'မိထွေးလက်က ပြေးမယ်'
ကိုယ်ရံတော်တပ်သားများ မြို့တော်ထိ လိုက်လံပို့ဆောင်ခြင်းကို ရှန်လျန် ငြင်းဆိုလိုက်ပြီး မြို့တော်ရောက်ရန် တစ်မိုင်အကွာ တွင်ပင် မြို့စားထံ ပြန်စေသည်။
သခင်လေး နှင့် အစေခံနှစ်ေယာက်သာ ရထားလုံးနှင့် အလောင်းတင်ထားသော လှည်းအပါအဝင် ဆက်လက်မောင်းနှင်လာလိုက်သည်။
ထိုမြင်ကွင်းကြောင့် လမ်းမပေါ်မှ လူများစွာကို ထိတ်လန့်စေခဲ့သည်။ မြို့စောင့်များပင် မကျန် တုန်လှုပ်စေသည်။ အကျိုး အကြောင်း သိပြီးနောက် လူလွှတ်ကာ တုံးလင်အိမ်တော်အား သတင်းပို့စေခဲ့သည်။
တုံးလင် အိမ်တော်မှာ မြို့တော်၏ မျိုးကြီးရိုးကြီးများ အများစုနေထိုင်ရာ တွင် တည်ရှိသည်။
ရှန်လျန်မှ သွေး အပြည့်လွှမ်းနေသော အလောင်းကောင်လှည်းအား တစ်လမ်းလုံး သယ်ဆောင်လာသောကြောင့် လူများစွာသည် ကြောက်ကြောက်ရွံ့ရွံ့နှင့်ပင် စပ်စုနေကြသည်။ လူအုပ်ကြီးက တစ်လမ်းလုံး နောက်မှ လိုက်လာကြပြီး တုံးလင် အိမ်တော် ရှေ့ အရောက်တွင် လျိုရှုဟန်က သူမ၏သမီး၊ အခြားအစေခံများနှင့်အတူ စောင့်လျက်ရှိသည်ကိုတွေ့လိုက်ရသည်။
"ရှန်သခင်မ"
တပ်မှူးနှင့် မြို့စောင့်များက ဦးညွှတ်နှုတ်ဆက်ကြသည်။ လျိုရှုဟန်၏ ပြန်လည် အသိအမှတ်ပြု သော အပြုံးမှာ အသက်မပါ။ သူမ ကူကယ်ရာ မဲ့စွာ နှင့်ပင် ရထားလုံးနှင့် နောက်မှ ပါလာသော လူသေ လှည်းအား လှမ်းကြည့်လိုက်သည်။ မျက်နှာတွင် မည်သည့်အမူအယာ မှ မဖော်ပြသော်လည်း သဘောမကျဖြစ်နေသည်မှာသိသိသာသာ။
မြို့စောင့်များမှ သတင်းပို့သည်ကို သိသိချင်း သူမ၏ အစီအစဉ် ပျက်သွားခြင်းကြောင့် အတော်လေး တုန်လှုပ်ခဲ့ရသည်ကို ဘုရားသာ သိလိမ့်မည်။
အဲ့ဒီ သန္ဓေယုတ် ရှန်လျန် ၊ဘယ်လိုများ လွတ်သွားရတာလဲ?
".ကျေးဇူးပြုပြီး အနောက်က အလောင်းတွေ ရှေ့ထုတ်ခဲ့ပေးလို့ရမလား တပ်မှူးခင်မျ? "
ချီယွဲ့နှင့်ချီရွှမ်းတို့ နှစ်ဦးသည် လှည်းလိုက်ကာစအား ဘယ်မှ ညာသို့ လှစ်ဟလိုက်သည်။ အဖြူပြောင်ဝတ်ရုံနှင့်၊ လက်မောင်းမှာမူ ထင်သာ မြင်သာ နေသော ဒဏ်ရာဖြင့် ရှန်လျန်မှာ လှည်းတွင်းမှ ထွက်ပေါ်လာသည်။
လှည်း အပြင်ထွက်လိုက်သော်လည်း ကြောက်ရွံ့ခြင်း အလျဉ်းမရှိပဲ၊ ကိုယ်ဟန်အမူအရာမှာ တော်ဝင်ဆန်ကာ တည်ငြိမ်နေသည်။ အပြင်ပန်းအကဲဖြတ်ရုံဖြင့် သူ့အား ရွာဇနပုဒ်တွင် နေခဲ့ရသူမှန်း မသိနိုင်ပေ။ မည်သို့ပင် ဖြစ်စေကာမူ ရှန်
လျန်သည် လက်ရှိ တုံးလင်၏ အဓိက သခင်မ ဖြစ်သူအား အကြည့်တစ်ချက်ပင် မစွန့်ကြဲချေ။
"ပဉ္စမ သခင်လေးက အားနာနေပြန်ပါပြီ"
တပ်မှူးမှာ လက်ဝေ့ယမ်း ကာအချက်ပြလိုက်သဖြင့် အစောင့်တပ်သားများက သွေးစွန်းပေပွနေသော အလောင်းကောင်များကို လျိုရှုဟန်နှင့်အခြားသူများရှေ့မှောက် ပစ်ချပေးလိုက်သည်။ ကြိုတင်ပြင်ဆင်ထားသော လျိုရှုဟန်ပင် ဖြူဖတ်ဖြူရော် ဖြစ်လာပြီး ရှန်ချန်ဆိုလျှင်ကြောက်ရွံ့မှုကြောင့် သူမ၏နောက်တွင် ပုန်းကွယ်နေတော့ သည်။
အမျိုးသမီးဆိုသည်မှာ မည်မျှပင် အပြင်ပန်းတွင် ရက်စက်ခက်ထန်နေစေကာမူ ပင်ကိုယ် ဗီဇ အရ စိတ်မမာနိုင်ပေ။
"ဒီအကြောင်းကို တရားမျှတစေဖို့ ရုံးတော်ကို တစ်ယောက်ယောက်နဲ့ တင်ပြခိုင်းလိုက်ပါမယ်။အခုတော့ ပဉ္စမ သခင်လေးလည်းလုံလုံခြုံခြုံပြန်ရောက်ပြီမို့ ကျုပ်တို့ကို ခွင့်ပြုပါဦး"
"ဟုတ်ကဲ့ ဖြည်းဖြည်းပြန်ပါဗျ"
ရှန်လျန် ယဉ်ကျေးသမှုဖြင့် လက်နှစ်ဖက်ကို လက်သီးသဏ္ဌာန်ဆုပ်ကာ အရိုအသေပြုပြီး သူတို့ ထွက်ခွာသွားသည်ထိ စောင့်ကြည့်ခဲ့သည်။
"ပဉ္စမ သခင်လေးတဲ့? တုံးလင် အိမ်တော်က ဘယ်တုန်းက သားတစ်ယောက်ရသွားတာလဲ?"
"ကိုယ်လုပ်တော်က မွေးတဲ့သား လားမသိဘူး?သူ့ ဝတ်ရုံဖြူကိုလည်းကြည့်ကြပါဦး၊ တုံးလင်အိမ်တော်က အစေခံတောင် သူ့ဝတ်ရုံထက် သားနားသေးတယ်"
"တုံးလင်အိမ်တော်မှာ ဇနီးထပ် ရှိသေး လို့လား? ငါကြားတာတော့ အမတ်ကြီးနဲ့ သခင်မ ကြားဆက်ဆံရေးက ကောင်းတယ်တဲ့၊နောက်မယားက သူ့သားကို လွှတ်လိုက်ပြီး သခင်ကြီးတို့လင်မယားကြား ဝင်နှောင့်ယှက်ခိုင်းမှာ ပဲစိုးတယ်"
"ပဉ္စမ သခင်လေးက ဒုတိယ ဒါမှ မဟုတ် တတိယ မယား ကမွေးတာလား၊ အဲ့တာမဖြစ်နိုင်ဘူး၊ အဲ့လောက်နိမ့်ကျရင် သခင်မကြီးရှန်နဲ့ မမလေးရှန်တို့ကိုယ်တိုင် ထွက်ကြိုပါ့မလားဟ"
"အဆင့်နိမ့် မိသားစုတွေအပေါ် ဆက်ဆံပုံ ကို မမြင်ဖူးတာကျနေတာပဲ"
"ရှန်မိသားစုဆိုတာလဲ ပင်လယ်ချောက်နက်လိုပဲ၊ ငါတို့လိုသာမာန်ပြည်သူတွေက ဘာနားလည်မှာမို့လဲ၊ အလောင်းတွေကိုကြည့်လေ၊ မကောင်းတဲ့ ဖြစ်နိုင်ချေတွေ အများကြီးရောနေလောက်တယ် "
"အဲ့တာကတော့...."
တပ်သားတွေ ထွက်ခွာသွားသောအခါ၊ လူအုပ်ကြီးမှာ အချင်းချင်း တီးတိုးတီးတိုးသဖန်းပိုးလုပ်နေကြသည်။ရှန်လျန်သည် ငါးနှစ်လုံးလုံး နယ်နှင်ခံထားရသဖြင့် သူ့အား တုံးလင်အိမ်တော်မှ ပထမဇနီး၏သားဖြစ်မှန်း မည်သူမှ မသိကြပေ။ လျိုရှုဟန်၏ လက်ချက်ဖြင့် သူ၏ နောက်ထပ် ညီနောင် နှစ်ဦးပင် သေဆုံးခဲ့ခြင်း ဖြစ်နိုင်သည်။
"လျန် လျန်၊ ဒဏ်ရာ ရထားတာလား? ဘာတွေ ဖြစ်ခဲ့တာလဲ?"
လျိုရှုဟန်မှာ အလွန် ဟန်ဆောင်ကောင်း၏။ ချက်ချင်းပင် အံ့ဩဟန်ပြကာ သူမ၏ အကယ်ဒမီရှော့ အရည်အချင်းအား ဦးစွာ ထုတ်ပြပါသည်။ရှန်လျန်က သူမ၏ ရင်းနှီးကျွမ်းဝင်ဟန်ကို လစ်လျူရှုကာ အေးစက်စက်ပင် နေသည်။ ခေါင်းအသာ ငုံ့၍ မျက်လွှာ တစ်ချက် အချတွင် အမုန်းတရားများကို ကွယ်ဝှက်ထားလိုက်သည်။
"အမေလေး၊ ရှန်လျန်က အရွယ်ရောက်နေပါပြီ၊ ငယ်နာမည် မခေါ်ပါနဲ့တော့၊ပြီးတော့ ဘာတွေဖြစ်ခဲ့လဲ ဆိုတာ မသိဘူးပေါ့? ကျွန်တော်ထင်တာ အမေလေး ကမှ ရှင်းရှင်းလင်းလင်း သိမယ်ထင်နေတာ"
စကားဆုံးသည်နှင့် သူခေါင်းမော့လိုက်သည်။ မျက်ဝန်းထဲမှ တည်ငြိမ်မှုနှင့် ထက်မြက်ဟန်တို့က သူတစ်ပါး၏ စိတ်ကိုထွင်းဖောက်မြင်နိုင်သကဲ့သို့။
"အမေ က လား?အယ် အမေက ဘယ်လိုလုပ် သိပါ့မလဲ၊ ကြည့်ရတာ အမေ့ကို ခုထိ အခဲမကျေ ဖြစ်နေသေးတာလား၊ မင့်အဖေကိုပဲ မကျေနပ်နိုင်ဖြစ်နေတာလားကွယ်၊ တိုင်းပြည် အပြင်ဘက်ကို နှစ်နည်းနည်း လောက် စေလွှတ်ခံလိုက်ရတာ အမေသိပါတယ်၊ဒါပေမယ့်လည်း အမတ်ကြီးအတွက် လည်း ပြန်တွေးပေးဦးမှ ရမယ်လေ၊သားက အိမ်တော်က ဇနီးတွေနဲ့ တစ်ခြားသူတွေ အပေါ် မကောင်းတဲ့ကံတွေ သာ မသက်ရောက်စေရင် အမတ်ကြီးက နယ်နှင်ပြီး၊ သားရဲ့ ဘဝကို ခက်ခဲစေမှာ မဟုတ်ပါဘူး လျန်လျန်ရဲ့"
သူမရဲ့စကား နောက်ကွယ်က အမှန်တရားတွေကို သိထား၍သာ တော်တော့သည်။ လူအများရှေ့မှာ တစ်ကယ်ပဲ အမေကောင်းတစ်ယောက်၏ ဟန်ပန်အပြည့်။
အပေါ်ယံမှာ မိခင်က သားအဖကြား ဖျန်ဖြေပေးနေသည်ပေါ့၊ စကားကတစ်ဖက်လှည့်ဖြင့် မသိတတ်တဲ့သား၊ကံဆိုးစေတဲ့သားတစ်ယောက် ဖြစ်ကြောင်း သွယ်ဝိုက် ညွှန်းဆိုနေသည်။
သို့ သော် ပစ္စုပ္ပန် ရှန်လျန်မှာ အတိတ်ကလို သူရဲဘော ကြောင်ပြီး သူ့ဂုဏ်သိက္ခာအား တစ်စစီ နင်းချေ ဖျက်ဆီးနေသူကို ဒီတိုင်း
လွှတ်ထားပေးလိမ့်မည် မဟုတ်ချေ။ သူတို့နှင့် အချိန်ကြာကြာ ဆွဲရန် အစီစဉ်မရှိပဲ ၊သူမနှင့် တိုက်ရိုက် ပင် ဆန့်ကျင် ခွဲထွက်မည်ဖြစ်သည်။
"ဆိုတော့ ကျွန်တော် သွားခဲ့တဲ့ ဒီငါးနှစ်လုံးမှာ ဘယ် ဒေါ်လေးက ကိုယ်ဝန်ဆောင်လိုက်ရတယ်တဲ့လဲ"
ရှန်လျန်သည် လျိုရှုဟန်ရဲ့ လန့်ဖြတ်သွားသည့်ပုံရိပ်ကို လစ်လျူရှုကာ မျက်ဝန်းတည့်တည့် စိုက်ကြည့်လိုက်သည်။ ရှေ့ ဘဝက သူ့အဖေမှာ နောက်ထပ် ကိုယ်လုပ်တော်ရတာ သူမတွေ့ဖူးပေ။ လျိုရှုဟန် လက်ချက် မဟုတ်ဘူးလို့ ငြင်းရင် ဘယ်သူက ယုံမည်တဲ့လဲ? သူမ လုပ်ခဲ့တဲ့ မနှစ်မြို့ဖွယ် အရာအားလုံးကို အပြစ်ခံယူစေခြင်းကသာ အကောင်းဆုံးနည်းလမ်းပင်ဖြစ်သည် ။
"အဲ့တာက...ဒေါ်လေးတွေက ကျန်းမာရေးအားနည်းကြတာမို့ အားပြန်ဖြည့်ဖို့ ပဲ အာရုံစိုက်နေကြသေး....."
"ငါးနှစ်လုံးလုံး အားက မပြည့်သေးဘူးလား၊ကြည့်ရတာ ရောဂါ တော်တော် ပြင်းထန်တဲ့ပုံပဲနော်"
သူမ စကားမဆုံးခင်ပင် လှောင်ပြောင်ချင်ဟန်ဖြင့် ရှန်လျန် ဖြတ်ပြောပစ်လိုက်သည်။
လျိုရှုဟန်မှာ ဟန်လုပ်ပြုံးပြနေသော်လည်း အပြုံးမှာ မပီပြင်ချင်တော့ပေ။
" ပဉ္စမ အစ်ကို"
ပြန်လည်ချေပ ခံလိုက်ရခြင်းကြောင့် လျိုရှုဟန် ကြောင်ငေးနေမိစဉ် ရှန်ချန်သည် ဝင်ပြောသည်။ သူမသည် သူ့အား နှစ်လိုဖွယ်အကြည့်ဖြင့် ကြည့်ကာနေသည်။သူမ၏ လက်ရှိအသက်မှာ ဆယ့်လေးနှစ်သာ ရှိသေးသည်။ သွယ်လျသည့် ခန္ဓာကိုယ်နှင့် အလွန်လှပနေသည်။ သစ်လွင်တောက်ပြောင်သော အဖြူရောင်ဝတ်ရုံဝတ်ထားသည်မှာ သူမ၏ ကျောက်စိမ်းရောင် အသားအရည်နှင့် လိုက်ဖက်လှသည် ။နှုတ်ခမ်းဖူးဖူးမှာ ချယ်ရီသီးရောင် ခပ်ရဲရဲနှင့် ၊သူမသည် အမှန်ပင် နတ်သမီးတစ်ပါးအလား...
" မိန်းကလေးခုနှစ် က မြို့တော်မှာ နံပါတ်တစ် နတ်မိမယ်လိုလှပတဲ့သူလို့ ပြောကြ တာ မမှားဘူးပဲ"
"သူမရဲ့ အရည်အချင်းကလဲ မခေဘူးလို့သိရတယ်၊ မင်းသားလေးတွေနဲ့ ဆွေမျိုးကြီး အိမ်တော်က သခင်လေးတွေ က သူမကို အလုအယက် လက်ဆက်ချင်နေကြတယ်လို့ ကြားတယ်"
"တုံးလင် အမတ်ကြီးမှာက ဒီသမီးလေး တစ်ယောက်ပဲ ရှိတာ ၊ တော်ဝင်မျိုးနွယ်တွေ နဲ့ပဲ ထိုက်တန်စေမယ် မလား?"
"အား...အရမ်းလှတာပဲ၊ သူမကိုမြင်လိုက်ရလို့ ခုသေရတော့မယ်ဆိုရင်တောင် နောင်တမရတော့ဘူး ကွာ"
ရှန်ချန်ရဲ့နာမည်ဂုဏ်သတင်းက အင်ပါယာ မြို့တော် တစ်ခွင်လုံးမှာ ကျော်စောလှသည်။ သူမကို မှတ်မိသည့် သူ များသည် မနေနိုင်စွာပင် သူမ၏အလှအား အမွှန်းတင်ကြတော့သည်။
ပထမဇနီးရဲ့သားဖြစ်သူ ရှန်ချန်ရဲ့ သတင်းက အလှထိပ်ခေါင်တင်လေးရဲ့ နာမည်ဂုဏ်သတင်းနှင့် မယှဉ်နိုင် ဖြစ်သွားသည်။
သူမ ဖက်လှည့်ကြည့်လိုက်ပြီး သူ့ရင်ထဲမှအမုန်းတရားအားလုံးကို ခက်ခက်ခဲခဲ သိမ်းဆည်းထားလိုက်ရသည်။
ရှန်လျန် လက်သီးတင်းတင်း ဆုပ်ကာ အံကြိတ်ထားမိသဖြင့် လက်မောင်းမှ ဒဏ်ရာပြန်ပွင့်လာသည်။ သို့သိတိုင် နာကျင်မှုကို မခံစားမိချေ။ ထိုနူးညံ့လှသည့်မိန်းကလေး စူးစိုက်ကြည့်ပြီး အရင်ဘဝအကြောင်း ပြန်တွေးမိသည်။
ညီမကောင်း တစ်ယောက်လို ဟန်ဆောင်လှည့်ဖြားတဲ့ ဒီမိန်းမက ချင်ယွင်ရှန်းနဲ့တောင် လက်ထပ်လိုက်သေးသည် ကို သူ ခုချိန်ထိ စိတ်နာ နေသေး၏။ သူမ သင်ကြားခဲ့တဲ့ ဆေးပညာက အဖေ ...သူ့ဆီက ညာ ယူသွားတဲ့ 'အဆိပ်နှင့်ဆေးကျမ်း' စာအုပ်ထဲကပဲ။နောက်ဆုံးတော့ သူက သူမလက်ထဲ သေဆုံးခဲ့ရပြီး သူမလောက် အင်အားကြီးသူလည်း ထပ် မရှိတော့ပေ။ထိုလှပသော မျက်နှာလေးအောက်တွင် ညစ်ထေးသော မကောင်းစိတ်များ ကို ဖုံးကွယ်ထားသည်။
မည်သို့ပင် ဆိုစေ သူ့အား ကျေးဇူး တင်မိသည်။သူမကြောင့်သာ မဟုတ်ပါက သေဆုံးသွားချိန်ထိ တစ်ဘဝလုံး ဟာသဖြစ်ခဲ့ရကြောင်းသိလိုက်ရမည် မဟုတ်ပေ။
Words 1840
Grape 🍇