no

Font
Theme

'လင်အန်းအိမ်တော်က ရှန်ကျိုးက မတရားခံခဲ့ရတယ်'

"အင်း.. အကြံပေးယဲ့ ပြောတာမှန်တယ်၊ သေချာတွေးကြည့်ရင် ရှန်တာ့ အသက် ဆယ့်ငါးနှစ်မှာ အိမ်ကနေထွက်သွားခဲ့တာ၊ ပညာတတ်ပြီး ကိုယ်ခံပညာကျွမ်းနေရင်တောင် ဒီငါးနှစ်အတွင်း သူ့ကိုယ်ပိုင်အစွမ်းအစနဲ့ အောင်မြင်မှုရလဒ်အကြီးကြီးတွေမလုပ်နိုင်သေးဘူး"

လျိုဝမ်ကျင်းဆီအကြည့်တစ်ချက် ပို့ရင်း စကားဖြည့်ပြောလိုက်သည်။ ဝေမိသားစုနဲ့ လျိုမိသားစုယှဉ်ရွေးပါက သေချာပေါက် တုံးလင်အိမ်တော်ကိုရရန် လျိုမိသားစုက အထောက်အပံ့ဖြစ်ပေးရလိမ့်မည်။

" မင်းသား၄ ပြောတာ အဓိပ္ပာယ်ရှိတယ်၊ အဲ့တာကြောင့် ရှန်လျန်က ခုချိန်ထိ ရုန်းကန်နေရတုန်းပဲ"

လက်ရှိအခြေအနေက စိုးရိမ်စရာအချို့ရှိနေတာကလွဲရင် ရှန်လျန်ဟာ ချွင်းချက်မရှိ မင်းသား၄၏ ဇနီးဖြစ်ဖို့ အသင့်တော်ဆုံးပင်။

လျိုဝမ်ကျင်းရဲ့ မျက်နှာမဲ အား လစ်လျူရှုလျက် ယဲ့ထျန်းက ချင်ယွင်ရှန်းကို ခေါင်းငြိမ့်ထောက်ခံကာ ဆက်ပြောသည်။

"ဒါပေမယ့် ကျွန်တော်တို့ဘက်က အရင်ဆုံးလက်ထပ်တာတော့မလုပ်သင့်ဘူး"

လက်ရှိ ဧကရာဇ်တွင် သားတော် ၉ဦး ရှိရာ စားမည်၊ သောက်မည် ပဲသိတဲ့ ချင်ယွင်ရိမှလွဲ၍ ကျန်ရှစ်ဦးက နန်းထီးဆက်ခံချင်သူချည်းပင်...ထိုမင်းသားအားလုံး၏ မိခင်ဘက်ကလည်း အတော်အတန် ‌နောက်ခံကြီးကြသည်။ ချင်ယွင်

ရှန်း ၏ မိခင်ကသာ ကြယ်လေးပွင့်အရာရှိ၏ သမီးဖြစ်သဖြင့် အခြားသူများလောက်နောက်ခံမတောင့်တင်းချေ။ သို့ကြောင့် အိမ်ရှေ့စံနေရာအား မလိုချင်ယောင်ဆောင်ပြီး အကြီးအကဲများ၊ အရာရှိများကို တိတ်တဆိတ် သူ့ဘက်လူဖြစ်ရန် စုဆောင်းထားရုံသာတတ်နိုင်သည်။ သို့သော် ဤမျှနှင့်မလုံလောက်သေးပဲ ရှန်လျန့်အား လက်ထပ်၍ အကျိုးအမြတ်ယူနိုင်လျှင် သူ့ရည်မှန်းချက်ပန်းတိုင်ကို ပိုဖြစ်လာနိုင်စေမည်။ သို့သော်လည်း သူလက်ထပ်လိုက်ပါက သူ့

ဖခမည်းတော်ကို စိတ်မပျော်ရွှင်စေရုံမျှမက ကျန်သည့် မင်းညီနောင်တွေလည်း အမြင်မကြည် ဖြစ်စေလိမ့်မည်။ တစ်ခုခုကို လျှို့ဝှက်လုပ်ရန်မှာ သူ့အတွက် အတော်လေးခက်ခဲ၏။

"တုံးလင်အိမ်တော်က ဘာလို့ စ မလုပ်လဲ?"

တုံးလင်အိမ်တော်က သားအဖနှစ်ဦးဆက်ဆံရေးက ဆိုးရွားမှန်း တစ်လောကလုံးသိ၏။ သို့သော် လက်ထပ်ပွဲအတွက် ဆိုလျှင်တော့ သူ့အဖေကသာ ခေါင်းငြိမ့်ရမည့်သူပင်။ သို့ဆိုလျှင် မင်းသား၄လည်း ဂုဏ်သရေ မညှိုးရတော့ပေ။

"အဆင်မပြေဘူး"

ချင်ယွင်ရှန်း လက်ခါယမ်းလိုက်၏။

"ရှန်သခင်ကြီးက အတော်ခေါင်းမာတဲ့ အဖိုးကြီး၊ သူက တစ်ဖက်ထဲ သစ္စာရှိတတ်တဲ့သူမျိုးမဟုတ်ဘူး ကြားနေလူတန်းစားပဲ"

"အဲ့တာဆို ရှန်လျန်ကိုအရင် ချဉ်းကပ်ရင်ရော"

မင်းသား၏စကားအား ထောက်ခံ၍ ယဲ့ထျန်းဆက်ပြောသည်။

"ရှန်လျန်နဲ့ ရင်းနှီးဖို့အခွင့်အရေးရှာလိုက်ပါ၊ သူကလက်ရှိမှာ မိသားစုကပစ်ပယ်ခံထားရတဲ့မေတ္တာငတ်နေတဲ့ ကလေးပဲ၊ သူ့အစ်ကိုကသာ သူ့အပေါ်ကောင်းပေးတဲ့တစ်ဦးတည်းသောသူဆိုတော့ မင်းသား၄ က သူ့အပေါ်နွေးထွေးပေးပြီး သူ့နှလုံးသားကိုရအောင်ချုပ်ထားနိုင်ရင် အနည်းဆုံး လက်ထပ်ခွင့်မရလည်း ကိစ္စတွေလွယ်ကူသွားတာပေါ့"

"ကောင်းသားပဲ"

ချင်ယွင်ရှန်း အတွေးနက်သွားပြီး တစ်ခဏအကြာတွင် လှည်းလိုက်ကာ အား တစ်ဖန်ပင့်မ၍ အနီရောင်သဏ္ဌာန်လေးက မင်းသမီးအိမ်တော်သို့ဝင်ရန်ပြင်နေသည်ကို လှမ်းကြည့်လိုက်သည် ။

သူ့မျက်ဝန်းအိမ် အောက်ခြေ‌တွင် အလင်းတစ်ချက်လက်သွားပြီး‌

"လျိုလူကြီးမင်း... ရှန်လျန်က ဘယ်လိုလူမျိုးလဲ"

နောက်ဆုံးတော့ လျိုဝမ်ကျင်းရှိနေသေးတာကို သတိရသွားကြလေပြီ။ မင်းသား၄၏အကြည့်က သူ့ဆီရွှေ့လာ၏။ ဘာကြောင့်ရယ်မသိ ယဲ့ထျန်းရဲ့ ဒီအကြံက အလုပ်မဖြစ်လောက်ဘူးလို့ သူခံစားမိနေသည်။

" ဘယ်လိုလူမျိုးလဲ"

‌နာမည်ခေါ်ခေါ်လိုက်ချင်း လျိုဝမ်ကျင်းက စိတ်ရှုပ်ထွေးနေတဲ့အကြည့်နဲ့ တုံ့ပြန်မည်ဟု မထင်ထားမိ။

"မင်းသား၄ ယုံမှာတော့မဟုတ်လောက်ဘူး၊ ရှန်လျန်က အခု အသက်ဆယ့်ငါးနှစ်မှာ ပြီးခဲ့တဲ့ငါးနှစ်လုံးက အသိပညာမကြွယ်ဝတဲ့ နယ်စွန်မှာနေခဲ့တာ ၊ အဲ့တာတောင်မှ ကျွန်တော်မျိုးကို ကြောက်စရာကောင်းတဲ့ ခံစားချက်ပေးနိုင်တယ်၊ ကျွန်တော်မျိုး ဘာလုပ်လုပ် ဘာပြောပြော သူက ကြိုသိနေပြီး သူ့ထောင်ချောက်ထဲ ဝင်သွားရတော့တာပဲ ၊ဒီအသက် ဒီအရွယ် မှာ သူ့လောက် ထိတ်လန့်ဖို့ကောင်းတဲ့သူမျိုးမတွေ့ဖူးဘူး "

လျိုဝမ်ကျင်းက ရှန်လျန့်ကို မကောင်းဆိုးဝါးဟု မပြောရုံတမယ်ပင်။

"ဟမ်...လျိုလူကြီးမင်း စိတ်ထဲ အရမ်းမထည့်ပါနဲ့ ကိုယ်တော်နဲ့လက်ထပ်ပြီးရင်တော့ လူကြီးမင်းကိုအဲ့လောက်ဆိုးဆိုးရွားရွား မဆက်ဆံလောက်ပါဘူး"

စက္ကန့်ဝက်လောက် လေးလေးနက်နက်စိုက်ကြည့် ပြီးမှ ပြုံးကာ ချင်ယွင်ရှန်းပြောသည်။

အတွေးချင်းမတူ‌တာ‌ကြောင့် လျိုဝမ်ကျင်းအမြန်

‌ပြန်ပြောရ၏။

"မင်းသား၄ အထင်လွှဲနေပါပြီ၊ ကျွန်တော်မျိုး အဓိပ္ပာယ်မရှိတာပြောနေတာမဟုတ်ပါဘူး ၊ရှန်လျန်ကတစ်ကယ် ကြောက်ဖို့ကောင်းတယ်၊ သူ့ရုပ်ရည်နဲ့အရှိန်အဝါကို အားလုံးလည်းမြင်ပြီးဖြစ်မှာပါ ၊ ဆယ့်ငါးနှစ် အရွယ် ဆယ်ကျော်သက်တစ်ယောက်က စွမ်းအားကြီးတဲ့အရှိန်အဝါမျိုး ဘယ်လိုထုတ်နိုင်မှာလဲတဲ့ !တစ်ကယ်တမ်းကျ ?"

နန်းတော်ထဲက မောင်းမငယ် တွေပင် ရှန်လျန်နှင့်မယှဉ်နိုင်လောက်ပေ။ ဒါအမှန်ပဲဖြစ်မည်။ ချင်

ယွင်ရှန်းနှင့် ယဲ့ထျန်းပင် နစ်ဝင်သွားကြလေပြီ....

"တစ်ချို့က ဘုရင် ဖြစ်ဖို့ မွေးဖွားလာကြတယ်၊

ရှန်လျန်ကျတော့ ဇကရီ ဖြစ်ဖို့မွေးဖွားလာတာထင်တယ်?"

ယဲ့ထျန်း၏ဖြတ်ထိုးဉာဏ်က အံ့ဖွယ်ပင်။ ခေါင်းစဉ်ကို အကောင်းဘက်ပြောင်းလိုက်နိုင်ပြီးချင်ယွင်ရှန်းကို လေးလေးနက်နက် ကြည့်သည်။

မင်းသား၄၏ နှုတ်ခမ်းက တွန့်ကွေးနေလျက် အပြုံးရေးရေးက သူပြောလိုက်သည့်စကားအား ကျေနပ်ဟန်ရှိသည်။

ရှန်လျန်က ဧကရီသာဆို သူက အနာဂါတ်ရဲ့ ဘုရင်ပဲမလား?

"မင်းသား၄....."

"အကြံပေးယဲ့ ပြောသလိုပဲ ကိုယ်တော် လုပ်ကြည့်မယ်"

လျိုဝမ်ကျင်းမှာ အာခေါင်ခြောက်ခြောက်နှင့် တားဆီးရန်ကြိုးပမ်းချင်နေ‌သေးသော်လည်း ချင်ယွင်ရှန်းက ဆုံးဖြတ်ချက် ချပြီးဖြစ်သည်။

ရှန်လျန်က သူ့ရဲ့ ဘုရင်မဖြစ်ကိုဖြစ်ရမည်၊ အနာဂါတ်ရဲ့ ဧကရီ က ရှန်လျန်တစ်ဦးတည်းသာ!

...........

သူတို့အကြံအစည်က ပြီးပြည့်စုံနေသော်လည်း

ဇာတ်လိုက်ဖြစ်သည့်ရှန်လျန့်အား မေ့လျော့နေကြသည်။ ပြန်လည်မွေးဖွားလာပြီးနောက် ချင်

ယွင်ရှန်းဘယ်တော့မှ ဧကရာဇ် မဖြစ်နိုင်စေရ၊

ရှန်လျန့်ဘဝတွင် တစ်ကြိမ်လွှဲမှားခဲ့ရပြီးလေပြီ၊ ချင်ယွင်ရှန်းကြောင့် နောက်တစ်ကြိမ် မည်ကဲ့သို့အမှားခံလိမ့်မည်နည်း?

သူ့ခင်ပွန်းကလည်း ချင်ယွင်ရှန်းကလွဲရင် လူတိုင်းအခွင့်အရေးရှိသည်။

မင်းသား ၄ ချင်ယွင်ရှန်း ကလွဲရင်!

......

" လူတစ်ချို့ လိုက်ဝင်လို့ရပါပြီ"

မည်သူမျှ အပြင်တွင် ဆက်မနေချင်ကြသဖြင့် လျိုရှုဟန်နဲ့ ကျောက်လန်တို့ ဦးဆောင်သော လူတစ်စုက ဂိတ်တံခါးဝရှေ့သို့ ဖိတ်စာကိုင်လျက်သွားလိုက်သည်။

ကြီးကြပ်ရေးမှူးက ယဉ်ကျေးစွာ ဦးဆောင်ဖိတ်ခေါ်သွားသည်။ ပင်မခြံဝန်းရောက်ရန် အတော်လေးလျှောက်ကြရသေးသည်။ ပင်မခြံဝန်းသို့ရောက်သွားချိန်တွင် လူအတော်များများရောက်နှင့်ကြပြီးဖြစ်၏။ မျိုးရိုးကြီးများနှင့်အရာ့အရာရှိများလည်း လာရောက်ကြသည်။

ကျားမ အားလုံးက ရောနှောကာ နေရာယူထားကြသည်။ ဧကရာဇ်က တိုင်းပြည်ရှိ အမျိုးသား၊ အမျိုးသမီးများနှင့် ကိုယ်လုပ်တော်များပင်

ထျန်းမန်ပညာသင်ကျောင်းသို့တက်ရောက်ခွင့်ပြုထားပြီး နှစ်ဦးသုံးဦးပင် အတူတကွ သွားရောက်လေ့လာနိုင်သည်။ ထို့ကြောင့် ဤ အလှူပွဲသည်လည်း ကျား၊မ ၊ 'ကော' မရွေး လူတိုင်းက ပါဝင်နိုင်သည်။

"ရှန်သခင်မ"

ချင်တိုင်းပြည်ရဲ့ လူဦးရေက မများပေ။ အားလုံးက ခင်ရာဆွေမျိုးတွေဖြစ်ရာ လျိုရှုဟန်တို့ ခြံဝန်းထဲခြေချသည်နှင့် အခြားဇနီးသည်တို့ က လာဆွဲခေါ်သွားသည်။

သူတို့၏သမီးများနှင့် အစေခံအားလုံးကို ခေါ်သွားသော်လည်း ရှန်လျန့် ကိုသာ ချန်ထားရစ်ခဲ့ကြသည်။

ပုံမှန်အခြေအနေဆိုလျှင် ဤသို့ ချန်ထားရစ်ခဲ့ပါက ရှက်ကြောက်နေကြ‌မည်ဖြစ်သည်။

ချီယွဲ့နှင့်ယောင်းကွမ် ဆိုလျှင် စိတ်ဆိုးလွန်း၍ မျက်နှာပင် မဲလာသည်အထိ.. သူတို့သည် ငေးမောကြည့်ရှုခြင်း ၊ လေ့လာခြင်း၊ ရှာဖွေခြင်းများမပြုလုပ်ပဲ ရှေ့တည့်တည့်သာ ဆက်လျှောက်လာကြသည်။ လမ်းညာဘက်တွင် ချီယွဲ့ကနေရာယူသည်။

သို့နှင့် အဋ္ဌဂံသဏ္ဌာန်အဆောက်အဦး၏‌အနောက်ဘက်ရှိ ပန်းဥယျာဉ်အားဖြတ်လျှောက်ချိန်တွင်....

"သိပ်တရားလွန်တယ်၊ ဒါတမင်ကို အရှက်ခွဲတာ"

မကြာခင် နားနေဆောင်ငယ်ထဲသို့ ဝင်နားရင်း ယောင်းကွမ် က မနေနိုင်စွာ ထုတ်ပြောမိသည်။ သူ့သခင်ရဲ့ မိသားစုဝင် ကြင်ယာတော်လျန်လျန်ကို ဒီလိုဆက်ဆံရဲတာ ထိုလူ တွေက ဘာအားကိုးနဲ့လဲ ?

ရှန်လျန် ခေါင်းခါရင်း ရယ်သည်။ နားနေဆောင်သို့ ရောက်သော် အတွင်းရှေ့တည့်တည့်မှ ကျောက်ခုံပေါ်ထိုင်ချလိုက်၏။

"‌ဖြေရှင်းနည်းက ထစ်ခနဲရှိ ဒေါသထွက်တာလား"

ချီယွဲ့၏ လှပတဲ့မျက်နှာလေးက စိတ်ဆိုးနေသေးသော်လည်း ယောင်းကွမ်ထက် ပိုတည်ငြိမ်နေကာ နေရာရွှေ့ပြီး လျန်လျန့်ဘေးတွင် ဝင်ထိုင်လိုက်သည်။

"မဟုတ်သေးဘူးလေ ၊ လျန်လျန်က စိတ်မတိုဘူးလား"

ကျောက်စားပွဲပေါ် ‌ လက်တစ်ဖက်နှင့် မေးထောက်ပြီး မြေခွေးမျက်ဝန်းနှင့်စိုက်ကြည့်၍ ရှန်လျန် တုံ့ပြန်သည်။

"ကျွန်တော် စိတ်တိုပါတယ်"

ငြီးငွေ့ဟန်အနည်းငယ် ပေါ်လွင်နေသည်ကလွဲပြီး စိတ်တိုနေသည်အား သူတို့မမြင်ပေ။

"ကျွန်တော် ဒေါသထွက်ရင် သူများကို စိတ်တိုအောင်လိုက်လုပ်ရတာကြိုက်တယ်၊ ခုနတုန်းက ရော? သူတို့ စိတ်ခုအောင်လုပ်လိုက်နိုင်တယ် လို့မထင်ဘူးလား? တစ်ကယ်လို့ သူတို့ စိတ်မခုသွားဘူးဆိုရင်တော့ ဆက်ပြီးအားအင်တွေ ဖြုန်းတီးနေစရာမလို တော့ဘူးလေ...."

သူ့စကားကို ယောင်းကွမ်က သေချာ နားမလည်ချေ။ ရှန်လျန်က တဖြည်းဖြည်း သူ့သခင်နဲ့တူလာတယ်လို့ခံစားနေရတယ်၊ ခန့်မှန်းလို့မလွယ်တဲ့သူစားမျိုးလေ...

" မိုက်တယ်..."

"ရှန်လျန်လား?"

ချီယွဲ့ ဆက်ပြောချင်သော်လည်း ရုတ်တရက် အသံတစ်သံက ကြားဝင်လိုက်သည်။ သုံးယောက်လုံးအသံလာရာ ဘက်လှည့်ကြည့်လိုက်သောအခါ တန်ဖိုးကြီးအဝတ်စားများနှင့် ကိုယ်နေဟန်ထားကြည့်ကောင်းသည့် လူငယ်တစ်စုလှမ်းလာနေသည်ကို တွေ့လိုက်သည်။ ထိုအထဲ အစိမ်းရောင် ဝတ်စုံဝတ်ထားသူကို ပြန်မှတ်မိရန် ရှန်လျန် အရင်ကအကြောင်းတွေ ပြန်တွေးလိုက်ရင်း ‌မတ်တပ်ထရပ်ကာ ခေါင်းငြိမ့်နှုတ်ဆက်လိုက်၏။

"ရှန်လျန်ပါ.. ဒီဘက်က ဘယ်သူများပါလဲ"

သူမှတ်မိတာမှန်ရင် ဒီလူက ရှန်ကျိုး လို့ခေါ်ပြီး လင်အန်းမိသားစုရဲ့ဒုတိယသားဖြစ်တယ်၊ အရင်ဘဝကတော့ မင်းသား၂နဲ့ ထိမ်းမြားလက်ထပ်ပြီး နှစ်နှစ်အတွင်းမှာပဲ မင်းသား၂ရဲ့ နှိပ်စက်ညှင်းပန်းမှုကြောင့် သေဆုံးသွားခဲ့ရတယ်လို့သတင်းကြားမိပေမယ့် ဘာတွေဖြစ်ပျက်ခဲ့မှန်း မသေချာပေ။

"တစ်ကယ်ကို ...ရှန်လျန်ဖြစ်နေတာပဲ၊ တုံးလင်အိမ်တော်ကလူတွေနဲ့ အတူဝင်လာတုန်းက မင်းကို ရှန်လျန်ဖြစ်မယ်လို့ခန့်မှန်းလိုက်တာလေ၊ ငါ့နာမည်က ရှန်ကျိုးတဲ့ ..ငါလည်း မင်းလို 'ကော ' ပဲ၊ လင်အန်းအိမ်တော်ရဲ့ ဒုတိယသားပေါ့"

ရှန်ကျိုးရဲ့ ရင်းနှီးလွယ်တဲ့မျက်နှာလေးကြောင့်

ရှန်လျန်မှာ အနည်းငယ် နေရခက်နေမိ၏။

"အဲ့မှာ ရပ်မနေပဲ အထဲဝင် ထိုင်ကြပါ"

ယခုက စတွေ့ပြီး ထိုသို့ဖိတ်ခေါ်ခြင်းမပြုလျှင်တောင် ရှန်ကျိုး က ကသိကအောက်မဖြစ်ပဲ ရှန်လျန့်ဘေးတွင် ဝင်ထိုင်လိုက်လေ၏။ ဒါပေါ့! သူ့ကိုယ်သူမိတ်ဆက်ရန်လည်း မမေ့ပါချေ။ ချက်ချင်းပင် ရှန်လျန့်အား ဆွဲလျက် ...

"ရှန်လျန်..ငါပြောပြမယ် မင်းအစ်ကိုရှန်တာ့နဲ့ ငါ့အစ်ကိုက သူငယ်ချင်းကောင်းတွေကွ၊ ထျန်းမန်ကျောင်းမှာ ဆို အတန်းတက်လည်းတူတူ၊ စာလုပ်လည်းအတူတူ၊ ဒါပေမယ့် မင်းအစ်ကိုက ရုတ်တရက်ကြီးပျောက်သွားတော့ ငါ့အစ်ကို အရမ်း စိုးရိမ်နေတာ ကြာလှပြီ၊ ရှေ့ တစ်နှစ်၊နှစ်နှစ်ကျမှ ဗိုလ်ချုပ်ရှန်က အနောက်မြောက် စစ်ပွဲမှာ အောင်မြင်မှုတွေအများကြီးဆောင်ကြဉ်းပေးနေတယ်လို့ သတင်းကြားမှပဲ ငါ့အစ်ကိုစိတ်သက်သာရာရသွားတာ"

သူ့အစ်ကို၏ သူငယ်ချင်းကောင်းက ရုတ်တရက်ထွက်ပေါ်လာမယ်လို့ သူ မထင်ထားခဲ့ချေ။ အရင်ဘဝမှာလည်း လုံးဝသတိမထားမိခဲ့....

ရှန်ကျိုး ရဲ့ တရင်းတနှီးရှိလှသည့်အပြုအမူကို

ရှန်လျန် အခုမှ သဘောပေါက်သွားသည်။ အစက တွေးမိသည်မှာ သူ့ဆီက ဘာလိုချင်လို့ လာရှာတာလဲဟူ၍ ။

"အာ..မေ့တော့မလို့ ၊ မင်းကပြန်ရောက်တာမကြာသေးတော့ လူတွေကို သိပ်မသိသေးဘူး မလား? မင်းနဲ့မိတ်ဆက်ပေးမယ်...

ရှန်းရှုမိသားစုက ဥပဒေအမတ်ကြီး ယန်ထျန်းယွိရဲ့ဒုတိယသား.... ရှဲ့ကောရဲ့ မြေး....

နာမည်က ရှဲ့ယန် ၊

နောက်တစ်ယောက်က ကုန်သွယ်ရေးအမတ်ကြီး ဝေထန်ရဲ့မြေး...ကျင်းကျောက်ယင်ရဲ့သား ..

နာမည်က ကျောက်ဟုန်တဲ့၊

နှစ်ယောက်လုံးက ‌'ကော'ပဲ"

ရှန်ကျိုးက တစ်ယောက်ချင်းစီ မိတ်ဆက်ပေးနေပြီး ရှန်လျန်ကလည်း တစ်ဦးချင်းစီကို ခေါင်းငြိမ့်အသိအမှတ်ပြုသည်။ တစ်ဖက်သူပေးလာတဲ့ လက်ဆောင်က မိသားစုကြီးတွေမို့ ရင်းနှီးထားသင့်သည့်သူများပင်။

"ငါတို့အားလုံးက ထျန်းမန်ကျောင်းမှာ တက်တယ်၊ ရှန်လျန် မင်းလည်း ထျန်းမန်ကပဲမလား?"

တစ်ကယ်တမ်း ရှေ့ရက်က မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ကျောင်းပိတ်ချိန်ကရှည်ကြာနေသဖြင့် ရှန်လျန် ကျောင်းမအပ်ရသေးပေ။

"ကျောင်းလာတဲ့အခါ မင်းကို ဂရုစိုက်ပေးမယ်"

ရှန်လျန် ခေါင်းငြိမ့်ကာ အားလုံးကိုပြုံးပြလိုက်၏။ သူ့အပြုအမူက အရမ်းသိမ်မွေ့နေကြောင်း ထင်ရှားသည်။ သူ့မှာ သူငယ်ချင်းကောင်းတွင်ရှိလာမည်ဟုမတွေးထားမိရာ အနာဂါတ်မှာ အားလုံးနှင့် ရင်းနှီးနေရန်မျှော်လင့်မိသည်။ အရင်ဘဝက ထျန်းမန်ကျောင်းမှာ တက်ရောက်ခဲ့ခြင်းမရှိသဖြင့် ညစ်‌ထေးပြီး ကောက်ကျစ်သည့်သူများနှင့်သာ ဖြတ်သန်းခဲ့ရသည်။

"ရှန်သခင်လေးက ယဉ်ကျေးနေရောပဲ၊ သူငယ်ချင်းလို ရင်းရင်းနှီးနှီး ခေါ်ပြောပြီး အချင်းချင်း သင်ယူကြတာပေါ့"

ဆယ်ကျော်သက်တွေက အရွယ်ရောက်ပြီးသည့်ရင့်ကျက်သူတွေနှင့်မတူပေ။ ရှန်လျန်က လက်ရှိမှာ သူတို့နှင့် ရန်စ လည်း မရှိ၊ တွေးကြည့်ရင် ကြည့်ကောင်းပြီး စိတ်ဓာတ်ကောင်းရှိသည်၊ အထူးသဖြင့် သစ်ကိုင်းကွေးလေးလို ပြုံးရယ်လိုက်လျှင် အားလုံးက လိုက်လျောချင်သွားကြသည်အထိ...

👇👇👇

Words 2540

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment