'ဓားပြနဲ့ကြုံခဲ့ရတာ သေချာလား'
မြို့တော်နဲ့ ဒီလမ်းက မိုင်ပေါင်းသိပ်မကွာဝေးတော့ပေ။ရှေ့ဆယ်မိုင်ခန့်ဆက်သွားလျှင် လုံယန်မြို့ကိုဆိုက်ရောက်တော့မည်။ဓားပြမှန်လျှင်တော့ ခုလို လုပ်တာ သိပ်ရဲတင်းသည်ဟု ဆိုရမည်။
"သေချာပါတယ်"
ရှန်လျန်တည်ငြိမ်စွာပြန်ဖြေ လိုက်ပြီးနောက် ခေတ္တ တန့်သွားကာ
"ဓားပြအစစ်တွေပါ၊ဒါပေမယ့် တိုက်ဆိုင်လွန်းနေတော့ မေးခွန်းထုတ်စရာပါပဲ၊ ကျွန်တော်တို့ ဒီနေ့မှာ မြို့စားတို့နဲ့ မဆုံတွေ့ခဲ့ရင် ကျွန်တော်တို့ရဲ့ဘဝက မတွေးရဲစရာပါ၊ ရှန်လျန် မြို့စားမင်းအပေါ် အကြွေးတင်သွားပါပြီ၊ ဒီကျေးဇူးကိုတစ်နေ့ ပြန်ပေးဆပ်ပါရစေ"
သူသာ ပြန်လည် မမွေးဖွားခဲ့ရင် လျိုရှုဟန်ရဲ့ အစ်ကိုဖြစ်သူ လျိုဝမ်ကျင်းက လဝက်နေရင် သူ့အား လာကယ်လိမ့်မည်။ အရာအားလုံးက အစီအစဉ်အတ်ိုင်း ကြိုတင်လုပ်ထားသလိုပဲ။ ရှန်လျန် အရင်ဘဝလို ဆက်တုံးအ နေမည်မဟုတ်ပေ။
"မင်းသမီး ယွဲ့ဟွားရဲ့ မြေးပျောက်ဆုံးသွားမှုကို မြို့စားမင်းလဲ သိထားရဲ့မဟုတ်လား?"
အရင်ဘဝအကြောင်းပြန်တွေးလိုက်တော့ ရှန်
လျန် ရုတ်တရက် တစ်စုံတစ်ခုကို ပြန်သတိရသွားသည်။ သူ့ကို လျိုဝမ်ကျင်း လာကယ်တဲ့အချိန်က ဓားပြတွေအားလုံးကို သတ်လိုက် ပြီးတော့ မင်းသမီး ယွဲ့ဟွားရဲ့မြေး ကို ဓားပြစခန်းမှာပဲ သူတို့ရှာတွေ့ခဲ့တယ်.. ဒါကြောင့်ပဲ လျိုဝမ်ကျင်းက မင်းသမီးရဲ့ မျက်နှာသာပေးမှုရသွားတာ...ဧကရာဇ်ကလဲ လုံယန်မြို့စား ရာထူးချီးမြှင့် ခန့်အပ်ပေးခဲ့သေးတယ်၊ ဓားပြတွေက တစ်ကယ့်ကို လျိုရှုဟန်အတွက် အလုပ်လုပ်ပေးလိုက်တာပဲ၊ ကြားထဲက လျိုဝမ်ကျင်းက ဘာမှ မပတ်သက်တာ ဖြစ်နိုင်ပါ့မလားလေ?
မင်းသမီးရဲ့မြေးက ပြန်ပေးဆွဲခံရပြီး အသတ်ပါခံရသေးတာ၊ ဓားပြက ပြန်ပေးဆွဲတယ်၊ သွားကယ်ပေးတဲ့အခါကျတော့လဲ အလောင်းပဲ ပြန်ရတယ်၊ ပြန်ရတဲ့အချိန်ကလဲ တိုက်တိုက်ဆိုင်ဆိုင် သူ့(ရှန်လျန်)ကို လာကယ်တဲ့အချိန်တဲ့။ အရာအားလုံးက အစီစဉ်ကြိုဆွဲထားပြီး သရုပ်ဆောင်ပြခဲ့ကြတာပေါ့...
"အိုး?"
မြို့တော်မှာ မင်းသမီးရဲ့မြေး ပျောက်ဆုံးသွားမှုက လျှို့ဝှက်သတင်းမဟုတ်ပါ၊ဒါပေမယ့် အခုမှ မြို့တော်ကိုပြန်လာမယ့်သူက ဘယ်လိုလုပ် ဒီသတင်းကိုသိနေရတာပါလိမ့် ? သူ့ကိုယ်ရံတော်တွေထက် သတင်းပို့တာမြန်တဲ့သူ ရှန်လျန်မှာ ရှိတယ်ဆိုရင် လဲ ဘာလို့ နယ်မှာ နေခိုင်းခံရ
သေးလဲ?
ဒီကောင်ငယ်လေးမှာ လျှို့ဝှက်ချက်တွေ အများကြီးရှိပုံပဲ၊ စိတ်ဝင်စားမှုကြောင့်
ဖီးနစ်မျက်ဝန်းတစ်စုံမှ အကြည့်များနက်ရှိုင်းလာသည် ။ဖေးယွမ်ရွင်းသည် သူ့ အပြုံးအား ဖုံးကွယ်ရန် အခါးရည်ခွက်အား နှုတ်ခမ်း၌ တေ့လိုက်သည်။
"တစ်ကယ်လို့ မြို့စားအရှင်က မင်းသမီးရဲ့မြေးကို ကယ်တင်ချင်ရင် အဲ့ဒီ ဓားပြတွေကိုစုံစမ်းတာ ကောင်းပါလိမ့်မယ်၊ မြန်လေ ပိုကောင်းလေပါပဲ၊ တော်ဝင်မြေးလေးက ကြာကြာစောင့်နေ နိုင်မှာ မဟုတ်လို့ပါ"
စူးစမ်းနေတဲ့မင်းသားအကြည့်တွေကို မသိဟန်ဆောင်ရင်း တည့်တိုးသာ အကြည့်ချင်းဆုံလိုက်သည် ။
လျိုဝမ်ကျင်း အရင်ဘဝမှာ သူ့ကိုကယ်ခဲ့စဉ်က မင်းသမီးရဲ့မြေးလေးက သေဆုံးပြီးတာ သုံးရက်ကြာသွားပြီမှန်း သူမှတ်မိသည်။ ပြန်တွက်ကြည့်ရင် သူ့ အသက်ရှင် မဲ့ ရက်က ဆယ်ရက်အများဆုံးသာ ကျန်တော့မည်။တစ်ကယ်လို့ ဖေးယွမ်ရွင်းက သူ့စကားယုံပြီးမြန်မြန်လှုပ်ရှားမယ်ဆိုရင်တော့ မင်းသမီးမြေးရဲ့ အသက်က မြို့စားအပေါ်ပဲ မူတည် တော့မည်။
ခုက စပြီး လျိုရှုဟန်နဲ့ အခြားသူတွေအပေါ် သူ့ရဲ့ လက်စားချေမှု စတင်တော့မည်။ သူ့အပေါ် ကြံစည်ခဲ့တဲ့လုပ်ရပ်တွေကို တစ်ခုမှ မမေ့သေးပေ။
ကြည့်ရသေးတာပေါ့! သူ့ကို ကယ်တဲ့ ဖြစ်ရပ်
မပါပဲ ရာထူးကြီးကို ဘယ်လိုရယူပြီး မင်းသမီးယွဲ့ဟွားရဲ့ မျက်နှာသာပေးမှုကို ဘယ်လိုလုပ်ယူ မလဲ ဆိုတာ....
ဖေးယွမ်ရွင်း တစ်ခွန်းမှ ပြန်မပြောပဲ သူ့ကိုသာ နက်နက်နဲ နဲ စိုက်ကြည့်သည်။ အတန်ကြာခါမှ လေးနက်စွာ အမိန့်ပေးလိုက်သည် ။
"သွားစစ်ဆေးကြည့်လိုက်"
"ဟုတ်ကဲ့"
ကိုယ်ရံတော်အချို့ ပြေးထွက်သွားကြသည်။
"သခင် ဓားပြတွေ အကုန် သေဆုံးသွားပါပြီ"
တစ်ချိန်တည်းမှာပဲ အခြားကိုယ်ရံတော်တွေက လေးလံတဲ့အရာ တွေကို တစ်ရွတ်တိုက်ဆွဲရင်း ပြန်လာကြသည်။ ဓားပြအလောင်း အစုအပြုံလိုက်က မြေပြင်ပေါ် ကျယ်လောင်စွာ ပစ်ချခံလိုက်သည်။။ ထိုအထဲတွင် ရှန်လျန် ရထားလုံးပေါ်မှ ကန်ချလိုက်သော အစေခံ သုံးဦးလဲ ပါဝင်၏။
အစေခံတွေကို ရွေးထုတ်ပြီး မြေပြင်ပေါ် စုစည်းထားလိုက်သည်။
"တုံးလင်အိမ်တော်က အစေခံတွေလား"
အလောင်းပုံအား ဝေ့ကြည့်လိုက်ပြီး ရှန်လျန့်အား မေးသည်။
တုံးလင်အိမ်တော်ရဲ့ အစေခံတွေက ဘယ်လိုလုပ် ဓားပြတွေနဲ့ရောနေရတာလဲ? ရှန်လျန်အတွက်နဲ့ အသေခံသွားကြမယ်လို့တော့ မထင်ဘူး၊ အဲ့လောက်သစ္စာရှိနေကြရင် ရှန်လျန်.. အိမ်တော်ကနေ ပစ်ပယ်ခံရမှာတောင်မဟုတ်ဘူး..
"အာ... မြို့စားအရှင် ကျွန်တော်မျိုးကို ရှေ့က သိပ်မဝေးတော့တဲ့ လုံယန်နယ်စပ်ဆီ ဒီအလောင်းတွေ ကူညီပြီးပို့ပေးလို့ရနိုင်မလား မသိဘူး"
အစက သူစိုးရိမ်နေခဲ့ရတာ.. အိမ်ပြန်တဲ့အချိန် လက်ဆောင်လေး ဘာလေး မပါသွားရင် သူ့ကိုစိတ်ပျက်သွားကြမှာကိုလေ...
"ဘာလို့ မရရမှာလဲ? ၊ ထျန်းချွမ် ... နောက်တစ်ယောက်ကိုခေါ်သွားပြီး ဒီသခင်လေးကို ကူညီ ပြန်ပို့ပေးလိုက်ပါ"
တစ်ဖက်လူ၏ အတွေးတွေကို မြင်နေရသည့်အတွက်ကြောင့် သူပိုပိုပြီး စိတ်ဝင်စားလာသည်။
"ဟုတ်ကဲ့"
အမိန့်ပေးခံရသည့် ကိုယ်ရံတော်မှာ ပြန်ဖြေကြားလိုက်ကာ ရှန်လျန်အား မျက်မှောင်ကြုံ့ကြည့်မိသည်။
တစ်ခဏ အကြာမှာတော့ အကြည့်များ အောက်စိုက်ချလိုက်ကာ ဦးညွတ်လိုက်သည်။
စိတ်ရင်းဖြင့် သူ့အား ကူညီချင်ခဲ့သည်ဖြစ်ရာ ဘာမှ ငြင်းစရာ မရှိပေ။
"ကျေးဇူးပါ ချင်ဖင်းမြို့စားကြီးခင်ဗျ"
"ရှန်နယ်မြေက မိုက်မဲတဲ့လူတွေထက် ရှန်တာ့ ရဲ့ညီက အများကြီး စိတ်ဝင်စားဖို့ကောင်းတယ်"
သူ လက်ဝေ့ရမ်းလိုက်ကာ ရထားလုံး တံခါးစေ့ပိတ်သွားခါနီးတွင် ရှန်လျန်မှ ရုတ်တရက် တားလာသည်။
"မြို့စားအရှင်...."
"ဟင်..?"
မျက်နှာ လွှဲသွားပြီးဖြစ်တဲ့ ဖေးယွမ်ရွင်းမှာ တစ်ဖန် ပြန်လှည့်လာသည်။
မြို့စားဆီမှ အကူညီတောင်းပြီးသော်လည်း သူ့တွင် မေးစရာ မေးခွန်းအနည်းငယ် ကျန်ရှိနေသေးသည် ။ ရှန်လျန် ခံစားချက်များထိန်းချုပ်လိုက်ပြီး တည်ငြိမ်စွာ မေးလိုက်သည် ။
"မြို့စားမင်း ကျွန်တော့်ရဲ့ အစ်ကိုကို သိပါသလား?"
ရှန်လျန် မည်သည်ကိုမျှ အလျင်စလို လုပ်မည်မဟုတ်၊ ဖြေးဖြေးချင်းသာ အစီစဉ်ဆွဲရမည်။ အရေးအကြီးဆုံးအချက်မှာ သူသည် ချီယွဲ့နှင့် ချီရွှမ်းကလွဲရင် မည်သူ့ကိုမျှ မယုံကြည်သောကြောင့်ပင် ဖြစ်၏။
"မသိဘူး၊ဒါပေမယ့် ဟော်ရဲ့လင်တော့ သူ့ကိုသိတယ်"
ဖေးယွမ်ရွင်းမှာ ရှန်လျန်ရဲ့ သတိထား ကာကွယ်နေမှုကို ဂရုစိုက်ခြင်းမဟုတ်ပဲ ရှန်လျန်အား မယုံကြည်ခြင်းသာ ဖြစ်သည်။
နှစ်ဦးလုံးမှာ တူညီသော သံသယ များဖြင့်......
ဖေးယွမ်ရွင်းက ဟော်ရဲ့လင်နဲ့ ရင်းနှီးတယ်လား? စစ်နတ်ဘုရားနဲ့လေ?
ရှန်လျန်မှာ မြို့စား၏အဖြေကြောင့် စိတ်သက်သာရာရသွားသည်။သို့သော် ဟော်ရဲ့လင်နဲ့ အဆက်အသွယ်ရလိုပါက သူသေချာပေါက် ဖေးယွမ်ရွင်းနှင့် ပတ်သက်ရပေတော့မည်။ သူ့မသိစိတ်မှ ဖေးယွမ်ရွင်းအား အလွန် အန္တရာယ်များသောသူဟု ထင်နေသည်။ ထိုသူနှင့် ဝေးဝေးနေတာပိုကောင်းမည် ဖြစ်သော်လည်း....
"ရှန်လျန် နောက်ကျရင် မြို့စားအရှင်ရဲ့ အိမ်တော်ဆီအလည်ဝင်ပြီး ကျေးဇူးတင်ကြောင်း လာပြသပါဦးမယ်ဗျ"
သူ့အစ်ကို အတွက်သာ ဆိုရင် ဖေးယွမ်ရွင်း မကလို့ ဓားရှည် ဆိုရင်တောင် သူက ရှေ့ဆက်တိုးနေဦးမည်။
သူ့အကြည့်များ နက်ရှိုင်းကာ မဟူရာရောင် နက်မှောင်နေသည်။ရှန်လျန် လက်သီးတင်းတင်း ဆုပ်လိုက်ကာတွေးလိုက်သည်။ အချိန်ကျန်ပါသေးတယ် ၊သူ့အကိုကြီးကို ရအောင် ကယ်မယ်။
"လျန်လျန်... ပဉ္စမ သခင်လေး လက်မောင်းက.."
လက်မောင်း ဒဏ်ရာမှ သွေးထပ်ထွက်လာသောကြောင့် ချီယွဲ့ စိုးရိမ်တကြီးအော်သည်။
ရဲတောက်နေသော လက်မောင်းကြောင့် ဖေးယွမ်ရွင်း မျက်ခုံးပင့်မိသွားသည်။ ထို့နောက် လက်ဝေ့ယမ်းလိုက်ကာဆိုသည်။
"သခင်လေးရှန်ကို သွားကူညီလိုက်ပါ"
"မဟုတ်ဘူး၊ ဖြစ်နိုင်ရင် ကျွန်တော့်ကို အိမ်ပဲ ပြန်ပို့ပေးပါ"
မြို့စား၏ကြင်နာမှုအား အေးစက်စက်ပင် ငြင်းဆိုလိုက်ပြီး ရထားလုံးအတွင်းလှည့်ဝင်သွားတော့သည်။ချီယွဲ့တို့လဲ နောက်မှ လိုက်ဝင်သည်။ ချီရွှမ်းသည် ရထားလုံးမောင်းသည့်နေရာတွင် ထိုင်လိုက်သော်လည်း ရှန်လျန်အား စိုးရိမ်တကြီးလှည့်ကြည့်နေဆဲ...
"ဟမ်! ဒီသခင်ကြီးဆီ အကြွေးအများကြီး မတင်ချင်ဘူးဆိုတဲ့ သဘော ပေါ့လေ"
ရယ်စရာကောင်းလိုက်တာ၊ အသက်က ဆယ်ကျော် သက်လေးသာရှိသေးသည်...ရင့်ကျက်ကာ လူကြီးပေါက်စလေးလိုလို...အပြုအမူ ၊အပြောအဆိုမှာ သူ့အား စိတ်ရှုပ်ထွေးစေပြီး ပို၍လည်း ဖော်ထုတ်ချင်လာစေသည်။
ကိုယ်ရံတော်များမှာ မြေပြင်ပေါ်မှ အစေခံ အလောင်းများကို လှည်းပေါ် တင်လိုက်သည်။ထို့နောက် ရှန်လျန်၏လှည်းနောက်မှ လိုက်ကာ အတူ ထွက်ခွာလာကြသည်။
ဖေးယွမ်ရွင်း၏လှည်းအား ဘေးကပ်ရပ်ဖြတ်သန်းချိန်တွင် ရှန်လျန်မှာ ဖိအားတစ်ချို့ ကို ရှင်းရှင်းလင်းလင်း ခံစားရကာ လှည်းအား ကျော်လွန်သွားချိန်တွင်တော့ ထိုဖိအားများပျောက်ကွယ်သွားသယောင်...
ရထားလုံးထဲတွင်....ချီယွဲ့က သူ့လက်မောင်းဒဏ်ရာကို အစ အသစ်ဖြင့် ပြန်လည်စည်းနှောင်ပေးနေသည်။ သူခေါင်းငုံ့ကာ ဖေးယွမ်ရွင်းနှင့် သက်ဆိုင်သမျှ အားလုံးကို လျင်မြန်စွာ ဖယ်ရှား ၊ဘေးချိတ်ထားလိုက်တော့သည်။
ယခု သူ့တွင် ဂလဲ့စားချေချင်စိတ်သာ ပြည့်နေ
သင့်သည်။ တုံးလင်အိမ်တော်မှ ထိုချမ်းသာသည့် ဝံပုလွေနှင့်ကျားများထံမှ မည်သည့်အရာများကို မည်သို့ရယူမည်ကိုသာ တွေးရမည်။
"သခင် ရှန်သခင်လေးပြောတာ အမှန်ပါပဲ၊ မြေးတော်လေးက ဓားပြတွေ စခန်းမှာ အမှန်တစ်ကယ် ရှိနေပါတယ်၊ မမှားပါဘူး"
ဖေးယွမ်ရွင်းမှာ မထွက်ခွာသေးပေ။ ကိုယ်ရံတော်တပ်သားမှာ သဲလွန်စ ရှာဖွေပြီး ဓားပြစခန်းထဲ မည်သူရှိနေသည်ကို လျင်မြန်စွာ ဖော်ထုတ်နိုင်ခဲ့သည် ။
"ဟမ်း!"
ဒီခရီးက သူ့အတွက် အကျိုးရလာဘ်တွေရှိလာမယ်လို့ မမျှော်လင့်ထားမိဘူး။ မှီလှဲ
နေတဲ့ ဖေးယွမ်ရွင်းက အခါးရည်ခွက်လေးကို အဝေး ပို့လိုက်ရင်း ဆုံးဖြတ်ချက်ချလိုက်သည်။
"မြို့တော် ပြန်ကြမယ်"
"ဟင်?"
အမိန့်စောင့်နေသောတပ်သားမှာ လွန်စွာ အံ့အားသင့်သွားသည်။
"သခင်၊ ကျွန်တော်မျိုးတို့ မြေးတော်လေးကို မကယ်တင်တော့ဘူးလား"
"ဘုရင်အို ကြီးက ဒီသခင် ရဲ့ချီးကျူးဖွယ်လုပ်ရပ်တွေကို သဘောကျနှစ်သက်တော်မူမယ် ထင်လို့လား"
မြို့စား၏မျက်နှာဝယ် လှောင်ပြောင်ချင်ဟန်အပြည့်!
"မင်းသမီးဆီ လျှို့ဝှက် သတင်းပို့လိုက်ပါ၊ဘာဆက်လုပ်ရမလဲ သူ သိတယ်... ငါရဲ့ မေတ္တာကို မင်းသမီးပဲ သိပါစေ...ဘုရင်အိုကြီး သိစရာ မလိုဘူး၊ သဘောပေါက်လား"
"နားလည်ပါပြီ"
ကိုယ်ရံတော်မှာ ဒေါသထွက်မိသော်လည်း ဤအတိုင်း လုပ်ရမည်ပင်။
ဘုရင်အိုကြီးရဲ့ သံသယ ကြီးမားပုံမှာ သူတို့အား အလွန် စိတ်မသက်မသာ ဖြစ်စေသည်။
Words 1923
🍇 Grape