တရားမျှတမှု ဆိုတာ ဘယ်မှာလဲ?
ဖုယွင်ရှီးနေတဲ့ခြံဝန်းက ရှန်လျန့်ခြံဝန်းကဲ့သို့ သိပ်မကျယ်ဝန်းပေ။ ခြံဝန်းတစ်ခုလုံး ရှုပ်ပွပြီးပေရေကာ ကြက်၊ဘဲများကလည်း ပတ်ပြေးနေကြသေးသည်။ ခြံရှင်ဖြစ်တဲ့ ဖုယွင်ရှီးအတွက်ဒီမြင်ကွင်းက မထူးဆန်းနေသလို ရှန်လျန်တို့အတွက်လည်း ပုံမှန်မြင်ကွင်းပါပင်။ ကျန်းမာသန်စွမ်းတဲ့ အဖေတစ်ယောက်လုံး အိပ်ယာထဲ လဲ သွားတာကို ဘယ်သူက ခြံဝန်းကိုသန့်ရှင်းရေးလုပ်အားပါ့မလဲလေ။
"အခု ခများရဲ့အကြောင်းပြောပြနိုင်ပြီ"
ဧည့်ခန်းမှာ နေရာ ချပေးပြီးနောက် လိုရင်းကို တိုက်ရိုက်ပြောလိုက်ရာ ရှန်လျန်ကလဲ ဒဲ့ပဲ ပြန်ဖြေ သည်။
"နာမည်ကရှန်လျန်၊ တုံးလင်အိမ်က သခင်လေး"
သူပြောသည်ကိုကြားသည်နှင့် ဖုယွင်ရှီးမျက်မှောင်ကြုတ်မိသည်။
"ရှန်လျန်ဆိုတာ ခများလား? ဟိုကောလဟာလ ထွက်နေတဲ့ တစ်ယောက်လေ"
တုံးလင်အိမ်တော်ရဲ့ သတင်းက လူထု အကြားပျံ့နှံ့နေပေမယ့် သူ အရမ်းအလေးနက်မထားခဲ့။ ယခု မူ ရှန်လျန်က သူ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေလေပြီ။
ကောလဟာလတွေနဲ့ ရှန်လျန့်ပုံစံက ဘာမှ မသက်ဆိုင်သလို ပင်။
"ကောလဟာလ ဆိုတာ 90%က သတင်းတုပဲ၊ ဥပမာဆိုရရင် မင်းရဲ့ စာမေးပွဲ ခိုးချတယ်ဆိုတဲ့ သတင်းလိုပေါ့"
"ခများ!"
ဖုယွင်ရှီး ဒေါတထောင်းခနဲ ထွက်သွားသော်လည်း ရှန်လျန်ကတော့ တည်ငြိမ်နေဆဲ။
"ငါ့ကိုဒေါသထွက်နေလို့လဲ အသုံးမဝင်ဘူး ၊အလကားပဲ... ဒါကို မင်းလည်းအသိဆုံးဖြစ်မှာပါ၊ ဖုယွင်ရှီး... မင်းအပေါ် ချောက်ချခဲ့သူတွေကို ဒေါသထွက်ရမှာ၊ ငါ့အပေါ် မဟုတ်ဘူးနော်"
"ဘယ်သူလုပ်တာလဲ ခများသိလား"
ဖုယွင်ရှီး အလေးအနက် မေးမိသည်။ ရှန်လျန်ခုလိုပြောလာတာဟာ သူတစ်ခုခုသိထား၍ပဲဖြစ်ရမည်။
"ငါသိတယ် ၊ဒါပေမယ့်မပြောပြဘူး"
သူ့ရဲ့ပြာချလို့ရတဲ့အကြည့်အောက်မှာပဲ ရှန်လျန် ဆက်ပြောသည်။
"ဖုယွင်ရှီး... မင်းက အရမ်းဉာဏ်ကောင်းပြီး တစ်ခြားသူတွေထက် ပိုဆင်ခြင်စဉ်းစားနိုင်တယ်၊ ဘာလဲ မင်းရဲ့တရားမျှတမှုရဖို့ ရုံးတော်က လုပ်ပေးတာကို ထိုင်စောင့်နေတာလား? မတုံးစမ်းပါနဲ့ တရားမျှတမှုဆိုတာ ဘာလဲ? အာဏာပဲ ကွ.. အာဏာမရှိရင် ဘာမှ လုပ်မရဘူး ဥ ပဒေက နံပါတ်နှစ်ပဲ"
သူပြောတဲ့အဓိပ္ပာယ်ကို ဖုယွင်ရှီးကောင်းကောင်း သဘောပေါက်ပါလိမ့်မည်။ သူသာ ချင်ယွင်ရှန်းရဲ့ အစီအစဉ်တွေကို တမင်လိုက်မဖျက်ချင်ရင် ဒီလိုတွေ ပြောနေမှာမဟုတ်။
"တစ်ကယ်လို့ ကျွန်တော်က ခများရဲ့ လူဖြစ်သွားရင် ၊ကျွန်တော့်အတွက်ဘာကောင်းကျိုးရမှာလဲ? ရှန်သခင်လေး၊ ခများပြောတာ အားလုံးမှန်ပါတယ် ကျွန်တော့မှာ ဘာအာဏာ၊နောက်ခံမှမရှိဘူး၊ ဒါပေမယ့် ခများကကော? တုံးလင်အိမ်တော်ရဲ့ မျက်နှာ သာပေးမခံရတဲ့ သားတစ်ယောက်ပဲလေ၊ ခများနောက်..လိုက်လို့ ကျွန်တော့အတွက် ဘာကောင်းလာမှာလဲ?"
ရှန်လျန့်စကားတွေက သူ့ရင်ထဲ ဒဲ့ထိတာမို့ ဒေါသမထွက်ဘူးလို့ပြောရင် လိမ်ရာကျမှာပေါ့!
သူ တွေးတတ်ပါတယ် ၊ရှန်လျန့်စကားတွေက သူ့စိတ်ကိုနိုးကြားလာစေတယ် ၊ဟုတ်တယ် သူ့မှာ အာဏာ ရှိလာအောင်လုပ်ရမယ် ပြီးရင် နာမည်ဂုဏ်သတင်းကိုပြန် အဖတ်ဆယ်ရမယ်။ဒါတွေဟာ ကိုယ်ကိုတိုင်ကြိုးစားမှဖြစ်လာမှာတွေ။
"ငါမင်းကို ဘာမှ မပေးနိုင်ပါဘူး၊ မင်းအပေါ်ချောက်ချခဲ့သူကိုတော့ အောက်ဆုံးထိဆွဲချပေးနိုင်တယ်၊ တော်ဝင်နန်းတွင်းစာမေးပွဲ ထပ်ကျင်းပတဲ့အခါ မင်းရဲ့နာမည်ဆိုးကို ချေဖျက်ပြီး ဂုဏ်သတင်းပြန်တက်အောင်လုပ်ပေးမယ်၊ နောက်ဆုံး မင်းအဖေရောဂါကိုလည်း ကုပေးမယ်ကွာ"
"အဖေ့ရဲ့ရောဂါက..."
အိပ်ယာထဲလဲနေတဲ့ ဖခင်ကိုပြန်မြင်ယောင်မိတော့ ဖုယွင်ရှီး တုန်လှုပ်သွားသည်။
ရှန်လျန်က ဖုယွင်ရှီးဆက် ပြောချင်တာကိုသိသည်။
"အဆုတ်ရောဂါ မလား? သာမာန်ဖျားနာတာ မဟုတ်ဖူးလေ"
သာမာန်လူတွေ ကဒီအဆုတ်ရောဂါကိုကုသနိုင်မှာ မဟုတ်ဖူး၊ ပြန်ကောင်းဖို့ အတော်ကြာလိမ့်မယ် ၊ဒါပေမယ့်ရှန်လျန့်ဆီမှာ ဆေးကျမ်းအသေးစိတ် ပြုစုထားတာရှိတာမို့ ကုသဖို့သိပ်မခက်ခဲပေ။ ကုသချိန်တော့အနည်းငယ် ကြာမည်။
သူလိမ်ညာပြောခြင်းလဲ မဟုတ်ရပါ၊ ဒီရောဂါက စိတ်ရှည်ရှည်နဲ့ ကုသပေးမယ်ဆိုရင်ပျောက်မှာ၊ ဒီကိုရောက်လာရတဲ့ အကြောင်းရင်းထဲကတစ်ခုက သူ့အဖေကို ကုသပေးဖို့ပါပဲ။
အတိတ်မှာ ချင်ယွင်ရှန်းဆီ ကို ဖုယွင်ရှီးရောက်လာတဲ့အချိန်က သူ့ဖခင်ဟာ အဆုတ်ရောဂါနဲ့ ဆုံးပါးသွားခဲ့ပြီ။
"ခများဘယ်လိုလုပ်သိ..."
"ယွင်ရှီးရေ... အဟွတ်!ဧည့်သည်ရောက်နေတာလား"
ဖုယွင်ရှီး ဘာမှ မစဉ်းစားနိုင်တော့ပဲ ချောင်းဆိုးနေတဲ့လူတစ်ဦးကို ကူညီရန်ထ သွားသည်။ ဘယ်ဘက်ခြမ်းရှိ လိုက်ကာ နောက်ကွယ်မှ ပိန်ပါးပြီးဝါကြင်ကြင် အသားရောင်ရှိသော လူတစ်ဦး ထွက်လာသည်။
"အဖေ! ဘာလို့အပြင်ထွက်လာတာလဲ ၊ လေစိမ်းက တိုက်ပါတယ်ဆို၊ အထဲဝင်ပြီး နားနေလိုက်လေနော်"
ထိုလူက ဖုယွင်ရှီးရဲ့ ဖခင်... ဖုရင် ဖြစ်သည်။သူ့သားက စာမေးပွဲတွေနဲ့ အလုပ်စရှုပ်နေချိန်မှာ ဒီရောဂါ စတင်ဖြစ်ပွားလာရခြင်း ဖြစ်သည်။
"အဟွတ်! ဘာဖြစ်မလဲ ၊သားရဲ့ သူငယ်ချင်းတွေက အိမ်ကိုလာခဲတယ်လေ ၊ အဖေက ထွက်နှုတ်ဆက်မှ သင့်တော်မှာပေါ့"
ထိုစကားလဲ ဆုံးရော ဆိုးလိုက်တဲ့ချောင်းဟာ အဆက်မပြတ်ပေ။ ချောင်းဆိုးတာ ပြင်းထန်လွန်း၍ ရှန်လျန်ပင် မျက်မှောင် ကြုံ့မိသည် အထိ။ သူ့နောက်မှ ချီ ညီ အစ်ကိုတို့လဲ သူ့အား စိုးရိမ်တကြီးလှမ်းကြည့်ကြသည်။
"အဖေ စကားဆက် မပြောပါနဲ့တော့ ၊ ဒီမှာ ထိုင်လိုက် ... အဖေ ရေသောက်မလား"
သက်တောင့်သက်သာ ထိုင်နိုင်ရန် ကူညီပေးပြီး အိမ်အနောက်ထဲ ရေတစ်ခွက်ပြေးခပ်သည်။
ရေသောက်လိုက်ပြီးနောက် ဖုရင် နေလို့ထိုင်လို့ ပိုကောင်းလာသည်။
"ခုလိုပုံစံ ပြရလို့ ဦးလေး စိတ်မကောင်းပါဘူး"
တောင်းပန်ပြုံးလေး ပြုံးပြရာ
"ရှုရှု(ဦးလေး) က အားနာနေပြန်ပြီ၊ ရောဂါဆိုတာ လူတိုင်းကြုံတွေ့ရတာပါပဲ ၊ ဘယ်သူမှ မရှောင်လွှဲနိုင်ပါဘူး ၊ အဲ့ရောဂါကို ကုသမယ့်နည်းလမ်းကိုသာ ရှာ ဖွေရမှာပါ"
ရှန်လျန် ပြန်တုံ့ပြန်ရင်းတွေးမိသည်။ အရင်က တော့ ဒီရှုရှုနဲ့မတွေ့ဆုံခဲ့ရဖူးပေ။ ရှုရှု့ မျက်နှာက နာမကျန်းမှုကြောင့် နွမ်းနယ် ကာ မအီမသာ ဖြစ်နေသော်လည်း သူ့အပြုံးကမူ လူတိုင်းအား နွေးထွေးမှု ပေးနိုင်သည်။
Words 1206
Grape 🍇