no

Font
Theme

'Chapter.23

Rebirth of poisonous male empress

အရိပ်ကိုယ်ရံ‌တော် တပ်ဖွဲ့ ပြန်လည် ပေါ်ထွက်လာပြီဆိုတော့ သေခြင်းတရားနဲ့ ဝေးကွာသွားပြီ '

ရှန်လျန်စိုးရိမ်တာ အဓိပ္ပာယ်မရှိတာတော့မဟုတ်!

တုံးလင်အိမ်တော်မှစထွက်လာတော့ လူတစ်အုပ်စုသူတို့နောက်လာခဲ့တယ် ။

ဒါပေမယ့် ရှန်လျန်တို့ လျိုဖန်အဆောက်အဦးက ပြန်ထွက်လာတော့ ဖေးယွမ်ရွှင်းရဲ့လူတွေပဲရှိတော့တာတွေ့ရတယ်၊ ဖေးယွမ်ရွှင်းလူတွေက လမ်းရှင်းပေးလိုက်ပုံပဲ။

ရှန်လျန်တို့အတွက် က လူပြောင်းသွားတာပဲအဖတ်တင်တယ်၊ နောက်ကလိုက်တဲ့သူ ရှိနေဆဲပဲ၊ သူတို့ မထင်ထားတဲ့အချက်က စားတော်ဆက်မှာ ရှန်လျန်ရဲ့ခြေရာကိုမကောက်နိုင်တော့တာပဲ..... သူတို့သတိထားမိတဲ့အချိန် ရှန်လျန်က Tyson မှထွက်သွားနှင့်ပြီ....။

ဒီနိုင်ငံရဲ့မြို့တော်သည် မြို့တွင်းနှင့်မြို့ပြင်နယ်မြေဆိုပြီး နှစ်ပိုင်းပိုင်းခြားထားကာ မြို့တွင်းက လူပိုစည်ကားပြီး လူကုန်ထံပိုများသည်။ မြို့ပြင်နယ်မြေက သာမာန်လူတန်းစားပိုများသော်လည်း မည်သို့ပင်ဆိုစေ နိုင်ငံရဲ့မြို့တော်ဖြစ်တာမို့ နုံချာမနေပါ၊နယ်မြေနှစ်ခုယှဉ်လိုက်ရင်တော့ မြို့ပြင်က အခြေအနေ အနည်းငယ် ဆိုးရွားသည်။

Tysonစားတော်ဆက်က မြို့တွင်းနဲ့ မြို့ပြင် နယ်မြေနှစ်ခုစပ်ကြားမှာတည်ရှိသည်။

ရှန်လျန်က အဆောက်အဦးမှ ထွက်ထွက်လာချင်း လမ်းပေါ်က အခြားသူများနှင့်ရောနှောကာ မြို့ပြင်သို့ တန်းတန်းမတ်မတ် ထွက်လာခဲ့သည်။ သူ့ပုံစံက ထင်ပေါ်မနေတာမို့ မြို့တွင်းမှာ နေသူမှန်းမည်သူမှ သတိမထားမိကြချေ။

မြို့ပြင်မှာ နေထိုင်တဲ့သူတွေ အနေနဲ့လည်း အစား‌အသောက်၊အဝတ်အထည်ပိုင်းပြတ်လပ်နေခြင်းမျိုးမရှိပေ။

"လောင်ဝမ်ရဲ့စီးပွားရေးက မဆိုးဘူးပဲ၊ ဒီနေ့အားလုံးရောင်းကုန်ပြီပေါ့?"

"ဘယ်ကလာ ကုန်ရမှာလဲ၊ ဝက်သားတစ်ခြမ်းကျန်သေးတယ် အပြင်ယူထုတ်မလာရသေးတာ၊ ခများရော ဒီနေ့ ဘာယူမလဲ"

"ဝယ်ချင်တာပေါ့ဗျာ၊ ငွေက မရှိတာ ခက်တယ်"

"ဒီနှစ်ကလဲ မိုးများ‌တော့ ...ကျွန်တော်ကြားမိတာ လယ်ခင်းတွေ ရေကျော်ကုန်တယ်ဆို? ဆန်ဈေးကတော့ တက်ပြီးရင်း တက်တော့မှာ ပဲဗျို့! ထပ်တက်ရင် ကျုပ်တို့၊ ခများတို့ ဝယ်ဖို့မတတ်နိုင်တော့ဘူးဗျာ"

မြို့ပြင်က လမ်းမကြီးရဲ့အရှေ့ဘက်ခြမ်းရှိ ဝက်သားဆိုင်တစ်ဆိုင်မှာ လူသုံးယောက်ခန့် ဝိုင်းအုံနေကြသည်။

ဆိုင်ပိုင်ရှင်မှာ အသက် သုံးဆယ်၊ လေးဆယ်ခန့်ရှိပြီး ကျန်းမာသန်စွမ်းကာ ဖော်ရွေပုံရသည်။ ထိုဆိုင်၏ မျက်စောင်းထိုးလမ်းထောင့်တွင် ရှန်လျန် သည် စိတ်လှုပ်ရှားမှုအလုံးစုံ မျက်ဝန်းတွင် ထင်ဟပ်လျက် ရပ်ကြည့်နေမိသည်။

'သူ...ဦးလေးဝမ်နဲ့ မတွေ့ရတာ တစ်ကမ္ဘာလောက် ကြာခဲ့ပြီ! '

"ဆိုင်ရှင်...ကျွန်တော် အသားနှစ်ပေါင် ဝယ်ချင်ပါတယ်"

ဝိုင်းအုံနေတဲ့လူစုကျဲသွားတဲ့အခါ သူ့ခံစားချက်တွေကို ရင်ထဲ ပြန်မျိုသိပ်ပြီး ရှန်လျန် ရှေ့ဆက်လျှောက်လာတယ်။

လောင်ဝမ် ပြုံးဖြီးသွားပြီးနောက်

"အသားနှစ်ပေါင်လား? ရမယ်နော် ခဏလေးစောင့်ပေးပါ"

ပြောပြီးပြီချင်း အနောက်ခန်းထဲသို့ ခပ်သွက်သွက်ဝင်သွားလိုက်တယ်၊ တခဏအကြာ ဝက်ကောင် တစ်ပိုင်း ဆွဲကိုင်ပြီးပြန်ရောက်လာတယ်၊ ဝက်ရဲ့ ခြေ၊လက်တွေ ကိုဖြတ်တောက်ပြီး ကြီးမားတဲ့ အသားပိုင်းကိုချိန်တွယ်ပြီးပေးလာတယ်။

"အသားနှစ်ပေါင်ရပါပြီ၊ ငွေ20ကျပါတယ်"

"ဟုတ်ပြီ"

အသားပိုင်းကို ရှန်လျန်လှမ်း မယူပဲ ၊ထိုအစား တစ်စုံတစ်ရာကိုထုတ်ပြီးပေးလိုက်ရာ ..လောင်ဝမ့်မျက်ဝန်းများတောက်ပသွားကာ ပိုပိုပြုံးလာတယ်။

"ဧည့်သည်ပေးတဲ့ ငွေက အရမ်းများတာမို့၊ စိတ်မရှိရင် အိမ်ထဲဝင် လဖက်ရည်သောက်ပါဦးလား၊ ငွေ အအမ်း ရှာ ပေးပါ့မယ်"

"ကောင်းပြီလေ"

အရင်ဘဝကလည်း အခုလို သူနဲ့တူတူ အခန်းထဲ လိုက်ဝင်ရတာပါပဲ၊ နှစ်ဘဝ မှာ မတူညီတဲ့အချက်က အဲ့တုန်းက လောင်ဝမ်ရဲ့ အကူအညီမဲ့နေတဲ့ မျက်နှာထားပဲဖြစ်တယ်။

တစ်ကယ်ဆို သူဒီကို အမိန့်ပြားတံဆိပ်ယူပြီး ထပ်မလာခဲ့သင့်ဘူး၊ ဒီလောက ကနေ သူတို့တွေကို ငြိမ်းငြိမ်းချမ်းချမ်း တိမ်မြှုပ်သွားစေရင် ပိုမကောင်းဘူးလားလေ၊ သူရုတ်တရက်နောင်တ ရမိသွားသည်။

အရင်အချိန်က ဝေမိသားစု အကျပ်အတည်းဖြစ်နေချိန်မှာ တံဆိပ်ပြားက ဘယ်မှာ ရှိမှန်းလဲ မသိကြသလို လျို့ဝှက်သေတ္တာကို မည်သူမှလည်းမဖွင့်နိုင်ခဲ့ကြပေ။

"ဝမ်ချင်ဖုန်း..သခင့် ကို အရိုအသေပြုပါတယ်"

လက်ထဲမှာ တံဆိပ်ပြားခြမ်းနှစ်ပိုင်းကို ကိုင်ထားလျက် အနောက်ခန်းသို့ရောက်ရောက်ချင်း လောင်ဝမ် ဒူးထောက်ချလိုက်တယ်။

"ဦးလေးဝမ် ..ထပါ"

ဒီအခြေအနေကြောင့် ရှန်လျန် အမြန်လက်ဆန့်ကမ်းပေးမိ၏။

"ဦးလေးဝမ် အရမ်းနှိမ့်ချဖို့မလိုပါဘူး၊ ကျွန်တော်က တံဆိပ်ပြားနဲ့လာခဲ့ပေမယ့် ဦးလေးတို့ကို နှောင့်ယှက်ဖို့ မဟုတ်ပါဘူး၊ ဒါပေမယ့် အခု ကျွန်တော် နည်းနည်း အခက်ခဲ ဖြစ်နေလို့ ၊ချမ်းသာတဲ့ အထက်ပိုင်းက ဝံပုလွေ၊ကျားနဲ့ကျားသစ်တွေရဲ့ သတင်းအချက်အလက်ကိုရဖို့ မလွယ်လို့ပါ၊ ဒါကြောင့် ဦးလေးဝမ်တို့ ခေါင်းဆောင်နဲ့ တွေ့ချင်တာပါ"

ချီယွဲ့၊ချီရွှမ်းတို့အပေါ် သူယုံကြည်သလို အရိပ်တပ်ဖွဲ့နဲ့သာဆို ‌အားလုံး‌ဖြေရှင်းနိုင်မယ်လို့ သူယုံတယ်။

"သခင်က နှိမ့်ချနေပြန်ပြီ၊ တံဆိပ်ပြားရှိတာဟာ အရိပ်တပ်ဖွဲ့ရဲ့ သခင်လို့ဆိုလိုတာပါပဲ၊ နှစ်တစ်ရာလောက်ကြာသွားလဲ တံဆိပ်ပြားကို ကျွန်တော်တို့ ဘယ်တော့မှ မမေ့ရဲခဲ့ကြပါဘူး"

ရှန်လျန့်ရဲ့ ရင်းနှီးတတ်ပြီး ယဉ်ကျေးတဲ့အမူအရာက ဝမ်ချင်ဖုန်းရဲ့ ရင်ကို လှုပ်ခတ်သွားစေခဲ့တယ်။ သို့သော်လည်း သခင်နဲ့အစေအပါးရဲ့ အကွာအဝေးကိုတော့ သူဆက်ထိန်းထားပြီး အနည်းငယ်သော်မျှ မလေးမစားမပြုချေ။

"ဦးလေးဝမ် အရမ်းကြိုးစားပေးခဲ့ပါတယ်"

နှစ်တွေကြာသွားတာတောင် သခင်အပေါ် သစ္စာတရားကြီးမားဆဲမို့ ဝေမိသားစုရဲ့ အရှိန်အဝါ ၊အာဏာစက်ကို ရှန်လျန် ဩချ လေးစားမိပါတယ်။

"သခင် ခဏလေးစောင့်ပေးပါ၊ ကျွန်တော် ဒုခေါင်းဆောင်ကို သတင်းသွားပို့လိုက်ပါ့မယ်"

လဖက်ရည်ပြင်ဆင်ပေးပြီးစောင့်စေကာ ဝမ်ချင်ဖုန်း အပြင်ထွက်သွားသည်။ နာရီဝက်အကြာတွင် အသက်နှစ်ဆယ်ဝန်းကျင် ရုပ်ဖြောင့်သော လူငါးဦးနှင့်အတူ ပြန်ရောက်လာသည်။

(TN.ရုပ်ဖြောင့်တာက ထည့်စရာလိုလို့လားနော်၊ ဘာပဲဖြစ်ဖြစ် တပ်သားက အချောလေးတွေဆိုတော့ ဝိုက်လို့ရပြီပေါ့)

အားလုံးက ပုံမှန်ကိုမှ အလွန်ပုံမှန်ဆန်စွာ ဝတ်ဆင်ထားကြပြီး သူတို့ကိုယ်သူတို့ ကန်ထဲမှ အလှပစ္စည်းလေးများမဟုတ်သည်ကို ကောင်းကောင်းနားလည်ထားကြသည်။

ထိုသူတွေနှင့်ရှန်လျန် မစိမ်းသက်နေပါ။ ဒါပေမယ့် မှတ်မိနေဟန်တော့ ပြ၍ မရချေ။

"အရိပ်ကိုယ်ရံတော်အဖွဲ့ ဒုခေါင်းဆောင် လေ့ကျန်း ..သခင့်ကိုအရိုအသေပြုပါတယ်"

ဦးဆောင်လာသူ လူရွယ်မှ ဒူးထောက်လိုက်သည်နှင့် နောက်မှ လူရွယ်လေးဦးပါ ဒူးထောက် အရိုအသေပြုကြရာ ရှန်လျန်က သူ၏ လက်ချောင်းများ တုန်ရီလာသည်ကို ထိန်းရန် လဖက်ရည်ခွက် အား ကောက်ကိုင်ရသည်အထိ။

လေ့ကျန်း၊ ရှောင်ယွီ၊ကျန်းဟန်တန်၊ရန်ဖုန်းနဲ့ယွမ်ရှောင်းဟာ အရင်တစ်ဘဝလုံး သူ့နောက်လိုက်ပြီးအကောင်းဆုံး ကာကွယ်ပေးခဲ့ကြသူတွေပါ။ ဒီတပ်ဖွဲ့ကိုဖျက်သိမ်းခဲ့တာတောင် သူ့နားကထွက်သွားဖို့ ငြင်းဆန်ကြသူတွေ ဖြစ်တယ်။ နောက်ဆုံး ရွှေနန်းတော် အတွင်းခန်းမထဲမှာ သူ့ရဲ့ အဆိပ်ကို မှားယွင်းအသုံးပြုမှုကြောင့် အားလုံးသေဆုံးသွားခဲ့ရတယ်။

ထိုနေ့က သောင်းချီတဲ့ ယွီလင် စစ်တပ်ရဲ့လုပ်ကြံမှုကြောင့် သူတို့ငါးယောက်ဟာ ရှန်လျန်ကို ဝန်းရံကာကွယ်ရင်း တစ်ဦးပြီးတစ်ဦး သွေးအိုင်ထဲ ကျရောက်သွားခဲ့ရတယ်။ခုတော့ ငါးယောက်လုံး အသက်ရှင်လျက် သူ့ရှေ့မှာ ရှိနေတယ်။

ရှန်ချန်ပြောတာ တစ်ကယ်မှန်နေတာပဲ။ သူက လူတွေ အများကြီးကိုသေစေခဲ့တာ လေ။

"သခင်?"

အချိန်အတော်ကြာသည်အထိ မတုန့်ပြန်လာတာကြောင့် လေ့ကျနိးအပါအဝင် လူအားလုံးက သူ့ကို ထူးထူးဆန်းဆန်းကြည့်လာကြတယ်။ သူ့မျက်ဝန်းထဲက နူးညံ့မှုတွေတွေ့တော့ ကျန်တဲ့သူတွေလည်း မနေနိုင်ပဲ မျက်ရည်ဝေ့လာကြသည်။

"ဟင်? အာ..‌ရုတ်တရက် လွန်ခဲ့တဲ့ ငါးနှစ်က ကျွန်တော့ကြောင့် အိမ်က ထွက်သွားတဲ့ အစ်ကိုကို သတိရသွားလို့ပါ၊ အားလုံးထကြပါ၊ မနှိမ့်ချပါနဲ့"

ပျံ့လွှင့်နေတဲ့အာရုံတွေ ကို ရှန်လျန် အမြန် ပြန်စုစည်းလိုက်ပေမယ့် သူ့အသံထဲ စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်ခဲ့။

အားလုံး ထထိုင်ကြပြီးနောက် လေ့ကျန်းက လေးနက်စွာ ပြောတယ်။

"သခင်... အရိပ်တပ်ဖွဲ့ရဲ့ အမိန့်တံဆိပ်ပြားကို တစ်ခေါက် ထပ်ပြလို့ရမလား"

ရှန်လျန် ထုတ်ပေးလိုက်သည်ကို လှမ်းယူကြည့်လိုက်သည်နှင့် တံဆိပ်ပြားဟာ သူ့လက်ထဲက ‌နောက်တစ်ခြမ်းနဲ့ တပုံစံထဲဆိုတာ သိလိုက်တယ်။သူ့မျက်စိရှေ့ ကို တံဆိပ်ပြားရဲ့ အခြမ်းနှစ်ခြမ်းအား ကပ်ကြည့်လိုက်ရာ အံဝင်ခွင်ကျစွာ တံဆိပ်ပြားဝိုင်း ဖြစ်သွားလေတယ်။

လေ့ကျန်း စစ်ဆေးကြည့်ပြီးနောက် နောက်က လေးယောက်ကိုခေါင်းငြိမ့်ပြတယ်။ တံဆိပ်ပြားပိုင်ရှင်ဟာ ရှန်လျန်ဖြစ်ပြီး အမှန်တကယ် ပိုင်ရှင်ဆီပြန်ရောက်လာခဲ့လေပြီ။

"အရိပ်ကိုယ်ရံတော် အဖွဲ့ ဒီကနေ့မှာ ပြန်လည်ပေါ်ထွက်ခဲ့ပါပြီ၊ ကျွန်တော်တို့အားလုံးဟာ သခင့်အပိုင်ဖြစ်ပါတယ်"

သူတို့တွေ အချိန်ကြာမြင့်စွာ ဖြင့် သခင်ကိုစောင့်မျှော်နေခဲ့ရတယ်။ ရှန်လျန်ဟာ သူတို့ရဲ့သခင်ဖြစ်လာပြီးနောက် သစ္စာ ရှိစွာ အမှုထမ်းရန် လေ့ကျန်း ပြတ်ပြတ်သားသား ‌ဆိုမိသည်။

"အကြာကြီးစောင့်ခဲ့ရပေမယ့် နောက်ဆုံး ကျွန်တော် ရောက်လာပါပြီ၊ ကျွန်တော့အကြောင်း ခများတို့သိထားပြီးသား မဟုတ်လား?"

အရိပ်တပ်ဖွဲ့က ကမ္ဘာ အနှံ့ကွန်ရက်ဖြန့်ကျက်ထားတာမို့ လူ ဘယ်လောက်ထိများမှန်း ရှန်လျန်မသိ။ အမိန့်တံဆိပ်ပြားပေါ်ထွက်မလာရင်တောင် ဒီလူတွေက ဝေမိသားစုအပေါ် ဆက်လက်စောင့်သိနေကြဆဲ ဖြစ်မှာ သူယုံကြည်တယ်။

"ဟုတ်ကဲ့ ၊ကျွန်တော်တို့အားလုံး ဝေမိသားစုနဲ့ သခင့်အကြောင်းသိထားပါတယ်"

တံဆိပ်ပြား မရှိနေခဲ့ရင်တောင် ရှန်လျန်က ဝေမိသားဖြစ်တာမို့ သူတို့ပြောင်းလဲသွားမှာ မဟုတ်။သူတို့တာဝန်က နှစ်ပေါင်းများစွာကြာသွားလဲ ဝေမိသားစုမျိုးဆက်အတွက် တည်ရှိနေတဲ့ဖြစ်တည်မှုပါပဲ။

"ကဲ ကျွန်တော်ဒီနေ့ ဒီကိုရောက်လာရတဲ့ အကြောင်းရင်းက နှစ်ချက်ရှိတယ်"

ရှန်လျန် ခေါင်းငုံ့ကာ လဖက်ရည်တစ်ငုံသောက်ပြီး ဆက်ပြောသည်။


သူ့ကောဟာ ထက်မြက်သူတစ်ယောက်ပါ ၊အရင်ဘဝက သူ့ကိုလုပ်ကြံတာ အောင်မြင်ခဲ့တယ်ဆိုတော့ ဖြစ်နိုင်တာက လျိုရှုဟန်..သူ့လူတွေကိုဖြည်းဖြည်းချင်း သူလျှိုထည့်ပြီး သတ်ဖို့ကြံခဲ့တာဖြစ်မယ်၊ ဘယ်နည်းဖြစ်ဖြစ် သူ့အစ်ကိုကို ရအောင် သူ ကယ်မယ်။

"ပြဿနာမရှိပါဘူးသခင်၊ ကျွန်တော်တို့လူတွေ အနောက်မြောက်အရပ်က စစ်တပ်မှာ ရှိနှင့်ပြီးသားပါ၊ ပြီးတော့ ရှောင်ယွီကို လူကိုယ်တိုင် စေလွှတ်လိုက်ပါ့မယ်"

ဒီစကားဟာ သူတို့သခင်ရဲ့ အမိန့် သဘော ပဲမို့ အကောင်းဆုံးကြိုးစားပေးကြမည်။ သခင်ကယ်တင်ချင်တဲ့သူက တခြားသူတောင်မဟုတ်ပဲ မိသားစု အမျိုးရင်း ဖြစ်နေတာကြောင့် လေ့ကျန်း..သခင်အပေါ် ပိုပိုပြီး ရိုသေလေးစားလာမိတယ်။

"တစ်ချက် ဖြေရှင်းပြီးပြီ၊ ဒုတိယ အချက်က ဝေမိသားစုနဲ့ အစ်ကိုရှန်တာ့ တို့ နယ်စပ်ကို အားလုံးရောက်နေတာမို့ ဒီမှာ ကျန်ခဲ့တဲ့ ကျွန်တော်ပဲ အကူအညီမဲ့ပြီး ဘာမှ မထိန်းချုပ်နိုင်ဖြစ်နေတယ်၊ ဒါကြောင့် ...မြို့တော်မှာ ဖြစ်ပျက်တဲ့ ကိစ္စတွေကို ပုံမှန်သတင်းပို့စေချင်တယ်၊ ထူးခြားတဲ့ ဘယ်အကြောင်းအရာ မဆို သိချင်တယ်၊ အဲ့တော့ ချီရွှမ်းနဲ့ ချီယွဲ့တို့ နှစ်ယောက်ကို သတင်း ယူဖို့ မကြာခဏ လွှတ်ပေးလိုက်မယ် ဆိုရင် အဆင်ပြေလား"

'ကိုယ့်ကိုကိုယ်သိပြီး ကိုယ့်ရန်သူအကြောင်းကိုလည်း ဂဃနဏသိထားခြင်းဟာ စစ်ပွဲကိုအောင်နိုင်စေတယ်'

ပြန်လည်မွေးဖွားလာတဲ့ သူက တော်တော်များများကိုသိထားပြီး တစ်ခြားသူတွေက ဘာမှ မသိကြသေးပေ။ အရင်က သူအသုံးမဝင်တဲ့သူဖြစ်ခဲ့တာတောင် မိုးနတ်မင်းက သူ့အပေါ် ပြန်ကြည့်ပေးပြီး လွန်ခဲ့တဲ့ ဆယ်နှစ်အချိန်ကို အမုန်းတရားတွေနဲ့အတူ ပြန်လည်မွေးဖွားစေကာ ဒီနိုင်ငံကို အနိုင်ယူစေချင်ခဲ့တယ်။

ချင်ယွင်ရှန်းက ကိစ္စကြီးတွေနဲ့ ပတ်သက်နေမယ်လို့သူထင်တယ် ။ ဒီချင်နိုင်ငံတော်ကြီးကို ဖျက်စီးပစ်ဖို့ သူလုံးဝ ဝန်မလေးမိ။

"ကောင်းပါပြီ၊ အကြောင်းရင်းမသိရ ရင်တောင် ကျွန်တော်တို့ အကောင်းဆုံး လုပ်ဆောင်ပေးမှာပါ"

ယွမ်ရှောင်းက ပြောလိုက်တာဖြစ်တယ်၊ အရိပ်တပ်ဖွဲ့မှာ သတင်းအချက်အလက်အားလုံး ကို သူ ထိန်းချုပ်တာမို့ပါ။

"သခင်၊ တုံးလင်အိမ်တော်က မလုံခြုံပါဘူး၊ ကျွန်တော် လူနှစ်ယောက်စေလွှတ်ပြီး သခင့်ကိုကာကွယ် စေရမလား"

သခင်ရ ပြီမို့ အားလုံး တက်ကြွနေကြပြီး ကျန်းဟန်တန်က ပြောတယ်၊ သူ့အကြံကို ရှန်လျန်အသိအမှတ်ပြု ခေါင်းငြိမ့်ပြကာ

"လောလောဆယ်တော့ မလိုသေးဘူး၊ ဝေမိသားစုနဲ့ အစ်ကို ကနယ်စပ်ရောက်နေပေမယ့် သူတို့ကျွန်တော့ကို ပေါ်တင်မလုပ်ရဲသေးဘူး၊ ဒါပေမယ့် ကျွန်တော် ဆေးဝါးတချို့လိုအပ်တယ်ဖြစ်နိုင်ရင် အဲ့ဆေးတွေ စုဆောင်းပေးနိုင်မလား"

ရှန်လျန်က သူဆေးဆိုင်မှာ ကြိုတင် ရေးထားတဲ့စာရွက်နဲ့ အတူ အထပ်လိုက် ရာချီတဲ့ ငွေစက္ကူကို ထုတ်ပေးလိုက်တယ်။

"ဒါက....သခင် ကျွန်တော်တို့မှာ ငွေ မပြတ်လပ်ပါဘူး"

လေ့ကျန်းက ဆေးစာကိုလှမ်းယူပေမယ့် ငွေကို မယူပါ၊ သူတို့က တောက်တောက်ပြောင်ပြောင်မဝတ်စား ထားပေမယ့် ငွေပြတ်လပ်နေတယ်လို့မဆိုလို။ သခင်ကြီးက သူတို့အတွက် လယ်ယာများစွာ နဲ့ ဈေးဆိုင်တွေ နိုင်တံတဝန်းဖွင့်လှစ်ပေးခဲ့တယ်၊ ခုချိန်ထိလည်း အရာအားလုံးဆက်ရှိနေသေးပြီး စီးပွားရေးပိုလို့တောင် ပွားများလာသေးတယ်။

"ဒီပမာဏက မများတာမို့ ကျွန်တော့် ညီအစ်ကိုတွေကို ပေးနိုင်တုန်းလေး ယူထားလိုက်ပါ"

ငွေတွေကို ထိုးပေးခဲ့ပြီး ရှန်လျန်ထရပ်လိုက်တယ်။


အစအဆုံး တစ်နာရီကြာသွားခဲ့တာမို့ အချိန် အရမ်းဆက်ကြာသွားရင် တခြားသူတွေ အာရုံစိုက်မိကုန်မည်။

"သခင်..ဂရုစိုက်ပြန်ပါ"

ငါးယောက်လုံးထရပ်ပြီး သတိအနေအထားနဲ့ တလေးတစားဦးညွှတ်နှုတ်ဆက်ကြတယ်။ ဝမ်ချင်ဖုန်းတစ်ယောက်ပဲ သူ့ကိုအပြင်ထိ လိုက်ပို့ပြီး သူတို့ချင်းခွဲခွာချိန်တွင် ရှန်လျန်က ဝက်သားနှစ်ပေါင်ကိုဆွဲကာ လူအုပ်ကြားထဲ လျင်လျင်မြန်မြန် ရောနှော ပျောက်ကွယ်သွားတယ်။

Words 2689

🍇 Grape

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment