no

Font
Theme

' လင်းယွီချိန်ကို 'စ' မယ် '

တစ်ခြားသူတွေ ဘယ်လိုထင်ထင် အဓိက လူနှစ်ယောက်က ‌စိတ်ထဲပင် ထည့်‌ပုံမပေါ် .. တစ်ယောက်က ပေါ့ပေါ့ပါးပါး ပြောလွှတ်လိုက်ပြီး ကျန်တစ်ယောက်က ခံစားချက် အတက်အကျမရှိပဲ ဘာမှ မကြားလိုက်သည့်ပုံ...ထိုလူနှစ်ဦးက ကောင်းကင်ဘုံက တွဲဖက်ပေးလိုက်သည့် ဖူးစာများလား....

"ယွမ်ရွှင်း.. လျှောက်မပြောတော့နဲ့"

"ဒါဆိုရှန်လျန် ဘယ်လိုတွေးလဲ ပြောပြပါဦး.. ယွမ်ရွှင်း လက်ထပ်ခွင့်တောင်းတာကို လက်ခံမှာလား"

အခြေအနေတွေ မရှုပ်ထွေးခင် မင်းသား၅ ချင်

ယွင်ထျန်းက ဝင်ပြောလိုက်ရာ ရှန်လျန့်ဆီ အကြည့်တွေက တစ်ဖန် ဆိုက်ရောက်လာပြန်သည်။ တွတ်ထိုးနေကြသူအပေါင်းမှာလည်း တိတ်ဆိတ်သွားကာ ရှန်လျန့်အဖြေကို စိတ်ဝင်တစား စောင့်ဆိုင်းနေကြသည်။

သူ့နာမည်ကို ခေါ်ခံလိုက်ရကတည်းက ရှန်လျန်သည်လည်း ဆက်လက် လစ်လျူရှုထား၍မရတော့မှန်းသိလိုက်သည်။ ပင့်တင်ထားသည့်လေးကိုဖြည်းညင်းစွာ အောက်ပြန်ချကာ မင်းသားဆီအကြည့်မပို့ခင် ခန်းမတစ်ခုလုံးကိုအရင် ဝေ့ကြည့်သည်။ ထို့နောက်

"ကျွန်တော်မျိုးမှတ်မိတာ မှန်ရင် ဒီပွဲက ဗိုလ်ကြီးလင်းယွီချိန်နဲ့ ကျွန်တော်တို့ရဲ့ မြားပစ်ပြိုင်ပွဲလားလို့.... ဘယ်လိုလုပ် ကျွန်တော်မျိုးရဲ့ လက်ထပ်ပွဲဖြစ်သွားရတာတဲ့လဲ"

ဆန္ဒရှိတာ မရှိတာ အသာထား.သူ့ခံစားချက်အမှန်ကို လူတိုင်းကြည့်‌နေတဲ့ ဤနေရာမှာ မဖွင့်ချနိုင်ပေ... သူ့လပ်ထပ်ပွဲက သူကိုယ်တိုင်ဆုံးဖြတ်ရမယ့်ကိစ္စဖြစ်ပြီး အခြားသူ ဝင်စွက်ဖက်တာမျိုး မနှစ်သက်ပါချေ။

"အဟမ်း ဟမ်း"

ရှန်လျန့်အဖြေက ယခုလိုဖြစ်မယ်မှန်းထင်မထားသဖြင့် မင်းသားသွမ့်သည် သဘာဝမကျစွာ ချောင်းနှစ်ကြိမ် ဟမ့်လိုက်ပြီးမှ ဆက်ပြောသည်။

"ရှန်လျန်ပြောတာ မှန်တယ်..အခုက သူနဲ့ ဗိုလ်ကြီးလင်းတို့ ရဲ့ပြိုင်ပွဲပဲ .. လက်ထပ်ပွဲဆိုတာကလည်း မိဘချင်း စကားပြောကြရတာမျိုး..

ကိုယ်တော်တို့ ဦးရီးတော်နဲ့ဒေါ်လေး ဖြစ်တဲ့ ယွမ်ရွှင်းမိဘတွေက စောစောစီးစီးကွယ်လွန်သွားကြတာဆိုတော့ ဒီကိစ္စတွေကို ယွမ်ရွှင်းက သိပ်သဘောမပေါက်သေးတာ... ရှန်လျန့်အတွက်ကျတော့ သူက ကောတစ်ယောက်ဖြစ်တဲ့အတွက် သူ့ဂုဏ်သိက္ခာက ဘဝတစ်ခုလုံးစာအရေးကြီးတယ်"

ပြောလည်းပြောရင်း မင်းသားသွမ့်၏အကြည့်က မျက်နှာ ညိုပုပ်နေကြသော တော်ဝင်မင်းသားတွေဆီ ရောက်သွားသည်။ မတတ်နိုင်စွာ သက်ပြင်းသာ ချမိ၏။ ဒီကိစ္စသာ ပျံ့သွားရင် ဧကရာဇ်တော့ သွေးတိုးနေတော့မယ်မလား...

"အဆင်ပြေပါတယ် ဒီမင်းသား မင်းကို ဆက်ပြီး သဘောကျနေမှာမို့ မင်းခေါင်းငြိမ့်သဘောတူတဲ့ အချိန်ထိ‌ စောင့်နေမယ်"

သူ့အပြောတွေက မလုံလောက်မှာ စိုးရိမ်တာကြောင့် ဖေးယွမ်ရွှင်းက ရှန်လျန့်ကို အဓိပ္ပာယ်ပါပါပြုံးပြလိုက်သည်။

ဒီတစ်ကြိမ် သူပြောလိုက်သည့်စကားက အလွန်လေးနက်ကြောင်း မည်သူမှ သတိမထားမိပေ...

ရှန်လျန့်ဘက်က ပြတ်ပြတ်သားသားမငြင်းဆိုသည့်အတွက် ဒါက မျှော်လင့်ထားတဲ့ တုံ့ပြန်မှုကောင်းရခဲ့သည်ပင်။

"ကျေးဇူးပါ အရှင့်သား"

ရှန်လျန် ကျေးဇူးတင်လိုက်ပြီး လင်းယွီချိန်ဘက် ပြန်လှည့်လိုက်သည်။

"ဗိုလ်ကြီးလင်း ကျွန်တော်တို့ စတော့မလား"

သူရဲကောင်း ဖြစ်ဖို့ရင် ထင်သလောက်မလွယ်ပါ။

ဒီနေ့မှာ ထိုကောင်လေးကို သင်ခန်းစာပေးဖို့ ရှန်လျန် စိတ်အားထက်သန်နေသည်။

"......"

လင်းယွီချိန် က မျက်နှာမည်းဖြင့် ဘာမှ ပြန်မပြောနိုင်...အရှုံးလည်းမပေးချင်ရာ ကိုယ့်ကိုကိုယ် ပစ်မှတ်ထား မတ်တပ်သွားရပ်ရုံသာရှိ၏။

ရင်ထဲဝေဒနာ တင်းကြပ်ကာ စိတ်ဖိစီးသည့်ဒဏ်ကို ခံစားနေရသည်။

"ဒါမှမဟုတ် ဗိုလ်ကြီးလင်းက အရှုံးပေးဖို့ ကြံစည်နေတာလား.. အဲ့လိုလည်း ရတယ်.. ကျွန်တော်က စကားပြောလွယ်တဲ့သူပါ...ခင်ဗျား အရှုံးပေးမယ်ဆိုရင် ခင်ဗျားရဲ့ မိသားစုသိက္ခာကိုထောက်ပြီး ကျွန်တော့ကိုအနိုင်ကျင့်ခဲ့တဲ့အကြောင်း မပျံ့စေရဘူး"

"မင်း...."

ရှန်လျန်ရဲ့ပြင်းထန်ရက်စက်တဲ့စကားလုံးတွေက လင်းယွီချိန်ကို မျက်လုံးပြူးသွားစေသည်။ ချက်ချင်း ပန်းသီးကို ခေါင်းပေါ်ကောက်တင်ကာ နေရာချလိုက်ပြီး

"ပစ်လိုက်! မြားလေးပစ်ရုံပဲမလား လုပ်! ပစ်!"

"အို့.."

ရှန်လျန် မျက်ခုံးပင့်လိုက်ပြီး ထပ်မံ ယဉ်ကျေးမနေတော့ပေ။ လေး ယူလိုက်ပြီး အသင့်ပြင်လိုက်သည်။

လင်းယွီချိန်ကဲ့သို့ပင် ပစ်မှတ်နှင့် ငါးမီတာ အကွာတွင် ရပ်လိုက်သည်။ ဘယ်ဘက်လက်က လေးကိုင်ပြီး ညာဘက်လက်က မြားကိုနောက်ပြန်ဆွဲထားသည်။ သို့သော် ပုံစံက ကြိုးကြိုးစားစားဆွဲတင်နေရသလိုလို...ရှန်လျန်၏ခပ်မိုက်မိုက် အမူအရာက လင်းယွီချိန်ကို အဆုံးထိ ကြောက်ရွံ့သွားစေသည်။

"နေ...နေပါဦး"

မြားပစ်လွှတ်တော့မည်ကိုမြင်သောအခါ လင်းယွီချိန် သေရမှာ ကြောက်လာပြီး ခေါင်းပေါ်ကပန်းသီးကဲ့သို့ တောင့်တင်းသွားပြီး...

"မင်း... မင်းအချိန်ယူပြီး သေချာချိန်ဦး ..အဲ့လို မဟုတ်ဘူးလေ... မြားထွက်သွားတော့မယ်... ဘယ်ဘက် နည်းနည်းတိုး.. ဘယ်ဘက်အရမ်းရောက်သွားပြီဟ"

"....."

လင်းယွီချိန်၏ တုန်လှုပ်ချောက်ချားစွာ ညွှန်ကြားနေမှုများကို နားထောင်ရင်း ရှန်လျန်က မြားကို ချိန်နေသဖြင့် သေခြင်းတရားကိုရန်စနေသည့်မြင်ကွင်းအား ကြည့်ရှုနေကြသူအပေါင်းသည် ကူကယ်ရာမဲ့ပြီး ရယ်ချင်စိတ်ကို ချုပ်တည်းထားရသည်။

ဘယ်လို အရှုပ်အထွေးတွေလဲ... တစ်ကယ်ကိုရယ်ချင်စရာ ကောင်းလိုက်တာ...

"ခင်ဗျားပဲ တိတ်တိတ်နေ! လာမနှောင့်ယှက်နဲ့.. ပစ်မှတ်လွဲသွားရင် ဘယ်လိုလုပ်မလဲ"

တစ်စုံတစ်ယောက်၏ ထပ်ခါတလဲလဲညွှန်ကြားချက်များကို မခံမရပ်နိုင်ဖြစ်လာသည့်အဆုံး ရှန်လျန် စိတ်မရှည်စွာ ငေါက်လိုက်သည်။

လင်းယွီချိန်က မျက်ရည်မကျပဲ ငိုနေ တော့သည်။ သူ့ညွှန်ကြားချက်မပါပဲ ရှန်လျန်က တည့်တည့်မတ်မတ် ပစ်နိုင်ပါ့မလား...ဒီလို လူဖြစ်မှန်းသာ အစထဲကသိခဲ့ရင် သူ့ကိုသေတဲ့အထိရိုက်သတ်မယ်ဆိုရင်တောင် ရှန်ကျင်း ပျော်ရွှင်ဖို့အတွက်လေးနဲ့ ရှန်လျန့်ကို အတင်းအကြပ် ရန်စဖို့ ဘယ်တော့မှ လုပ်ခဲ့မှာ မဟုတ်ပေ။

"အဲ့တာဆို မင်း..."

ရွှီး...!

"အား.."

လင်းယွီချိန် ရုတ်တရက် အသက်ရှင်ချင်စိတ်ပြင်းပြလာပြီး တစ်ခုခုပြောရန်ကြံသော်လည်း

ရှန်လျန်က အခွင့်အရေးမပေးချေ။ မြားတံက လွင့်ပျံသွားပြီး လူအားလုံးကို တုန်လှုပ်သွားစေသည်။ တတိယမင်းသားတို့ဇနီးမောင်နှံနှင့် ဗိုလ်ကြီးလင်း၏အိမ်တော်မှ မိသားစုပါတစ်ပြိုင်တည်း ထရပ်မိကြသည်။

လင်းယွီချိန်က ရှောင်ရန်ပြင်ဆင်ချိန်မရလိုက်သဖြင့် အလျင်စလိုနောက်ဆုတ်လိုက်ရာ ခလုတ်တိုက်ပြီးဖင်ထိုင်ကျသွားသဖြင့် မြားတံကခြေနှစ်ဖက်အကြားရှိ မြေပြင်ပေါ်စိုက်နေပြီး သူ့ကိုသင်းကွပ်မိမတတ်ပင်။

"အိုး.. အရမ်းနီးသွားတယ် အရမ်းနီးကပ်သွားတာပဲ အားနာပါတယ် ဗိုလ်ကြီးလင်း.. ခင်ဗျားရဲ့အနာဂါတ်မျိုးဆက်ကို ဂရုစိုက်မိလုနီးပါးဖြစ်သွားတယ်"

"......."

အားလုံးရဲ့ အကြည့်အောက်မှာပဲ သူ့ပါးကို အသာကုတ်ကာ အပြုံးလေးဖြင့် တောင်းပန်စကားဆိုသည်။ တစ်ဖက်သူကတော့ ထိတ်လန့်မှုကြောင့် ချွေးစေးများရွှဲလျက်..အပြစ်တင်ချင်သော်လည်း တစ်ဖက်သူကနဂိုထဲက မြားပစ်မတတ်သူဖြစ်နေသည်။ ပထမမြားနဲ့တင် သူ့ဘဝရဲ့ပျော်ရွှင်မှုက်ု ခြိမ်းခြောက်နေလေပြီ၊ ကျန်မြားနှစ်ချက်ကို မည်ကဲ့သို့လုပ်ရမည်နည်း...

ရှန်လျန့်မြားပစ်စကေးနဲ့ဆိုလျှင် လင်းယွီချိန်မှာ မသေလျှင်တောင် ဒဏ်ရာတော့ ရသွားနိုင်ချေ များသည်။

"အရမ်းကောင်းတယ်.. တိကျမှုလေးပဲ လိုတာ"

ချီကျူးရဲသည့်တစ်ယောက်တည်းသောသူက ဖေးယွမ်ရွှင်းပင်... ဘယ်သူကသိမလဲ သူပြောတဲ့ တိကျမှုက လင်းယွီချိန်ရဲ့ ဘောင်းဘီလား.. ခေါင်းလား ဆိုတာ...မည်သို့ပင်ဆိုစေ ထိုသဘောထားက အလွန်ဒေါသထွက်စရာကောင်းသည်။

"ဗိုလ်ကြီးလင်း.. စိတ်အေးအေးထားပါ ကျွန်တော် ပထမမြားပစ်ချက်မှာ အတွေ့အကြုံရခဲ့ပြီမို့ နောက်တစ်ချက်ကို ပိုကောင်းအောင် ပစ်နိုင်မှာပါ"

"......."

အဲ့ဒါကိုပဲ ငါက ကြောက်တာဟ!

လင်းယွီချိန်သည် ရင်ထဲကခါးသက်မှုကို ခံစားနေရပြီး အနာဂါတ်တွင် ရှန်လျန်ကို တွေ့ခဲ့ပါက ဝေးဝေးကရှောင်ရန် သံဓိဌာန်ချမှတ်လိုက်သည်။

"လုပ်လုပ် မြန်မြန်"

အချိန်ဆွဲခြင်းက ပြဿနာကို မဖြေရှင်းနိုင်...တစ်စုံတစ်ယောက်က ဒုတိယမြားအတွက် တက်ကြွနေသည်က မြင်သည့်အတိုင်းပင် ။

လင်းယွီချိန် ခုန်ထလိုက်ပြီး မြေပြင်ကပန်းသီးကို ခေါင်းပေါ် တစ်ဖန်ပြန်တင်သည်။

" မင်း သေချာချိန်နော်"

"ကျွန် တော် သိပါတယ်"

ရှန်လျန် စာနာစွာ ဖြေပြီး လေးနဲ့မြားကို ချိန်ကာ လူတိုင်းရဲ့စိတ်နှလုံးကို ဆွဲဆောင်ထားပြန်သည်။

ကိုင်တွယ်ပုံက အဆင်မပြေလေ စိုးရိမ်ရလေ ဖြစ်ပြီး လင်းယွီချိန်ဆိုလျှင် တစ်ကိုယ်လုံး တောင့်တင်းနေလေပြီ။

ရွှီး....!

"အာ့!"

ထင်မှတ်မထားသည့် ပစ်ချက်ပင်! မြားတံက လေထဲ ထိုးဖောက်သွားပြီး လင်းယွီချိန်၏ ခေါင်းတည့်တည့်ဆီပျံထွက်သွားသည်။ ဒီတစ်ကြိမ်တော့ အသက်မသေတောင် မျက်နှာက ဆိုးဆိုးရွားရွားထိခိုက်မိတော့မည်ဟု တွေးထင်လိုက်ကြသည်။

လင်းယွီချိန်၏ ဒုတိယမြားသည် ရှန်လျန့်ဆံစကို အနည်းငယ် ဖြတ်ယူသွားနိုင်ခဲ့သော်လည်း မတူသည့်အချက်မှာ ရှန်လျန် ၏ဒုတိယမြားက လင်းယွီချိန်၏ပါးကို ခြစ်ရာ ထင်သွားစေခဲ့သည်။

ပြတ်ရှသွားသော ပါးပေါ်က ဒဏ်ရာ ကိုဖြည်းညှင်းစွာ ထိလိုက်ရင်း လင်းယွီချိန် သံသယဖြင့်ကြည့်လိုက်သည်။

ရှန်လျန် မြားမပစ်တတ်တာ တစ်ကယ်ရော ဟုတ်လို့လား?

ဒီလောက် တိုက်ဆိုင်တာ ဖြစ်နိုင်လို့လား.. သူတစ်ယောက်ထဲ သံသယဝင်သည်တော့မဟုတ်ပေမယ့် ရှန်လျန့်ပုံစံက အမှန်တစ်ကယ် ဘာမှ မတတ်သည့်ဟန် ဖြစ်နေပြီး လှုပ်ရှားကိုင်တွယ်ပုံကအစ ခက်ခဲနေပုံဖြစ်နေသည်။ ခန့်မှန်းရ ခက်လှ၏။

"ပိုပြီးတိကျလာမယ်လို့ မပြောခဲ့ဘူးလား..နည်းနည်းနိမ့်သွားတာတော့ ရှက်စရာပဲ.. နောက်ဆုံးမြားတော့ သံသယမရှိ ထိကိုထိမှာ"

ရှန်လျန် မြားကောက်ယူပြီး ပြန်အလာ တွင် ရုတ်တရက် လင်းယွီချိန်နား ကပ်ကာ တီးတိုးပြောလိုက်သည်။

"ဗိုလ်ကြီးလင်း...ကျွန်တော်ကလေ ဘယ်တော့မှ သူတစ်ပါးကို အရင်ရန်မစဘူး.. ကျွန်တော့ကို အနိုင်လာကျင့်ရင်တော့ လွယ်လွယ်နဲ့မလွှတ်ပေးနိုင်ဘူး... ခန့်မှန်းကြည့်! နောက်ဆုံးမြားချက်နဲ့ ခင်ဗျားကို ဧကရာဇ်ရှေ့ ကျွန်တော်ပို့ရဲလားမပို့ရဲလားဆိုတာ"

"မင်း...."

ရှန်လျန်ကသူ့ကို ကစားနေမှန်း လင်းယွီချိန် နောက်ဆုံးတော့ အတည်ပြုနိုင်သွားပြီ.. သူမြားပစ်တတ်တယ်!

"ဟဟ.. ဗိုလ်ကြီးလင်း စိတ်အေးအေးထားပါ၊ ကျွန်တော် ပစ်တတ်ပါတယ်"

ဖြူစင်သည့်အပြုံးလေးကို ရှန်လျန် စွန့်ကြဲပေးခဲ့လိုက်၏။ လင်းယွီချိန် ၏ စိတ်တွေ ရှုပ်ထွေးနေတော့သည်။ အစမှအဆုံး ရှန်လျန်ဆင်ထားသော ဇာတ်ကွက်ထဲသို့ ကျ‌သွားခဲ့သူက သူပင်။ လက်ရုံးရည်ပိုင်းမှာတော့ သူကအနိုင်ရနိုင်သော်လည်း ဉာဏ်ပညာပိုင်းတော့ သူဆယ်ယောက်ရှိလျှင်တောင် ရှန်လျန့်ကိုမယှဉ်နိုင်ပေ။

"ဗိုလ်ကြီးလင်း အဆင်သင့်ပဲလား.."

တစ်ဖက်တွင် ရှန်လျန်ကနောက်ဆုံးမြားတံကိုဆွဲတင်လိုက်သည်။ ဤတစ်ကြိမ်သည် ပစ်မှတ်က ရှင်းလင်းနေပြီး ကိုယ်နေဟန်ထား နှင့် ချိန်ရွယ်ပုံက ရှေ့နှစ်ကြိမ်ထက်ကောင်းသည်။ မတတ်နိုင်စွာ နှင့် လင်းယွီချိန်သည် ရှန်လျန့်ကို ပဟေဠိဆန်ဆန်ကြည့်ကာ ပန်းသီးနေရာချသည်။

"ရွှီး!"

ဇွက်!

"ဘယ်လိုဖြစ်နိုင်မှာလဲ"

ဒီတစ်ကြိမ်တွင် ပစ်မှတ်ကို ထပ်ခါတလဲလဲ ချိန်ဆမနေပဲ ထိုအစား တစ်ခါတည်း ပစ်လွှတ်လိုက်ပြီး လှုပ်ရှားဟန်က တည်ငြိမ်သည်။ လင်းယွီချိန်က နေရာမှာ မိုက်မဲစွာ ရပ်မနေပဲ နောက်ပြန်ရှောင်လိုက်သည်။ သဘာဝကျစွာ ပန်းသီးက မြေပြင်ပေါ်ပြုတ်ကျသွားသည့်အခိုက်အတန့်..လင်းယွီချိန်၏ ခြေရင်းနား မကျခင်အချိန်လေးမှာ ရှန်လျန် ပစ်လိုက်သည့်မြားတံက ပန်းသီး၏အူတိုင်ကို စိုက်ဝင်သွားခဲ့သည်။

"လုံးဝက်ု မယုံကြည်နိုင်စရာပဲ"

ဒါကိုရော တိုက်ဆိုင်တာလို့ ပြောရဦးမှာလား!

တစ်ခဏသာ တိတ်ဆိတ်သွားပြီး ခန်းမ တစ်ခုလုံး ပွက်လောရိုက်ကုန်သည်။ ရှန်လျန်တို့နှစ်ယောက် ဇာတ်တိုက်ထားမယ်လို့ ဘယ်သူမှ မယုံကြပေ။

ထိုကံကောင်းမှုကြီးကို ဒီမှာ ရှိနေသူတိုင်းမြင်သည်။ ရှန်လျန်က သေချာပေါက် မြားပစ်တတ်ပြီး သူ့ပညာဟာလည်း လင်းယွီချိန်ထက် မနိမ့်ကျချေ။

"ပြီးသွားပြီပေါ့.. ကံသိပ်မကောင်းဘူး ကျွန်တော်တို့ သရေ ဖြစ်နေတယ် နောက်တစ်ချက်လောက် ပစ်ပြီးအနိုင်ရှုံးဆုံးဖြတ်ကြမယ်လေ ဘယ်လိုလဲ"

ရှန်လျန်က အပြုံးမျက်နှာဖြင့် လေးတံကိုကိုင်ထားသည်။ကြည့်ရတာ ဤဂိမ်းကစားရခြင်းကိုနှစ်သက်နေပုံပင်။

"မ‌ပြိုင်ဘူး..ငါရှုံးတယ်"

လင်းယွီချိန် မျက်နှာ ပျက်ပျက်နှင့်ငြင်းသည်။

ဘာကိုနောက်တစ်ခါလဲ.. ရူးနေပြီလား.. မပြီးနိုင်တော့ဘူး ငါ့ကို အရုပ်လို စိတ်ကြိုက်ဆော့ပြီးတာတောင် မကျေနပ်နိုင်သေးဘူး နောက်တစ်ကြိမ်တဲ့..

"နှမျောစရာပဲ.. ခုမှ စပျော်ရတာကို"

ရှန်လျန့်အမူအရာက နောင်တရမှုအပြည့်.. အားလုံးက ဆွံ့အနေ၏။

ဘာကို နှမျော နေသေးတာလဲ...သူများကအသက်နဲ့ယှဉ်ပြီး လောင်းကြေးထပ်ပေးခဲ့

တာတောင် ခုထိ မကျေနပ်နိုင်သေးဘူးလား...

"ကျွန်တော်ရှုံးတာမလို့ လှူဖွယ် ပစ္စည်း လှူဒါန်းပေးပါ့မယ်"

လင်းယွီချိန် က မင်းသားသွမ့်ကျွမ်းကိုမျက်နှာချင်းဆိုင်လိုက်ကာ ဆိုသည်။ ထို့နောက် ခါးတစ်ဝိုက်မှာ ချည်နှောင်ထားတဲ့ အဖိုးတန်ကျောက်စိမ်းဆွဲပြားကို ဆွဲဖြုတ်ကာ ပေးလိုက်၏။

"ကိုယ်တော်က ဒုက္ခသည်တွေအစား ကျေးဇူးတင်ပါတယ်"

နောက်ဆုံးတော့ပြီးသွားပြီ..မင်းသားသွမ့်ကျွမ်း ယခုမှ အသက်ဝဝရှူနိုင်တော့သည်။

အလှူပစ္စည်းကို အစေခံဆီပေးခဲ့ကာ လှည့်ထွက်လာပြီး ရှန်လျန့်အနားမှ ဖြတ်သွားသောအခါ နှစ်ကိုယ်ကြားလေသံဖြင့် ပြောလိုက်၏။

" တစ်ကယ်တော့ မြားပစ်တတ်ရဲ့နဲ့ မင်းငါ့ကို လိမ်တယ်.. မင်းရဲ့စကေးက ငါ့ကိုယှဉ်လို့ရတယ်"

မေးခွန်းမဟုတ်ပဲ အတည်ပြုပြောကြာခြင်းဖြစ်၏။ ဒုတိယမြားက တိုက်ဆိုင်တယ်ဆိုလျှင် ဖြစ်နိုင်ချေရှိသည်။ နောက်ဆုံးမြားပစ်ချက်ကိုတော့ ရှင်းပြရန်မလွယ်တော့ပါ.. ရှန်

လျန်၏စကားနဲ့ပေါင်းစပ်လိုက်သောအခါ ရှန်

လျန်မြားပစ်တတ်သည်ဟူသော အချက်က သေချာသွားသည်။

"ဒီဘဝမှာ လေးတံကို ပထမဆုံးအကြိမ်ထိဖူးတာပဲ"

သို့ပေမယ့် ယခင်ဘဝတုန်းကတော့ စစ်မြေပြင်မှာ နေခဲ့သူတစ်ယောက်အနေနဲ့ မြားဘယ်လို ပစ်ရလဲ မသိဘူးဆိုတာ ဘယ်ဖြစ်နိုင်မလဲ...

ရှန်လျန် သူ့ကို မလိမ်ခဲ့ပါ.. အမှန်တရားကို အကုန်မထုတ်ပြခဲ့ရုံတင်...

Words 2534

🍇 Grape

' လင္းယြီခ်ိန္ကို 'စ' မယ္ '

တစ္ျခားသူေတြ ဘယ္လိုထင္ထင္ အဓိက လူႏွစ္ေယာက္က ‌စိတ္ထဲပင္ ထည့္‌ပုံမေပၚ .. တစ္ေယာက္က ေပါ့ေပါ့ပါးပါး ေျပာလႊတ္လိုက္ၿပီး က်န္တစ္ေယာက္က ခံစားခ်က္ အတက္အက်မရွိပဲ ဘာမွ မၾကားလိုက္သည့္ပုံ...ထိုလူႏွစ္ဦးက ေကာင္းကင္ဘုံက တြဲဖက္ေပးလိုက္သည့္ ဖူးစာမ်ားလား....

"ယြမ္႐ႊင္း.. ေလွ်ာက္မေျပာေတာ့နဲ႔"

"ဒါဆိုရွန္လ်န္ ဘယ္လိုေတြးလဲ ေျပာျပပါဦး.. ယြမ္႐ႊင္း လက္ထပ္ခြင့္ေတာင္းတာကို လက္ခံမွာလား"

အေျခအေနေတြ မရႈပ္ေထြးခင္ မင္းသား၅ ခ်င္

ယြင္ထ်န္းက ဝင္ေျပာလိုက္ရာ ရွန္လ်န႔္ဆီ အၾကည့္ေတြက တစ္ဖန္ ဆိုက္ေရာက္လာျပန္သည္။ တြတ္ထိုးေနၾကသူအေပါင္းမွာလည္း တိတ္ဆိတ္သြားကာ ရွန္လ်န႔္အေျဖကို စိတ္ဝင္တစား ေစာင့္ဆိုင္းေနၾကသည္။

သူ႔နာမည္ကို ေခၚခံလိုက္ရကတည္းက ရွန္လ်န္သည္လည္း ဆက္လက္ လစ္လ်ဴရႈထား၍မရေတာ့မွန္းသိလိုက္သည္။ ပင့္တင္ထားသည့္ေလးကိုျဖည္းညင္းစြာ ေအာက္ျပန္ခ်ကာ မင္းသားဆီအၾကည့္မပို႔ခင္ ခန္းမတစ္ခုလုံးကိုအရင္ ေဝ့ၾကည့္သည္။ ထို႔ေနာက္

"ကြၽန္ေတာ္မ်ိဳးမွတ္မိတာ မွန္ရင္ ဒီပြဲက ဗိုလ္ႀကီးလင္းယြီခ်ိန္နဲ႔ ကြၽန္ေတာ္တို႔ရဲ႕ ျမားပစ္ၿပိဳင္ပြဲလားလို႔.... ဘယ္လိုလုပ္ ကြၽန္ေတာ္မ်ိဳးရဲ႕ လက္ထပ္ပြဲျဖစ္သြားရတာတဲ့လဲ"

ဆႏၵရွိတာ မရွိတာ အသာထား.သူ႔ခံစားခ်က္အမွန္ကို လူတိုင္းၾကည့္‌ေနတဲ့ ဤေနရာမွာ မဖြင့္ခ်ႏိုင္ေပ... သူ႔လပ္ထပ္ပြဲက သူကိုယ္တိုင္ဆုံးျဖတ္ရမယ့္ကိစၥျဖစ္ၿပီး အျခားသူ ဝင္စြက္ဖက္တာမ်ိဳး မႏွစ္သက္ပါေခ်။

"အဟမ္း ဟမ္း"

ရွန္လ်န႔္အေျဖက ယခုလိုျဖစ္မယ္မွန္းထင္မထားသျဖင့္ မင္းသားသြမ့္သည္ သဘာဝမက်စြာ ေခ်ာင္းႏွစ္ႀကိမ္ ဟမ့္လိုက္ၿပီးမွ ဆက္ေျပာသည္။

"ရွန္လ်န္ေျပာတာ မွန္တယ္..အခုက သူနဲ႔ ဗိုလ္ႀကီးလင္းတို႔ ရဲ႕ၿပိဳင္ပြဲပဲ .. လက္ထပ္ပြဲဆိုတာကလည္း မိဘခ်င္း စကားေျပာၾကရတာမ်ိဳး..

ကိုယ္ေတာ္တို႔ ဦးရီးေတာ္နဲ႔ေဒၚေလး ျဖစ္တဲ့ ယြမ္႐ႊင္းမိဘေတြက ေစာေစာစီးစီးကြယ္လြန္သြားၾကတာဆိုေတာ့ ဒီကိစၥေတြကို ယြမ္႐ႊင္းက သိပ္သေဘာမေပါက္ေသးတာ... ရွန္လ်န႔္အတြက္က်ေတာ့ သူက ေကာတစ္ေယာက္ျဖစ္တဲ့အတြက္ သူ႔ဂုဏ္သိကၡာက ဘဝတစ္ခုလုံးစာအေရးႀကီးတယ္"

ေျပာလည္းေျပာရင္း မင္းသားသြမ့္၏အၾကည့္က မ်က္ႏွာ ညိဳပုပ္ေနၾကေသာ ေတာ္ဝင္မင္းသားေတြဆီ ေရာက္သြားသည္။ မတတ္ႏိုင္စြာ သက္ျပင္းသာ ခ်မိ၏။ ဒီကိစၥသာ ပ်ံ႕သြားရင္ ဧကရာဇ္ေတာ့ ေသြးတိုးေနေတာ့မယ္မလား...

"အဆင္ေျပပါတယ္ ဒီမင္းသား မင္းကို ဆက္ၿပီး သေဘာက်ေနမွာမို႔ မင္းေခါင္းၿငိမ့္သေဘာတူတဲ့ အခ်ိန္ထိ‌ ေစာင့္ေနမယ္"

သူ႔အေျပာေတြက မလုံေလာက္မွာ စိုးရိမ္တာေၾကာင့္ ေဖးယြမ္႐ႊင္းက ရွန္လ်န႔္ကို အဓိပၸာယ္ပါပါၿပဳံးျပလိုက္သည္။

ဒီတစ္ႀကိမ္ သူေျပာလိုက္သည့္စကားက အလြန္ေလးနက္ေၾကာင္း မည္သူမွ သတိမထားမိေပ...

ရွန္လ်န႔္ဘက္က ျပတ္ျပတ္သားသားမျငင္းဆိုသည့္အတြက္ ဒါက ေမွ်ာ္လင့္ထားတဲ့ တုံ႔ျပန္မႈေကာင္းရခဲ့သည္ပင္။

"ေက်းဇူးပါ အရွင့္သား"

ရွန္လ်န္ ေက်းဇူးတင္လိုက္ၿပီး လင္းယြီခ်ိန္ဘက္ ျပန္လွည့္လိုက္သည္။

"ဗိုလ္ႀကီးလင္း ကြၽန္ေတာ္တို႔ စေတာ့မလား"

သူရဲေကာင္း ျဖစ္ဖို႔ရင္ ထင္သေလာက္မလြယ္ပါ။

ဒီေန႔မွာ ထိုေကာင္ေလးကို သင္ခန္းစာေပးဖို႔ ရွန္လ်န္ စိတ္အားထက္သန္ေနသည္။

"......"

လင္းယြီခ်ိန္ က မ်က္ႏွာမည္းျဖင့္ ဘာမွ ျပန္မေျပာႏိုင္...အရႈံးလည္းမေပးခ်င္ရာ ကိုယ့္ကိုကိုယ္ ပစ္မွတ္ထား မတ္တပ္သြားရပ္႐ုံသာရွိ၏။

ရင္ထဲေဝဒနာ တင္းၾကပ္ကာ စိတ္ဖိစီးသည့္ဒဏ္ကို ခံစားေနရသည္။

"ဒါမွမဟုတ္ ဗိုလ္ႀကီးလင္းက အရႈံးေပးဖို႔ ႀကံစည္ေနတာလား.. အဲ့လိုလည္း ရတယ္.. ကြၽန္ေတာ္က စကားေျပာလြယ္တဲ့သူပါ...ခင္ဗ်ား အရႈံးေပးမယ္ဆိုရင္ ခင္ဗ်ားရဲ႕ မိသားစုသိကၡာကိုေထာက္ၿပီး ကြၽန္ေတာ့ကိုအႏိုင္က်င့္ခဲ့တဲ့အေၾကာင္း မပ်ံ႕ေစရဘူး"

"မင္း...."

ရွန္လ်န္ရဲ႕ျပင္းထန္ရက္စက္တဲ့စကားလုံးေတြက လင္းယြီခ်ိန္ကို မ်က္လုံးျပဴးသြားေစသည္။ ခ်က္ခ်င္း ပန္းသီးကို ေခါင္းေပၚေကာက္တင္ကာ ေနရာခ်လိုက္ၿပီး

"ပစ္လိုက္! ျမားေလးပစ္႐ုံပဲမလား လုပ္! ပစ္!"

"အို႔.."

ရွန္လ်န္ မ်က္ခုံးပင့္လိုက္ၿပီး ထပ္မံ ယဥ္ေက်းမေနေတာ့ေပ။ ေလး ယူလိုက္ၿပီး အသင့္ျပင္လိုက္သည္။

လင္းယြီခ်ိန္ကဲ့သို႔ပင္ ပစ္မွတ္ႏွင့္ ငါးမီတာ အကြာတြင္ ရပ္လိုက္သည္။ ဘယ္ဘက္လက္က ေလးကိုင္ၿပီး ညာဘက္လက္က ျမားကိုေနာက္ျပန္ဆြဲထားသည္။ သို႔ေသာ္ ပုံစံက ႀကိဳးႀကိဳးစားစားဆြဲတင္ေနရသလိုလို...ရွန္လ်န္၏ခပ္မိုက္မိုက္ အမူအရာက လင္းယြီခ်ိန္ကို အဆုံးထိ ေၾကာက္႐ြံ႕သြားေစသည္။

"ေန...ေနပါဦး"

ျမားပစ္လႊတ္ေတာ့မည္ကိုျမင္ေသာအခါ လင္းယြီခ်ိန္ ေသရမွာ ေၾကာက္လာၿပီး ေခါင္းေပၚကပန္းသီးကဲ့သို႔ ေတာင့္တင္းသြားၿပီး...

"မင္း... မင္းအခ်ိန္ယူၿပီး ေသခ်ာခ်ိန္ဦး ..အဲ့လို မဟုတ္ဘူးေလ... ျမားထြက္သြားေတာ့မယ္... ဘယ္ဘက္ နည္းနည္းတိုး.. ဘယ္ဘက္အရမ္းေရာက္သြားၿပီဟ"

"....."

လင္းယြီခ်ိန္၏ တုန္လႈပ္ေခ်ာက္ခ်ားစြာ ၫႊန္ၾကားေနမႈမ်ားကို နားေထာင္ရင္း ရွန္လ်န္က ျမားကို ခ်ိန္ေနသျဖင့္ ေသျခင္းတရားကိုရန္စေနသည့္ျမင္ကြင္းအား ၾကည့္ရႈေနၾကသူအေပါင္းသည္ ကူကယ္ရာမဲ့ၿပီး ရယ္ခ်င္စိတ္ကို ခ်ဳပ္တည္းထားရသည္။

ဘယ္လို အရႈပ္အေထြးေတြလဲ... တစ္ကယ္ကိုရယ္ခ်င္စရာ ေကာင္းလိုက္တာ...

"ခင္ဗ်ားပဲ တိတ္တိတ္ေန! လာမေႏွာင့္ယွက္နဲ႔.. ပစ္မွတ္လြဲသြားရင္ ဘယ္လိုလုပ္မလဲ"

တစ္စုံတစ္ေယာက္၏ ထပ္ခါတလဲလဲၫႊန္ၾကားခ်က္မ်ားကို မခံမရပ္ႏိုင္ျဖစ္လာသည့္အဆုံး ရွန္လ်န္ စိတ္မရွည္စြာ ေငါက္လိုက္သည္။

လင္းယြီခ်ိန္က မ်က္ရည္မက်ပဲ ငိုေန ေတာ့သည္။ သူ႔ၫႊန္ၾကားခ်က္မပါပဲ ရွန္လ်န္က တည့္တည့္မတ္မတ္ ပစ္ႏိုင္ပါ့မလား...ဒီလို လူျဖစ္မွန္းသာ အစထဲကသိခဲ့ရင္ သူ႔ကိုေသတဲ့အထိ႐ိုက္သတ္မယ္ဆိုရင္ေတာင္ ရွန္က်င္း ေပ်ာ္႐ႊင္ဖို႔အတြက္ေလးနဲ႔ ရွန္လ်န႔္ကို အတင္းအၾကပ္ ရန္စဖို႔ ဘယ္ေတာ့မွ လုပ္ခဲ့မွာ မဟုတ္ေပ။

"အဲ့တာဆို မင္း..."

႐ႊီး...!

"အား.."

လင္းယြီခ်ိန္ ႐ုတ္တရက္ အသက္ရွင္ခ်င္စိတ္ျပင္းျပလာၿပီး တစ္ခုခုေျပာရန္ႀကံေသာ္လည္း

ရွန္လ်န္က အခြင့္အေရးမေပးေခ်။ ျမားတံက လြင့္ပ်ံသြားၿပီး လူအားလုံးကို တုန္လႈပ္သြားေစသည္။ တတိယမင္းသားတို႔ဇနီးေမာင္ႏွံႏွင့္ ဗိုလ္ႀကီးလင္း၏အိမ္ေတာ္မွ မိသားစုပါတစ္ၿပိဳင္တည္း ထရပ္မိၾကသည္။

လင္းယြီခ်ိန္က ေရွာင္ရန္ျပင္ဆင္ခ်ိန္မရလိုက္သျဖင့္ အလ်င္စလိုေနာက္ဆုတ္လိုက္ရာ ခလုတ္တိုက္ၿပီးဖင္ထိုင္က်သြားသျဖင့္ ျမားတံကေျခႏွစ္ဖက္အၾကားရွိ ေျမျပင္ေပၚစိုက္ေနၿပီး သူ႔ကိုသင္းကြပ္မိမတတ္ပင္။

"အိုး.. အရမ္းနီးသြားတယ္ အရမ္းနီးကပ္သြားတာပဲ အားနာပါတယ္ ဗိုလ္ႀကီးလင္း.. ခင္ဗ်ားရဲ႕အနာဂါတ္မ်ိဳးဆက္ကို ဂ႐ုစိုက္မိလုနီးပါးျဖစ္သြားတယ္"

"......."

အားလုံးရဲ႕ အၾကည့္ေအာက္မွာပဲ သူ႔ပါးကို အသာကုတ္ကာ အၿပဳံးေလးျဖင့္ ေတာင္းပန္စကားဆိုသည္။ တစ္ဖက္သူကေတာ့ ထိတ္လန႔္မႈေၾကာင့္ ေခြၽးေစးမ်ား႐ႊဲလ်က္..အျပစ္တင္ခ်င္ေသာ္လည္း တစ္ဖက္သူကနဂိုထဲက ျမားပစ္မတတ္သူျဖစ္ေနသည္။ ပထမျမားနဲ႔တင္ သူ႔ဘဝရဲ႕ေပ်ာ္႐ႊင္မႈက္ု ၿခိမ္းေျခာက္ေနေလၿပီ၊ က်န္ျမားႏွစ္ခ်က္ကို မည္ကဲ့သို႔လုပ္ရမည္နည္း...

ရွန္လ်န႔္ျမားပစ္စေကးနဲ႔ဆိုလွ်င္ လင္းယြီခ်ိန္မွာ မေသလွ်င္ေတာင္ ဒဏ္ရာေတာ့ ရသြားႏိုင္ေခ် မ်ားသည္။

"အရမ္းေကာင္းတယ္.. တိက်မႈေလးပဲ လိုတာ"

ခ်ီက်ဴးရဲသည့္တစ္ေယာက္တည္းေသာသူက ေဖးယြမ္႐ႊင္းပင္... ဘယ္သူကသိမလဲ သူေျပာတဲ့ တိက်မႈက လင္းယြီခ်ိန္ရဲ႕ ေဘာင္းဘီလား.. ေခါင္းလား ဆိုတာ...မည္သို႔ပင္ဆိုေစ ထိုသေဘာထားက အလြန္ေဒါသထြက္စရာေကာင္းသည္။

"ဗိုလ္ႀကီးလင္း.. စိတ္ေအးေအးထားပါ ကြၽန္ေတာ္ ပထမျမားပစ္ခ်က္မွာ အေတြ႕အႀကဳံရခဲ့ၿပီမို႔ ေနာက္တစ္ခ်က္ကို ပိုေကာင္းေအာင္ ပစ္ႏိုင္မွာပါ"

"......."

အဲ့ဒါကိုပဲ ငါက ေၾကာက္တာဟ!

လင္းယြီခ်ိန္သည္ ရင္ထဲကခါးသက္မႈကို ခံစားေနရၿပီး အနာဂါတ္တြင္ ရွန္လ်န္ကို ေတြ႕ခဲ့ပါက ေဝးေဝးကေရွာင္ရန္ သံဓိဌာန္ခ်မွတ္လိုက္သည္။

"လုပ္လုပ္ ျမန္ျမန္"

အခ်ိန္ဆြဲျခင္းက ျပႆနာကို မေျဖရွင္းႏိုင္...တစ္စုံတစ္ေယာက္က ဒုတိယျမားအတြက္ တက္ႂကြေနသည္က ျမင္သည့္အတိုင္းပင္ ။

လင္းယြီခ်ိန္ ခုန္ထလိုက္ၿပီး ေျမျပင္ကပန္းသီးကို ေခါင္းေပၚ တစ္ဖန္ျပန္တင္သည္။

" မင္း ေသခ်ာခ်ိန္ေနာ္"

"ကြၽန္ ေတာ္ သိပါတယ္"

ရွန္လ်န္ စာနာစြာ ေျဖၿပီး ေလးနဲ႔ျမားကို ခ်ိန္ကာ လူတိုင္းရဲ႕စိတ္ႏွလုံးကို ဆြဲေဆာင္ထားျပန္သည္။

ကိုင္တြယ္ပုံက အဆင္မေျပေလ စိုးရိမ္ရေလ ျဖစ္ၿပီး လင္းယြီခ်ိန္ဆိုလွ်င္ တစ္ကိုယ္လုံး ေတာင့္တင္းေနေလၿပီ။

႐ႊီး....!

"အာ့!"

ထင္မွတ္မထားသည့္ ပစ္ခ်က္ပင္! ျမားတံက ေလထဲ ထိုးေဖာက္သြားၿပီး လင္းယြီခ်ိန္၏ ေခါင္းတည့္တည့္ဆီပ်ံထြက္သြားသည္။ ဒီတစ္ႀကိမ္ေတာ့ အသက္မေသေတာင္ မ်က္ႏွာက ဆိုးဆိုး႐ြား႐ြားထိခိုက္မိေတာ့မည္ဟု ေတြးထင္လိုက္ၾကသည္။

လင္းယြီခ်ိန္၏ ဒုတိယျမားသည္ ရွန္လ်န႔္ဆံစကို အနည္းငယ္ ျဖတ္ယူသြားႏိုင္ခဲ့ေသာ္လည္း မတူသည့္အခ်က္မွာ ရွန္လ်န္ ၏ဒုတိယျမားက လင္းယြီခ်ိန္၏ပါးကို ျခစ္ရာ ထင္သြားေစခဲ့သည္။

ျပတ္ရွသြားေသာ ပါးေပၚက ဒဏ္ရာ ကိုျဖည္းညႇင္းစြာ ထိလိုက္ရင္း လင္းယြီခ်ိန္ သံသယျဖင့္ၾကည့္လိုက္သည္။

ရွန္လ်န္ ျမားမပစ္တတ္တာ တစ္ကယ္ေရာ ဟုတ္လို႔လား?

ဒီေလာက္ တိုက္ဆိုင္တာ ျဖစ္ႏိုင္လို႔လား.. သူတစ္ေယာက္ထဲ သံသယဝင္သည္ေတာ့မဟုတ္ေပမယ့္ ရွန္လ်န႔္ပုံစံက အမွန္တစ္ကယ္ ဘာမွ မတတ္သည့္ဟန္ ျဖစ္ေနၿပီး လႈပ္ရွားကိုင္တြယ္ပုံကအစ ခက္ခဲေနပုံျဖစ္ေနသည္။ ခန႔္မွန္းရ ခက္လွ၏။

"ပိုၿပီးတိက်လာမယ္လို႔ မေျပာခဲ့ဘူးလား..နည္းနည္းနိမ့္သြားတာေတာ့ ရွက္စရာပဲ.. ေနာက္ဆုံးျမားေတာ့ သံသယမရွိ ထိကိုထိမွာ"

ရွန္လ်န္ ျမားေကာက္ယူၿပီး ျပန္အလာ တြင္ ႐ုတ္တရက္ လင္းယြီခ်ိန္နား ကပ္ကာ တီးတိုးေျပာလိုက္သည္။

"ဗိုလ္ႀကီးလင္း...ကြၽန္ေတာ္ကေလ ဘယ္ေတာ့မွ သူတစ္ပါးကို အရင္ရန္မစဘူး.. ကြၽန္ေတာ့ကို အႏိုင္လာက်င့္ရင္ေတာ့ လြယ္လြယ္နဲ႔မလႊတ္ေပးႏိုင္ဘူး... ခန႔္မွန္းၾကည့္! ေနာက္ဆုံးျမားခ်က္နဲ႔ ခင္ဗ်ားကို ဧကရာဇ္ေရွ႕ ကြၽန္ေတာ္ပို႔ရဲလားမပို႔ရဲလားဆိုတာ"

"မင္း...."

ရွန္လ်န္ကသူ႔ကို ကစားေနမွန္း လင္းယြီခ်ိန္ ေနာက္ဆုံးေတာ့ အတည္ျပဳႏိုင္သြားၿပီ.. သူျမားပစ္တတ္တယ္!

"ဟဟ.. ဗိုလ္ႀကီးလင္း စိတ္ေအးေအးထားပါ၊ ကြၽန္ေတာ္ ပစ္တတ္ပါတယ္"

ျဖဴစင္သည့္အၿပဳံးေလးကို ရွန္လ်န္ စြန႔္ႀကဲေပးခဲ့လိုက္၏။ လင္းယြီခ်ိန္ ၏ စိတ္ေတြ ရႈပ္ေထြးေနေတာ့သည္။ အစမွအဆုံး ရွန္လ်န္ဆင္ထားေသာ ဇာတ္ကြက္ထဲသို႔ က်‌သြားခဲ့သူက သူပင္။ လက္႐ုံးရည္ပိုင္းမွာေတာ့ သူကအႏိုင္ရႏိုင္ေသာ္လည္း ဉာဏ္ပညာပိုင္းေတာ့ သူဆယ္ေယာက္ရွိလွ်င္ေတာင္ ရွန္လ်န႔္ကိုမယွဥ္ႏိုင္ေပ။

"ဗိုလ္ႀကီးလင္း အဆင္သင့္ပဲလား.."

တစ္ဖက္တြင္ ရွန္လ်န္ကေနာက္ဆုံးျမားတံကိုဆြဲတင္လိုက္သည္။ ဤတစ္ႀကိမ္သည္ ပစ္မွတ္က ရွင္းလင္းေနၿပီး ကိုယ္ေနဟန္ထား ႏွင့္ ခ်ိန္႐ြယ္ပုံက ေရွ႕ႏွစ္ႀကိမ္ထက္ေကာင္းသည္။ မတတ္ႏိုင္စြာ ႏွင့္ လင္းယြီခ်ိန္သည္ ရွန္လ်န႔္ကို ပေဟဠိဆန္ဆန္ၾကည့္ကာ ပန္းသီးေနရာခ်သည္။

"႐ႊီး!"

ဇြက္!

"ဘယ္လိုျဖစ္ႏိုင္မွာလဲ"

ဒီတစ္ႀကိမ္တြင္ ပစ္မွတ္ကို ထပ္ခါတလဲလဲ ခ်ိန္ဆမေနပဲ ထိုအစား တစ္ခါတည္း ပစ္လႊတ္လိုက္ၿပီး လႈပ္ရွားဟန္က တည္ၿငိမ္သည္။ လင္းယြီခ်ိန္က ေနရာမွာ မိုက္မဲစြာ ရပ္မေနပဲ ေနာက္ျပန္ေရွာင္လိုက္သည္။ သဘာဝက်စြာ ပန္းသီးက ေျမျပင္ေပၚျပဳတ္က်သြားသည့္အခိုက္အတန႔္..လင္းယြီခ်ိန္၏ ေျခရင္းနား မက်ခင္အခ်ိန္ေလးမွာ ရွန္လ်န္ ပစ္လိုက္သည့္ျမားတံက ပန္းသီး၏အူတိုင္ကို စိုက္ဝင္သြားခဲ့သည္။

"လုံးဝက္ု မယုံၾကည္ႏိုင္စရာပဲ"

ဒါကိုေရာ တိုက္ဆိုင္တာလို႔ ေျပာရဦးမွာလား!

တစ္ခဏသာ တိတ္ဆိတ္သြားၿပီး ခန္းမ တစ္ခုလုံး ပြက္ေလာ႐ိုက္ကုန္သည္။ ရွန္လ်န္တို႔ႏွစ္ေယာက္ ဇာတ္တိုက္ထားမယ္လို႔ ဘယ္သူမွ မယုံၾကေပ။

ထိုကံေကာင္းမႈႀကီးကို ဒီမွာ ရွိေနသူတိုင္းျမင္သည္။ ရွန္လ်န္က ေသခ်ာေပါက္ ျမားပစ္တတ္ၿပီး သူ႔ပညာဟာလည္း လင္းယြီခ်ိန္ထက္ မနိမ့္က်ေခ်။

"ၿပီးသြားၿပီေပါ့.. ကံသိပ္မေကာင္းဘူး ကြၽန္ေတာ္တို႔ သေရ ျဖစ္ေနတယ္ ေနာက္တစ္ခ်က္ေလာက္ ပစ္ၿပီးအႏိုင္ရႈံးဆုံးျဖတ္ၾကမယ္ေလ ဘယ္လိုလဲ"

ရွန္လ်န္က အၿပဳံးမ်က္ႏွာျဖင့္ ေလးတံကိုကိုင္ထားသည္။ၾကည့္ရတာ ဤဂိမ္းကစားရျခင္းကိုႏွစ္သက္ေနပုံပင္။

"မ‌ၿပိဳင္ဘူး..ငါရႈံးတယ္"

လင္းယြီခ်ိန္ မ်က္ႏွာ ပ်က္ပ်က္ႏွင့္ျငင္းသည္။

ဘာကိုေနာက္တစ္ခါလဲ.. ႐ူးေနၿပီလား.. မၿပီးႏိုင္ေတာ့ဘူး ငါ့ကို အ႐ုပ္လို စိတ္ႀကိဳက္ေဆာ့ၿပီးတာေတာင္ မေက်နပ္ႏိုင္ေသးဘူး ေနာက္တစ္ႀကိမ္တဲ့..

"ႏွေမ်ာစရာပဲ.. ခုမွ စေပ်ာ္ရတာကို"

ရွန္လ်န႔္အမူအရာက ေနာင္တရမႈအျပည့္.. အားလုံးက ဆြံ႕အေန၏။

ဘာကို ႏွေမ်ာ ေနေသးတာလဲ...သူမ်ားကအသက္နဲ႔ယွဥ္ၿပီး ေလာင္းေၾကးထပ္ေပးခဲ့

တာေတာင္ ခုထိ မေက်နပ္ႏိုင္ေသးဘူးလား...

"ကြၽန္ေတာ္ရႈံးတာမလို႔ လႉဖြယ္ ပစၥည္း လႉဒါန္းေပးပါ့မယ္"

လင္းယြီခ်ိန္ က မင္းသားသြမ့္ကြၽမ္းကိုမ်က္ႏွာခ်င္းဆိုင္လိုက္ကာ ဆိုသည္။ ထို႔ေနာက္ ခါးတစ္ဝိုက္မွာ ခ်ည္ေႏွာင္ထားတဲ့ အဖိုးတန္ေက်ာက္စိမ္းဆြဲျပားကို ဆြဲျဖဳတ္ကာ ေပးလိုက္၏။

"ကိုယ္ေတာ္က ဒုကၡသည္ေတြအစား ေက်းဇူးတင္ပါတယ္"

ေနာက္ဆုံးေတာ့ၿပီးသြားၿပီ..မင္းသားသြမ့္ကြၽမ္း ယခုမွ အသက္ဝဝရႉႏိုင္ေတာ့သည္။

အလႉပစၥည္းကို အေစခံဆီေပးခဲ့ကာ လွည့္ထြက္လာၿပီး ရွန္လ်န႔္အနားမွ ျဖတ္သြားေသာအခါ ႏွစ္ကိုယ္ၾကားေလသံျဖင့္ ေျပာလိုက္၏။

" တစ္ကယ္ေတာ့ ျမားပစ္တတ္ရဲ႕နဲ႔ မင္းငါ့ကို လိမ္တယ္.. မင္းရဲ႕စေကးက ငါ့ကိုယွဥ္လို႔ရတယ္"

ေမးခြန္းမဟုတ္ပဲ အတည္ျပဳေျပာၾကာျခင္းျဖစ္၏။ ဒုတိယျမားက တိုက္ဆိုင္တ

ယ္ဆိုလွ်င္ ျဖစ္ႏိုင္ေခ်ရွိသည္။ ေနာက္ဆုံးျမားပစ္ခ်က္ကိုေတာ့ ရွင္းျပရန္မလြယ္ေတာ့ပါ.. ရွန္

လ်န္၏စကားနဲ႔ေပါင္းစပ္လိုက္ေသာအခါ ရွန္

လ်န္ျမားပစ္တတ္သည္ဟူေသာ အခ်က္က ေသခ်ာသြားသည္။

"ဒီဘဝမွာ ေလးတံကို ပထမဆုံးအႀကိမ္ထိဖူးတာပဲ"

သို႔ေပမယ့္ ယခင္ဘဝတုန္းကေတာ့ စစ္ေျမျပင္မွာ ေနခဲ့သူတစ္ေယာက္အေနနဲ႔ ျမားဘယ္လို ပစ္ရလဲ မသိဘူးဆိုတာ ဘယ္ျဖစ္ႏိုင္မလဲ...

ရွန္လ်န္ သူ႔ကို မလိမ္ခဲ့ပါ.. အမွန္တရားကို အကုန္မထုတ္ျပခဲ့႐ုံတင္...

Words 2534

🍇 Grape

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment