no

Font
Theme

သားအဖ တတွေ ပြန်လည်ဆုံစည်း


လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်ကတည်းက သေဆုံးသွားပြီလို့ လူတိုင်း တွေးခဲ့သူက လျှို့ဝှက်အခန်းထဲမှာ ရှိနေမယ်လို့ ဘယ်သူမှ ထင်မှတ်ထားမှာ မဟုတ်ပါ။ လျိုရှုဟန်က အတင့်ရဲပြီး မျက်နှာပြောင်တိုက်လွန်းစွာ ဝေကျစ်ချန်ကို သတ်ရန်ကြံစည်သည်။ မသေတော့ လူမသိသူမသိ မြေအောက်ခန်းထဲ နှစ်‌ပေါင်းများစွာ မသေမရှင်ဖွက်ထားသည်။ 



အရိပ်တပ်သားတို့၏ ကြိုးစားမှု‌ေကြာင့်သာ မဟုတ်လျှင် ဝေကျစ်ချန်ဟာ သေသည်အထိ သားတို့နဲ့ တွေ့လိုက်ရမှာ မဟုတ်သလို နေရောင်ခြည်ကို ပြန်မြင်ခွင့်ရမှာ မဟုတ်ချေ။ ရှန်တာ့နဲ့ ရှန်လျန်လည်း ဖခင်ကို ထပ်မံ မြင်ခွင့်မရနိုင်။ 


သားအဖသုံးဦး ဝမ်းနည်းပက်လက် ရင်ထုမနာ ငိုကြွေးနေကြသည်။ ဟော်ရယ့်လင်၊ဖေးယွမ်ရွှင်းနဲ့ လေ့ကျန်းက အချင်းချင်း ကြည့်ကာ စိတ်ထဲ လေးလံ နေတဲ့ အစိုင်အခဲဟာလည်း အရည်ပျော်ကြသွားခဲ့သည်။မတရားခံရသည့်အတွက် စိတ်မကောင်းဖြစ်သလို သူတို့အစား ဝမ်းသာမိကြသည်။ 


"ပါပါး.... ကျွန်တော်က လျန်လျန်လေ.. လျန်လျန်ပါ"


ရှန်လျန့်အတွက်ဆိုလျှင်လည်း နှစ်ဘဝစာ ယူကြုံးမရ ခံစားရသည်။ ပါပါးက သူ့ကိုမွေးပြီး သွေးထွက်လွန်တာကြောင့် သေဆုံးရတယ်လို့ပဲ သိထားပြီး၊ သွေးရိုးသားရိုး သေဆုံးတာ မဟုတ်ရင်တောင် သူ့ကိုမွေးတဲ့အချိန်မှာ ဖြစ်ခဲ့တာမို့ သူ့အပြစ်ပဲဖြစ်သည်။ ဒါဟာ ပြင်လို့မရသည့် သမိုင်းဖြစ်ပေရာ ထုတ်မပြောရင်တောင် ရင်ထဲ အပြစ်ရှိစိတ်ဝင် နေသည်။ ဒါပေမယ့် လျိုရှုဟန်ရဲ့လက်ထဲမှာ ါကျဉ်းသားဖြစ်နေမယ်လို့ တခါမှမတွေးဖူးခဲ့။



"ဝူး...."


ဝေကျစ်ချန်က သားကြီးဆီကနေအကြည့် လွှဲလိုက်သည်။ ရှန်လျန်ကို သေသေချာချာလေး ဂရုတစိုက်ကြည့်မိသည်။ တစ်ကြိမ်တခါမှ မမြင်ခဲ့ဖူးတဲ့ ကလေးလေး ဆယ့်ငါးနှစ်အရွယ်တောင် ရောက်လာပေါ့...ဒါတွေလည်း သူရဲ့အပြစ်တွေပါပဲ ၊သူသာ ဂရုတစိုက်ရှိခဲ့မယ်ဆိုရင် သားငယ်လေးက လူ့ဘဝထဲရောက်ရောက်လာခြင်း ဖခင်မဲ့မဖြစ်ဘူး၊ ရှန်ရှန်ကသူတစ်ပါးရဲ့ မဟုတ်တမ်းတရား စွပ်စွဲခြင်းခံရသလို ဖခင်အရင်းဆီက လစ်လျူရှုတာလည်း ခံရရှာတယ်။


"ပါပါး...."


ရှန်လျန် မျက်ရည်တွေ စီးကျရင်း ပါပါးကို တင်းတင်း ကြပ်ကြပ်ဖက်တွယ်ထားသည်။ လက်တွေ့မဟုတ်ပဲ အိပ်မက်ဖြစ်နေမှာ စိုး၍ပင်။ 


"ဝူး..."



သားငယ် နာမည်ခေါ်ပြီး မငိုဖို့ ပြောချင်‌ေသာ်လည်း ပါးစပ်ဟပြီး ဝူးဝူးဝါးဝါး အသံသာ ထုတ်နိုင်ခဲ့သည်။ 


"ပါပါး..."


ရှန်တာ့က ရုတ်တရက်မျက်ရည်တွေ သုတ်ပြီး ဖခင်ရှေ့ ဒူး‌ေထာက်ကာ ဦးသုံးကြိမ်ဂါရဝပြုသည်။ထို့နောက်...


"ကျွန်တော် သားတစ်ယောက်ရဲ့ တာဝန်မကျေခဲ့ပါဘူး၊ ဘေးလူတွေ လှည့်စားတာခံရပြီး အခုမှ ပါပါးကိုရှာတွေ့ခဲ့တယ်၊ ကျွန်တော့်ကို အပြစ်ပေးပါ"


ရှန်တာ့ လေး‌ေလးနက်နက်ကြီး ‌ကြမ်းပြင်ပေါ် ဦးတိုက်သည်။ 


ဝေကျစ်ချန်က ဒါကိုမြင်တော့ သားကြီးအား ထူမ ပေးချင်သည်။ လက်က မြှောက်မရ ချေ။ သို့နှင့် အရှေ့သို့ ခက်ခက်ခဲခဲ ရွေ့ကာ တွန်းကာ နေရာ ရွှေ့ပြီး သားကြီးကို အကြည့်ဖြင့် ထရန် အချက်ပြရသည်။ သူသည် သားတွေကို ဘယ်သောအခါမှ အပြစ်တင်ဖူးခဲ့ခြင်းမရှိသည့်အပြင် ထိုအချိန်က ရှန်တာ့အသက်က ငါးနှစ်သာရှိသေးသည်လေ။



"ပါပါးရဲ့ ခန္ဓာကိုယ်က....."


ရှန်တာ့ ယခုမှ သတိထားမိသွားသည်။ ပါပါးက စကားမပြောနိုင်ရုံတင်မက ခြေလက်ပါ လှုပ်မရပုံပင်။ မျက်ရည်တွေပင် အေးစက်စက်ဖြစ်သွားသည်။ ဖခင်ရဲ့ ပုံမှန်မဟုတ်တဲ့ အခြေအနေ ကြောင့် ဒေါသက ငယ်ထိပ် ဆောင့်တက်သည်။ 


"ဝူး...."


ဝေကျစ်ချန်က သားကြီးရဲ့ အတေ‌ွးကို မသိပဲ နေရာမှ ထရန်သာ အချက်ပြ နေသည်။ သူဘာမှ မဖြစ်ကြောင်း၊ အပြစ်မတင်ပါ ကြောင်း၊ပြန်တွေ့ရတာနဲ့တင် အရမ်းဝမ်းသာကြောင်း အပြုံးလေးနှင့် ဖော်ပြ နေခဲ့သည်။


"ပါပါးရယ် ဖြစ်မှ ဖြစ်ရ လေ"


ရှန်တာ့ရင်ထဲ မချိနိုင်၊ ရှန်လျန်လည်း ခန္ဓာကိုယ် အခြေအနေအား သတိထားမိသွားသည်။ ချက်ခြင်း ဖခင်၏ဘယ်လက်အကြောကို ဆွဲကာ စမ်းသပ်သည်။ မျက်ခုံးပင့်လိုက်ပြီး နောက်တခဏတွင်လည်ပင်းကြောကို အတန်ကြာထောက်ကာ စမ်းကြည့်ပြန်သည်။ 


"လျို ရှု ဟန်!!!"


ရှန်လျန် အံကြိတ်ပြီး အော်ပစ်လိုက်သည်။ အဆိပ်ခတ်လုပ်ကြံတာ အားမရလို့ ခြေလက်တွေ ချိုးပစ်တယ် ပေါ့! သေခြင်းတရားနဲ့ပဲ ပြန်ပေးဆပ်ရမယ်၊ လျိုရှုဟန်အသေဆိုးနဲ့ သေကို သေရမယ်!



"ဘယ်လိုလဲ"


ညီလေးက ဖခင်ကျန်းမာရေးကို သိနှင့်ပြီးပုံရတာ‌‌မို့ မေးကြည့်လိုက်သည်။ သူလည်း ခန့်မှန်းမိတယ် ဆိုပေမယ့် မမေးပဲ မနေနိုင်။ ရှန်လျန်က ပြန်‌‌မဖြေပဲ ခံရခက်သည့် အကြည့်သာ ပြန်ပေးသည်။ ထို့နောက် မျက်ဝန်းပူပူကို မှိတ်ကာ ရင်ဘတ်ထဲက ဓားတွေကို ခဏ သိမ်းဆည်းလိုက်သည်။ 


"သိပ်မဆိုးပါဘူး၊ကုလို့ရတယ်၊ အချိန်တော့ ကြာမှာပေါ့"


စကားလျှိုထားလိုက်ပြီး ရှန်တာ့အား ဒီကိစ္စ နောက်မှ ပြောရန် အချက်ပြသည်။ ထို့နောက် ပါပါးလက်ကို ဂရုတစိုက်ကိုင်ကာ...



"ပါပါး.... ဝေမိသားစု ဘိုးစဉ် ဘောင်ဆက် အမွေဆက်ခံခဲ့တဲ့ ရတနာဆေးကျမ်းကိုသိတယ်မလား၊ ပါပါးစိတ်မပူနဲ့ ကျွန်တော် အဲ့ဒီဆးကျမ်းတစ်အုပ်လုံးကို ပိုင်နိုင် နေပြီ၊ ပါပါးရဲ့ ခြေလက်တွေကို အရင်တိုင်း ကောင်းသွားအောင် ကုပေးမယ်"


ရှန်လျန့်အပြုံးက စိတ်လိုလက်ရပင်။ ‌‌‌‌‌‌‌‌‌‌‌‌‌ဖခင်ကို ကတိပေးသလို သူ့ကိုယ်သူလည်း ရအောင်ကုမယ်လို့ စိတ်တင်းလိုက်ခြင်း ဖြစ်သည်။ 


"ဝူး....ဟင်း"


သားငယ်လေးက ဆေးကျမ်းလက်ဝယ်ပိုင်ဆိုင်ထားမှန်း မမျှော်လင့်ပဲ သိလိုက်ရသဖြင့် အလွန်ဝမ်းသာမိသွားသည်။ သူ့ရောဂါကို ကုပေးနိုင်တာကြောင့် ‌ေပျာ်တာမဟုတ်ပဲ သားငယ်က သူစိတ်ကူးဖူးတာထက် သာပြီးထူးချွန်နေတာကြောင့် ဝမ်းသာခြင်း ဖြစ်၏။ ဒီလောက်ဆိုရင်ပဲ စိတ်ချရပါပြီ။ 


နှစ်ပေါင်းများစွာကြာ အကျဉ်းသားအဖြစ် အသက်ရှင်နေခဲ့ပြီး‌ေနာက်မှာ အနာဂါတ်အရှည်ကြီး ရှိနေ သေး‌ေကြာင်း သိလိုက်ရပြီ။ 


"ကော... မရီးကို ပါပါးနဲ့ မိတ်ဆက်ပေးလိုက်ဦး လေ"


ဖခင်မှ သိသွားမှာ စိုးပြီး စိတ်မလုံစွာနဲ့ ရှန်လျန်စကား လမ်းကြောင်း လွှဲလိုက်သည်။ ဖေးယွမ်ရွှင်းတို့က မလှမ်းမကမ်းမှာ ရှိနေတာနဲ့ အတော်ပဲ ဖြစ်သွားသည်။။


"ဟင်.. အင်း ဟုတ်သားပဲ"


ရှန်တ့ာက နောက်လှည့်ကာ ဟော်ရယ့်လင်ကို လှမ်း‌ေခါ်သည်။ 


"ရယ့်လင် ဒီနားလာပါဦး"


"လောင်ကုန်း"

ဟော်ရယ့်လင်လည်း ခင်ပွန်းနည်းတူ ဘေးမှာ လိုက်ဒူးထောက်သည်။ ရှန်တာ့မှ မိတ်ဆက်ပေးသဖြင့် ဝေကျစ်ချန်က စိတ်လှုပ်ရှားရပြန်သည်။ 


"ပါပါး သူ့နာမည်က ဟော်ရယ့်လင်ပါ၊ သူနဲ့ကျွန်တော် အိမ်ထောင်ကျတာ တနှစ်‌ေကျာ်ပါပြီ၊ လသားအရွယ် သားလေးတစ်ယာက်လည်း ရှိတယ်၊ ပါပါးမြေးက ဒီအိမ်ထဲ မှာပဲ၊ ပြီးရင် ခေါ်လာတွေ့ပေးမယ်နော် "


"အူး...."


ဝေကျစ်ချန် ဝမ်းသာရပြန်သည်။ သူ့မှာ ချွေးမလည်းရှိနေပြီ၊ မြေးလေးတောင် ကြီးပါပေါ့လား၊ တာ့အာက အိမ်ထောင်ဦးစီး ဖြစ်နေပြီပဲ"


"ရယ့်လင်က ပါပါးကို ဂါရဝပြုပါတယ်"



ဟော်ရယ့်လင် ကြမ်းပြင်ကို အကြိမ်တချို့ဦးတိုက်ကာ ဂါရဝပြုသည်။ ဝေကျစ်ချန်က သတိဝင်လာတာနဲ့ အမြန် ထရန်အချက်ပြသည်။ ချွေးမဖြစ်သူရဲ့ ခန့်ညားလှတဲ့ မျက်နှာပေါက်ကိုကြည့်ပြီး သားကြီးနဲ့ လိုက်ဖက်လွန်းသဖြင့် အားရ ကျေနပ်မိသည်။ 


"ဟုတ်သားပဲ"


ရှန်လျန်အလှည့် ရောက်ပြန်သည်။ ဖေးယွမ်ရွှင်းက ဘယ်အချိန်ကတည်းက သူ့ဘေးမှာ ဒူးတဖက် ထောက်‌ေနသည်မသိ၊ သတိထားမိသွားတာ ကြောင့် ရှန်လျန် မိတ်ဆက်ပေးရန် ပြင်ရသည်။ 


"ပါး...သူက ချင်ဖင်းမြို့ပိုင် ဖေးယွမ်ရွှင်းတဲ့၊ ကျွန် တော်နဲ့ စေ့စပ်ထားတဲ့သူ၊ လက်ထပ်ဖို့လည်း မကြာ တော့ဘူး ၊သူ့မိဘတွေကတော့ ဆုံးပါးသွားတာကြာလှပြီ၊ ပါပါးက ကျွန်‌ေတာ့်ပွဲတက်ဖို့ အမြန် နေ ကောင်း‌ေအာင် နေရမယ်နော်"


ဖခင်ကို စိတ်ချမ်းသာ အောင်ထားရမည်။ ခန္ဓာကိုယ်အပြင်ပိုင်း ဒဏ်ရာက ကုသနိုင်ပေမယ့် ဖခင်ရဲ့ နှလုံးသားထဲက အိပ်မက်ဆိုး‌ေတွကို ကုသပေးနိုင်ရန်မှာ မလွယ်ကူလောက်။ ကျန်သည့် ဘဝတစ် လျှောက်လုံး၌ ပျော်ပျော်ရွှင်ရွှင် ထားဖို့အတွက် တော့ အာမခံပါသည်။


" ဦးလေး ဝေ.. ကျွန် တော် အသက်ရှင် နေသမျှ ကာလပတ်လုံး လျန်လျန့်တစ် ယောက်ထဲအပေါ်မှာ သစ္စာရှိပြီး၊ ချစ်မြတ်နိုးစွာ အတူတူ‌ေနထိုင် သွားပါ့မယ်လို့ ကျွန်တော် ကတိပေးပါတယ်"


ဝေကျစ်ချန်ရဲ့ မျက်ရည်အိုင်နေတဲ့ မျက်ဝန်းကို အကြည့်ချင်းစုံကာ ယွမ်ရွှင်းအလေးအနက် ကတိပေးသည်။ 


"အွန်း....."

ကျစ်ချန်က အပျော်တွေ နဲ့ ခေါင်းတငြိမ့်ငြိမ့်။ ယခင်မြို့စားရဲ့သားဆို‌ေတာ့ ငြင်းစရာမရှိ၊ ရင်းနှီးကြပြီး ဝေမိသားစုနဲ့ မြို့ပိုင်မင်းက နှစ်အိမ့်တအိမ် ဝင်ထွက်သွားလာခဲ့ကြသည်သာ။ငယ်ငယ်တုန်းက မြို့စားဟောင်းက အိမ်လာလည်ပြီး အစ်ကိုတို့ကို လာခေါ်တတ်သည်။ မိသားစု နောက်ခံကလည်း ပြောစရာမရှိ၊ဂုဏ်ဒြပ်ပြည့်စုံပြီး ရုပ်ရည်ရူပကာပိုင်းမှာလည်း တည်ကြည်ပြီး ဩဇာလွှမ်းမိုးနိုင်မည့်ပုံ၊ သားငယ်အတွက် စိတ်ချ လက်လွှဲလို့ရမည့် သူမျိုးပင်။


"ပါပါး... အဖိုးတို့လည်း မြို့တော် ပြန်ရောက် နေပြီ၊ တူတူ သွားတွေ့ ကြမယ်နော်"


"အင်းအင်း"



ဒီတကြိမ် ပို စိတ်လှုပ်ရှားမိသည်။ မိဘ၊ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အစ်ကိုတွေ နဲ့ ပြန် တွေ့ရမယ် ဆိုတော့ အတိုင်းမသိဝမ်းသာမိသည်။ ယခုအသက်အရွယ်ထိ တောင်းပန်စကား ဆိုရန် အကြွေးတင်နေသည်။ 


"ဟုတ်ဟုတ် ၊ပါပါး ကျွန် တော်တို့ နားလည်ပါပြီ၊ အခု အရမ်း စိတ်မလှုပ်ရှားနဲ့ဦး၊ လက်စားချေရမှာတွေ ‌‌‌‌‌‌‌‌ရှိ သေးတယ် ဆိုတော့ ကျွန်တော်တို့ အပြင် ပြန်ထွက်ရအောင်"


ရှန်လျန်က မျက်ဝန်း အောက်မှာ အရိပ်တချို့ကို ဖုန်းကွယ်လိုက်သည်။ လျိုရှုဟန်က ပါပါးကို ဒီလို လုပ်ရဲမှ တော့ အကျိုးဆက်ကို လက်ခံဖို့ ပြင်ထားလိုက် တော့၊ သူ လုံးဝ ခွင့်လွှတ်ပေးမှာ မဟုတ်ဘူး။


ဝေကျစ်ချန်က အေးစက်စက် အရှိန်အဝါကို ခံစားမိ၍ထင့် ၊စိတ်ပူစွာ ကြည့်လာသည်။ ရှန်တာ့က မျက်ရည် သုတ်လိုက်ပြီး ဖခင်ဘေးနား ကပ်ကာ ဆိုသည်။


"ပါပါးကို ကျွန်တော် ခေါ်သွား ပေးမယ်"


ရှန်တာ့က ပြောပြော ဆိုဆိုနဲ့ ပွေ့ချီရန်ပြင်သည်။ ဟော်ရယ့်လင် တားသည်။ 


"ငါပွေ့လိုက်မယ်"


ရှန်တာ့က ဒဏ်ရာ မေ့နေပုံရသည်။ လင်လင်နှစ်ဦး အကြည့်ချင်း စကား ပြောလိုက်ကြပြီး နောက် ရှန်တာ့ အလျှော့ ပေးလိုက်သည်။။


"ပါပါး.. ကျွန်တော် ချီမယ် နော်"


သို့နဲ့ ဟော်ရယ့်လင်က အလွယ်တကူပဲ ပွေ့နိုင်သွားခဲ့သည်။ ထိုအခိုက် ရယ့်လင် ရင်ထဲ တစ်ကယ် စိတ်မ ကောင်းဖြစ်၏။ လူကြီး တစ်ယောက်ရဲ့ ခန္ဓာကိုယ်က ငှက်မွေးလို ပေါ့ပါးနေပြီး ပွေ့ထားရတဲ့ အလေးချိန်ပင် မခံစားမိလောက်အောင် ပိန်သည်။ 


"အွန်..."


ချွေးမက နေရာက မရွှေ့တာ မြင်တော့ ကျစ်ချန် ရှက်မိသည်။ နှစ်အကြာကြီးမဆေးမကြောရတော့ သူ့ခန္ဓာကိုယ်က အနံ့ထွက်နေလို့ထင်၏။ 


"ဘာမှ မဟုတ်ဘူး ပါပါး၊ ကျွန်တော် တခြားဟာ တွေးမိသွားလို့ပါ၊ သွားကြမယ် သွားကြမယ် အပြင်ထွက်ရအောင်"


ဟော်ရယ့်လင် ပြုံးပြလိုက်သည်။ ရှန်တာ့ ခေါင်းငြိမ့်ပြီး နောက်က လိုက်သွားသည်။ ရှန်လျန်က ချက်ချင်း မသွားပဲ ထိုနေရာ တဝိုက်ကို ဝေ့ကြည့်လိုက်ကာ ငိုမိပြန်သည်။ 


"လျန်လျန်... အနည်းဆုံးတော့ ပါပါး အသက်ရှင်နေသေးတယ် လေ"


ဖေးယွမ်ရွှင်းက ဖက်ကာ နှစ်သိမ့်၏။ ရှန်လျန်က တစ်ဖက်လူ၏ ရင်ခွင်ထဲ ခေါင်းဝှက်ထားရင်း ရှိုက်သည်။ 


"ယွမ်...ခင်ဗျား စဉ်းစားကြည့် ၊သူ့မှာ အဆိပ်လည်းခပ်ခံရတယ်၊ ခြေလက်လည်း ချိုးခံရတယ် woo! ပိတ်လှောင်ခံထားရသေးတယ်၊ အပြင် လောကကို မမြင်ရပဲ နေရတာထက် သေသွားတာမှ ကောင်းဦးမယ်လို့ တွေးမှာပဲ.whoo.!"


(Tn.ငိုတဲ့ အသံ ဖော်ပြတဲ့‌ေနရာမှာ လျန်လျန်နဲ့လိုက်ဖက်တာမျိုး မတွေ့တာနဲ့ သူ့အတ်ိုင်းထည့်လိုက်တယ်၊ စာဖတ်ရတာ အဆင်မပြေဖြစ်သွားနိုင်ပေမယ့် ကျွန်တော်လည်း ကျွမ်းကျင်သူမဟုတ်တာ ကြောင့် ဇာတ်လမ်းကောင်းလေး ဝေမျှချင်ရုံသက်သက် ရေးတာမလို့၊ ချစ်သောမျက်စိနဲ့ ဖတ်ပေးပါနော် ရှဲ့ရှဲ့ပါ)


လျိုရှုဟန်ရဲ့ ရက်စက် ယုတ်မာမှုတွေ ပြန်တွေးမိတိုင်း အသက်မရှူနိုင်လောက်အောင် ရင်ထဲ တင်းကြပ်လာသည်။ သူတို့ရဲ့ဖခင်၊ တုံးလင်အိမ်တော်ရဲ့ တရားဝင်သခင်မ ၊ ဝေမိသားစုရဲ့ အချစ်ခံ သားထွေး လေး... ဒါကို ...ဒါကို ပါးအပေါ် ကောက်ကျစ်တဲ့ အကြံဆိုး ကြံရဲတယ်တဲ့!


"ငိုချလိုက်၊ အားရပါးရ ငိုလိုက်ပါ"


ဘယ်လိုနှစ်သိမ့်ပေးသင့်လဲ ဖေးယွမ်ရွှင်း မသိချေ။ ဒီတိုင်း ခပ်တင်းတင်းဖက်ပြီး နှစ်သိမ့်တာက ပို အသုံးဝင်လောက်သည်။ ရင်ထဲ ကြိတ်ခံစားတာထက် ငိုချလိုက်တာ ကောင်းမည်။ 


"Woo... "


အနားမှာ အား‌ပေးမယ့်သူရှိတော့ ရှန်လျန် သည်းထန်စွာ ငိုမိသည်။ အတိတ်ဘဝမှ ပြန်ရောက်လာသူမို့ အတော်လေးသိထားပြီဟု ထင်ခဲ့ရာမှ တစ်ကယ်တမ်း အမှန်တရားတွေ သိလိုက်ရချိန်မှာ အလွန်ရက်စက်တဲ့လုပ်ရပ်မျိုး ဖြစ်နေခဲ့သည်။ 


လျိုရှုဟန်တဲ့လား? 


လျန်လျန်က ငိုလေ ဖေးယွမ်ရွှင်းရဲ့ ဇာမဏီမျက်ဝန်းက‌ အေးစက်တဲ့ အငွေ့အသက်တွေ ဖြစ်လာလေပင်။ ဒီကနေ့မှာ လျန်လျန် ခံစားရတာထက် အဆတစ်ဆယ်၊ အဆတစ်ရာ ၊ အဆတစ်‌ေထာင် ပြန်ပေးဆပ်ခိုင်းမည်။


"သခင်.. ဗိုလ်ကြီး ရှန်က အပေါ်မှာ စောင့်နေပါတယ်"


ရှန်တာတို့နဲ့ လိုက်သွားတဲ့ လေ့ကျန်းက ပြန်ရောက်လာပြီး သခင် ငိုနေတာ မြင်တော့ လျိုရှုဟန်ကို ဓားအချက်တစ်သောင်းလောက် ထိုးစိုက်ပစ်လိုက်ချင်သည်။ သခင့်ကို အမြဲတမ်း တည်ငြိမ်ပြီး ရင့်ကျက်တဲ့ပုံစံပဲ မြင်တွေ့ရတတ်ပြီး တခါတ လေ ကလေးဆန်ဆန် ချစ်ဖို့‌‌လည်း ကောင်းသည်။ တစ်ခါမှ သည်းသည်းထန်ထန် ငိုနေတာမျိုး မတွေ့ခဲ့ရ။ 



"အင်း... အပြင်ထွက်ကြတာပေါ့"


ဖေးယွမ်ရွှင်း၏ ရင်ခွင်ထဲမှ ခေါင်းမထွက်တမ်း နေပြီး ပြန်‌ေဖြသည်။ ရှန်လျန် မျက်ရည် သုတ်ကာ အမူအရာ ပြန်ပြင်ဆင်လိုက်ပြီး...


"သွားရအောင်"


လက်စားချေဖို့ အချိန်တန်ပြီ။



"အွန်း"


ဖေးယွမ်ရွှင်း သဘောတူသည်။ရှန်လျန့်လက်ကို ဆုပ်ကိုင်ကာ အတူတူ အပေါ်တက်ခဲ့ကြသည်။ ရှန်လျန်တို့ အပေါ် ရောက်လာပြီး ဘာမှမ ပြောတာနဲ့ ရှန်တာ့လည်း တကူးတက မမေးတော့ပဲ ထိုနေရာက ထွက်လာလိုက်ကြသည်။ ရှန်လျန်က မမေ့မလျော့ အစောင့်အဖွားကြီးကို ခေါ်လာရန် အမိန့်ပေးလိုက်သည်။


ဒီည ဘယ်သူကများ လျိုရှုဟန်ကို အကာအကွယ် ပေးနိုင်မလဲ ‌ကြည့်မယ်!

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment