no

Font
Theme

'သူ့မျက်နှာကို ဖြတ်ရိုက်'

" အခြေခံကျကျပဲတွေးကြည့်ရအောင်... တစ်ခါမှ ပန်းချီပညာ မသင်ဖူးတဲ့သူက ကျွန်မကိုနိုင်နိုင်မယ်တဲ့လား?"

ကိုယ့်အရည်အချင်းကို ယုံကြည်ချက်ရှိစွာ ‌မောက်မာ နေတဲ့ ကျန်းမမလေးဟာ သူ့အဖေရဲ့ ဖိနှိပ်မှုကို လစ်လျူရှုပြီး ရှန်လျန့်ကို ဒေါသတကြီး မေးခွန်းထုတ်လေသည်။ လူတိုင်းက ခေါင်းတယမ်းယမ်းနှင့်! ကြွယ်ဝတဲ့ မိသားစုကသခင်မလေးတွေက အလိုလိုက်မှုကြောင့် ပျက်စီးနေတာပဲ..

မေးခွန်းထုတ်ခံရတဲ့ ရှန်လျန်က တော့အေးဆေးတည်ငြိမ်နေကာ သူနှင့်မသက်ဆိုင်သကဲ့သို့ပင်...ထိုပုံစံက တစ်သီးတစ်သန့်နှင့် မြင့်မြတ်သည့်ဟန် က်ိုမီးမောင်းထိုးပြနေသည်။

"ကျန်းမိန်းကလေး မလောပါနဲ့ ၊ ကျုပ်က မင်းကို အခုပဲ အသေးစိတ်ရှင်းပြပေးမယ်"

ကျောက်အကြီးအကဲက အသံခပ်ပြတ်ပြတ်ပြော

လာသည်။ အကြီးအကဲ သုံးယောက်တွင် ကျောက်လူကြီးမင်းက စိတ်ထားသိမ်မွေ့ကာ အညင်သာဆုံးဖြစ်သော်လည်း ၊ယနေ့မှာတော့ သူတို့၏ ဆုံးဖြတ်နိုင်စွမ်းကိုမေးခွန်းထုတ်မျိုးတော့သည်းမခံနိုင်ပါ။ သူ့စကားဆုံးသည်နှင့်အစေခံနှစ်ယောက်က ရှန်လျန့်ပန်းချီ ကို ကိုင်မြောက်ပြလိုက်သည်။ ရှန်လျန်ဆွဲထားသော ပန်းချီကားသည် ကျန်းမိန်းကလေး၏ ပန်းချီကားနှင့်လုံးဝကွဲပြားခြားနားလေသည်။

သူ၏ပန်းချီကားသည် မြင်းတပ်သားများလည်းမပါ လူလည်းမပါရှိ.. အဆုံးမရှိသော စစ်မြေပြင်တစ်ဖက်စွန်းတွင် နစ်မြှုပ်ဝင်နေသော နေလုံးတစ်စင်း၊ ဟိုတစ်စ သည်တစ်စပျံ့ကြဲနေသော အလောင်းများသည် မီးရှို့ထားသောကြောင့် တမြေ့မြေ့လောင်ကျွမ်းကာ မီးခိုးတွေ တလူလူထွက်နေပုံကို ရေးဆွဲထားပြီး ကဗျာ တစ်ပုဒ်ဖြင့် ပန်းချီကားအား လှပစွာ ဖော်ကျူးထားသည်။

'စစ်မြေပြင်က ဝေ့ဝဲနေတဲ့ မီးခိုးတွေဟာလည်း

ထာဝရ ငြိမ်းချမ်းခြင်း အလင်းရောင်ကို စောင့်မျှော်နေတယ်'

ပန်းချီကားမှာ လူပုံ မပါဝင်ပေမယ့် စစ်ပွဲရဲ့အငွေ့အသက်ကိုအပီအပြင် ပုံဖော်နိုင်တာမလို့ လူတိုင်းရဲ့ရင်ထဲ ထိမိစေသည်။ စစ်ပွဲအပြီး စွန့်ပစ်ပစ္စည်းများနှင့် လူသေအလောင်းများက ပြင်းထန်သည့်စစ်ပွဲဖြစ်ပွားခဲ့သည့်ပုံရိပ်များပင် ဖြစ်သည်။ ကောင်းကင်နှင့်ကမ္ဘာမြေကြားရှိ စစ်မြေပြင်က သွေးချောင်းစီးနေသည်ကို ကြည့်လျှင် ဝမ်းနည်းဖွယ်ခံစားချက်များ ပေါ်ထွန်းလာစေသည်။အထူးသဖြင့် တိုက်ပွဲဝင်ဖူးသော စစ်ဗိုလ်တိုင်းသည် သူတို့၏အသက်နှင့်ခန္ဓာအားရင်းလျက် မိမိအိမ် မိမိနိုင်ငံအတွက်ငြိမ်းချမ်းခြင်းကိုယူဆောင်လာပေးရသည်။

သို့သော် လေးစားမှုနှင့်အသိအမှတ်ပြုမှု ပြန်ရနိုင်မည်လားဆ်ိုသည်က အာမ မခံနိုင်ပါ.. ပန်းချီကားချပ်သည် စစ်ပွဲ၏ရက်စက်သည့်သဘောတရားကို ပုံဖော်ထားရုံသာမက ပေးဆပ်ထားရသော စစ်သားနှင့်ဗိုလ်‌ပေါင်းများစွာ၏

အသက်သွေးကြွေးကိုပါ ထည့်ပေါင်း ထားသေးသည်။ အနာဂါတ်မှာ ငြိမ်းချမ်းလာဖို့ လူတစ်ချို့၏ သွေးများကိုပေးဆပ်ထားကြောင်း သတိမူမိစေသည်။

အဆုံးမရှိတဲ့ စစ်မြေပြင်ဟာလည်း အောင်မြေဖြစ်လာခဲ့ပြီ။ နေလုံးကြီးက အထီးကျန်စွာ ‌တအိအိ ပြိုဆင်းသွားပြီး ကမ္ဘာမြေပေါ်မှ မီးခိုးငွေ့များကိုသာ ချန်ရစ်ခဲ့သည်။ မည်သည့်အရာမှ မကျန်ရစ်တော့ ဟုထင်ရသော်လည်း အရာအားလုံးက ကျန်ရှိနေပါသေးသည်။

ဒါကို တစ်ကယ့် စစ်ပွဲဟုခေါ်သည်!

"လှလွန်းတယ်!"

ဟွိုင်ရန် အမတ်မှ မတ်တပ်ထ၍ လူတိုင်း၏တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။

"ဘယ်လိုတောင် ကဗျာဆန်လိုက်သလဲ

'စစ်မြေပြင်က ဝေ့ဝဲနေတဲ့ မီးခိုးတွေဟာလည်း

ထာဝရ ငြိမ်းချမ်းခြင်း အလင်းရောင်ကို စောင့်မျှော်နေတယ်' တဲ့လား!"

"ဖြောင်း!ဖြောင်း!ဖြောင်း!"

သူ့ဦးဆောင်မှုနောက်လိုက်၍ခန်းမတစ်ဆောင်လုံး ဩဘာသံ လှိုင်လှိုင်ပေးလာကြသည်။ ရှန်

လျန်၏ပန်းချီကားသည် အတွေ့အကြုံနှင့် ပညာသားပါသည်။ လူတိုင်း၏ရင်ထဲ ထိစေပြီး စိတ်ဝိဉာဉ်ကိုပါနှိုးဆော်နိုင်သည်။ သေချာပေါက် ကို ကျန်းမိန်းကလေး၏ပန်းချီနှင့်ယှဉ် မရပေ။ အနိုင်အရှုံးက ပြတ်ပြတ်သားသားပင်။

ရှန်လျန် ကျရှုံးသွားမည့်ပုံရိပ်ကို စောင့်မျှော် နေသူတစ်ချို့မှာ လွန်စွာစိတ်ပျက်သွားကြသည်။ ကံကြမ္မာမှလွတ်မြောက်သွားရုံသာမက လူတိုင်း၏ချီးမွမ်းမှုကိုပါရလိုက်သေးရာ ရှန်မိသားစုက အံကြိတ်ထားရုံသာ ရှိသည်။

တော်တော် ပါးနပ်တဲ့ ကလေးလေး!

ဖေးယွမ်ရွှင်းသည် အစမှ အဆုံး တစ်ချက်မလွတ်သွားစေရန် အာရုံစိုက်ထားပြီး အနိုင်ရသည့်လူကို သိသည်နှင့် ဂုဏ်ယူစွာ ပြုံးလိုက်သည်။

"မဟုတ်ဘူး.... မဖြစ်နိုင်ဘူး.... သူကဖြင့် ဘာမှမသင်ဖူးပဲနဲ့...ဘယ်လိုလုပ်"

ဘုန်း!

လူတိုင်း၏ရွံရှာစက်ဆုပ်သည့်အကြည့်တွေကို ခံနိုင်ရည် မရှိတော့သဖြင့် ကျန်းမိန်းကလေးသည် နောက်သို့ တရွေ့ရွေ့ဆုတ်ရင်း လဲကျသွားသည်။ မည်သူကမှ သူမအား လာမထူပေးသလို သူမကလည်းအရူးတစ်ယောက်လို တတွတ်တွတ်ရွတ်နေသေးသည်။

"ဒီပြိုင်ပွဲရဲ့ အနိုင်ရရှိသူဟာ တုံးလင်အိမ်တော်က ရှန်လျန် ဖြစ်ကြောင်း ဒီမင်းသမီး တရားဝင် ကြေငြာလိုက်သည်!"

ကျန်းမိန်းကလေးအားလစ်လျူရှုလျက် မင်းသမီးကြီးမှ ထရပ်ကာ ရှန်လျန့်အားကျေနပ်စွာကြည့်ရင်း ကြေငြာပေးလိုက်သည်။

"ကျေးဇူးကြီးမြတ်လှကြောင်းပါ မင်းသမီး"

မထင်ထားတဲ့ တိုက်ပွဲမှ အနိုင်ရရှိခဲ့သော်လည်း ရှန်လျန်မှာ စိတ်လှုပ်ရှားခြင်း တုန်လှုပ်နေခြင်းအလျဉ်းမရှိပဲ ကျောက်စိမ်းကဲ့သို့ အေးစက်ကာ တည်ငြိမ်နေပေသည်။ လူငယ်မျိုးဆက်များထဲတွင် သူက အလှမ်းဝေးဝေးရင့်ကျက်နေပြီဖြစ်၏။

"နင် ငါ့ကို လှည့်စားခဲ့တာမလား?!"

အရှုံးကိုလက်မခံနိုင်သေးသည့် ကျန်းမိန်းကလေးက မြေပြင်တွင် ငေးငိုင်နေရာမှ ရုတ်တရက် ခုန်ထကာ ရှန်လျန့်အနီးရောက်လာသည်။ မျက်လုံးများပြူးကျယ်နေလျက် ရှန်လျန့်အားခြိမ်းခြောက်သည့်အကြည့် ကြည့်သည်။ မင်းသမီးကြီးမှာ သူမပုံစံအားမြင်တွေ့ပြီး အတော်လေးမကျေမနပ်ဖြစ်သွားသည်။ ဘယ်လိုတောင် အကျယ်ချဲ့နေသလဲ? ဒီကလေးမ သူ့ကိုယ်သူ ကျန်းအိမ်တော်ထဲ ရှိနေတယ်များအောက်မေ့နေရော့သလား?

"တိရစ္ဆာန်မ! ပါးစပ်ပိတ်ထားစမ်း!"

ကျန်းအမတ်ကြီးလည်း ဆက်မထိုင်နေရဲတော့ပေ။ သူ့သမီးက သူပြောသမျှ နားပင်းသလိုလုပ်နေပြီးရှန်လျန့်ကိုပင် အံကြိတ်ကြည့် ကြည့်နေသေးသည်။ လုံးဝ ရူးသွားပြီပဲ!

ပညာချင်းယှဉ်ရင် သူ့သမီးကသာပေမယ့် အကြောင်းအရာ ကိုရှန်လျန်က ရွေးချယ်ခွင့်ရလိုက်ရာ တစ်ပန်းသာသွားသည်ဟုဆိုရမည်။ ထို့အပြင် သူမ၏ ကိုယ့်ကိုကိုယ် ယုံကြည်ချက်ပြင်းထန်မှုကို ရိုက်ချရန် အကောင်းဆုံးအသုံးချသွားနိုင်သည်!

"ကျန်းမိန်းကလေးက ကိုယ့်ကိုကိုယ် တရားမျှတမှုရှာနေတာလား?"

ရှန်လျန်က သူမကို‌ဖြတ်ပြောခွင့်မပေး။

"ကျန်းမိန်ကလေးက လက်ရှိအခြေအနေကို ကောင်းကောင်းသိထားတာပဲ.. ကျွန်တော်က တောရွာမှာ ငါးနှစ်လောက်အချိန်ကုန်ဆုံးခဲ့ရပြီး ဘာအခြေခံ မှ မသင်ယူခဲ့ရဘူး ၊ဒါကြောင့် ကျန်းမိန်းကလေးရဲ့ ပညာကို ကျွန်တော်တစ်ကယ် မယှဉ်နိုင်ပါဘူး ဒါပေမယ့်... အဲ့လိုဆိုရင် မိန်းကလေးက ဘာလို့ ကျွန်တော်နဲ့ ယှဉ်ပြိုင်ဖို့ ခေါ်ထုတ်တာလဲ? မိန်းကလေးက အခြေခံပိုင်နိုင်ပြီး ဒီပညာမှာ ထူးချွန်တဲ့ အဆင့်ရောက်နေပြီးပြီ ..ဘာလို့ ကျွန်တော်နဲ့ ပြိုင်ချင်နေတာလဲ ... ဒီပြိုင်ပွဲကနေ အကျိုးအမြတ်ရချင်တာလား.. မင်း

မှန်းတာ မှန်ပါတယ် ပြိုင်ပွဲစည်းကမ်းအရ ကျွန်တော့်မှာ အားနည်းချက်ရှိတာတောင် ဘာမှမပြောပဲပြိုင်ခဲ့တယ်... ကျွန်တော့အတွက် အဆင်ပြေဆုံးဖြစ်မယ့်အကြောင်းအရာကိုရွေးချယ်ခဲ့တယ်... မိန်းက‌လေးက စတဲ့ဇာတ်လမ်းမှာ ကျွန်တော် ဘာတွေ လှည့်စားထားတာ ပါလို့လဲ?"

ဘာဖြစ်တယ်? ဘာအင်အားမှ မရှိတဲ့ ရှန်လျန့်ကိုဒုက္ခပေးပြီး နာမည်ကောင်းယူ ..အနိုင်လိုချင်တာတဲ့လား? ဘယ်က အလွန်အကြူး လွှမ်းမိုးတဲ့စိတ်တွေရောက်လာတာလဲ?အင်ပါယာ မင်းသမီးတောင် သူ့လို မမောက်မာခဲ့ဘူး!

"နင်.... နင်...နင်!"

ကျန်းမိန်းကလေး၏မျက်နှာက ဖြူတစ်လှည့် ပြာတစ်လှည့်ဖြစ်နေ၏။ တစ်ကိုယ်လုံးတဆတ်ဆတ်တုန်နေပြီး ကြိုးစားသမျှ ကျရှုံးနေရာ ဘာကိုမှ ဆက်မတွေးနိုင်တော့ပေ။ ကျန်းအမတ်ကြီးလည်း ကြီးစွာ အရှက်ကွဲလေ၏။

"တော်လောက်ပြီ၊ ဒီမင်းသမီးရဲ့အလှူပွဲ က ကျန်းမိန်းကလေး မောက်မာရမည့်နေရာမဟုတ်ဘူး.. အဲ့လို ဆက် ခေါင်းမာပြီး အကျိုးအကြောင်းသင့်မတွေးနိုင်ရင် မင်းတို့တစ်မိသားစုလုံးကို မောင်းထုတ်တဲ့အချိန်မှ ဒီမင်းသမီးအဆိုးမဆိုနဲ့"

သူမရဲ့အသက် အတွေ့အကြုံအရ ကျန်းမိန်းကလေးရဲ့ မူလ ရည်ရွယ်ချက်တွေကို မမြင်ပဲဘယ်နေမလဲ? ကျရှုံးရုံသာမက သူ့မျက်နှာသူ ပြန်ဖြတ်ရိုက်ခံနေရတာကို ဘယ်သူ့ အပြစ်တင်ချင်နေတာလဲ?

"မင်းသမီးကြီး ခွင့်လွှတ်ပေးပါ ၊ဒီအမှုထမ်းက ကောင်းကောင်းမဆုံးမခဲ့လို့ သူမ ခုလိုမသိတတ်နေတာပါ.. ခုချက်ချင်းပဲခေါ်ထုတ်သွားလိုက်ပါ့မယ်"

ကျန်းအမတ်ကြီးက မင်းသမီး၏စကားကြောင့်တုန်လှုပ်စွာ ရှေ့ထွက်လာပြီး ဦးညွှတ်တောင်းပန်သည်။ ထို့နောက် ချက်ချင်းနောက်လှည့်ကာ သူ့သမီးကိုရိုက်သည်။

ဖြန်း!

"အာ့..."

ကျန်းမိန်းကလေးက ရိုက်ခံရတဲ့ပါးပြင်ကို အုပ်ကိုင်လိုက်၏။ ပြင်းထန်လှသည့်အားကြောင့် မျက်နှာကချက်ချင်း ယောင်တက်လာသည်။

"အဖေ...."

ဖြန်း!

"တိရစ္ဆာန်မ၊ ငါ့နောက် မြန်မြန်လိုက်လာခဲ့စမ်း "

အရိုက်ခံရပြီးနောက် လူကြားထဲ ဆက်ပြီး မာန်မတင်းနိုင်တော့ချေ။ ပုံမှန်ဆိုလျှင် ကျန်းအဖေက သမီးအပေါ် တော်ရုံ မဆူပူတတ်၊ ယနေ့မှာတော့ ဒေါသတကြီးနှင့် အားပြင်းသည့် ရိုက်ချက်ပင် ပေးသွားခဲ့သည်။ ကျန်းမိသားစု တစ်ခုလုံးအရှက်ကွဲခဲ့ရသည်။ ဒီမှာ ဆက်နေပြီး ဆွဲထုတ်ခံရတာထက်စာရင် ကိုယ့်ခြေထောက်နဲ့ကိုယ် ထွက်သွားတာကသင့်တော်၏။ အနည်းဆုံးတော့ နောက်ဆုံးသိက္ခာလေး ထိန်းထားနိုင်သေးသည်လေ...

"ရှန်လျန်.. နင် စောင့်နေလိုက်"

ယောင်ကိုင်းနေတဲ့ပါးပြင်နှင့်မထွက်ခွာခင် ရှန်

လျန့်အား ခြိမ်းခြောက်သွားသေးသည်။ ရှန်လျန်၏ မျက်ဝန်းကအနည်းငယ်လှုပ်ရှားသွားပေမယ့် ထိုစကားကြောင့်အနှောင့်အယှက်တော့ မဖြစ်... ဒီကျန်းအိမ်က သမီးက အမှိုက်ပဲ!

ကျန်းမိသားစုများ စောစောစီးစီးထွက်ခွာပြီးနောက် မင်းသားသွမ့်ကျွမ်း က နေရထိုင်ရ ပိုသက်တောင့်သက်သာ ရှိ‌လာသည်။

ရှန်လျန်လည်း ဂုဏ်သရေရှိမိသားစု၏မျိုးဆက်သစ်လူငယ်များနှင့်ဆက်ထိုင်ကာ အခြားသူများ၏ ယှဉ်ပြိုင်ပွဲကို ဆက်အားပေးသည်။ မြှားပစ်၊ ပန်းချီဆွဲ၊ သီချင်းဆို ပွဲပင် ပါဝင်သေး၏။ ဖျော်ဖြေပွဲပင် ရံဖန်ရံခါပါဝင်လာရာ ရယ်မောသံ တသောသောက ခန်းမတစ်ခုလုံးမှ ထွက်ပေါ်လာ၏။

"အား... ဒါ ကျင်းသခင်လေးပဲ၊ ကျင်းသခင်လေး"

ကျင်းရှီယန်မှ ထရပ်လိုက်ရာ ရုတ်တရက် အံ့ဩသည့် အာမေဋိတ်သံများထွက်ကျလာသည်။

ရှန်လျန် ခေါင်းမော့ကြည့်လိုက်ရာ ပြုံးနေသည့် လူကိုတွေ့လိုက်ရသည်။ ဒီကျင်းရှီယန်က ဘာလို့ချင်ယွင်ရှန်းနဲ့အတော်တူရတာလဲ? နှစ်ယောက်လုံးက အပြုံးမျက်နှာနဲ့ စိတ်ထဲကြိတ်ကြံနေကြတဲ့သူတွေ..

"ငါပြောလိုက်မယ်..မင်းပိုပြီးတည်တည်ကြည်ကြည်နေသင့်တယ်"

ရှန်လျန့် သူ့အကြည့် ပြန်ရုတ်လိုက်သည့်အချိန်တွင် ရှန်ကျိုးရဲ့ အမူအရာကို မြင်တွေ့လိုက်ရရာ ကူကယ်ရာ မဲ့သွားရသည်။ ကျင်းရှီယန်ကို အရူးအမူးကြိတ်ကြိုက်နေတဲ့ သူရှိတာ သူဘယ်လိုမေ့သွားခဲ့ပါလိမ့်?

"အမ်? အဟွတ် ဟွတ်..ငါကဒီတိုင်း ကျင်းသခင်လေး ဒီနေ့ပိုကြည့်ကောင်းတယ်လို့ခံစားမိလို့"

သူ့ငယ်ချင်းရဲ့ ခပ်ထေ့ထေ့ အပြုံးတွေကြောင့်

ရှန်ကျိုး မျက်နှာ ရဲတွတ်သွားသည်။

"ဟုတ်ပါတယ် ဟုတ်ပါတယ် ကြည့်ကောင်းတာမှ ယောင်္ကျားလေး တောင် စိတ်ကြွလာစေတယ်"

"ဟားဟားဟား"

ရှန်လျန့်အသုံးအနှုန်းက မယဉ်ကျေးပေမယ့် အတော်လေးနီးစပ်တာမလို့ လူငယ်တိုင်း ထိန်းချုပ်မှုမရှိရယ်ကြတော့သည်။

"လျန်လျန်!"

ရှန်ကျိုး အသံတိုးတိုးနဲ့ ‌ကန့်ကွက်လာရာ ရှန်လျန့်အပြုံးက ပိုတောက်ပလာသည်။

မျက်ဝန်းထောင့်မှ ခရမ်းရောင် အရိပ်တစ်ခု ထရပ်လိုက်သည်ကိုမြင်မှ ...

"ကောင်းပြီ မင်းကိုမစတော့ဘူး၊ မင်းမိသားစုက ကျင်းသ‌ခင်လေး စင်ပေါ်ရောက်နေပြီ"

"ဘယ်လို?"

ရှန်ကျိုးဟာ ‌အကြောင်းအရာကို ချက်ချင်းမတုံ့ပြန်လိုက်နိုင်ခင် ရှန်လျန်က ယှဉ်ပြိုင်ပွဲထဲ အာရုံစိုက်သွားလေရာ ရှန်ကျိုး၏ မကျေမနပ်ဖြစ်မှုက တစ်ခန်းရပ်သွားသည်။

"ရှီယန်က ဘာပညာ ချင်းယှဉ်မှာလဲ?"

နှစ်ဦးသား မျက်နှာချင်းဆိုင်ရပ်နေကြ၏။ ကျင်းရှီယန်က လက်နောက်ပစ်ထားပြီး ပိန်ပါးသည့်ကိုယ်က သူ့ရှေ့မှလူထက် ဖြောင့်တန်း၏။ ဖေးယွမ်ရွှင်းမှာ မူ အရှိန်အဝါ တစ်မျိုးကိုထုတ်လွှတ်နေ၏။ သူ၏ဂရုမစိုက်စွာ ပျင်းရိနေသည့်ဟန်မှာ ဆွဲဆောင်မှုရှိပြီး လူငယ်များကိုမနာလိုဖြစ်စေသည်။

ထိုလူနှစ်ယောက်ရှေ့တွင် မည်သည့် မိသားစုကြီးမှ လူငယ်မဆို မယှဉ်နိုင်ကြချေ။ တော်ဝင်မျိုးနွယ်မှ လူငယ်ဆိုလျှင်တော့ အရည်အချင်းမှီကောင်းမှီနိုင်ပါသည်။

"ကျွန်တော် စောင်းတီး ပြိုင်ပါရစေ"

ကျင်းရှီယန်က အပြုံးဖျော့ဖျော့လေးဖြင့် မင်းသမီးကြီးကိုလည်းမျက်နှာသာပေးကာ ဖေးယွမ်ရွှင်းကိုရွေးချယ်လိုက်သည်။ တစ်ခြားသူနှင့်ပြိုင်ဖို့ ရွေးချယ်ရန်အလွန်ပျင်းရိနေပြီး ပတ်လည်းမပတ်သက်‌ချင်သောကြောင့်ပင်။

"ကောင်းပြီ ကျုပ် မင်းနဲ့ အတူ ကစားပေးမယ်"

ဖေးယွမ်ရွှင်းပခုံးတွန့်လိုက်၏။ သူ့အမူအရာက ကျင်းရှီယန်အပေါ် အလွန်မျက်နှာသာပေးထားသည့် ဟန်။ ဤပွဲမှာ ရှိကြသူတိုင်း သူတို့နှစ်ဦး ဆက်ဆံရေးကောင်းကြတာ မည်သူက မသိလို့လဲနော်? သူတို့ကဘာမှက်ိုထည့်မတွေးပဲ အေးဆေးပင်။

စောင်းတူရိယာက ရှေ့ပွဲမှာလည်း အသုံးပြုခဲ့သည်မို့ အစေခံများက လျင်လျင်မြန်မြန်ပင် နေရာတကျ စီစဉ်ထားရှိလာ၏။ ကျင်းရှီယန်က စဖိတ်ခေါ်လိုက်ရာ ဖေးယွမ်ရွှင်းက ယဉ်ကျေးမနေတော့ပေ။နေရာ ယူလိုက်ပြီးသည်နှင့် ကြိုးပေါ် လက်တင်လိုက်တော့သည်။ အသံတစ်သံက လူတိုင်း၏နားထဲ ပျံ့လွှင့်လာပြီး နောက်... တေးဂီတသံက စီးဆင်းနေသည့် ရေအလျင်ကဲ့သို့ တစ်ခါတစ်ရံ ကြမ်းတမ်းပြီး တစ်ခါတစ်ရံ အမျိုးသမီးကဲ့သို့နူးညံ့ညင်သာ၏။ ကြားရသူတိုင်းပြောနိုင်သည်မှာ ဖေးယွမ်ရွှင်း၏ စောင်းပညာကိုယှဉ်နိုင်သည့်သူ အနည်းငယ်သာရှိလိမ့်မည်။

ဖြောင်း!ဖြောင်း!ဖြောင်း!

နောက်ဆုံးလက်ကွက်ချလိုက်ပြီးနောက် လက်ခုပ်သံ ညံလာသည်။

ဟိန်းထွက်လာသည့်ဩဘာသံက တိတ်ဆိတ်မှုကို ဖြိုခွင်းသွားသည်။ လူအုပ်ကြီးနှင့်ရှန်လျန် ပါ ကူကယ်ရာမဲ့သွားသည်။ ဆို၊က၊ရေး၊တီး ကိုသင်ကြားခဲ့ရခြင်းမရှိသော်လည်း ရှန်လျန် အသိအမှတ်ပြုရကောင်းမှန်းသိပါသည်။ ဖေးယွမ်ရွှင်း၏ စောင်းတီးနေဟန်က အလွန်ကြည့်ကောင်းသည်။

"အမ်?"

လူတိုင်းရဲ့ချီးမွှမ်းမှုကို သိမ်းပိုက်သွားတဲ့ ဖေးယွမ်ရွှင်းက ရှန်လျန့်ဆီဦးတည်လျက် ခပ်မိုက်မိုက် ပြုံးပြသည်။ ရှန်လျန်သည် လက်ခုပ်ဆက်မတီးတော့ပဲ မျက်နှာ နည်းနည်း ပျက်သွားသည်။

'အခုပဲ ဖေးယွမ်ရွှင်းက သူ့ကိုပြုံးပြသွားတယ် ဒီနတ်ဆိုးကောင်ကတော့! မြို့တော် တစ်ခုလုံး သူတို့နှစ်ယောက်ဆက်ဆံရေးအကြောင်း ကောလဟာလပျံ့ကုန်မှာ တစ်ကယ် မစိုးရိမ်ဘူးလား?'

ထို မြင့်မြတ်သည့်အရှိန်အဝါထွက်နေသော သူကိုကြည့်ကာ ရှန်လျန်ပြောစရာစကားမဲ့နေလေ၏။ ရန်သူတွေ မရေမတွက်နိုင်အောင် များလာတော့မှာပဲ... ဟူး ကာကွယ်ဖို့ ခက်လာပြီ။

Words 2599

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment