးယွမ်ရွှင်းပင် မျက်ခုံးပင့်လိုက်မိကာ စိတ်ဝင်စားမှုအပြည့်ဖြစ်သွားသည်။ စိန်ခေါ်ခံရတာကို ဘယ်လိုတားပေးနိုင်မလဲဟု တွေးနေသည်အား ရပ်တန့်လိုက်တော့၏။

"အစေခံတို့. စုတ်တံနဲ့မင် ယူလာခဲ့!"

မင်းသားသွမ့်၏ အမိန့်ရသည်နှင့် အမှုထမ်းများက လျင်မြန်စွာ ဖြင့် စားပွဲခုံ၊ မင်၊စုတ်တံနဲ့ စာရွက်ကို နေရာတကျ စီစဉ်ပေးလာသည်။ ပြိုင်ပွဲမစခင်တွင် ရှန်လျန်မှ ညှိနှိုင်းလာ၏။

"ကျန်းသခင်မလေးက စစိန်ခေါ်ပြီး ဘယ်ပညာပြိုင်မလဲဆိုတာပါ ဆုံးဖြတ်သွားတယ် ၊ဒီလိုဆိုရင် ဘာအကြောင်းအရာကို ရေးဆွဲမယ်ဆိုတာတော့ ကျန်းသခင်မလေးဆုံးဖြတ်တာပဲ မဖြစ်သင့်ဘူးမလား?

မင်းသမီးကြီးက ခေါင်းငြိမ့်ကာအချိန်ကိုက်ပြောလာသည်။

"ကောင်းပြီ စိန်ခေါ်ခံရသူက အကြောင်းအရာ ရွေးချယ်လိုက်ပါ ..မဟုတ်ရင် ဘယ်မျှတပါတော့မလဲ"

"ကျေးဇူးကြီးမြတ်လှပါတယ် မင်းသမီးကြီး"

သူ့မေးနား လက်ချောင်းတင်ကာ စဉ်းစားဟန်ပြုလိုက်ပြီးနောက်..

"အခုက စစ်တိုက်နေရတဲ့ကာလ ဖြစ်ပြီး စစ်ပွဲမှာ နိုင်ငံအတွက် အသက်ပေးသွားသူတွေရဲ့သွေးတွေ ပျံ့ကြဲနေတယ်... ကျွန်တော်တို့ သွေးမြေပြင်အလယ်မှာ စစ်သားတွေရဲ့ စွမ်းစွမ်းတမံ တိုက်ခိုက်နေပုံကို ဆွဲမယ် ဆိုရင်ရော?"

ဒီလို လေးပင်လှတဲ့အကြောင်းအရာမျိုး ရွေးချယ်လိုက်မယ်လို့ ဘယ်သူမှ မထင်ထားကြသဖြင့် သူ့စကားအဆုံး .. လူတိုင်းအံ့အားသင့်ကုန်သည်။ သို့သော် ရှန်လျန့်အစ်ကိုကြီးက အနောက်မြောက်အရပ်မှာ စစ်ထွက် တိုက်နေရသည်ကို ပြန်တွေးမိလိုက်ကြပြီး မအံ့ဩကြတော့ချေ။

".... ကောင်းတယ်ဟေ့"

ကျန်းသခင်မလေးသည် လက်စောင်းထက်လှ တဲ့ ပန်းချီပညာ တတ်မြောက်ထားသော်လည်း များသောအားဖြင့် ပန်းပုံ၊ မြက်ပုံနှင့် တိရစ္ဆာန်ပုံတွေသာ ရေးဆွဲဖြစ်သည်။ ယခု ရွေးချယ်လိုက်သည့်အကြောင်းအရာက သူမအတွက် ခက်ခဲသည်တော့ မဟုတ်သော်ငြား ရှန်လျန်က ဘယ်ပညာမှ သင်ယူခဲ့ဖူးခြင်းမရှိသည်ကို ပြန်တွေးမိပြီး ယုံကြည်ချက်ရှိလာသည်။

"ဒါဆိုရင် အချိန်တစ်နာရီအတွင်း ပြီးအောင် ဆွဲရမယ် ယှဉ်ပြိုင်သူနှစ်ဦးမှာ ပြောစရာကျန်သေးလား"

မိခင်မှ အချက်ပြလာရာ မင်းသားသွမ့်က ထရပ်လိုက်ပြီး စည်းကမ်း သတ်မှတ်ပေးလိုက်သည်။

"မရှိပါဘူး"

ကျန်းမိန်းကလေးနှင့် ရှန်လျန် တို့နှစ်ဦးလုံး‌ တစ်ပြိုင်နက်ထဲ ခေါင်းယမ်းလိုက်ကြသည်။

မင်းသားသွမ့်ကျွမ်းမှ ယှဉ်ပြိုင်ပွဲ စတင်ရန် ကြေငြာလိုက်တော့သည်။

နှစ်ယောက်လုံး စားပွဲ ခုံနားလျှောက်သွားကာ အရင်ရောက်တဲ့တစ်ယောက်က ယုံကြည်ချက် ရှိစွာဖြင့် မင်တံကိုင်ကာ တုံ့ဆိုင်းခြင်းမရှိ စဆွဲတော့သည်။ မင်ရောင် က စာရွက်ဖြူပေါ် တစ်ဖြည်းဖြည်း ရုပ်လုံးပေါ်လာသည်။ ရှန်ကျိုးနှင့်အခြားသူများမှာ ဟော့ပေါ့အိုးပူပူကိုင်ထားရသည့်အတိုင်း ရှန်လျန့်အားစိတ်ပူနေကြသည်။ ခွင့်ပြုပါက သူတို့ကိုယ်တိုင်အမြန် ရှေ့တက်ကာ ကိုယ်စားဆွဲပေးချင်နေကြသည်။

ရှန်လျန် မှာ တုတ်တုတ်မှ မလှုပ်သေးပဲ ဖြစ်နေရာ လူတိုင်းက စိတ်လှုပ်ရှားမှုကြောင့်

နှလုံးက တဒိန်းဒိန်းစောင့်ခုန်လာကြသည်။ စာရွက်လွတ်အား လက်ထဲ ကိုင်ထားသည့်မြင်ကွင်းကပင် ရင်သပ်ရှုမောဖွယ်လှနေလေပြီ။

မည်သို့ပင် ဆိုစေ စိန်ခေါ်တာ လက်ခံလိုက်ပြီ ဆိုကတည်းက ရှန်လျန်သည် စာရွက်လွတ်သာ ပြ၍ မရသဖြင့် လူတိုင်း စိတ်မပျက်သွားစေရန် သူ ကြိုးစားရမည်။

နောက်ဆုံးတော့ ရှန်လျန်မှ စုတ်တံ မြောက်လိုက်သည်။ စုတ်တံက တည်ငြိမ်နေကာ ဆွဲလိုင်းမှာလည်း ငြင်သာချောမွေ့သဖြင့် လူတိုင်းကိုဆွဲဆောင်ထားနိုင်သည်။

ဂန္တဝင်ပန်းချီကားမျိုး ဆွဲပြတော့မှာလား?

ဘယ်သူ ဘယ်လို တွေးနေပါစေ အချိန်က အလိုလိုရွေ့နေကာ ပန်းဆွဲရေးဆွဲနေသူနှစ်ယောက်က ဈာန်ဝင်တစားဖြင့် တိတ်ဆိတ်နေသည်။ ပန်းချီကားအား အဆုံးသတ် လိုက်ပြီးနောက် နှစ်ယောက်လုံး တစ်ချိန်တည်းနီးပါး စုတ်တံ ချလိုက်ကြသည်။ မူလက တီးတိုးပြောဆိုနေသူ တစ်ချို့လည်း လျှပ်တပြက် တိတ်ဆိတ်သွားကာ စားပွဲပေါ်မှ ပန်းချီ ကားနှစ်ချပ်အား အကြည့်ရောက်သွားကြသည်။ သို့သော် သူတို့ကြား အကွာအဝေးခြားနေသည့်အပြင် စာရွက်က ထောင်ထားခြင်းမဟုတ်ရာ မည်သို့ရေးဆွဲထားမှန်း ဘယ်သူမှ မမြင်ရချေ။

"နှစ်ယောက်လုံးပြီး ပြီထင်ပါတယ် ကဲဒါဆို အနိုင်ရသူကိုဆုံးဖြတ်ပေးရမယ့်အချိန်ရောက်ပြီ

မျှမျှတတဖြစ်သွားအောင် အကြီးအကဲ ရှဲ့၊ အကြီးအကဲ ကျန်းနဲ့ အကြီးအကဲ ကျောက် တို့ကို ဆုံးဖြတ်ပေးဖို့ တောင်းဆိုပါရစေ"

ထိုလူအိုသုံးဦးက ဝါရင့် ပရောဟိတ်ကြီးများဖြစ်ပြီး အလွန်ဩဇာညောင်း၏။ ထိုသုံးဦးက ပြိုင်ပွဲဝင်များနှင့် သက်ဆိုင်သူမရှိရာ မင်းသားသွမ့်၏အကြံပေးချက်က သင့်တော်၏။ အစေခံများက ဂရုတစိုက်ဖြင့် ပန်းချီကားနှစ်ချပ်အား ထိုလူသုံးဦးနှင့် ဇနီးသည်တို့ ထိုင်ရာ‌နေရာ

သို့ ကိုင်ယူသွားပေးသည်။ လူတိုင်းက အသက်ရှုအောင့်ထားမိပြီး ပန်းချီကားပို့ဆောင်ရာ တစ်လျှောက် လိုက်ကြည့်နေမိသည်။

"ရှန်သခင်လေး ကျွန်မကြားမိတာ ..ရှင် ဒီနှစ်တွေအတွင်း နယ်စွန်မှာ ပဲနေခဲ့ရတယ်ဆို? အဲ့တာဆို တစ်ခါမှ ပန်းချီပညာကို မသင်ယူခဲ့ရဘူးလား"

အနိုင်ရမည့်သူကိုအဆုံးအဖြတ်ပေးနေချိန်တွင် ကျန်းမိန်းကလေးမှ ရှန်လျန့်ဆီ အာရုံစိုက်လာသည်။ သူမ၏အသံက တစ်ဖက်သူအပေါ် အထင်သေးသည့်ဟန်အပြည့် ဖြစ်သောကြောင့် မိမိကိုယ်ကိုအကောင်းဆုံးပြုမူနေထိုင်ပြသော

ရှန်သခင်ကြီး၏ မျက်နှာက ချက်ချင်း ကြည့်ရဆိုးလာသည်။ ဒီပြဿနာက မပြီးနိုင်သည့်ပုံ....

"အမ်း... အမှန်ပါပဲ တစ်ကယ်လို့ ကျန်းမိန်းကလေးရှုံးသွားရင် ကျွန်တော်က ယောင်္ကျားလေးဖြစ်ပြီး မိန်းကလေးကိုအနိုင်ကျင့်တယ်လို့ သတင်းမလွှင့်ရဘူးနော်"

"အဟင်း..."

သူမရဲ့ပုတ်ခတ်ပြောဆိုမှုတွေကို တုံ့ပြန်နိုင်ခဲ့သည်။ ကျန်းမိန်းကလေး၏ အပြုံးက တောင့်ခဲသွားကာ မရင့်ကျက်သည့်ဟန်ထွက်ပေါ်လာသည်။ သူမ၏ အမုန်းတရားတွေကို မျက်နှာပေါ် ရေးထားသကဲ့သို့ လူအားလုံးမြင်နိုင်ပေသည်။

ချမ်းသာ ကြွယ်ဝတဲ့ နောက်ခံ နဲ့ ပျိုးထောင်ပေးခဲ့တဲ့ သမီးပျိုလေးဟာ သည်းညည်းခံနိုင်တဲ့ အစေခံကိုပင် မယှဉ်နိုင်ပါလား? ကိုယ်လွတ်မရုန်းနိုင်တဲ့အတွက် ကျန်း အမတ်ကြီးက ဒေါသထွက်နေသည်။

"ဟွန့်! စောင့်ကြည့်တာပေါ့"

နောက်ဆုံးတော့ ပြန်မပြောနိုင်တော့တဲ့ ကျန်းမိန်းကလေးက တစ်ဖက်သို့ မလှည့်သွားခင် တစ်ခွန်းတော့ချေပသွားခဲ့သည်။ မကျေနပ်မှုကြောင့် သူမ၏ မျက်နှာက သဘာဝမကျဖြစ်နေသည်။

"နှစ်မဲတစ်မဲ ဆုံးဖြတ်မှုအရ အနိုင်ရရှိသွားသူက တုံးလင် အိမ်တော်က ရှန်လျန် ဖြစ်ပါတယ်"

"မဖြစ်နိုင်ဘူး!"

အကြီးအကဲ ရှဲ့မှ ထ၍ ကြေငြာပေးလေသည်။ ကျန်းအမတ်ကြီး၏သမီးက ချက်ချင်းပင် ကျယ်လောင်စွာ မေးခွန်းထုတ်လာရာ လူအိုကြီး သုံးယောက်၏အမူအရာက နက်မှောင်သွားသည်။ သူမက သေချာပေါက် သူတို့ကိုယ်ကျင့်တရားအား ထိပါးနေခြင်းဖြစ်၏။ အတင့်ရဲလိုက်လေခြင်း!ဘယ်လိုတောင် မသိနားမလည်တဲ့

ကလေးမ လဲ!

"နင့်ပါးစပ်ကို ပိတ်ထားစမ်း!"

ကျန်းအမတ်ကြီးမှာ ဆက်ထိုင်နေ၍ မရတော့ပဲ သူ့သမီးအားဆူပူလိုက်ရသည်။ သူ့မှာ ဒီလိုသမီးမျိုးရှိတာ အတော်ရှက်မိသည်။ ထိုလူအိုကြီးတွေက ဘယ်လိုလူမျိုးတွေ မို့လိုလဲ? ဤမနူးမနပ်သူငယ်မလေး ဝေးစွ... ရာထူးရာခံကြီးသူများပင် ဖိအားမပေးနိုင်သည့် ပုဂ္ဂိုလ်များဖြစ်ပြီး သူတို့မှူးမတ်များပင် လေးစားကြရသည်။ ဒီလိုလူမျိုးတွေအပေါ် သူမ မာန်မာနကြီးနေရန် နေရာမရှိချေ။

"ကျွန်တော့်သမီးရဲ့ ရိုင်းပြမှုကို ရှဲ့အကြီးအကဲ ကျေးဇူးပြု၍ ခွင့်လွှ‌တ်ပေးပါခဗျာ"

သူ့သမီးသူ ဆူပူလိုက်ပြီးနောက် အလျင်အမြန်ပင် လူအိုကြီးသုံးယောက်ဘက်လှည့်၍ တောင်းပန်လိုက်သည်။ ဒီလိုသမီးမျိုး သူ့မှာ ရှိတာ အတော်ခက်ခဲပင်ပန်းရပါ၏။

အကြီးအကဲသုံးယောက်က ထို တောင်းပန်မှုကို အသိအမှတ်ပြုဟန်မတူချေ... မိန်းမငယ်၏ အကျည်းတန်လှသော မေးခွန်းအပေါ် စိတ်ခုသွားပြီး မျက်နှာ အမူအရာလည်းမကောင်းကြတော့ပေ။

"ကျန်းမိန်းကလေးက သံသယရှိနေမှတော့ အကြီးအကဲတွေကို ရှင်းပြပေးဖို့ ဘာလို့ မတောင်းဆိုလဲ"

မင်းသားသွမ့်မှ အခြေအနေတွေကို ချောချောမွေ့မွေ့ဝင်ထိန်းလေသည်။ ဒီပွဲက သူ့မိခင် ကျင်းပသည့်အလှူပွဲဖြစ်ပြီး ပြိုင်ပွဲစည်းကမ်းကိုလည်း သူ့မိခင်ကပင် ထုတ်သည်။

အနိုင်အရှုံး ဆုံးဖြတ်ပေးမည့်လူကိုရွေးသူက သူဖြစ်ပြီး ကျန်းမိန်းကလေးက အဆုံးအဖြတ်ကို ကျေနပ်မှုမရှိပဲ လူအိုကြီးသုံးယောက်၏မျက်နှာကိုဖြတ်ရိုက်နေသည်။ သူ့မိခင်၏ပွဲမှာ ဒီလိုပြဿနာ ဖြစ်တာကို ပျော်နေမှသာ ထူးဆန်းပေတော့မည်။

"ဟမ့်!"

အကြီးအကဲ ကျန်းမှ နှာမှုတ်လိုက်ပြီး ထိုသားအဖကိုစိတ်မကြည်စွာကြည့်သည်။ ထို့နောက် လက်ဟန်ပြလိုက်ရာ အစေခံများက ပန်းချီကားချပ်အား လူထု မြင်နိုင်ရန် ပြလိုက်သည်။ တိုက်ပွဲတွင်း စီးချင်း ထိုးနေပုံက ရက်စက်ပြီး အညာအတာမဲ့စွာ သွေးချောင်းစီးစေသည်။

ရေးဆွဲထားသော လက်ရာက မဆိုးပါ၊ အထူးသဖြင့် တိုက်ပွဲနှင့်ရင်းနှီးကျွမ်းဝင်သည့် စစ်ဗိုလ် များ၊အမှုထမ်းများက ပို အမြင်ကောင်းသည်။ တိုက်ပွဲဝင်သည့်အခါ ရန်သူအား ရက်ရက်စက်စက်ဖြင့် တစ်ခေါက်ထဲ အပြတ်ရှင်းနိုင်ရန် ကြိုးပမ်းရသည်။ သူတို့အမြင်တွင် ဤပန်းချီက သာမာန် ဖော်ကျူးထားသည့် ပုံတစ်ပုံသာဖြစ်ပြီး စစ်ပွဲ၏ အငွေ့အသက် မပါနေပေ။

"မိန်းကလေး ကိုယ့်ကိုကိုယ် အမြင်မှန်ရမယ်လို့ မျှော်လင့်ပါတယ်... မင်းရဲ့ ပန်းချီက ရှင်းလင်းပြတ်သားတယ်၊အကြောင်းအရာ ပေါ်လွင်အောင် ဆွဲထားနိုင်တယ် ၊ဒါပေမယ့်အရေးကြီးတဲ့ အစိတ်အပိုင်းက ပျောက်ဆုံးနေတယ်။

ဒါက သာမာန်ပန်းချီကားတစ်ချပ်ပါပဲ.. အားလုံးကိုဆွဲဆောင်ထားနိုင်လောက်အောင် အသက်မဝင်နေဘူး"

ရှဲ့အကြီးအကဲမှ သူတို့၏ သမာသမတ်ရှိမှုကို ရှင်းလင်းပြ၏။ ပန်းချီကားက်ိုမြင်သူတိုင်းကလည်း ထိုလူကြီးများက ဘက်လိုက်မှုမရှိပဲ ဆုံးဖြတ်ပေးထားသည်ကို မြင်နိုင်ကြသည်။

Words 2501

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment