အဖေနှင့် တစ်ပွဲ တစ်လမ်းဆင်နွှဲခြင်း
ရှန်လျန့်စကားကို မငြင်းဆန်နိုင်တာကြောင့် လျိုရှုဟန်တို့သားအမိ မျက်နှာမှာ မဲမှောင်ကုန်၏။အထူးသဖြင့် လျိုရှုဟန်က ပိုသိသာသည်။ ကြောက်ရွံ့တတ်ပြီး၊ ငါးနှစ်လုံးလုံး ပြည်နှင်ဒဏ်ခံခဲ့ရတဲ့ ဒီသူရဲဘောကြောင်တဲ့ ေခွးသားက တစ်ကယ်ပဲ သူမကို တိုက်ခိုက်ရဲတယ်။ သူ့ခင်ပွန်း ရုတ်တရက် ရောက်လာတာကြောင့်မဟုတ်ရင် သူမ အချိန်ကြာကြာ ကြောင်,အ နေမိမှာပဲ။ ရှန်လျန့်စကားတွေက သူမအတွက် ရှန်လျန်ကို ပိုပိုမုန်းလာစေတယ်၊ သူ့အသားကိုစုတ်ဖြဲ၊ အရိုးတွေထုတ်ပစ်ချင်ရုံတင်မက၊ ဓားချက်ပေါင်းထောင်ချီနဲ့ထိုးသတ်လိုက်ချင်တယ်။
"မင်း...မကောင်းဆိုးဝါးလေး၊ မင်းကို ငါသတ်ပစ်မယ်"
ဒီနှစ်တွေအတွင်း သူ့ရှေ့မှာ ဝေကျစ်ချန်အကြောင်းထုတ်ပြောရဲသူမရှိခဲ့တာကြောင့် ရှန်ဖေဖေ ဒေါသူပုန်ထကာ သူ့သားကို ရိုက်မိခါနီးလေးပင်။ သို့သော် လျိုရှုဟန်မှ ဟန်ဆောင်ပန်ဆောင် တားဆီးလိုက်သည်။
"ထားလိုက်ပါတော့ သခင်ကြီးရယ်၊သားက မနေ့ကမှပြန်ရောက်တာလေ ၊ မဆူပါနဲ့တော့၊ အပြင်က ကောလဟာလတွေ ကြားခဲ့ရလို့ သူဒီလိုဖြစ်တာနေမှာပါ၊ လွန်ခဲ့တဲ့ငါးနှစ်ကလဲ အမေက ပိုင်ယွင်ဘုရားကျောင်းက တာအိုပညာရှင် ကိုဖိတ်ကြားဖို့ကျွန်မကိုပြောတော့ ဖိတ်ခဲ့ရတာပေါ့ ၊ အဲ့ဒီ အကြောင်းရင်းကြောင့် သူ ကျွန်မကို အရမ်းမုန်းနေတာရှိမှာ ၊ ဘာပဲ ဖြစ်ဖြစ် သားက ငယ်သေးတာမို့ အရမ်းမကြမ်းတမ်းလိုက်ပါနဲ့"
သူမက စိတ်ထားနူးညံ့တဲ့ နစ်နာသူဖြစ်ကြောင်း တစ်ဖက်လှည့်ပြောပြီး ရှင်းရှင်းလင်းလင်းပင် ရှန်လျန်က ခုထိ ကံဆိုးစေသူ၊ ဝေကျစ်ချန်အားသေစေခဲ့သူဟု ထောက်ပြနေသေးသည်။
"သူဘာလုပ်ခဲ့မှန်း ဒီမှာရှိတဲ့လူတိုင်းမြင်တာတောင် မင်းက သူ့ဘက် ကာပြောနေသေးတယ်၊ သူ့ကိုသာ သတ်ခွင့်ပြုလိုက်စမ်းပါ"
လူသတ်ချင်သည့်အရိပ်အယောင်ဖြင့် ရှန်ဖေဖေမှာ မျက်ဝန်းကျယ်ကျယ်ဖြင့် ကြည့်သည်။
"ကျွန်တော်က ဖေဖေ့ဗိုက်ထဲက မွေးလာတာနော် ၊ အဖေလုပ်ရဲရင်ကျွန်တော့ကိုသတ်ပစ်လိုက်... ရတယ်၊ ကျွန်တော်သေသွားရင် ဖေဖေ့ကို အားလုံးသွားပြန်ပြောပြလိုက်မယ်၊ အနာဂါတ်မှာ အဖေ သေဆုံးခဲ့ရင်တောင် ကျွန်တော်အဖေ့သားထပ်မလုပ်ဘူး"
ရှန်လျန် ပြန်ခံပြောလိုက်သည်။ သူ့ဖေဖေ သွေးထွက်လွန်သေရတာက သူ့ကြောင့်တဲ့။ ဘာလို့အားလုံးက သူ့ကိုပဲ အပြစ်တင်ကြတာလဲ? သူလည်း ဖေဖေ ကိုဆုံးရှုံးလိုက်ရတာပဲ မဟုတ်လား? သူသာ လုပ်နိုင်စွမ်းရှိရင် ဖေဖေ့ ဗိုက်ထဲ ပြန်ဝင်ပြီး ဘယ်တော့မှ ဒီကမ္ဘာထဲ ထွက်မလာတော့ဘူး။
"မင်း....မင်း..."
ရှန်ဖေဖေသည် ဒေါသထွက်လွန်း၍ တစ်ကိုယ်လုံးတုန်ရီကာ ရှန်လျန်အား ထိုးထားသော လက်ညှိုးမှာလည်း တစ်ဆတ်ဆတ်တုန်နေသည်။
"သူ့အကြောင်း မင်းထုတ်ပြောဖို့ မတန်ဘူးကွ!"
ဒီကောင်ကြောင့်သာ မဟုတ်ရင် ကျစ်ချန် ဘယ်လိုလုပ်သေပါ့မလဲ?
"မမှားပါဘူး၊ အဖေကရော တန်လို့လား? တုံးအပြီးစိတ်ပျက်စရာလူလို မလုပ်ပါနဲ့၊ ဖေဖေ့ကိုချစ်တယ်သာ ပြောတာ၊ ထပ်ယူတဲ့မယားငယ်တွေဆိုတာ.....နည်းတာမဟုတ်ဘူး! မယားငယ်ရဲ့ အကြီးဆုံးသားရဲ့အသက်က ကျွန်တော့အစ်ကိုကြီး ထက် နည်းနည်းလေးပဲ ငယ်တာ၊ ဒါ အဖေ့ရဲ့အချစ်တဲ့လား?အဲ့တာဆို အဖေ့ အချစ်က သိပ်အပေါစားဆန်နေတယ်!"
တစ်စုံတစ်ယောက်ကိုချစ်မိပြီဆိုရင် အဲ့လူ စိတ်ပျက်စေမယ့်အရာတွေ လုပ်ပါ့မလား?
ဖေဖေက အဖိုးရဲ့စကားကိုနားမထောင်ပဲ ဆန့်ကျင်ပြီး၊ ဝေမိသားစုနဲ့အဆက်သွယ်ဖြတ်ရမယ်ဆိုရင်တောင်မှ အဖေ့ကိုပဲရွေးချယ်ခဲ့တာ....
ဖေဖေ့ကို ဘယ်လိုဆက်ဆံလိုက်သလဲ?
"အဲ့တာက...."
ရှန်ဖေဖေ ဘယ်လိုပြန်ဖြေရမှန်းမသိတော့ချေ။လျိုရှုဟန်က မျက်လုံးစိမ်းကြီးများဖြင့်ပြင်းပြင်းထန်ထန် စိုက်ကြည့်နေသည်ကိုလည်းသတိမထားမိတော့ပေ။
"ခြိမ်းခြောက်ခံရတာပါ လို့ ပြောချင်နေတာလား? ပထမအကြိမ်ခြိမ်းခြောက်ခံရတာက ထားပါတော့၊ ဒုတိယအကြိမ်၊ တတိယအကြိမ်နဲ့ နောက်အကြိမ်တွေကရော? ကျွန်တော့ထက် တောင် နည်းနည်းပဲငယ်တဲ့ညီမလေးတစ်ယောက်ရှိနေတာ မမေ့နဲ့ဦးနော်"
ရှန်လျန် ..သူ့နောက်ကျောကိုမတ်မတ်ထားကာ ကြောက်ရွံ့ခြင်းအလျဉ်းမရှိ ကြည့်ကာ သူ့လေသံမှာ...လှောင်ပြောင်သရော်နေဟန်။
"ဒီအကြောင်းတွေ မင်းကိုဘယ်သူပြောတာလဲ?"
သူ့ကြည့်ရတာ တော်တော်များများ သိထားဟန်ကြောင့် ရှန်ဖေဖေ လေးနက်စွာ မေးလိုက်သည်။
ရှန်လျန် ပြန်မဖြေပါ။အဖေနဲ့သားမှာ အချင်းချင်းချိန်ရွယ်ထားကြတဲ့ ဓားနှစ်ဖက်၏ ထိပ်ဖျားနှင့်တူပြီး အလျော့မပေးလိုကြ။ အချိန် အတန်ကြာပြီးမှ ရှန်လျန်က သူ့အဖေနောက်မှာ ပုန်းနေတဲ့ လျိုရှုဟန်ဆီ အကြည့်ရွှေ့လိုက်သည်။ လျိုရှုဟန်ကို တစ်ယောက်ထဲ ပေးပျော်နေရန် စိတ်ကူးမရှိပေ။
"မ..မဟုတ်ဘူး သခင်ကြီး၊ ကျွန်မ ဒါတွေ ဘယ်လိုလုပ်သူ့ကိုပြောပါ့မလဲ?"
ရှန်လျန့်မျက်ဝန်းထဲမှ သဲလွန်စများကြောင့် ရှန်ဖေဖေအထင်လွဲသွားရာ...လျိုရှုဟန်သည် တရားမျှတမှုအတွက် စိတ်ဆိုးတကြီးငိုလေတော့သည်။
"သားလေး မင်း.. မေမေကို မုန်းစမ်းပါစေ မေမေ ဘာမှ မဖြစ်ပါဖူး၊သားကိုဘယ်လိုစိတ်နဲ့ အပြစ်တင်ရက်ပါ့မလဲ?
မကောင်းဆိုးဝါးလေး ငါ့ကို ဆွဲထည့်ရဲတယ်ပေါ့လေ! ဝေကျစ်ချန်ဆိုတာ ရှန်သခင်ကြီးရဲ့ အသည်းညှာမှန်း ဘယ်သူမသိလို့လဲ? သခင်ကြီးသာ သူ့စကားယုံသွားခဲ့ရင် သူမ အတွက် ဘာမှကောင်းလာမှာ မဟုတ်တော့ဘူး၊ ကလေးတွေက ဒီအရွယ်ထိတောင်ကြီးပြင်းလာကြပြီ၊ အရင်က သူမကို လှည့်မကြည့်ချင်လောက်အောင်
အေးစက်စက် ဆက်ဆံခံရတဲ့ဘဝကိုပြန်မသွားချင်တော့ဘူး။
"ကျွန်တော်ပြောတာ မဟုတ်လို့လား? ခဗျားလည်းသိပါတယ် ကျွန်တော့အစ်ကိုမပါပဲ ဒီခြံဝန်းကနေ တစ်ဖဝါးမှ ကျွန်တော်မခွာဖူးဘူး၊ လွန်ခဲ့တဲ့ငါးနှစ်က နယ်ဘက် သွားခဲ့တုန်းကကျွန်တော့အသက်10နှစ်ပဲရှိသေးတာ၊ ငါးနှစ်လုံးလုံး နယ်အစွန်အဖျားမှာ နေခဲ့ရတာ၊ မနေ့ကမှ ဒဏ်ရာတွေနဲ့အိမ်ပြန်ရောက်ပြီး ဖွားဖွားနဲ့ တစ်ခြားသူတွေကိုတွေ့ရတာ၊ ဘာလဲ ဖွားဖွားပြောတဲ့စကားတွေကို မေ့ပစ်လိုက်ပြီလား"
ထိပ်ထိပ်ပျာပျာဖြင့် သူမဆီငေးကြည့်ကာပြောသည့်ရှန်လျန်မှာ အပြစ်ကင်းစင် လေဟန်။ သူ့အား ရှေ့မှာထားကာ လုပ်ချင်ရာ လုပ်မည်ကို သူ့အနေဖြင့် အချိန်တိုင်းသည်းခံနေမှာ မဟုတ်ချေ။ ဘာပဲဖြစ်ဖြစ် သူ့စကားတွေက အမှန်တရားပါပဲ။
"မင်း..."
ဒီလောက်ထိ ကုန်းတိုက်မယ်လို့ထင်မထားတာကြောင့် သူမ ပိုပိုပြီးပျာယာခတ်လာသည်။ ရှန်သခင်ကြီးမှ သူမအပေါ် အထင်လွဲသည့်အကြည့်ကြောင့် သူ့လက်မောင်းအားဆွဲကိုင်ကာ တောင်းပန်လိုက်တော့သည်။
"မဟုတ်ပါဘူးရှင့်၊ ကျွန်မ တစ်ကယ် ဘာမှ မပြောခဲ့...."
"ဟမ့်!"
ရှန်သခင်ကြီးက သူ့လက်ကိုကြမ်းတမ်းစွာ ခါထုတ်ပစ်လိုက်သည်။
"မင်းကိုယ်မင်း အမေတစ်ယောက်လို့ပြောချင်သေးတာလား"
ဝေကျစ်ချန်ဆိုတာ သူ့နှလုံးသားကို ဖွင့်နိုင်ခဲ့သူပဲ၊ ဘယ်သူမှ လာထိခွင့်မပေးနိုင်ဘူး၊ ရှန်လျန်က မှားနေတယ်ဆိုရင်တောင် သူကတစ်ချက်မှ မစဉ်းစားပဲ လျိုရှုဟန်ကို ဆက်စိတ်ဆိုးဦးမှာပဲ။
"အဖေ၊ အမေက ဘာမှ မပြောခဲ့ဘူး၊ ရှန်လျန်က ပေါက်ကရတွေလျှောက်ပြောနေတာ"
အထက်ပါဖြစ်ရပ်ကြောင့် ရှန်ချန်က အလောတကြီးဝင်ပြောသည်။ သူမကရှင်းလင်းစွာပင် သူ့အဖေအတွက် ဝေကျစ်ချန်က ဘယ်လိုအရေးပါမှန်းမသိချေ။သူမက ရှန်သခင်ကြီးရဲ့ အမြဲမျက်နှာသာပေးမှုကိုခံရသည်လေ။
"ပါးစပ်ပိတ်ထားစမ်း၊ မင်းကဘာဝင်ရှုပ်နေတာလဲ? ခုချက်ချင်းပြန်စမ်း၊ ငါ့အမိန့်မရမချင်း ဒီခြံဝန်းကိုလာခွင့်မပြုဘူး"
"အဖေ့!"
သူမ တစ်ခါမှ ခုလိုမဆက်ဆံခံရဖူးခဲ့။ ရှန်ချန် ငေးကြောင်နေမိသည်။လျိုရှုဟန်မှ သူမကို ဆွဲကိုင်ကာ သခင်ကြီးအားအရိုအသေပေးပြီးထွက်သွားခဲ့သည်။
"တုံးလင်အမတ်ကြီးခဗျာ၊ ကျွန်တော်က ဘာဂုဏ်ဒြပ်မှမရှိတဲ့သေးနုပ်တဲ့ လူငယ်လေးပါပဲ၊ ဒီခြံဝန်းလေးမှာ ဧည့်ခံဖို့ ကျွန်တော်ဘာမှ မတတ်နိုင်ပါဘူး"
ရှန်လျန်သည် နှုတ်ခမ်းမှ သွေးများသုတ်ကာ နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့နေမိသည်။ သူ့မျက်နှာ အထိုးခံလိုက်ရပြီးနောက် သူကလည်း ယဉ်ကျေးနေမည်မဟုတ်။
"ဒီကလေး.... ငါကမင်းအဖေ နော်"
သူ့အားတုံးလင် အမတ်ကြီးဟုခေါ်လိုက်ကတည်းက ဒေါသများပြေလျော့သွားပြီးဖြစ်သည်။ရှန်လျန်က သူ့အား တစ်ကယ်ကို မျက်နှာသာ မပေးပေ။
"အိုး...ကျွန်တော့အဖေမှန်းမှတ်မိနေသေးတာပဲ၊ အဖေက ကျွန်တော်လို သားကိုလိုချင်မယ်တော့မထင်ပါဘူး၊ တရားရေးငှာနချုပ်ကိုသွားပြီး လက်မှတ်ထိုး၊သားအဖ ဆက်ဆံရေးဖြတ်တောက်ပေးမယ်ဆိုရင်တော့ ကျွန်တော်အရမ်းဝမ်းသာမိမှာပဲ"
"ဒီ....မသိတတ်တဲ့သားကတော့!"
ရှန်သခင်ကြီးမှာ ဒေါသတစ်ဖန်ထပ်ထွက်လာကာ လက်ရွယ်ပြီး ရိုက်ဟန်ပြင်သည်။သို့သော် ချီယွဲ့က အလျင်အမြန် ရှန်လျန့် ရှေ့ကာရပ်သည်။ သခင်ကြီးမှာ ဤခေါင်းမာလွန်းတဲ့ မျက်နှာလေးကိုကြည့်ပြီး သေလွန်သွားပြီဖြစ်တဲ့ချစ်ရသူအား အောက်မေ့မိသည်။သူ့မွေးဖေဖေ သာ မသေသေးရင် ရှန်လျန်ကိုလည်း သူအရမ်းချစ်မိမှာပဲ၊ဘာလို့ဆို ကျစ်ချန်လို လှပပြီး ရုပ်ဆင်လိုက်တာမှ တစ်ထေရာထဲပဲ၊ ဒီလိုခေါင်းမာနေတဲ့ပုံစံလေးကိုက ကျစ်ချန်နဲ့အမွှာလို ပဲ။
"တာ့အာပြန်လာရင် မင်းအိမ်ထောင်ပြုရမယ်၊ဒီအတောအတွင်း ကိုယ့်ကိုကိုယ်ဂရုစိုက်ထားလိုက်"
ရှန်လျန်ကြောင့်ကျစ်ချန် သေဆုံးရတာကိုတွေးမိတိုင်း နှလုံးသားထဲက တစ်ဆစ်ဆစ်နာကျင်လာရကာ ကိုယ့်စိတ်ကိုယ် ပြန်ဖြေရသည်။ ပြောစရာရှိတာ ပြောပြီးသည်နှင့် သူလည်းထွက်ခဲ့လိုက်သည်။
"လျန်လျန် အရမ်းနာနေလား?"
ယောင်နေတဲ့ပါးလေးကိုကြည့်ကာ ချီယွဲ့ မေးသည်။ထိကိုင်ချင်သော်လည်း လျန်လျန်နာကျင်မည်ကို ကြောက်မိသေးသည်။ မျက်ရည်များမှာ တားမရဆီးမရစွာ ကျဆင်းနေလျက်။
"အဆင်ပြေပါတယ်၊ အိမ်တော်ထိန်းဆီ ရေခဲတုံး နည်းနည်းသွားတောင်းခဲ့ပေး၊ ရေခဲကပ်လိုက်ရင် အဆင်ပြေသွားမှာ"
ရှန်လျန်မှာ ငိုနေသည့်သူကိုကြည့်ကာ ရယ်ချင်ပက်ကျိဖြင့် အောင့်အီးထားပြီး ပခုံးထက်သို့ အသာအယာ ပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။
"တုံးလင် အမတ်ကြီးက ဘာလို့ဒီလောက် ရက်စက်ရတာလဲ? မင်းက သူ့သားဟာကို"
ချီယွဲ့မှာ ပြောရင်းငိုရင်းနှင့် ပိုပိုပြီးအဆင်မပြေဖြစ်လာသည်။ လျန်လျန့်ကို ခုလိုဆက်ဆံတယ်...သူ့အဖေက...။
"အင်း...သူက သူရဲဘောကြောင်တဲ့သူပဲ၊ ရေခဲတုံးသွားယူတော့လေ ၊ပါး နာနေပြီ"
"ခုချက်ချင်းသွားယူပေးမယ်"
သူနာနေ
တယ်လဲဆိုရော ချက်ချင်း မျက်ရည်တွေသုတ်ပြီး ပြေးထွက်သွားသည်။
ပြေးထွက်သွားသူရဲ့နောက်ကျောကို ငေးကြည့်ကာ ရှန်လျန့်ရင်ထဲနွေးသွားသည်။ လက်အသာမြောက်ပြီး ယောင်ကိုင်းနေတဲ့ပါးပြင်ကိုပွတ်သည်။မှန်တယ် သူက ရှန်သခင်ကြီးရဲ့သားပဲ၊ သူ့အချစ်ဆုံးလူဗိုက်ထဲက မွေးဖွားလာခဲ့တာ၊ အဲ့လို အချစ်ကြီးလို့လဲ သူ့သားသူသတ်ချင်နေတာ အမှန်တရားပဲ။
Words 2030
Grape 🍇