no

Font
Theme

'ဖုယွင်ရှီးရဲ့ လျှို့ဝှက်တာဝန်'

ဖုယွင်ရှီးသာမက ဖုရင်နဲ့ ချီညီအစ်ကိုတို့ပါ စိတ်လှုပ်ရှားနေကြသည်။ ရှန်လျန်က စကားဆက်မပြောပဲ ရပ်တန့်လိုက်သဖြင့် ဖုရင်ရဲ့အခြေအနေက မကောင်းတာများလား?

"ဘာမှ မဖြစ်တော့ဘူး၊ တစ်လလောက်ပဲ နေ့တိုင်း ဆေးသောက်မပျက်စေနဲ့၊ မသောက်မိရင် ရှေ့မှာ ကြိုးစားထားသမျှသဲထဲရေသွန်ဖြစ်ကုန်မယ်၊ နောက်တစ်ချက်က အားလုံးသိတဲ့အတိုင်း ကျွန်တော့အခြေအနေက တုံးလင်အိမ်တော်က ကြာကြာတစ်ခါထွက်ရင် အဆင်ပြေပေမယ့် ၊နေ့တိုင်းအိမ်ကထွက်နေရင်ကျတော့ မြို့တော်တစ်ခုလုံး သိချင်စိတ်တွေ ဖြစ်လာလိမ့်မယ်၊ နောက်ယောင်ခံ လိုက်လာပြီး ကျွန်တော်တို့ရဲ့ ပတ်သက်မှု ကို ဖော်ထုတ်ကြလိမ့်မယ်၊ နေ့တိုင်းဒီမှာရှိနေဖို့က ကျွန်တော့အတွက် အဆင်မပြေဘူးဗျာ"

ဖုယွင်ရှီးကိုကြည့်ကာ ရှန်လျန် အကူအညီမဲ့နေသည်။ သူတို့အခြေအနေက အတော်လေး ကသိကအောက်နိုင်လေသည်။ ရှန်လျန်က ကောတစ်ယောက်ဖြစ်ပြီး ဒီကိုနေ့တိုင်း ပြေးလာနေပါက သူ့ဂုဏ်သတင်းကဆိုးရွားသွားလိမ့်မည်။ ပြန်လည်မွေးဖွားလာပြီးနောက် ကိုယ့်ကိုယ် ဘာဖြစ်ဖြစ် ဂရုမစိုက်ပါ၊သို့ပေမယ့် သူ့အစ်ကိုနဲ့ ဝေမိသားစုရဲ့ဂုဏ်သတင်း ကရှိသေးသည်။သူသည် မိသားစုအတွက်ဆိုလျှင် ရဲရင့်ပြီး တစ်ကိုယ်ကောင်းလည်း ဆန်သည်။

"..........."

ဒီကိစ္စက အတော်လေး ကြီးတဲ့ပြဿနာပင်။ အခန်းထဲမှ လူတိုင်း တိတ်ဆိတ်နေကြချိန် ဖုရင် မှ ထပြောသည်။

"ဦးလေး ကြားမိတာ ရှေ့တစ်လောတုန်းက သခင်လေးရှန် အပြင်ထွက်တုန်း အိမ်ဝန်းဖျက်စီးခံလိုက်ရတယ်ဆို"

ကျောက်လန်နဲ့ လုယန်တို့ ပူးပေါင်းပြီး လျိုရှုဟန်မှာ မူလဇနီးကြီး၏သား ကို မနာလိုကာ သည်းခံနိုင်စွမ်းမရှိသည့်အကြောင်းအား မြို့တော်တစ်ခွင်သတင်း ပျံ့နှံ့စေသည်။

"ဪ ကျွန်တော့မိထွေးရဲ့ သမီးကိစ္စက အားလုံးပြီးသွားပါပြီ"

ရှန်လျန် မငြင်းပေမယ့် ချီညီအစ်ကိုလောက်တော့ ယုံကြည်မှုမထားသေးပေ။ ကိုယ့်ဘက်လူ ဖြစ်နေသည်ကြောင့် တစ်ဝက်တော့ယုံကြည်သည်။

"သခင်လေးရဲ့ ခြံဝန်းမှာ အိမ်တော်ထိန်း ရှိပြီးပြီလား?

"ဘယ်လို?"

ရှန်လျန် ခေါင်းရှုပ်နေသဖြင့် ဖုရင်က ရှင်းပြသည်။

"ဦး လေးကို အထင်မလွှဲပါနဲ့၊ ဒီလိုပါ.ဦးလေးငယ်တုန်းက မိသားစုကြီးတစ်ခုမှာ အလုပ်လုပ်ဖူးတယ်၊ တစ်ကယ်လို့ သခင်လေးရဲ့ခြံဝန်းမှာ လူလိုရင် ယာယီလုပ်ပေးလို့ရပါတယ်၊ အနာဂါတ်မှာ ပိုတော်တဲ့သူရှာတွေ့ရင် ဦးလေး ဖယ်ပေးပါ့မယ်၊ အဲ့လိုဆို ဦးလေးကို ကုသဖို့ သခင်လေးနေ့တိုင်းဒီအိမ်ကိုလာစရာမလိုတော့ဘူးပေါ့"

ဖုရင်ကလည်း ကော ဖြစ်တာမို့ တစ်ခြားအကြောင်းအရာတွေအတွက် စိုးရိမ်နေရန်မလိုတော့ပြီ။

"အဖေ!"

ဖုယွင်ရှီး ဒီအကြံကို ငြင်းပယ်ချင်သည်။ သူ့အသက်ကဒီလောက်ကြီးနေပြီ၊ အဖေ့ကိုအလုပ်လုပ်ခိုင်းလို့ဘယ်ဖြစ်မလဲ၊ ဒါပေမယ့်သူ့အဖေရဲ့ ကျန်းမာရေးနဲ့ ခုဖြစ်နေတဲ့ပြဿနာတွေအကြောင်း တွေးမိပြီး ဘာပြောရမှန်းမသိတော့ချေ။

"ယွင်ရှီး..အဖေ မအိုသေးပါဘူး၊ မလှုပ်ရှားပဲနေတာကြာရင် ပိုချူချာလာလိမ့်မယ်"

သူ့သား စိုးရိမ်နေတာသိပေမယ့် သူတို့မှာ တစ်ခြားနည်းလမ်း မရှိတော့ပေ။ ပိုအရေးကြီးသည်က ရှန်လျန်အတွက် သူတစ်ခုခုတော့ပြန်ပေးဆပ်ချင်သည် ။

"အဲ့တာဆို ကျွန်တော့အိမ်ကိုစောင့်ရှောက်ဖို့ ဦးလေးဖုကို ဒုက္ခပေးရတော့မှာပဲ"

ဒီအကြံက အကောင်းဆုံးနည်းလမ်းဖြစ်တာကြောင့် ရှန်လျန်သဘော တူလိုက်တယ် ။

"ကိစ္စကြီးမှ မဟုတ်ပဲကွယ်၊ သခင်လေးကြောင့်သာ မဟုတ်ရင် ဒီနှစ်မှာ တင် ဦးလေး ဆုံးပါးသွားနိုင်တယ်"

"ဦးလေးဖု အဲ့လို မပြောပါနဲ့ ၊ဦးလေးရဲ့ကံက ကောင်းလို့ပါ၊ ကဲ ဒါဆို စမ်းသပ်ကြည့်ရအောင်"

သူစကားလမ်းကြောင်း ကို အေးအေးဆေးဆေး လွှဲလိုက်သည် ။ဆေးစာရေးပြီးနောက် ချီရွှမ်း ကိုတာဝန်ယူစေကာ ရှန်လျန်နှင့်ဖုရင် က အခန်းထဲ ဝင်လိုက်ကြသည်။ ဧည့်ခန်းတွင် ချီယွဲ့နှင့်ဖုယွင်ရှီးသာ ကျန်ခဲ့သည်။

"ဦးလေးဖုက ရိုးရှင်းတဲ့သူ မဟုတ်ဘူးပဲ..."

ကုတင်ပေါ်လဲလျောင်းနေတဲ့ ဖုရင်ရဲ့ ကိုယ်ခန္ဓာ အပေါ်ပိုင်းက ဆေးအပ်တွေနှင့် ထိုးစိုက်ခံထားရသည်။ ရှန်လျန်ရဲ့ ရုတ်တရက်ဆန်ဆန်စကားက သူ့ကို အံ့ဩသွားစေကာ တစ်ခဏ အကြာမှ ခါးသီးစွာဖြင့် ပြောလိုက်သည်။

"သခင်လေး ဘယ်လိုလုပ်သိသွားတာလဲ?"

ဆယ်နှစ်လုံးလုံး ကောင်းကောင်း ဖုံးကွယ်ထားပေမယ့် ရှန်လျန်နား အမိခံလိုက်ရတယ်။

"သွေးကြောတွေကိုစမ်းသပ်ကြည့်ရုံနဲ့ အရင်က ကလေးမရနိုင်တဲ့ဆေး သောက်ဖူးထားမှန်းသိတယ် ၊ဦးလေးဖု နောက်ဘယ်တော့မှ ကလေးမရနိုင်တော့ဘူး၊ ဆန္ဒရှိလို့သောက်တာတော့ မဖြစ်နိုင်ဘူး၊ တစ်ယောက်ယောက်က အတင်းဖိအားပေးသောက်ခိုင်းတာ ပဲဖြစ်ရမယ်၊ သာမာန်လူတွေက အဲ့လောက်မရက်စက်ကြဘူး၊ ခုလိုလုပ်ရပ်တွေလုပ်နိုင်တာဆိုလို့ အာဏာရှိတဲ့ သူတွေ ၊ အသိုင်းဝိုင်းကြီးတွေပဲရှိတယ်"

ဒီနည်းလမ်းနဲ့ဖြေရှင်းတာမျိုးကို သူ့အရင်ဘဝက အများကြီးကြုံခဲ့ဖူးပြီးပြီဖြစ်သည်။

"သခင်လေးက တစ်ကယ်ကောင်းတဲ့သူပါ၊ ဒါပေမယ့် ဦးလေးက ဘယ်အိမ်ကလဲဆိုတာ မပြောနိုင်တာတော့ ခွင့်လွှတ်ပါ၊ သခင်လေး စိတ်ချချထားပါ ဦးလေးအဲ့လိုလူတွေနဲ့လုံးဝ အဆက်အသွယ်လုံးဝမလုပ်ဘူး၊မပတ်သက်ဘူး၊ ဖြစ်နိုင်ရင် ဒီကိစ္စကို ဖုယွင်ရှီးဆီ မပြောပြပါနဲ့နော်၊ သားက ဒီအကြောင်းဘာမှ သိတာမဟုတ်တော့ သူ့အဖေက ဘယ်သူဆိုတာ မပြောပြချင်ဘူး"

တစ်ဖက်သို့ ငေးကာ ခံစားချက်ဖြင့်ပြောသည်။

ဤသို့သောကိစ္စက အမှန်တကယ်ရှက်စရာကောင်းပြီး အမျိုးသမီးနှင့်ကောတွေအတွက် ရင်နာစရာပင်။ ရှန်လျန်လည်း သဘောပေါက်သည်။

"ကောင်းပါပြီ၊ ဦးလေးရဲ့ နောက်ကြောင်းက တစ်နေ့မှာ ကျွန်တော့အတွက် အတားအဆီးဖြစ်လာခဲ့မယ်ဆိုရင်အဲ့ဒီအချိန် ကျွန်တော့ကို ပွင့်ပွင့်လင်းလင်းထုတ်ပြောပြရမယ်။ အနာဂါတ်မှာ ဉီးလေးဖုနဲ့ ကျွန်တော် ပြဿနာ မဖြစ်ချင်ဘူး"

ဖုရင်ရဲ့ အတိတ်ကိုသူ စိတ်မဝင်စားပေမယ့် သူ့အပေါ်ပြဿနာတက်လာနိုင်တာမျိုးရှိရင် ထုတ်ပြောဖို့ ကြိုတောင်းဆိုထားလိုက်တယ်။

"ကောင်းပါပြီ ကျေးဇူးပါ သခင်လေး"

မျက်ရည်ဝဲဝဲနှင့် ဖုရင် ခေါင်းငြိမ့်သည်။ခေါင်းအုံးထဲ မျက်နှာ နစ်ဝင်ကာ မျက်ဝန်းထဲမှ နာကျင်မှုကိုဖုံးကွယ်လိုက်သည်။

စိတ်တည်ငြိမ်ဖို့လိုအပ်နေသည်ကိုသိသည်ကြောင့် ရှန်လျန် တိတ်တဆိတ်သာ နေပေးလိုက်သည်။

ထိုတခဏ တစ်ခန်းလုံး တိတ်ဆိတ်နေတော့သည်။ အပ်ချောင်းတွေ ပြန်ဆွဲထုတ်ပြီးနောက်တွင်လည်း အိပ်ယာပေါ်ဆက်လှဲနေဖို့ ရှန်လျန်ပြောလိုက်ပြီး တစ်ခဏလောက်အနားယူကာ အခန်းပြင်ထွက်ခဲ့သည်။

ဖုယွင်ရှီးနှင့်သူက မျက်နှာချင်းဆိုင်ထိုင်နေကြပြီးအရင်တစ်ပတ်ထက်စာရင် သူတို့ကြားပိုမိုရင်းနှီးလာသည်။

"ယွဲ့ကော.. ရွှမ်းကောကို ဆေးကြိုဖို့ သွားကူလိုက်ပါလား"

"ကောင်းပါပြီ"

ညီအစ်ကိုနှစ်ယောက် သား မီးဖိုဆောင်ထဲဝင်သွားကြသည်။

"ပြောစရာရှိလား?"

ရေနွေးကြမ်းကို အာစွတ်ရုံသောက်ရင်း ရှန်လျန် သူ့ရှေ့ကသူကိုကြည့်ကာ အပြုံးလေးဖြင့် မေးလိုက်သည်။ ဖုယွင်ရှီးကြောင်ငေးနေရာမှ သေချာစဉ်းစားရင်းပြောသည်။

"အဖေက သခင်လေးကို သဘောကျတယ်"

"ဒါပဲလား?"

ရှန်လျန်မျက်ခုံးပင့်မိသွားသည်။ ဖုယွင်ရှီးသဘောမတူလောက်ဘူးဟုထင်ထားတာ၊ အဖေထက် သားက စိတ်ဓာတ်ပိုမာနေတယ်ပဲ.....။

"အဖေက ကျွန်တော့ထက် ခေါင်းမာတယ် ၊ပုံစံက ပြောရလွယ်တယ်လို့ ထင်ရပေမယ့် တစ်ကယ်တမ်း သူဆုံးဖြတ်ထားပြီးရင် ဘယ်သူမှတားမရဘူး၊ ဒီနည်းလမ်းကလည်း ပြဿနာကို တစ်ကယ်

ပြေလည်စေတာမို့ ကျွန်တော် သဘောတူပါတယ်၊ တစ်ခြားအကြံလည်း ထွက်မလာဘူးလေ ၊တစ်ဖက်ကကြည့်ရင်လည်း သခင်လေးက နေ့တိုင်း အိမ်ပြင်ထွက်နေရင် ပြဿနာ တက်လာမှာ စိုးရတယ်"

ဖုယွင်ရှီး ကသူတို့ချင်းပတ်သက်မှုကြောင့် သူ့ရဲ့ သတိထားနေတဲ့စိတ်ကို အဆုံးမှာ လျှော့ချလိုက်တော့သည်။

"ခများအတွက်တော့ စိတ်မပူပါနဲ့၊ ပြဿနာရှာတဲ့သူရဲ့ နောက်ကွယ်က ကြိုးကိုင်သူကိုရှာပြီး အခွင့်အရေးရတာနဲ့ အားလုံးကို ကျွန်တော်ဆွဲချပစ်မယ်"

သူ့မျက်ဝန်းထဲ အလင်းရောင်တစ်ချက်ဖြတ်ပြေးသွားပြီးနောက် လျှပ်တပြက် ပျောက်ကွယ်သွားသည်။ ရှန်လျန်ပြုံးပြီး ဆက်ပြောသည်။

"ဦးလေးဖု က တုံးလင်အိမ်တော်ကိုလိုက်လာမှာဆိုတော့ ကျွန်တော်သေချာပေါက် ကာကွယ်ပေးမှာပါ၊ သူ့ကို စိတ်မပူပါနဲ့"

"ကျေးဇူးပါ၊ ကျွန်တော်ကရော ဘာပြန်လုပ်ပေးရမလဲ?"

"လောလောဆယ်တော့မလိုသေးဘူး၊ အိမ်မှာပဲ နေရင်း လေ့လာစရာရှိတာ လေ့လာပေါ့၊ မကြာခင် ခများစွပ်စွဲခံရတဲ့ကိစ္စကို ဖော်‌ထုတ်ပေးမယ်၊ အဲ့ဒီအချိန်ကျရင် ချင်ယွင်ရှန်းက သူ့လူဖြစ်ဖို့လာကမ်းလှမ်းမှာ ၊ချက်ချင်းမငြင်းလိုက်နဲ့၊သူ့ယုံကြည်မှုရအောင်လုပ်ပါ"

ရှန်လျန် အပြုံးရေးရေးလေးနှင့် တီးတိုးပြောသည်။

အစက ဖုယွင်ရှီးကို မြို့တော်တရားရုံးထဲ မှာ နေစေပြီးသူ့အတွက် လျှို့ဝှက်အလုပ်လုပ်စေချင်သည်။ သို့သော် ပြန်လည်မွေးဖွားလာပြီးနောက်မှာ သူ့စိတ်တွေ ပြောင်းလဲသွားပြီး တစ်ချို့အဖြစ်အပျက်တွေလည်းအရင်ဘဝနဲ့ မတူ ပြောင်းလဲသွားသည်။

အများကြီးကိုအာရုံစိုက်နေမယ့်အစား ရန်သူရဲ့ အိမ်တိုင်ကိုတိုက်ရိုက် ဖြိုချတာက ပိုကောင်းသည်။ သူလျှိုထည့်ဖို့အသင့်တော်ဆုံးလူမှာ ဖုယွင်ရှီးသာ ဖြစ်လေသည်။

"ဟူး...."

သူပြောတာကြားပြီးနောက် ဖုယွင်ရှီး မှာ တစ်ခဏ တိတ်ဆိတ်သွားပြီး ...မေးလိုက်သည်။

"မင်းသား လေးနဲ့ သခင်လေးတို့ကရန်သူတွေလား?"

မဟုတ်ရင် ရှန်လျန်က မင်းသား လေး ကိုပဲ ပစ်မှတ်ထားပါ့မလား?အရင်တစ်ခါကလည်း ဤမေးခွန်းကိုပဲ သူမေးခဲ့ဖူးသည်။

"ဒီတိုင်း မုန်းရတဲ့အကြောင်းလေးတွေရှိလို့ပါ"

ရှန်လျန်က မငြင်းသလို ‌ရှင်းလည်းမပြချေ။

"ကျွန်တော်နားလည်ပါပြီ၊ ဒီလိုလုပ်မလား၊ နောက်ကို ဒီအိမ်ကို မလာပဲ တစ်ခြားနေရာမှာ တွေ့ကြရအောင်"

အသေးစိတ်ကို ဖုယွင်ရှီး မမေးတော့ပေ။

"ကောင်းသားပဲ တွေ့မယ့်နေရာကို တစ်ယောက်ယောက်နဲ့ သတင်းပို့ခိုင်းလိုက်မယ်"

ရှန်လျန် အနည်းငယ် အံ့အားသင့်မိသည်။ ဒီပုံစံအတိုင်းဆို သူ့ဘက်လူ အဖြစ် တရားဝင် သတ်မှတ်ခံလိုက်သည့်ပုံပင်။

"အဲ့တာဆို.... သခင်လေး....လည်း.....ပိုဂရုစိုက်ပါ"

ကိစ္စ‌တွေပြီးသွားတော့ ဖုယွင်ရှီး ဘာဆက်ပြောရမှန်းမသိတော့ပေ။ ရှန်လျန် က အပြုံးလေးဖြင့်ထရပ်လိုက်သည်။

"ဆေးကြိုတာ ရ‌လောက်ပြီ ၊ ခဏနေ ဦးလေးဖုကို တိုက်‌လိုက်ဦီး၊ ကျွန်တော်က သွားစရာလေးရှိသေးလို့ နောက်မှပဲ ဦးလေးဖုကို တုံးလင်အိမ်လိုက်ဖို့ လာခေါ်မယ် ၊ ဖုယွင်ရှီး .. နောက်ပိုင်း ငါတို့ချင်း ကြုံဆုံခဲ့ရင် သူစိမ်းတွေဆိုတာ သိထားပေးပါ"

"‌စိတ်ချပါ"

ထွေထွေထူးထူးပြောမနေတော့ပဲ ခေါင်းငြိမ့်လက်ခံရင်း အိမ်ပြင်သို့လိုက်ပို့ပေးသည်။ မိုးရေထဲ ဖြတ်လျှောက်ရင်း တဖြည်းဖြည်းဝေးကွာသွားတဲ့ လူသုံးဦးကိုငေးကြည့်ကာ သူသိလိုက်ရသည်က သူ့ရည်မှန်းချက်တွေ ဆုံးရှုံးရမယ်ဆိုလဲ ဂရုမစိုက်တော့ပေ။ အာဏာ ရဖို့အတွက် ပန်းတိုင်တွေလည်း သူ ..လစ်လျူရှုနိုင်သည်။

"လျန်လျန် .. ဦးလေးဖုက ယုံကြည်လို့ရပါ့မလား?"

ရထားလုံးဆီ ပြန်ရောက်တော့ ချီယွဲ့က စိုးရိမ်တကြီးမေးလာသည်။ လက်ရှိ မှာ အကြောက်ရဆုံး အရာကိုပြောပါဆိုလျှင် လူသား ပဲ ဖြစ်လိမ့်မည်။

ရှန်လျန် ယုံကြည်ချက်အပြည့်ရှိသည်။ အရင်ဘဝမှာ ဖုယွင်ရှီးနဲ့ မပတ်သက်ခဲ့ရပေမယ့် ထိုသူအကြောင်း အတော်လေးသိသည်။ လူချင်းတွေ့လိုက်ရတော့ ပိုသေချာသွားသည်။

"အဆင်ပြေပါတယ်"

ရှန်လျန်က လက်ကောက်ဝတ်ရှိနဂါးကိုးကောင် လက်‌ပတ်ကိုပွတ်သပ်ရင်း ပြုံးသည်။

"ယွဲ့ကော ၊ ဦးလေးဖုက အားကိုးရတဲ့ အိမ်တော်ထိန်းဖြစ်လာမှာ၊ အနာဂါတ်မှာ သူ့ဆီက ပညာယူ၊ လျိုရှုဟန်နဲ့ အိမ်တော်က တစ်ခြားသူတွေဆီကလည်း သင်ခန်းစာယူပေါ့၊ ပြီးတော့....ဟင်?"

ရှန်လျန် စကားမဆုံးခင် ရထားလုံးက ဆောင့်ရပ်သွားသဖြင့် ချီယွဲ့နှင့်တိုက်မိလု နီးပါး၊ ရုတ်တရက်ချီရွှမ်း ၏ အော်ပြောသံကိုကြားလိုက်ရသည်။

"ခများတို့ ဒါ ဘာလုပ်တာလဲ?"

"ထိုက်ရှီအိမ်တော်က ရတနာ အခိုးခံလိုက်ရတာကြောင့် မြို့အဝင်အထွက် ယာဉ်မှန်သမျှ စစ်ဆေးခံရမယ်၊ အားလုံးဆင်းခဲ့"

ရထားလုံးအပြင်ဘက်တွင် စစ်သည်တစ်ချို့ ရပ်နေကြပြီး ထိုထဲမှ တစ်ယောက်က ချီရွှမ်းအားပြောသည်။

"အတင့်ရဲလိုက်တာ ! ဒါ တုံးလင်အိမ်တော်က ရထားလုံးဆိုတာ မမြင်ဘူးလား"

ချီရွှမ်း ကျယ်လောင်စွာပြောလိုက်တယ် ။ ဘာလို့ဆို သူတို့က မြို့ပြင်ထွက်တဲ့လမ်းပေါ်ရောက်နေပေမယ့် မြို့အဝင်နဲ့ မြို့ထွက်ပေါက် ကြားမှာသာ တည်ရှိနေတာ ။ မြို့စွန်နဲ့ အလှမ်းဝေးလေသည်။ ရုတ်တရက် ဒီလူတွေက ဘာကြောင့် လာစစ်ဆေးရမှာလဲ? သူတို့ကို တုံးအ တယ်လို့ ထင်နေကြတာလား?

Words 2295

🍇 Grape

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment