'အိမ်ပြန်ရောက်ပြီ'
ဝေမိသားစုရဲ့ မျိုးရိုးစဉ်ဆက်က တာ့ချင်ပြည်ကြီးစတည်ထောင်ကတည်းက တည်ရှိခဲ့ခြင်းဖြစ်၏။ မြို့တော်ရဲ့ တောင်ဘက်ခြမ်းမှာ တည်ဆောက်ထားတဲ့အိမ်တော်ဟာ အင်မတန်ကျယ်ဝန်းလှပြီး အတွင်းတွင် အိပ်ရာဆောင်များစွာ တွယ်တန်းတည်ဆောက်ထားသေး၏။ သို့သော်လည်း ခမ်းနားဝင့်ထည်စွာ ဆောက်လုပ်ထားသော ချင်ဖင်းမြို့စားမင်း၏အိမ်တော်နှင့်ယှဉ်သော် ဝေအိမ်တော်က ကြွားဝါဟန်မပြ။ အိမ်တော်၏အပေါ်ယံအမြင်မှာ အများသူငှာအား မျက်စိအေးစေပြီး သူတို့၏ကြွယ်ဝချမ်းသာမှုက အားကျချင်စဖွယ် ခံစားရတာမျိုးပင်။ ပင်မတံခါးမကြီး၏ဘေးတစ်ဖက်တစ်ချက်ဆီမှ ဟိတ်ဟန်ကြီးမားလှသည့် ခြင်္သေ့ကြီးနှစ်ကောင်ကို မြင်သည့်အခါမှ ဝေမိသားစုဆိုသည်မှာ အင်အားကြီးမားလှပြီး ချဉ်းကပ်၍မလွယ်ကူမှန်း သိသွားစေသည်။
အတိတ်ကဆိုလျှင် အိမ်တော်ကတိတ်ဆိတ်နေတတ်ပြီး အစောင့်နှစ်ယောက်သာ ပင်မတံခါးဝမှာစောင့်တတ်သော်လည်း ယနေ့မူ ခါတိုင်းနေ့များနှင့်မတူ ကွဲပြားနေသည်။ ဝေကျစ်ချန် အိမ်ပြန်လာမည့်နေ့ဟု သိထားကြသည့်အလျောက် ညီအစ်ကိုသုံးဉီးအပြင် ၎င်းတို့၏သားဖြစ်သူတို့ပါ အိမ်ပေါက်ဝမှာ ထွက်စောင့်နေကြသည်။
"ရောက်လာကြပြီ ဝမ်းကွဲကရှေ့ကဉီးဆောင်လာတာပဲ"
ရှေ့ဆုံးကနေ မြင်းစီးလာတဲ့ရှန်တာ့ကိုမြင်သော် ဝေမိသားစုရဲ့ မျိုးဆက်သစ်လူငယ်တသိုက်က စိတ်လှုပ်ရှားစွာအော်လိုက်ကြသည်။ ဝေမိသားစုက စစ်မှုထမ်းမျိုးရိုးဖြစ်တာကြောင့် ကိုယ်ခံပညာအရာမှာ ကျွမ်းကျင်လိမ်မာခြင်း၊ စစ်မက်ရေးရာကျွမ်းကျင်ခြင်းတို့ကို အလေးပေးသည်က ပုံမှန်ပင်။ သို့ဖြစ်ရာ စစ်သည်ဘဝမှ ကြယ်သုံးပွင့်အဆင့်ထိရာထူးတိုးနိုင်ခဲ့သော ရှန့်တာ့သည် လူငယ်တို့လေးစားအားကျဖွယ်လူတစ်ဉီးဖြစ်ပေ၏။ ထို့အပြင် အချင်းချင်းအဆက်အသွယ်မရှိခဲ့ကြပေမယ့် လူချင်းအပြင်မှာ ရင်းနှီးချင်ကြသည်။
"ဉီးလေးတစ်၊ ဉီးလေးနှစ်၊ဉီးလေးသုံးကို ဂါရဝပြုပါတယ်"
အနားရောက်တာနဲ့ ရှန်တာ့အရင်ဆင်းလိုက်ပြီး အကုန်လုံးကိုနှုတ်ဆက်၏။ မိသားစုဝင်များက ပြုံးပျော်နေကြသည်။ ထိုစဉ် ဖေးယွင်ရွှင်းက မြင်းပေါ်မှနေ၍ ....
"ဉီးလေးဝေ.."
" အန္တရာယ်များတဲ့ကောင် !"
ညီအစ်ကိုသုံးဉီးလုံး ဖေးယွမ်ရွင်းအား မကြည်ကြည့် ကြည့်ကြသည်။ သို့ပေမယ့် ရှန်တာ့ဘက်လှည့်လိုက်တဲ့အခါမှာတော့ ပြုံးပြုံးရွှင်ရွှင် အမူအရာပြန်ဖြစ်သွားသည်။
"တာ့အာ ဉီးလေးကို ပေါ့ပေါ့ပါးပါးပဲ ခေါ်ပြောလို့ရတယ်၊ ဒါနဲ့ မင်းအဖေရော..."
ထို့သို့ ခွဲ ခွဲခြားခြားဆက်ဆံခံရသော်လည်း ကံကောင်းစွာဖြင့် ဖေးယွင်ရွှင်း၏ မျက်နှာက အရေခွံထူသဖြင့် စိတ်အနှောက်အယှက်မဖြစ်သည့်အပြင် ယောင်ယောင်လေးပင်ပြုံးနေသေး၏။
"ပါးပါးက နောက်လှည်းထဲမှာ ပါတယ်ဗျ"
ရှန်တာ့က အောင်နိုင်သူအပြုံးဖြင့် နောက်သို့ ညွှန်ပြရင်း ပြန်ဖြေ၏။ ထိုအချိန်မှာပဲ ဝေကျစ်ချန်က ဟော်ရဲ့လင်၏ အကူအညီဖြင့် လှည်းပေါ်ကဆင်းလာသည်။ ချီယွဲ့နှင့် ချီရွှမ်းက လက်တွန်းလှည်းကို အောက်ချပေးကာ အဆင်သင့်ပြင်ပေးသည်။ ညီအစ်ကိုတွေမှာ သူ့ကိုမြင်တာနဲ့ မျက်လုံးလုံးနီနီဖြင့် သူ့ဆီ ပြေးလာကြ၏။
"ကျစ်ချန်"
သွက်လက်ကျော့ရှင်းသည့်အတိတ်က ညီငယ်လေးမဟုတ်တော့သော်လည်း တလောကထက်စာရင် ကျန်းမာရေးထူထောင်လာပုံရသည့် အငယ်ဆုံးလေးကိုကြည့်ရင်း ရင်ထုမနာဖြစ်မိ၏။ ရှန်ရွှေ့ထင်၏တာဝန်မကျေပွန်မှု အပေါ် ပိုပိုဒေါသထွက်မိသည်။
"တာ့ကော၊ အာ့ကော၊ စန်းကော ...ကျွန်တော်တောင်းပန်ပါတယ်"
ဝေကျစ်ချန်၏မျက်ရည်တွေက အစ်ကိုတို့နဲ့လည်းတွေ့ရော တားဆီးမရအောင် ကျဆင်းလာခဲ့သည်။ ငယ်ငယ်ကတည်းက အားလုံးကဝိုင်းချစ်ပြီးအလိုလိုက်ထားခဲ့သမျှ သူကဆိုးသွမ်းခဲ့၏။ မိဘများနှင့်သားတို့အပြင် အပြစ်မကင်းစိတ်ဖြစ်မိဆုံးသူကိုပြောပါဆိုလျှင် သူ၏အစ်ကိုများပင်ဖြစ်သည်။ စိတ်ရင်းနှင့်တောင်းပန်ချင်ခဲ့သမျှ နောက်ဆုံးတော့ပြောနိုင်ခဲ့ပြီပင်။
"ကျစ်ချန် မင်း မင်း စကားပြောနိုင်ပြီလား"
ဝေကျစ်ဟန်၊ ဝေကျစ်ရွှမ်နဲ့ ဝေကျစ်ကျွင်းတို့ တစ်ချိန်ထဲမှာပဲ အံ့ဩဝမ်းသာသွားကြသည်။
"အင်း လျန်လျန်ရဲ့ဆေးပညာကထူးချွန်တော့ ကျွန်တော့ရဲ့ အဆိပ်ကို ဖြေလိုက်နိုင်တယ်၊ ဒါပေမယ့် ရောဂါကျွမ်းနေပြီဆိုတဲ့အခါကျတော့ အသံအိုးက ကုမရတော့ဘူး"
ကျစ်ချန်က ရှင်းပြသည်။ ဒုတိယအစ်ကို ဝေကျစ်ရွှမ်က ဒူးကွေးညွှတ်ပြီး သူနဲ့တတန်းတည်းဖြစ်စေကာ မျက်နှာကို ညင်ညင်သာသာလာထိ၏။
"အသံက အဓိကမကျပါဘူး ၊စကားပြန်ပြောနိုင်တာကတင် ကောတို့အရမ်းဝမ်းသာတယ်၊ ငါ့ညီဆီက ကောလို့ခေါ်တာလေးပြန်ကြားရပြီပေါ့"
"အာ့ကော"
ထိုစကားကြောင့် ဝေကျစ်ချန်က ရင်ထဲထိသွားကာ ဒုတိယအစ်ကို၏ပခုံးပေါ်မှီကာငိုသည်။ ဝေကျစ်ရွှမ်က ငယ်စဉ်ကလို ညီလေးရဲ့ ခေါင်းကိုပြတ်ကာနှစ်သိမ့်ပေး၏။
"နောင်ကို ငါ့ညီလေးအနိုင်ကျင့်ခံရတာမျိုးထပ်မဖြစ်အောင် အာ့ကောကာကွယ်ပေးမယ် ဟုတ်ပြီလား"
"ကျစ်ချန် မင်းအစ်ကိုပြောတာမှန်တယ် မင်းအနား တာ့ကောရော စန်းကောရော ရှိနေမယ် ဘာမှကြောက်စရာမရှိဘူး"
ဝေကျစ်ဟန်က သူ့ညီခေါင်းကို ဖွဖွလာပုတ်သည်။ ဝေကျစ်ကျွမ်းက မျက်လုံးနီနီနဲ့ လှမ်းကြည့်နေသည်။ ဆယ်နှစ်ကျော်ခွဲခွာနေခဲ့ရတဲ့ ညီအစ်ကိုလေးဉီးဟာ အရင်အချိန်လို ခံစားချက်တွေ ပြန်လည်လန်းဆန်းလာသည်။
"တာ့ကော စန်းကော"
ဝေကျစ်ချန် မျက်ရည်များနှင့် မော့ကြည့်သည်။ အစ်ကိုတွေက သူ့အပေါ် ကောင်းပေးလေလေ အပြစ်မကင်းစိတ် ခံစားရလေပင်။ သူဘယ်လောက်ဆိုးဆိုး အစ်ကိုတွေက အရင်တိုင်း သူ့ကို ချစ်မြဲချစ်ဆဲဖြစ်သည်မဟုတ်လား။
"အဖေ အဖိုးတို့ မျော်နေလောက်ပြီ ကျွန်တော်တို့ အထဲ အရင်ဝင်ကြရအောင်"
ဝေကျစ်ဟန်ရဲ့ သားအကြီးဆုံး ဝေရွှီက စိတ်လှုပ်ရှားနေတဲ့ လူကြီးတွေကို သတိပေးရန် ရှေးတိုးလာသည်။ သူက ဝေမိသားစုရဲ့ မြေးအကြီးဆုံးဖြစ်ပြီးတော့ အသက်နှစ်ဆယ့်နှစ်နှစ်ရှိပြီဖြစ်ကာ အနောက်တောင်နယ်စပ်က ဂုဏ်သရေရှိမိသားစု၏သားကြီးနှင့် အိမ်ထောင်ကျပြီးဖြစ်၍ မကြာခင် ကလေးအဖေဖြစ်လာတော့မည်။
"ဟုတ်ပြီ"
ဝေကျစ်ဟန်က မျက်ရည်သုတ်လိုက်သည်။
"အဖေ စောင့်နေတာကြာလှပြီ ကျစ်ချန် ငါတို့ အိမ်ထဲရောက်မှဆက်ပြောကြတာပေါ့ ၊လာလာ တာ့အာ..ရယ့်လင် ..လျန်လျန် အဲ...ဒီကလေးက တာ့အာရဲ့သားလေးမဟုတ်လား "
လျန်လျန့်ဆီအကြည့်ရောက်သော် လက်မောင်းထဲမှ ဖြူဖွေးကစ်တုတ်နေသည့် ကလေးငယ်ကြောင့် ပူလောင်နေတဲ့စိတ်တွေ ဟုတ်ခနဲငြိမ်းသွားကာ အပြေးလာကြည့်သည်။ ရှန်ယိုက လူစိမ်းကို မကြောက်ပေ။ထို့အစား လက်သေးသေးလေးက ရှုရှု၏လည်ပင်းဆီတိုးကပ်ဖက်ထားကာ မျက်လုံးဝိုင်းဝိုင်းများဖြင့် တဖက်သူကို စူးစူးစမ်းစမ်း အကဲခတ်နေသေး၏။
"ဟုတ်တယ် လေးလေး၊ သူ့နာမည်က ရန်ယိုတဲ့"
ရှန်တာ့က ပြုံးရွှင်လျက် ဖြေလိုက်ပြီး ရှန်ယို၏လက်သေးသေးလေးကိုဆွဲယူကာ ....
"ယိုအာ သားလေး ဖိုးဖိုးလို့ခေါ်လိုက်ပါဉီး"
" ဖိုး...ဖိုး...ဖိုး..."
ဝေကျစ်ချန်၏ မျော်လင့်နေသော အကြည့်အောက်ဝယ် ဖိုးတစ်လုံးထဲဖြင့် ရှန်ယိုက ရိုးရိုးရှင်းရှင်း ခေါ်လိုက်နိုင်သည်။
"ဟားဟား...ကလေးက ကောင်းကောင်းသွန်သင်ခံရပြီး ကြီးလာတာပဲ၊ လူလည်းမကြောက်တတ်ဘူး ဝေမိသားစုရဲ့သွေးအပြည့်ပါတယ်ဟေ့! ဖိုးဖိုးဆီလာပါဉီး ချီချင်လို့"
ဝေကျစ်ဟန်က သဘောအကျကြီးကျကာ လက်ဆန့်ကမ်းလိုက်သည်။ ရှန်ယိုမှ ငြင်းဆန်မယ်ဟု လူတိုင်းထင်နေကြသည့်အချိန်တွင် ရှန်ယိုက ရှန်လျန့်အား တစ်ချက်လှည့်ကြည့်ပြီးနောက် မတားဆီးသည်ကိုမြင်သော် နာနာခံခံဖြင့် အပွေ့ခံသည်။
"ယိုအာက ဉီးလေးတို့ကို တကယ်သဘောကျနေတယ်"
ဟော်ရယ့်လင်နဲ့ ရှန်တာ့မှာ ရှာလကာရည်အိုးမှောက်နေကြသည်။ အတိအကျကြီး သူတို့က ဖခင်တွေဖြစ်လျက်နဲ့ တွေ့စမှာ ရှန်ယိုက အနားကပ်မခံခဲ့ပါ။ ဆိုးသွမ်းသည့်ကောင်စုတ်လေးအား ထိန်းမနိုင်ပါချေ။
"သူ့အဖိုးပဲကို သဘောကျတာပေါ့နော့ ဟားဟားဟား"
ဝေကျစ်ဟန်က ရယ်မောပြီး ရှန်ယို့ကို ဝိုင်းဝိုင်းပတ်ပတ်လည်လိုက်သည်။ ဝေကျစ်ရွှမ်နဲ့ ဝေကျစ်ကျွင်းလည်း ကလေးနားတိုးလာပေမယ့် အစ်ကိုကြီးလက်ထဲကတော့ မလုရဲပေ။ တာာ့ကောက ညီအငယ်ဆုံးကို အချစ်ဆုံးဖြစ်ပြီး သူတို့အပေါ်မှာတော့ အလွန်တင်းကြပ်သည်။
"ဝေရွှီလည်း လူကြီးကိုဖြစ်လို့"
ဝေကျစ်ချန်က မနေနိုင်စွာဖြင့် တူလေးကိုကြည့်ကာချီးမွမ်းသည်။ ဆယ့်ငါးနှစ်အတွင်းမှာ ကလေးငယ်က လျင်လျင်မြန်မြန်ကြီးလာပြီး ယောင်္ကျားပီသသည့် ဉပဓိရုပ်သို့ ပြောင်းလဲသွားသည်။
"ဦးငယ် မစိုးရိမ်ရအောင်လို့ ကျွန်တော်လူကြီးဖြစ် အောင်အမြန်လုပ်လိုက်တာပါ"
"ဟော...!"
ဝေရွှီရဲ့ ဟာသနှောတဲ့အဖြေကြားပြီး ဝေကျစ်ချန် စိတ်ေပြေလျာ့ကာ ရယ်မောသည်။ ချီယွဲ့နဲ့ ချီရွှမ်းက ထိုအချိန်ကိုအခွင့်ကောင်းယူပြီး သူ့မျက်ရည်တွေလာသုတ်ပေးကာ ဘေးမှာတိတ်တိတ်လေး ပြန်ရပ်နေကြသည်။ ထို့နောက် ဝေအိမ်တော်ကြီးထဲ လူဆယ်ဦးကျော်ဝင်ရောက်ခဲ့ကြသည်။ မိသားစုဝင်တွေက ဖေးယွမ်ရွှင်းကို အဖတ်မလုပ်ကြသော်လည်း ရှန်လျန်မှာမူ ခြေလှမ်းနှေးလိုက်ပြီး သူ့ကိုစောင့်ပေးရာ ဝမ်ရယ်၏ရင်ထဲနွေးသွားရ၏။
လျန်လျန်က သူ့ကိုတစ်ကယ်သဘောကျတာ။
ဝေမိသားစုက အခြားဉစ္စာပေါကြွယ်ဝသည့်မိသားစုများနှင့်မတူပဲ အနောက်အမျိုးသမီးဆောင် မရှိပေ။ ခြံဝန်းတိုင်းက မိသားစုအရင်းတွေနေထိုင်ပြီး အချင်းချင်းရင်းနှီးချစ်ခင်ကြသည်။ သူတို့ဧည့်ခန်းကျယ်ဆီရောက်သော် ဝေကျစ်ဟန်၏ ဇနီးနဲ့ ဖခင်နှစ်ဦး စောင့်နေသည်ကိုတွေ့လိုက်ရသည်။ ထို့အပြင် ကိုယ်လေးလက်ဝန်နှင့် ကြည့်ကောင်းသည့်လူတစ်ဦးထိုင်ခုံမှာ ထိုင်နေသည်။ ထိုသူက ရှောင်ရွှီ၏ ဇနီးပင်။ မကြာခင်မှာပဲ သူဟာ မိသားစု မြေးကြီး၏ရင်သွေးကို မွေးဖွားပေးနိုင်တော့မည်ဖြစ်၏။
"အဖေတို့ ဒီမှာ ဘယ်သူပါလာလဲ ကြည့်ပါဦး"
လူအုပ်လိုက်ကြီး အိမ်ထဲဝင်လာတာကိုမြင်သော် ဗိုလ်ချုပ်ဝေတို့လင်လင်နှစ်ဦး ထိုင်နေရာမှ စိတ်လှုပ်ရှားစွာထလိုက်ကြသည်။ ဝေကျစ်ဟန်က ယိုအာကိုပွေ့ထားရာမှ သူ၏မိဘများဆီလက်ပြောင်းသည်။
"အဖေ သူက ယိုအာ၊ တာ့အာရဲ့သားလေ..ချစ်စရာ ကောင်းလိုက်တာ ကြည့်ပါဦး... တာ့အာငယ်ငယ်ကနဲ့ တရုပ်ထဲပဲ"
"ယိုအာ လေးရေ.."
ဝေသခင်က ကလေးငယ်ကို တုန်ရီနေတဲ့လက်ဖြင့် ခပ်ဖွဖွထိချင်သည်။ ရှန်ယိုက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ လေ့လာနေသည်။ ငိုယိုဂျီကန်ခြင်းမရှိသည့်အပြင် ဝေသခင်မ လက်ဆန့်သည်နှင့်တပြိုင်နက် အသံပြုလိုက်သည်။
"ပွေ့..ပွေ့!"
"ကွယ်..ဖိုးဖိုးကြီး ပွေ့မှာပေါ့.. လာလာ ဖိုးဖိုးကြီးဆီလာ"
ဝေသခင်က မြစ်ကလေး၏ တွယ်ကပ်မှုကို မမျှော်လင့်ထားသဖြင့် ပီတိမျက်ရည်ဝေ့သည်။ ဗိုလ်ချုပ်ဝေသည်လည်း ဘေးဘက်မှ ပျော်ရွှင်လျက်...
"မိသားစုဝင်တွေ ပြန်လည်စုံစည်းစေတဲ့ လာဘ် ကောင်လေးများလား.. ဟင်! လိမ္မာလိုက်တဲ့ ကလေးလေး"
မြစ်လေးကို လွန်စွာ ချစ်မိနေကြသည်။
"ယိုအာလေးက ဝေမိသားစုရဲ့ အသည်းအသက်
ခလေး..အူပူကျူးလေး"
ဝေသခင်ရဲ့ မျက်ဝန်းထဲ မြစ်ဦး ဖြစ်သည့် ယိုအာဖြင့်ပြည့်နေပြီး သားငယ်ကိုပင် ယာယီမေ့လျော့သွားသည်။
"အဖေ...ဖေဖေ"
ဝေကျစ်ချန်၏လှည်းဘီးကို ဝေရွှမ်းက ရှေ့သို့အနည်းငယ်တွန်းပေးလိုက်သည်။ အက်ကွဲသည့်အသံဖြစ်သော်လည်း ခေါ်သံကိုရှင်းရှင်းလင်းလင်းကြားလိုက်ရသဖြင့် ယိုအာကို စနောက်နေသော ဝေလင်လင်နှစ်ဦးလုံး ရုတ်ခနဲ တန့်သွားသည်။ အံ့အားကြီးစွာဖြင့် အသံကြားရာဘက်လှည့်ကြည့်လိုက်ရာ..
"ကျစ်ချန်...သား..သားခုနက အဖေတို့ကို ခေါ်လိုက်တာလား"
ဝေသခင်က မယုံရဲစွာ မေးသည်။ သူနားကြားမှားတာလား?
"ဖေဖေ...."
ဝေကျစ်ချန်က တကြိမ်ထပ်ခေါ်သည်။ မျက်ရည်ပူ တွေ ပေါက်ခနဲ ပါးပြင်ပေါ်လိမ့်ဆင်း၏။ ဝေသခင်မက ယိုအာကို ကျစ်ဟန်ဆီပြန်ချီပွေ့စေလိုက်ပြီး သားငယ်ဆီ ခြေနှစ်လှမ်း၊သုံးလှမ်းဖြင့် အရောက်လာကာ ပွေ့ဖက်လိုက်သည်။
"ငါ့ရဲ့သားလေး ဖေဖေ့ကို ဘယ်တော့မှ ထပ်မခေါ်နိုင်တော့ဘူးလို့ ထင်ခဲ့တာ ဝူး...."
သူဟာ အမြဲစိတ်ကို တည်တည်ငြိမ်ငြိမ်ထားနိုင်ပြီး တော်ရုံတန်ရုံငိုခဲသည်။ ခုရက်ပိုင်း စိတ်အတက်အကျများစွာကြုံတွေ့ခဲ့ရတာတောင် ခုလောက်ပြင်းပြင်းထန်ထန် မငိုခဲ့ပါ။ သားငယ်ရဲ့ ဖခင်ဟု ခေါ်သံက ဘာနဲ့မှမလဲနိုင်အောင် ဝမ်းသာပျော်ရွှင်ရပါသည်။
"ဖေ....ဖေဖေ"
ဆယ်နှစ်ကျော်လုံးစိတ်ထဲပဲခေါ်နိုင်ခဲ့သဖြင့် ယခုမူ ဝေကျစ်ချန်က ထပ်ကာထပ်ကာ ခေါ်နေခဲ့သည်။ဝေသခင်၏ နားထဲ အက်ကွဲကွဲအသံကပင် နားဝင်အချိုဆုံးအသံဖြစ်နေခဲ့သည်။
"ပြန်ပြောနိုင်တာပဲ ဟုတ်နေပြီ၊ ပြန်ပြောနိုင်တာ ကောင်းတယ်"
တစ်ချိန်တည်းမှာပဲ ဝေကျစ်ဟန်က ဗိုလ်ချုပ်ဝေကို လျန်လျန်၏ ကုသမှုအကြောင်း ပြောပြလိုက်သည်။ ဖခင်လည်း ဤသည်ကို သိသွားပြီး ဝမ်းသာမျက်ရည်ဝေ့၏။
"အဖေ မငိုပါနဲ့တော့၊ ကျစ်ချန်ရဲ့လည်ချောင်းက သိပ်အဆင်မပြေသေးဘူး၊ သူအရမ်းငိုရင် ဒဏ်ပြန်ဖြစ်နေမယ်"
"ဟုတ်တယ် ဖေ...ကျစ်ချန်စကားပြန်ပြောနိုင်ပြီပဲ၊ အားလုံးပျော်နေရမှာလေ"
"ကျစ်ချန်မငိုတော့နဲ့ မင်း ယောင်းမပါလိုက်ငိုနေပြီ"
ကျစ်ဟန်ရဲ့ ချွေးမကလည်း 'ကော'ဖြစ်၏။ သူသည်ဝမ်းကွဲဦးလေး၏ အဖြစ်အပျက်ကိုကြားပြီး အလွန်စိတ်မကောင်းဖြစ်ရသလို ၊ အဆိပ်ပြင်းမိန်းမ၏ရက်စက်တဲ့လုပ်ရပ်တွေကို ပြန်ကလဲ့စား ချေနိုင်ပြီး ကျန်းမာရေးပြန်ကောင်းကာ မိသားစုချင်းစုံစည်းနိုင်ခဲ့ခြင်းကို အလွန်ေပျာ်ရွှင်မိသည်။ သူ့အတွက်က စစ်မြေပြင်မှာသေဆုံးသွားတဲ့အဖြစ်အပျက်တွေကြားသိပြီးနောက်မှာ အသက်ရှင်ခြင်းထက် ဘယ်အရာမှအရေးမကြီးတော့မှန်း သင်ယူခဲ့ရသည်။
"မငိုတော့နဲ့ ကိုယ်ဝန်ဆောင်က မငိုရဘူးလေကွယ်"
ဝေသခင်က သူ့မျက်ရည်ကိုသုတ်ကာ လက်သုတ်ပဝါထုတ်ပြီး သားငယ်ကိုလည်း သုတ် စေသည်။
"မင်းယောင်းမ ပြောတာမှန်တယ်၊ ငါတို့အားလုံး ပျော်နေ
ရမှာ၊ သားမငိုတော့နဲ့၊ အဖေ မင်းနဲ့ပြန်တွေ့ရတာကိုပဲ အရမ်းဝမ်းသာတယ်"
"ဟုတ်"
ဝေကျစ်ချန်က ရှိုက်သံဖြင့် ခေါင်းငြိမ့်သည်။ခပ်ဝါးဝါးအကြည့်ကြားက ဖခင်ကို လေးေလးနက်နက်ကြည့်ပြီး မျက်ရည်တွေကိုသုတ်လိုက်သည်။
2514words
Grape 🍇