'အဆင့်မြင့် အဆိပ်ထွက်ပေါ်လာပြီ'
" ကိုယ်တော်က လူတစ်ချို့ဆင်ထားတဲ့ထောက်ချောက်ထဲ ကျတော့မယ်လို့ ယွမ်ရွှင်း ဆိုလိုချင်တာလား"
အပြန်အလှန်ပြောဆိုပြီးတဲ့နောက် ကျန်းမင်းသားက ဝေမိသားစုတည်ရှိမှုကို ပြန်သတိရမိသွားတယ်။ သူတို့သာ ဆန္ဒရှိရင် ချင်တိုင်းပြည်က ဧကရာဇ်ကို တိုက်ရိုက်ဖယ်ရှားနိုင်စွမ်းရှိတဲ့အပြင် လက်ရှိဧကရာဇ်ကတောင် မဆင်မခြင် မစော်ကားရဲပေ။
ဒီအချက်ကသံသယ မရှိ ထင်ရှားပေမယ့် လူအတော်များများက လစ်လျူရှုထားမိကြသည်။ ဘအဘယ်ကြောင့်ဆိုသော် ဝေမိသားစုနဲ့ ရှန်တာ့က မြို့တော်မှာ ရှိမ နေ ...ပြီးလျှင် ရှန်လျန်သာဆန္ဒ မရှိရင် ဘယ်သူက သူ့ကိုအနိုင်ကျင့်ရဲမှာတဲ့လဲ?
ဖေးယွမ်ရွှင်းက ဝေမိသားစုရဲ့ နာမည်ကို ထုတ်သုံးလိုက်တဲ့အပေါ် ရှန်လျန် ဘာမှတ်ချက်မှ မပေးပဲ သူ့ညာခြေထောက် ထုံကျင်တာ အနည်းငယ် သက်သာ သွားတဲ့အထိ မြို့စားရဲ့လက်မောင်းတွင်း ဆက်မှီနေခဲ့သည်.။ ရင်ခွင်ကျယ်ကြီးထဲ နှစ်မြှုပ်နေတဲ့ လက်တစ်ဖက်က လွှတ်ပေးဖို့ မသိမသာ အချက်ပြလာတော့ ဖေးယွမ်ရွှင်း မကျေမနပ်ဖြစ်ပြီးမျက်ခုံးကြုံ့မိ၏။ . နောက်တော့လည်း မတတ်သာစွာနဲ့ သူထွေးပွေ့ခဲ့တဲ့လူကို လွှတ်ပေးလိုက်ရသည်။
အားလုံးရဲ့အကြည့်တွေကို လစ်လျူရှုပြီး အလောင်းကိုစစ်ဆေးဖို့ ရှန်လျန်ထိုင်ချလိုက်သည် ။
လက်တစ်ဖက်က အလောင်းရဲ့ပါးစပ်ကိုဖြဲပြီး ကျန်လက်တစ်ဖက်က သေးငယ်တဲ့ ငွေရောင်အပ်ကိုကိုင်ကာ သွားကြားထဲ ထိုးပြီး တစ်စုံတစ်ခုကို ကျွမ်းကျွမ်းကျင်ကျင် ရှာဖွေကိုင်တွယ်နေပုံက လူအများကို အံ့ဩသွားစေသည်။ တွေးတတ်သူအနည်းငယ်သာလျှင် အလောင်းက သွေးရိုးသားရိုးမဟုတ်မှန်း ခန့်မှန်းမိကြလိမ့်မည်။
"အဲ့ယွဲ့ဟုန်!"
ရှန်လျန် အဆုံးသတ်ပြောကာ ထရပ်လိုက်သည်နှင့် ချီယွဲ့က အလိုက်တသိ လက်ကိုင်ပဝါကမ်းပေးသည်။ အဲ့ယွဲ့ဟုန်က အဆင့်မြင့်အဆိပ်တစ်မျိုးဖြစ်ပြီး သာမာန် ပြည်သူတွေအလွယ်တကူရနိုင်သည့်အရာမဟုတ်ပါ။ မျိုးရိုးကြီး မိသားစုများမှ တိတ်တဆိတ် ပျိုးထောင်ထားသော အသေခံတပ်သားများအတွက် အသုံးပြုသည့်အဆိပ်ဖြစ်သည်။
"အဲ့ယွဲ့ဟုန်လား? အဟင်း... စိတ်ဝင်စားစရာပဲ"
အဆိပ်နာမည်ကြားတာနဲ့ ဖေးယွမ်ရွှင်း နတ်ဆိုးဆန်ဆန်ပြုံးလိုက်သည်။ မင်းသားကျန်းသည်လည်း အတွင်းသတင်း အနည်းငယ် သိထားသည်များရှိရာ အခြားမင်းသားငယ်များကဲ့သို့ မျက်နှာ အမူအရာပြောင်းသွားသည်။ ရှန်ချင်၊ ကျင်းရှီယန်နှင့် ရှဲ့ယန်တို့လည်း မျက်မှောင်ကြုံ့ကုန်သည်။ အဘယ်ကြောင့်ဆိုသော် ပြန်ပေးဆွဲ ဓားပြများက ဤအဲ့ယွဲ့ဟုန် အဆိပ်ဖြင့် မိမိကိုယ်ကို အဆုံးစီရင်သွားကြသောကြောင့်ပင်။
သေဆုံးသွားသူနဲ့ ဓားပြတွေက တူညီတဲ့ အဆိပ်ကိုအသုံးပြုသွားတာကြောင့် ပတ်သက်မှုမရှိရင်တောင် အနည်းနဲ့အများ သံသယ ဖြစ်ဖွယ်ရာပင်။
"မင်းသားကျန်းနဲ့ အရှင့်သားအားလုံးလည်း ဒီမှာ ရှိနေတယ်ဆိုတော့ ဒီကိစ္စကို....."
ရှန်လျန်က စကားဆုံးအောင်မပြောဖြစ်လိုက်...သူ့ခန္ဓာကိုယ်က အနည်းငယ် မတည်မငြိမ်ဖြစ်သွားသည်။
ဖေးယွမ်ရွှင်းက သူ့ဆီတိုးကပ်လာပြီး ပခုံးဖက်လာသည်။
"ရှန်လျန်က မကျန်းမာဘူး.. အခု လေစိမ်းတိုက်တာနဲ့ အအေးမိနိုင်တယ်၊ အရင်ဆုံး သန့်ရှင်းဆေးကြောဖို့ ဝမ်းကွဲကိုသွားရှာပြီး အကူအညီတောင်းလိုက်ဦးမယ်.. ဦးရီးတော် က နောက်ကွယ်က တရားခံကို စုံစမ်းဖို့ ဆက် တာဝန်ယူမှာမလား၊ အဒေါ်က ဒီကိစ္စကို အတော်လေး စိတ်ဝင်စားနေလောက်တယ်"
ပြောပြီးသည်နှင့် ဖေးယွမ်ရွှင်းက လက်ဝေ့ယမ်းကာ ရှန်လျန့်အား ဖက်ရင်း ထွက်ခွာခဲ့သည်။ ထျန်းရှု၊ ယောင်းကွမ်၊ ချီယွဲ့၊ ရှန်ချင်၊ ကျင်းရှီယန်နဲ့ တစ်ခြားသူတို့သည် နောက်ကခြံရံလျက် တိတ်တဆိတ် လိုက်သွားကြသည်။
လူအုပ်ကြီးထဲ ပုန်းကွယ်နေတဲ့ ရှန်ချောင်တို့ မောင်နှမ နား ဖြတ်အလျှောက်တွင် ရှန်လျန်ရော ဖေးယွမ်ရွှင်းပါ တူညီစွာဖြင့် အေးစက်သည့်အကြည့်များပို့လွှတ်လိုက်ကြသည် ။ ထို့နောက် တစ်ဖက်သူတွေ ပြန်တုံ့ပြန်မလာခင် နှစ်ဦးသား အကြည့်ပြန်လွှဲလိုက်ကြပြီး အပျော်စီးလှေပေါ်က အားလုံးရဲ့ အာရုံစူးစိုက်မှုကို ချန်ရစ်ခဲ့လိုက်ကြသည်။
ရှန်ချောင်က အတော်လေး မျက်နှာ ပျက်ယွင်းနေသည်။
သူတို့အစီအစဉ်က ပြီးပြည့်စုံသည်ဟု ဆိုနိုင်သည်။ မင်းသားကျန်းပေါ် ရှန်လျန်လဲကျသွားတာနဲ့ ဖြစ်လာမယ့်ကိစ္စတွေကိုရှောင်လွှဲလို့မရတော့ပေ...သို့သော် ချင်ဖင်း မြို့စားက လျှပ်တပြက်ပေါ်လာပြီး ခြေနဲ့ ဖျက်သွားပြန်သည် ။ ယခုတော့ ကျရှုံးရုံသာမက ပြဿနာက ခေါင်းပေါ်ရောက်လာလေ ပြီ။ ရှန်ချောင် မတွေးရဲတော့ပေ...မင်းသမီးကြီးသာ သက်သေရှာတွေ့သွားခဲ့လျှင် သူတို့ နဲ့ လျိုမိသားစုဟာ အကြိမ်တစ်ရာလောက် သေပေးလည်း မလုံလောက်နိုင်တော့....
မင်းသားကျန်းနဲ့ မင်းသားငယ်တို့ရဲ့အကြည့်တွေက စူးရှနေလေသည်။ အထူးသဖြင့် ချင်ယွင်ရှန်းဖြစ်၏။ ဖေးယွမ်ရွှင်း၏လက်မောင်းအောက်မှ
ရှန်လျန့်ကိုစိုက်ကြည့်ရင်း ရင်ထဲ နင့်နင့်နဲနဲ ခံစားချက်တစ်ချို့ကို ထူးထူးဆန်းဆန်းခံစားမိလိုက်သည်။ နှလုံးသား ကသာ စကားဆိုတတ်ပါက ဤကဲ့သို့ပြောလိမ့်မည်...အရာအားလုံးလွှဲမှားနေတယ်.. ဒီလိုမဖြစ်သင့်ဘူး ဟူ၍ ။ ထိုထူးဆန်းသည့် ခံစားချက်က သူဘယ်လောက်တွေးတွေး အဖြေမပေါ်လာပေ။
မင်းသမီးကြီး ၏အိမ်တော်ဝန်းအတွင်းက ပန်းဥယျဉ် တွင် ဖြစ်၏ ။
"ဘယ်အချိန်ထိ ကိုင်ထားဦးမှာလဲဗျ?"
ဖေးယွမ်ရွှင်းသည် မူလက မင်းသားသွမ့်ကျွမ်းကိုရှာပြီး အကူအညီတောင်းလိုက်မည် ဟုတွေးသော်လည်း မင်းသမီးအိမ်တော်မှ လူများက သူ့အားမသိသူမရှိရာ အနီးဆုံးအိမ်တစ်ခုဆီသာ တိုက်ရိုက်ပို့ခိုင်းလိုက်သည်။ ထို့နောက် မိသားစုသမားတော်အား ချက်ချင်းပင့်ဖိတ်ခဲ့ပါရန်စေခိုင်းလိုက်ပြီး ချိုးရေပါ အသင့်ပြင်ခိုင်းလိုက်သေးသည်။ ငြင်းဆန်၍မရအောင်ပင် အဆင်သင့်ကူညီပေးနေသော သူကိုလှည့်ကြည့်ရင်း အကူအညီမဲ့စွာတွေးမိသည်။
ဒီလူက အတော်လေး တက်လို့လွယ်တဲ့ ထောက်တိုင်ပဲ... သူမသ်ိတာတော့မဟုတ်..ဒီတိုင်း မမြင်ချင်ယောင်ဆောင်နေခြင်းသာ ။
"ကိုယ် ဖက်ထားပေးတာ ကံကောင်းတယ်မှတ်! မကျေမနပ်ဖြစ်မနေတော့နဲ့... အမြန်ရေမိုးချိုးပြီး အဝတ်သစ်လဲလိုက်တော့"
ဖေးယွမ်ရွှင်း က သေချာ ဖက်ပွေ့ပေးခဲ့တာမျိုးမဟုတ်ပေ.. ဆိုရလျှင် စကားအခွင့်အရေးယူလိုက်ခြင်းသာဖြစ်၏။
"သခင်လေး ချိုးရေပူ အဆင်သင့်ဖြစ်ပါပြီ၊ ကျွန်တော် စောင့်နေပါတယ်နော်"
ချီယွဲ့က အလိုက်တသိနဲ့ ကြားဝင် ကူညီပေးလာရာ ရှန်လျန်က ရှန်ချင်တို့ညီအစ်ကိုနဲ့ ကျင်းရှီယန်တို့ကို ယဉ်ကျေးသမှု အရခေါင်းဆတ်ပြလိုက်ပြီး အတွင်းခန်းထဲ ဝင်လိုက်သည်။ ရှဲ့ယန်နဲ့ တစ်ခြားသူတွေက ခြံဝန်းထဲ မဝင်ခင်ပင် ဖေးယွမ်ရွှင်း၏ အတားခံလိုက်ရသည်။ လူတိုင်းက ခြံဝမှာတင်
ရှန်လျန့်အား စကားအနည်းငယ်ဖြင့် ယဉ်ကျေးစွာနှုတ်ဆက်ထွက်ခွာသွားကြသည်။
"ဒါလျိုဝမ်ကျင်း လုပ်တာပဲ"
ဧည့်ခန်းထဲ လူအနည်းငယ်ပဲ ရှိနေသည်။ ရှန်ချင်ကဦးစွာ စကားစလိုက်ပြီး လေသံက လုံးဝသေချာနေသည့်ဟန်။ ဖေးယွမ်ရွှင်းနဲ့ ကျင်းရှီယန်တို့နှစ်ဦးလုံး မျက်ခုံးပင့်ရင်းလှည့်ကြည့်လိုက်ကြသည်။ ရှန်ချင်က မျက်နှာထားတည်တည်နဲ့ ဆက်ပြောသည်။
"သိပ်မကြာခင်က မင်းသားကျန်းရဲ့ မြင်းလှည်းထဲ ကနေ လျိုဝမ်ကျင်း ထွက်လာတာ ကို ကိုယ်တိုင်တွေ့လိုက်တယ်..အဲ့အချိန်တုန်းက သိပ်များများ မတွေးမိလိုက်ဘူး.. ဒီတိုင်း မင်းသားကျန်းကိုဂါရဝပြုဖို့ပဲလို့ထင်လိုက်တာ..လတ်စသတ်တော့ ရှန်လျန့် အတွက် ရည်ရွယ်ချက်ကောင်းတွေ ထားနေခဲ့တာပဲ "
ရှန်ချင်ဟာ ရှန်တာ့ရဲ့ သူငယ်ချင်းကောင်းဖြစ်တာကြောင့် ရှန်လျန့်အပေါ် အမြင်ကောင်း ရှိပြီး ကာကွယ်ပေးချင်သည့်အတွက် သဘာဝကျစွာပင် ရှန်လျန့်အား ချောက်ချချင်နေသည့် ထိုစက်ဆုပ်စရာလူတစ်ချို့ကို ရွံရှာမိသည်။
" သူတစ်ယောက်ထဲ မဟုတ်ဘူး လျိုရှုဟန်လည်းပါတယ်၊ သူ့သား ရှန်ရှောင်က တစ်ခုခုကို သတိထားနေတဲ့ရုပ်နဲ့ မူပျက်နေတာ တွေ့လိုက်တယ်...ငါစိုးရိမ်တာ သူ လျန်လျန့်ကို သေချာပေါက်တစ်ခုခုလုပ်မှာကိုပဲ..ဒါပေမယ့် ရှန်ချောင်ရဲ့ မဆင်မခြင် ရှေ့ထွက်လိုက်တာရယ် ငါတို့ ရှိနေတာရယ်က သူတို့အစီအစဉ်ကို ဝင်နှောင့်ယှက်လိုက်သလိုဖြစ်သွားတာ"
ဖေးယွမ်ရွှင်းက အသေးစိတ် ချက်ကျလက်ကျ ခန့်မှန်းဖော်ထုတ်သွားသည်။
ကျင်းရှီယန် ခေါင်းငြိမ့်၏။
"မှန်တယ်.. ရှန်ချောင်သာ အဲ့အချိန် ရှေ့မထွက်လာရင်လည်း မင်းသားကျန်းက ရှန်လျန့် ခန္ဓာကိုယ်ကိုပဲ အာရုံစိုက်မိပြီး ရွံစရာကိစ္စတွေ လုပ်လာနိုင်တယ်... ပြီးတော့ လူရှေ့သူရှေ့မှာ မင်းသားကျန်းပေါ် လဲကျသွားခဲ့ရင် မင်းသမီးကြီးက ရှန်လျန့်ကို မသန့်ရှင်းတဲ့သူလို့ထင်ပြီး ယုံကြည်တော့မှာ မဟုတ်ဘူး..ဒါဆိုရင် .ဓားပြကိစ္စက ပြန်တွေးစရာဖြစ်သွားပြီ "
"ရှန်လျန်ကလည်း 'ကော'ဖြစ်ပြီး သူ့အိမ်အထောက်အပံ့ကသိပ်မကောင်းတော့ မကောင်းတဲ့ ကောလဟာလသေချာပေါက်ထွက်မှာပဲ လျိုရှုဟန်တောင် ဘာမှ သိပ်လှုပ်ရှားစရာမလိုဘူး...
ရှန်လျန့် နာမည်ဂုဏ် ထိန်းသိမ်းဖို့ဆိုပြီး မင်းသားကျန်းရဲ့နန်းဆောင်ထဲ ပို့လိုက်ရုံပဲ..ဘယ်သူကမသိလို့လဲ မင်းသားကျန်းဆီရောက်သွားရင် ဆိုးရွားတဲ့ကံကြမ္မာနဲ့ကြုံရတော့မယ်ဆိုတာ"
ယွမ်လန် အင်ပါယာ ထိပ်တန်းအရာရှိစစ်ဆေးပွဲကဖိအားထက် မလျော့ကျစွာပင် ရှန်ချင် အေးစက်စွာပြော၏။
"သိပ်တရားလွန်သွားပြီ.. .သူက အခုမှ ဆယ့်ငါးနှစ်ပဲရှိသေးတာလေ..."
"ရှောင်ကျိုးရေ.. မိသားစုကြီးတွေရဲ့အတွင်းရေးက နက်နဲလွန်းတယ် ပိုပြီး အမြင်ကျယ်ရမယ်နော်..ဘာမှ မသိတဲ့သူမဖြစ်စေနဲ့"
ရှောင်ကျိုးက ရှန်လျန့်ကိစ္စနဲ့ပတ်သက်မိမှ ခက်ခဲတဲ့ အခြေအနေကို ကြုံတွေ့ဖို့အခွင့်အရေးရခြင်းဖြစ်သည်။ သူ့အစ်ကိုရဲ့အေးစက်စက်ပြောသံကိုကြားပြီး ရှန်ကျိုး ထိတ်လန့်မိသွားပေမယ့် ကျင်းရှီယန်ကို ကြည့်ကာ မျက်လုံးအတွင်းပိုင်းထဲက ရက်စက်တတ်တဲ့သဲလွန်စတွေကို ဖမ်းမိလိုက်သည်။
တစ်ကယ်တော့ သူက ဘာမှ မသိတဲ့သူမဟုတ်သလို ဘာမှ နားမလည် တာလဲ မဟုတ်ပါ ။ ဒီတိုင်း မိဘနဲ့ အစ်ကိုကြီးရဲ့ မေတ္တာတွေ အောက်မှာ နေခဲ့ရပြီး ညစ်ထေးတဲ့အရာတွေနဲ့ ပတ်သက်ခွင့်မရှိခဲ့ရုံသာ။ သို့ပေမယ့် သူ့အစ်ကိုကြီး ပြောတာ မှန်သည်။ သူ့အသက်က ဆယ့်ခြောက်နှစ်ရှိနေပြီမို့ အနမ်းအကြောင်းဆွေးနွေးလို့ရနေလေပြီ၊ပြီးတော့ သူ့ရဲ့ ကြိတ်ချစ်ရတဲ့ ကျင်းရှီယန်နဲ့.....
######
"ယွဲ့ကော ရှိနေရင်ရပြီ ...ယောင်းကွမ်က အပြင်ကစောင့်နေလိုက်"
အတွင်းခန်းထဲ မဝင်ခင် ရှန်လျန်ပြောလိုက်ပြီး ချီယွဲ့ တစ်ဦးတည်းကိုသာ ခေါ်ဝင်လိုက်သည်။
ယောင်းကွမ်ကလည်း ရေချိုးတာက ပြဿနာ ကြီး တွေ မဖြစ်နိုင်လို့ သူလည်း အတင်း မဝင်တော့ဘဲ အပြင်ထွက်ကာ တံခါးပါပိတ်ပေးလိုက်၏။
"ကောင်းပါပြီ "
ရှန်လျန့်အား အဝတ်ချွတ်ပေးရသည်က ချီယွဲ့အား မျက်နှာ တစ်ပြင်လုံးနီမြန်းလာစေသည်။ ယခုတော့ အနီးကပ်မြင်လိုက်ရရာ
လျန်လျန်က အရမ်းကိုမှ........
"အဆင်ပြေသွားပါပြီ၊ ချင်ဖင်းမြို့စားက ကျွန်တော့ကို မထိန်းပေးလိုက်ရင်တောင် မင်းသားကျန်းပေါ်တော့ လဲ မကျစေရဘူး၊ မင်းသမီးကြီးရဲ့ အလှူပွဲတော့ ဒီလိုနဲ့နောက်ကျတော့မှာပဲ၊ ယွဲ့ကော ခဏနေ ခန်းမကျယ်ထဲသွားရင် အပြင်တိတ်တိတ်လေးထွက်ဖို့ အခွင့်အရေးရှာပြီးဦးလေးဝမ်ဆီသွား ပြီး လေ့ကျန်းဆီခေါ်သွားခိုင်း၊
ပြီးရင် ဘုန်းကြီးတစ်ပါး ကူရှာပေးဖို့တောင်းဆိုခဲ့ပေး သူက လောဘကြီးပြီး သိက္ခာမရှိတဲ့ဘုန်းကြီးလည်းဖြစ်ရမယ် ၊ ဘုန်ကြီးဟန်အမူအရာလည်း ထိန်းထားနိုင်တဲ့သူဖြစ်ရမယ်..နှစ်ရက်အတွင်းအမြန် လိုချင်တယ်"
ပြောပြီးသည်နှင့် ကျန်သည့်ရေစိုအဝတ်ကိုချွတ်ချကာ ရေချိုးကန်ထဲ ဝင်စိမ်လိုက်သည်။ ရေနွေးနွေးက တစ်ကိုယ်လုံးကိုသက်တောင့်သက်သာဖြစ်စေကာ ညည်းညူမိလိုက်သည်။ မတ် လရောက်နေပြီရောက်သော်လည်း မိုးများကာ ရာသီဥတုက အေးနေဆဲပင်။ ရေစိုအဝတ်ကို အချိန်အကြာကြီးဝတ်ထားရသောကြောင့် ချမ်းနေခဲ့သည်က အမှန်ပင်...
"ဟင်?"
ရေလဲ ရေဖြည့်ပေးရန် အဆင်သင့်စောင့်နေသော ချီယွဲ့က သူ့အား သံသယနှင့်ကြည့်သည်။ သူ့ကိုခိုင်းမယ့်အစား ယောင်းကွမ်ကိုလုပ်ခိုင်းတာက ပိုလွယ်မယ်မလား?သူ့ကိုယ်ခံပညာက ကောင်းတာကြောင့် နောက်ယောင်ခံ လိုက်မယ့်သူရှိနေမှာ ကို စိတ်ပူစရာမလိုတော့ဘူးလေ...
အကြည့်တစ်ချက်နဲ့သူဘာတွေးနေမှန်း တပ်အပ်မြင်နိုင်ရာ ရှန်လျန် မျက်လုံးလိမ့်လိုက်ပြီး ရေချိုးဇလုံအစွန်းနား မှီ လိုက်၏။
"ယွဲ့ကော.. ယောင်းကွမ်ရဲ့ သခင်က ကျွန်တော်မဟုတ်ဘူး"
ဖေးယွမ်ရွှင်းက သာ သခင်ဖြစ်ပြီး သူ့အမိန့်ကိုနာခံကာ ရှန်လျန့်အား ကာကွယ်ပေးနေပေမယ့် သူ့လူ ကိုယ့်ဘက်သားတော့ဖြစ်မလာနိုင်ပါ၊ အရိပ်ကိုယ်ရံတော်တပ်သားများနှင့် ဆက်သွယ်သည့်ကိစ္စကို ယောင်းကွမ်အား ခိုင်းစေလို့မဖြစ်ပေ။
"တောင်းပန်ပါတယ် လျန်လျန်၊ အစ်ကို က တုံးတယ်..ယောင်းကွမ်ကလည်း အတူ လာနေနေတာ အချိန် တစ်ခုရှိပြီဆိုတော့ သတိလက်လွှတ်ဖြစ်သွားတယ်"
ချီယွဲ့က မိမိကိုယ်ကိုအပြစ်တင်နေခြင်းကြောင့် ရှန်လျန်ပြုံးကာ
"အစ်ကိုက မတုံးပါဘူး၊ သဘောကောင်းလွန်းနေတာ.. ကိုယ့်ကိုကိုယ် ကာကွယ် ဖို့ အလွှာ တစ်လွှာ ခြားထားရမယ်..အနာဂါတ်မှာ ပိုတွေးပေး အဲ့တာမှ ပိုဆင်ခြင်တတ်ပြီး အတွေ့အကြုံများလာမှာ"
ချီယွဲ့နဲ့ ချီရွှမ်းကို အချိန်ပေးပြီး စိတ်ရှည်ရှည် သင်ပေးနေတဲ့ရှန်လျန်ဟာ ဝန်ထုတ်ဝန်ပိုးဖြစ်တယ်လို့ မတွေးပေ။ ဖြည်းဖြည်းချင်း ပြောင်းလဲပြီး ပျိုးထောင်ပေးရသည့်အကြောင်းမှာ သူ့ရင်ထဲတွင် ရှိသည့် လူ များဖြစ်နေ၍ပင် ။
"အဲ့လိုဖြစ်အောင် ကြိုးစားပါ့မယ်"
လက်သီးဆုပ်ကာ ခိုင်ခိုင်မာမာ ခေါင်းငြိမ့်၏။ သူရေချိုးပြီးသည်အထိ ချီယွဲ့ ဆက်စောင့်ပေးနေကာ
"အဲ့တာဆို ခဏနေ အပြင်ထွက်ဖို့ အကြောင်းပြချက်ရှာ လိုက်မယ်.. လူတိုင်းက မင်းသမီးကြီးရဲ့အလှူပွဲကို စိတ်ရောက်နေတာမို့ အစ်ကို့ကိုသတိမထားမိလောက်ဘူး"
ရှန်လျန်ဘာကြောင့် လူရှာလဲ ဆိုတာ မေးခွန်းမထုတ်ပဲ အကြွင်းမဲ့ယုံကြည်ထားလိုက်သည် ။ ရှန်လျန့်တွင် ကိုယ်ပိုင်အတွေးများရှိပြီး ပြောသင့်သည့်အချိန်တွင် သူတို့ကိုပြောပြလာလိမ့်မည်ဖြစ်သောကြောင့်ပင်။
"အင်း...ဂရုစိုက်ဦး.. အရိပ်တပ်ဖွဲ့က ကျွန်တော့်အတွက် အရေးအကြီးဆုံး ဝှက်ဖဲပဲ၊ မြန်မြန် ဖော်ထုတ်မခံရလေ ကောင်းလေပဲ"
အရင်ဘဝက ယုံကြည်လွယ်တာကြောင့် ထိုဝှက်ဖဲကို မယားငယ်သာ ရှာချင်နေတဲ့ ထိုမင်းသားအတွက် သံသယ မရှိ အလွယ်တကူဖော်ထုတ်ပြခဲ့သည်။ ယခုတော့ သေချာကာကွယ်ထားပေတော့မည်။
"နားလည်ပါပြီ"
ရှန်လျန်ထုတ်မပြောလျှင်တောင် အရိပ်ကိုယ်ရံတော်တပ်ဖွဲ့၏တည်ရှိမှုအား သူနှင့် ချီရွှမ်း နှစ်ဦးလုံး သိရှိပြီး ဤ ရက်သတ္တပတ်လုံးလည်း နှုတ်မှ ထုတ်ဖော်ပြောခြင်းမပြုခဲ့ချေ။
"အင်း..."
ရေချိုးဇလုံစွန်းနား ခေါင်းတင်ကာ မှီနေရင်း ရှန်လျန် သက်တောင့်သက်သာဖြင့် မျက်လုံးမှိတ်ထားလိုက်၏။
ထိုအခါ ဖေးယွမ်ရွှင်း၏ မကြာသေးခင်က ဖွင့်ပြောခဲ့သောစကားကို ပြန်ကြားယောင်လာသည်။
သူ့ကိုလက်ထပ်လိုက်ရမလား? တစ်ကယ်တော့ အိမ်ထောင်မပြုချင်တာမဟုတ်ပဲ၊ ကိုယ့်ကိုကိုယ် ဆုံးဖြတ်ချင်ခြင်းသာ ဖြစ်သည်။ သူ့ကို မချစ်ပဲ နာကျင်မှုပဲပေးမယ့်သူ..မဟုတ်သရွေ့
တစ်ဖက်သူက ဘယ်သူဖြစ်ဖြစ် ကိစ္စမရှိပေ...
ဒါပေမယ့် ဖေးယွမ်ရွှင်းနဲ့ လက်ထပ်လိုက်ရင် သူ မသိအောင် လျှို့ဝှက်ချက်တွေ ထားဖို့မလွယ်ဘူး လေ ဟုတ်တယ်မလား?
သူတို့နှစ်ယောက် ထိမ်းမြားဖို့ က လွယ်တဲ့ ကိစ္စမဟုတ်ဘူး။
Words 2751
Grape 🍇