no

Font
Theme

'အတိတ်ဘဝက အဆိပ်အတောက်မြင်ကွင်းတွေ ပြန်ပေါ်လာတယ်'

မင်းသားကျန်းရဲ့ချီးမွှမ်းမှုကို ထက်မြက်ပြီးလှပတဲ့ ရှန်မိန်းကလေးက ပျော်ရွှင်‌သွား ရမည့်အစား မျက်နှာ ဖြူဖျော့သွားသည်။ မြို့တော်တစ်ခုလုံးက မိဘတွေက သူတို့သားသမီးတွေကို မင်းသားကျန်းနဲ့မပတ်သက်မိဖို့ သတိပေးထားကြသည်မဟုတ်လား? ဉာဏ်မမှီလျှင်တောင် မင်းသားဆီမှချီးမွှမ်းခံရခြင်းက ဂုဏ်ယူသင့်သည့်အရာမဟုတ်မှန်းသိနိုင်သည်။

ရှန်ချောင်ကို ဖက်ထားသည့် အစ်ကိုဖြစ်သူ ရှန်ယန်ဟာ သူ့ညီမရဲ့ တောင့်တင်းသွားတဲ့ကိုယ်ခန္ဓာကို သတိပြုမိလိုက်သဖြင့် ချက်ချင်းပဲ ညီမလေးကို သူ့အနောက်ပို့ပြီး မင်းသားရဲ့ရန်မှကာကွယ်ပေးထားလိုက်သည်။

လက်ဖဝါးနှစ်ဖက်စုယှက်ကာ ဒူးတစ်ဖက် ထောက်ပြီး

"ဦးရီးတော်ကျန်းနဲ့ မင်းသားတို့ကို ဂါရဝပြုပါတယ်"

" ရတယ် ထုံးတမ်းစဉ်လာတွေ မလုပ်တော့နဲ့ .. မင်းတို့က ရှန်ရွေ့ချင်ရဲ့သားသမီး‌တွေမလား? ကိုယ်တော် မှတ်မိတာ မမှားရင် အခု သူ လည်း အမတ်တာဝန်ထမ်းဆောင်နေတာလေ"

မင်းသားကျန်းမှာ ဂရုတစိုက်ရှိတတ်ပုံနှင့်ရှန်ယန် အား ဦးတည်ပြောနေသော်လည်း မျက်လုံးအကြည့်က ရှန်ချောင့်ခန္ဓာကိုယ်မှ မခွာသဖြင့် အတိအကျကို ဆွဲဆောင်ခံလိုက်ရပြီမှန်း လူတိုင်းမြင်နိုင်သည်။ ပြဿနာ ဖန်တီးတဲ့သူကရှန်ချောင်ဖြစ်ပြီး တစ်ကယ်တမ်းဘာမှ မသိတဲ့သူကရှန်လျန် ပေမို့ အားလုံးက ဘေးလူအဖြစ်သာ နေနေသည်။ ရှန်မိန်းကလေးအား ရည်မှန်းနေကြသူများပင် မင်းသားကျန်းကို အပြစ်မပြုရဲသဖြင့် နှုတ်ဆိတ်နေကြသည်။

တစ်ကြိမ်တစ်ခါမှ ထိုမျှ အားပြင်းသည့် တဏှာ အကြည့်ဖြင့် ကြည့်ခံရဖူးခြင်း မရှိခဲ့ရာ ရှန်ယန့် အင်္ကျီဖြင့်ထွေးပတ်ခံထားရသော ရှန်ချောင်မှာကြောက်ရွံ့စိတ်ကြောင့် နူးညံ့သော ခန္ဓာကိုယ်က တုန်ရီနေတော့သည်။ ပိုပြီးစိတ်လှုပ်ရှားနေလေ မင်းသားကျန်းက ပိုသဘောကျလေ ဖြစ်နေပြီး ထိုမိန်းကလေးကို ဖျက်စီးချင်သည့်စိတ်က ပိုပိုတိုးလာသည်ကိုတော့ သူမ မသိခဲ့ချေ.....

"မှန်ပါတယ် အရှင် ..ထခွင့်ပေးတာကျေးဇူးကြီးမြတ်လှပါတယ်"

မင်းသား၏အကြည့်တွေကိုခံစားမိနေတဲ့ ရှန်ယန်က နောက်ကျောဘက်တွင် လက်သီးကျစ်ကျစ်ပါ‌အောင်ဆုပ်လိုက်သည်။ လက်ရှိမှာ သူ့ညီမလေးကိုနောက်ကျောဘက်မှာထားပြီး မင်းသားရဲ့ အကြည့်တွေဆီမှ ကာကွယ်ရုံသာတတ်နိုင်သည်။

သူ့ညီမကို သေသေချာချာ ကာကွယ်ထားတာတောင် မြင်နိုင်နေဆဲပင် ။ မင်းသား ကျန်း ပြုံးလိုက်ပြီး နောက်...ဖော်ရွေသည့်ဟန်ဖြင့် ပြောလိုက်၏။

"ကောင်းပြီ.. မိန်းကလေး ကြည့်ရတာ အအေးပတ်သွားတယ်ထင်တယ် ၊ ကိုယ်တော် သမားတော် စေလွှတ်ပေးလိုက်မယ် ...လှေပေါ်က အခန်းထဲမှာ အဝတ်အစားအရင် လဲလိုက်ပါလား?"

အခန်းထဲဝင်ပြီးလို့ပြန်ထွက်လာရင် မှဲ့တစ်ပေါက်မစွန်းမှာ သေချာလို့လား?

ရှန်ချောင် တုန်လှုပ်သွားပြီး ငိုချလုနီးပါးဖြစ်နေရာ ရှန်ယန်အမြန်‌ပြောလိုက်သည်။

"ကျေးဇူးကြီးမြတ်လှပါတယ် အရှင် ၊ကျွန်တော်မျိုးတို့ထွက်လာတာ အချိန်ကြာမြင့်နေပြီမို့ အမေလည်းစိုးရိမ်နေတော့မှာ .. ချောင်အာကိုခေါ်ပြီး အရင်သွားခွင့်ပြုပါဦးဗျာ .. နောက်မှ အဖေနဲ့ အတူ မင်းသားဆီ အလည်အပတ်လာခဲ့ပါဦးမယ်ခင်ဗျ"

လူတိုင်း အာဏာနောက်..လိုက်နေကြသည်မှာ မထူးဆန်းတော့ချေ။ ကျန်းမင်းသား သာ မင်းသားတစ်ပါးမဖြစ်ခဲ့ပါက အမတ်ကြီးက ဤကဲ့သို့မိမိကိုယ်ကိုယ်နိမ့်ချရန် ဘာကြောင့်တွန်းအားပေးခံရလိမ့်မလဲလေ....

"ကောင်းပြီလေ...ရက်တွေအများကြီးကျန်ပါသေးတယ်၊ ဒါဆိုရင်..ရှန်မိန်းကလေးကိုခေါ်ပြီးအရင်ပြန်နှင့်လိုက်ပေါ့"

မင်းသားကျန်း သည် လည်း မရူးမိုက်ချေ။ လူထုရှေ့မှာ ‌ရှန်ချောင်ကို ခပ်ကြမ်းကြမ်းဆွဲခေါ်ထား၍မဖြစ်နိုင်ရာ အတင်းဆွဲထားမနေတော့ ပဲ မောင်နှမနှစ်ယောက်ကိုသာ အဓိပ္ပာယ်ပါပါကြည့်နေလိုက်၏။

နှစ်ဦးသား ဆံပင်မွှေးထောင်သွား‌သော်လည်း မပြန်ခင် ဂါရဝပြုဦးညွှတ်လိုက်သည်။ လှေပေါ် မှ ဆင်းခါနီး တွင် ရှန်ချောင်သည် ရှန်လျန့်ဘက် ဖျက်ခနဲ လှည့်ကြည့်သွား၏။

လှေတစ်စင်းလုံး ဒါကို သတိမပြုမိကြဘူးတဲ့လား!

မူလက ရှန်လျန် ထင်တာ သူမ သူ့ကိုလှည့်ကြည့်သည်ပေါ့... မဟုတ်ပါ တစ်ကယ်တမ်း သူ့နောက်က ဖေးယွမ်ရွှင်းကို ကြည့်သွားခြင်းဖြစ်ရာ ထိုအခါမှ ရှန်ချောင်ဘာလို့ သူ့ကိုပစ်မှတ်ထားနေလဲ ဆိုတာ သတိထားမိလိုက်၏။ တစ်ကယ့်တရားခံက သူ့နောက်က ဆန်ကုန်မြေလေးပဲ!

"မင်းက ရှန်လျန်လား? ရှန်တာ့ရဲ့ညီ၊ ရှန်အိမ်ရဲ့မျိုးဆက်?"

မောင်နှမနှစ်ယောက်ထွက်သွားသည်နှင့် မင်းသားကျန်းက သူ့အကြည့်နှင့်အာရုံကို ရှန်

လျန့်ဆီ ဦးတည် လိုက်သည်။

လျိုဝမ်ကျင်းက ရှန်လျန့်ရုပ်ရည်နဲ့ပတ်သက်ပြီး အလွန်တရာ ချီးမွှမ်းထားရာ ဒီအကြောင်းမတွေးမိဖို့ ခက်ခဲပါ၏။ ‌ထို့အပြင် ရှန်လျန်က လည်ပြန်ကြည့်ရလောက်အောင် လှပရာ သူကြောင်ငေးသွားမိသည်။ မြို့တော်၏နံပါတ်တစ် အလှပဂေး ရှန်ချန်ထက်ပင် နှာတစ်ဖျားသာလေ သည်။

သူ့ရဲ့ ပြီတီတီ အကြည့်က ရှန်လျန့်ဆီ ကူးလူးလိုက်ပြီးနောက် လျှာ သပ်လိုက်သည်။

ထိုအပြုအမူကိုသတိထားမိသော ရှန်ချောင်က

ရှန်ချန်ကိုအသာ ဆွဲ ခေါ်ရင်းတိတ်တဆိတ် အချက်ပြသည်။

သူတို့ အစီအစဉ် အလုပ်ဖြစ်နိုင်သေးလား?

"တုံးလင်အမတ်ကြီးရဲ့သား ...ရှန်လျန်က မင်းသားကျန်းနဲ့ အရှင့်သားတို့ကို ဂါရဝပြုပါတယ်"

အပျော်စီးလှေသဗ္ဗာန် ပေါ်က လေထုမှာ ထူးဆန်းလာပြန်သည်။ ဖေးယွမ်ရွှင်းက ချက်ချင်း ကာကွယ်ပေးမည်အပြု ရှန်လျန်က ရှေ့တစ်လှမ်းတိုးကာ ဂါရဝပြုနှုတ်ဆက်လိုက်ချေပြီ။ သူ့အမူအရာက ယဉ်ကျေးသော်လည်း မျက်နှာသေနှင့်ပင်....

"ကောင်းတယ်...သိပ်ကောင်းတယ် အားလုံးပြောကြတဲ့ အတိုင်း တုံးလင်အမတ်ကြီးရဲ့ သားသမီးတွေက တစ်ကယ် လှပကြတာပဲ... ကိုယ်တော်

မရေမတွက်နိုင်အောင် အလှလေးတွေနဲ့ဆုံခဲ့ဖူး‌တယ်ဆိုပေမယ့် တွေ့ဖူးသမျှ ထဲ ရှန်လျန်.. မင်းက အလှဆုံးပဲ၊ မင်းရဲ့အ‌ ဖေ ဝေကျစ်ချန်နဲ့တောင် ယှဉ်လို့ရတယ်ကွာ"

ကြားရသူအပေါင်း ... မျက်ခုံးကြုံ့ကုန်၏။ အထူးသဖြင့် ရှန်လျန့်ကိုကြံရွယ် နေသည့်မင်းသား တစ်သိုက်ပင်။ ဖေးယွမ်ရွှင်းက‌တော့ ကွဲပြားခြားနာစွာ ရှန်လျန် ဆိုသည့် လူသားအား မည်သူတစ်ဦး တစ်ယောက်ကြောင့်နှင့်မျှ မညစ်ညမ်းသွားစေလိုပေ။

ရှန်လျန်၏ မျက်လွှာ ချထားမှုကြောင့် ရက်စက်သည့် အရိပ်အယောင်များဖြတ်ပြေးသွားသည်ကို မည်သူမှ သတိမပြုမိချေ။ မူလက သူ့ကို ရဲတင်းစွာ နှာဘူးအကြည့်ပဲကြည့်ပါစေ...သည်းခံလိုက်မည်ဟုတွေးထားသော်လည်း သူ့ မွေးဖေဖေနှင့်ရင်းနှီးသလို အသုံးချ ပြောနေသည်ကိုတော့ သည်းမခံနိုင်ချေ။ မင်းသားကျန်းနဲ့ အဆက်အဆံရှိသည့် မည်သည့် 'ကော'မဆို မှဲ့တစ်ပေါက်မစွန်းသေးတာ မရှိမှန်း မြို့တော် တစ်ခုလုံးသိ၏။ သူ့ဖေဖေ၏ ဖြူစင်မှုကို ပြောင်ပြောင်တင်းတင်း အရောင်ဆိုးရန် လုပ်ကြံပြောဆိုနေသည်။

"အရှင်က မြောက်ပင့်လွန်းနေပါပြီ.. အသားအရည်ဆိုတာ ဘယ်လောက်လှလှ တစ်နေ့ကျရင် အရိုးပေါ်အရေတင်ဖြစ်သွားမှာပဲ..ဘယ်လောက်ပဲ မျိုးရိုးမြင့်ပါစေဦးတော့ .. အချိန်ကျလာရင်တဖြည်းဖြည်း လျော့ရွဲလာမှာပဲ"

ရှန်လျန့်အသံက သာယာနာပျော်ဖွယ်ပင်။ ထို အသံလေးက အလှအပ၏ သဘောတရားကို ထုတ်ပြောသွားသည်။ စကားအရာက နားမယဉ်သာ ပေမယ့် လူတိုင်းမျက်ခုံးမပင့်ပဲ မနေနိုင်ကြ။

ဖေးယွမ်ရွှင်း၊ ကျင်းရှီယန်နှင့် ရှန်ချင်တို့မှာ အံ့ဩသွားပြီး ဖြစ်နိုင်လျှင် ရှေ့တက်ကာ လက်ခုပ်ဩဘာပေးလိုက်ချင်ကြသည်။ ရှန်လျန်က တွေ့ဖူးသမျှ 'ကော'ထဲတွင် အရဲရင့်ဆုံးပင်။

မင်းသားကျန်းက နောက်မှီတွင် ကျောမှီလိုက်ကာ မျက်လုံးမှေးကျဉ်းလိုက်၏။ ရှန်လျန်က လှပရုံတင်မက ထူးခြားတဲ့ အကျင့်ရှိတယ်။ လူရှေ့သူရှေ့မှာ သူ့ကိုခွန်းတုံ့ပြန်ရဲပြီး တစ်ကယ့်ရှားပါးလေးပဲ... လျိုဝမ်ကျင်းရဲ့ စကားတွေကို ပြန်တွေးမိပြီး ရှန်လျန့်အပေါ် ပိုစိတ်ဝင်စားလာမိသည်။

အလှအပဆိုတာ ရေရှည်မထိန်းသိမ်းထားနိုင်...

ရှန်လျန့်လို ထူးခြားတဲ့ အမူအကျင့်ရှိသူမျိုးဆိုရင်တော့ သူ့စိတ်ထဲကြာရှည်စွဲမြဲထားနိုင်သည်။

လူအတော်များများသာမက ဧကရာဇ်၏သား

တော်များပင် သူ့ တော်ဝင်မျိုးနွယ် ဂုဏ်ဒြပ်ကြောင့် အပြုအမူဆင်ခြင်ကြသည်။ မျိုးဆက်သစ်လူငယ်တွေဖို့ ပုံမှန်အတိုင်း‌ပြောဆို ဆက်ဆံရန် မသင့်လျော်ပါချေ။ သို့သော် မင်းသားကျန်းက တိတ်ဆိတ်နေ၏။ ထို့အပြင် လှေတစ်စင်းလုံးလည်း အပ်ကျသံကြားရလောက်အောင် တိတ်ဆိတ်‌နေသည်။

အနီးတစ်ဝိုက်မှ လူတွေသည် ကိုယ့်နှလုံးခုန်သံ ကိုယ် ပြန်ကြားနေရပြီး ရှန်လျန့်အစား ဇောချွေးပျံလာသည်။

"ကိုယ်တော် အမြင်တွေသိပ်မကောင်းတော့လို့ ရှေ့နည်းနည်းတိုးလာခဲ့ပါဦး"

အချိန်မည်မျှကြာသွားသည်မသိ.... မင်းသားကျန်းက ရှန်လျန့်အား အနားခေါ်လိုက်ရာ အားလုံးလှည့်ကြည့်လိုက်ကြသည်။

သို့သော် ရှန်လျန်က တစ်လှမ်းမှရွေ့မလာသဖြင့် မင်းသားပြောလိုက်သည်ကို ရှန်လျန် ကြားလား..မကြားလား မည်သူမှ မပြောနိုင်ချေ။

တစ်ကယ်တမ်း ရှန်လျန်မကြားတာ မဟုတ်.. ကြောက်ရွံ့ပြီး ကြက်သေသေနေခြင်းသာဖြစ်သည်။ အရင်ဘဝက အလှူပွဲကို မင်းသားကျန်းကကျင်းပခြင်းဖြစ်ပြီး ယခုကဲ့သို့ပင် အနားတိုးလာရန်‌ ခေါ်သည်။ သူရှေ့တိုးသွားလိုက်ပြီး ဖြစ်ချင်တော့ ညာဘက်ခြေထောက်က ထုံကျဉ်နေရာ ခန္ဓာကိုယ်က ဟန်ချက်မညီတော့ပဲ မင်းသားကျန်း၏ရင်ခွင်ထဲတိုက်ရိုက် ပစ်ဝင်သွားခြင်းဖြင့်သာ အဆုံးသတ်၏။ ဆိုးဆိုးရွားရွား အရှက်ကွဲခဲ့ရပြီး သူ့မျက်နှာက မျောက်ဖင်လိုနီရဲသွားသည်အား မဖုံးကွယ်လိုက်နိုင်တာကို အတော်မုန်းမိသည်။

ထိုအခိုက်အတန့်တွင် ...ပတ်ဝန်းကျင်အခြေအနေကို အနည်းငယ်သော်မျှ အာရုံမစိုက်မိပဲ သတိလွတ်နေမိသည်။

နောက်တစ်ရက်ရောက်သော် မင်းသားကျန်းအပေါ် ပြုမူခဲ့သည့် အရှက်ရစရာဖြစ်ရပ်သည် မြို့တော် တစ်ခုလုံးကိုပျံ့နှံ့သွားခဲ့၏။ ရုတ်တရက်ပေါ်လာတဲ့ ဓားပြတွေကိစ္စက တစ်ဖန် ဆွေးနွေးစရာဖြစ်လာပြီး လူထုအကြား သူကလှောင်ရယ်စရာဖြစ်သွားခဲ့ရ၏။

သို့သော် ဒါဟာ အစပဲရှိသေးသည်။ တမင်စီစဉ်ထားသည့် ထောင်ချောက်ထဲ တည့်တည့်ကျကာ မင်းသားကျန်း၏ ဆော့ကစားခံရလုနီးပါးပင်။

နောက်တော့ သူလွှတ်မြောက်ခဲ့သည်။ သို့သော် သူမပျော်နိုင်ခဲ့ပါ..အကြောင်းမှာ ချီယွဲ့က မင်းသားကျန်း၏အောက်မှာနေခဲ့ရပြီး သေဆုံးသွားခဲ့လို့ပင်...

အတိတ်ဘဝ မှတ်ဉာဏ်တွေက ရွံရှာ ဖွယ်ရာပင်။ ဆောင့်တက်လာတဲ့ ဒေါသတွေနဲ့အမုန်းတရားတွေကိုဖိနှိပ်ဖို့ အချိန်ခဏ ယူလိုက်ရသည်။ ထိုစဉ် မင်းသားကျန်း၏ မကျေနပ်သံ ထွက်လာ၏။

"ဘာလဲ? က်ိုယ်တော်က မင်းကို အမိန့်ပေးလို့မရဘူးလား"

"ကျွန်တော်မျိုး မရဲပါဘူး"

ရှန်‌လျန်ခေါင်းယမ်းရင်း သူ့လက်က ခရမ်းရောင် ဝတ်ရုံကို တင်းတင်းဆုပ်ထားသည်။ စိတ်ကိုတည်ငြိမ်အောင် ထားလိုက်ပြီး ရှေ့တစ်လှမ်းတိုးလိုက်သည် ။

"ကျစ်..."

မင်းသားကျန်းဆီ သွားတဲ့မြင်ကွင်းကိုထပ်ခါတလဲလဲ ပြန်‌မြင်ယောင်နေမိသည်။ ညာဘက်ခြေကျင်းဝတ်က ခိုက်မိထားသည့်ဒဏ်ကြောင့်သာ ဟန်ချက်ပျက်သွားရခြင်းဖြစ်ရာ ဤတစ်ကြိမ်တွင် စိတ်ကိုပြင်ဆင်ထားပြီး ခြေကျဉ်လာသည့်ခံစားမှု စသည်နှင့် တစ်ပြိုင်နက် ကိုယ်ဟန်အနေအထား ပြောင်းလဲလိုက်သည်။ မင်းသားကျန်းပေါ် မလဲ ကျရင် ရပြီ ..တစ်ခြားမည်သို့ပင်လဲကျပါစေ ကိစ္စမရှိ....သို့သော်.....

"မင်းကိုယ်မင်း အားနည်းတယ် ဆိုတုန်းက ကျုပ် မယုံခဲ့ဘူး၊ အခုကြည့်ရတာ လေလေးနည်းနည်း တိုက်ရုံနဲ့ လွင့်သွားတော့မလိုပဲ"

သူလဲမကျခဲ့ပါ၊ ထိုအစား နွေးထွေးပြီး ကျယ်ပြန့်တဲ့ ထွေးဖက်မှုထဲ ရောက်သွားခဲ့သည်။ သူ့ခေါင်းအထက်မှ ထွက်ပေါ်လာတဲ့အသံက ရင်ထဲက တင်းကြပ်မှုတွေကိုလျော့ပါးသွားစေ၏။

တော်သေးတယ် ..ဖေးယွမ်ရွှင်း ဖြစ်နေလို့!

"အရှင်.. ဒါ အစေခံ အလောင်းပါ"

မည်သူမျှ သူတို့ကိုကြည့်ပြီးမတုံ့ပြန်နိုင်ခင် ထျန်းရှုက အလောင်းကို ကုန်းပတ်‌ပေါ်ပစ်ချလိုက်သည်။ အလောင်းက ပြာနှမ်းနေပြီး ပါးစပ်မှ အမြှုပ်တစီစီထနေသည်ကိုအကဲဖြတ်ကြည့်လျှင် ဤလူက အဆိပ်ကြောင့်သေဆုံးခြင်းဖြစ်မည်။

"ဘာတွေဖြစ်နေတာလဲ"

မင်းသားကျန်း၏ မျက်နှာ တစ်ပြင်လုံး မည်းမှောင်လာသဖြင့် လှေပေါ်ရှိ ကိုယ်ရံတော်တွေ အကုန်တိတ်တဆိတ်ဒူးထောက်လိုက်ကြသည်။ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံနှင့် လိမ္မာ ပါးနပ်မှုအရ ဘာတွေဖြစ်ပျက်သွားမှန်း အကြမ်းဖျင်း နားလည်လိုက်ကြသည်။

"ဘာသဘောပါလိမ့်? တစ်ယောက်ယောက်က

ရှန်လျန်ကိုဒုက္ခပေးချင်‌နေပြီး ဦးရီးတော် ရဲ့ အသရေကိုပါ စော်ကားချင်နေတာ"

.........

ဖေးယွမ်ရွှင်းသည် ရှန်လျန့်ကိုဖမ်းဆုပ်ထားမိကတည်းက ရိုးရှင်းစွာပင် ဆက်ထွေးပွေ့ထားပြီး လွှတ်‌မပေး‌ချေ။ ဦးနှောက်ရှိသူတိုင်း သူထေ့ငေါ့ပြောနေသည်ကို ကြားနိုင်သည်။ပြီးလျှင် ဦးရီးတော်ဟု ဒီတစ်ခါသာ နှုတ်က ထုတ်ခေါ်ခြင်းဖြစ်သည်။

"အို..?"

မင်းသားကျန်းက မသိဟန်ဆောင်နေရာ ဖေးယွမ်ရွှင်း ခနဲ့လိုက်သည်။

"ဦးရီးတော် တွေးကြည့်လို့ရပါတယ်လေ..

ရှန်လျန်ရပ်နေတဲ့နေရာကနေ လဲကျခဲ့ရင် ဦးရီးတော်ရဲ့ ရင်ခွင်ထဲ ရောက်သွားမှာပဲ"

"ဟဟဟ... အဲ့သလိုဖြစ်ရင် ဘယ်လောက်ကောင်းလိုက်မလဲ"

ခေါင်းမော့ကာ ရယ်မောလိုက်သည်။ ထိုတစ်လျှောက်လုံး မင်းသား၏အကြည့်က ဖေးယွမ်ရွှင်း၏လက်မောင်းတွင်းမှ ရှန်လျန့်ဆီမှာသာ...

"ကိုယ်တော်က အ ချောအလှလေးတွေကို နှစ်သက်တာ ဘယ်သူမသိလို့လဲ... အလှလေးတစ်ယောက်က ရင်ခွင်ထဲ ပစ်ဝင်လာရင် ကိုယ်တော့်လောက်ပျော်မယ့်သူမရှိတော့ဘူး၊ ဒါက ဘယ်လိုလုပ် နာမည်ဂုဏ်သတင်းညှိုးနွမ်းအောင် အသရေဖျက်တယ် ဖြစ်ရမှာလဲ"

အကယ်၍ မင်းသားကျန်းက သူ့ကိုယ်သူ အရှက်မရှိတဲ့နေရာမှာ ဒုတိယချိတ်တယ်ပြောရင် ပထမနေရာ ကို မည်သူမှ မလုချေ....။

" အချောအလှတွေကို နှစ်သက်တာ ကောင်းပါတယ်... ဒါပေမယ့် အလှလေးတိုင်းကို ဦးရီးတော် တပ်မက်နေလို့ မရဘူး"

ဖေးယွမ်ရွှင်း မျက်ဝန်းတွေကို အန္တရာယ်ရှိစွာမှေးကျဉ်းပြီး ခြိမ်းခြောက်သည့်အကြည့်ပို့လွှတ်လိုက်သည်။

မင်းသားကျန်း၏အပြုံးတွေတောင့်တင်းသွားပြီး ကျန်မင်းသားများလည်း ဆွံ့အ ကုန်သည်။ ဖေးယွမ်ရွှင်းက ငယ်စဉ်ကတည်းက ရဲတင်းကာ မလုပ်ရဲသည့်အရာ မရှိဟူသည့် ကောလဟာလ ဖြင့်ကျော်ကြားသူဖြစ်သည်။

‌သံမဏိကိုယ်ရံတော်တပ်သားပေါင်း တစ်သိန်းကျော်အား ကိုင်တွယ် အုပ်ချုပ်နေသည်ဟုလည်းသိကြ၏။ ထို့အပြင် သူ့အသက် ဆယ့်ခုနှနှစ်၊ ဆယ့်ရှစ်နှစ် အရွယ်ရောက်လာသော်လည်း မင်းမှုထမ်းစစ်‌ဆေးပွဲအား ဝင်ရောက်ဖြေဆိုခြင်းမရှိသည်ကို ဧကရာဇ်ပင် ဘာမှ မတတ်နိုင်ချေ။ ထိုအကြောင်းကြောင်းတွေရှိခဲ့သော်လည်း ဖေးယွမ်ရွှင်းက မင်းသားကျန်းအား ရှန်လျန်အတွက် အာခံခြိမ်းခြောက်ရဲမည်ဟု မထင်ထားခဲ့ကြပေ။

"ဦးရီးတော် မေ့နေမှာစိုးမိပါရဲ့.. ရှန်လျန်က တုံးလင်အမတ်ကြီးရဲ့ သားလည်း ဖြစ်တယ်၊ ဝေဗိုလ်ချုပ်ဟောင်းရဲ့မြေး ဆိုလည်းဟုတ်တယ်၊ သိပ်မကြာခင် မြို့တော်ကို ဗိုလ်ချုပ်ပြန်ရောက်လာတော့မှာ ..သူ့မြေးက ဒီလိုစော်ကားခံခဲ့ရတဲ့ သတင်းသာ သူ့နားထဲရောက်သွားကြည့်!

သူ့အစ်ကိုကလည်း ဦးရီးတော်ရဲ့ခြံဝန်းကို လာဖြိုချပစ်မှာပဲ စိုးမိတယ်...ပြီးတော့ ဦးရီးတော်ကရှန်လျန်ထက် အသက်နှစ်ဆ၊သုံးဆတောင် ကြီးတာ .... အသက်သိပ်မကွာတဲ့ သူမျိုးကိုပဲ နှစ်သက်တာကောင်းတယ်...တုံးလင်အမတ်ကြီးက သူနဲ့အတိမ်းမယိမ်း ဖြစ်နေတဲ့ သားမက်နဲ့ သဘောတူမယ်လို့မထင်ဘူး.. အဲ့ဒီအချိန်ကျရင် အရှက်တော်ကွဲရမှာက ဦးရီးတော်ပဲဖြစ်မှာနော်"

မည်သူမှ ကြားဝင်မပြောနိုင်အောင် ချက်ကျလက်ကျ နှင့် ပြဿနာကနေ အောင်အောင်မြင်မြင် ဆုတ်ခွာလိုက်နိုင်တယ်၊ အနည်းဆုံးတော့ ဝေမိသားစုနာမည်ကြောင့် မင်းသားကျန်းက ဘာမှမလုပ်ခင် နှစ်ခါပြန်တွေးနိုင်စေရန်လုံလောက်ပါသည်။

Words 2728

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment