ရှန်ချောင် အားလုံးရဲ့ ရှေ့မှာ သူ့အမှားသူ ဝန်ခံပြီ
ရှန်လျန် ထင်ထားသလိုပဲ ဒုတိယ၊ တတိယဇနီး သာမက ရှန်ရုထင်၊ ရှန်ရှောင်နဲ့ ရှန်ချန်တို့ အကုန်လုံး ဟယ်ရှန်းခြံဝန်းမှာ ရှိနေကြသည်။ တစ်မိသားစုဆီမှ မယားတစ်ဦးစီနှင့် သားသမီးများအကုန်လုံးရှိနေကြပြီး ပိတ်လှောင်ခံထားရတဲ့ လျိုရှုဟန် တစ်ဦးတည်းသာ မရှိခြင်းဖြစ်၏။
ရှန်လျန်က ချီယွဲ့ကို အဓိပ္ပာယ်ပါပါ တစ်ချက်ကြည့်လိုက်၏။ ကြည့်ရတာ တစ်ကယ်ပဲ ပူးပေါင်းကြံစည်ထားတာ ရှိတယ်ထင်ပါရဲ့ ။
"ဖွားဖွား!"
ခပ်ပါပါးအပြုံးလေး မျက်နှာပေါ်တပ်ဆင်ထားရင်း ရှန်ရုထင်ကို လစ်လျူရှုကာ သခင်မကြီးကို နှုတ်ဆက်လိုက်၏။ သေချာတာပေါ့ လူကြီးတွေအကုန် မျက်နှာပျက်သွားပြီး မကျေမနပ်ရုပ်ဖြစ်သွားသော်လည်း ရှန်လျန်က ဂရုမစိုက်ချေ။
ရှန်ရုထင်ကိုတောင် မျက်နှာချင်းဆိုင်ရဲတာ .. တစ်ခြားသူတွေဆို ထည့်တွက်နေစရာပင်မလိုအပ်။ ထို့အပြင် လက်ရှိ သူရဲ့ဂုဏ်သတင်းတွေအရ မိသားစုအကြီးအကဲတွေကို သူ မရိုသေဘူးဆိုရင်တောင် လူထုက ထောက်ခံကြလိမ့်ဦးမည်။
အပေါ်ယံမှာ ရှန်လျန်က ပေါ်တင် မဆန့်ကျင်ပေမယ့် အမူအရာတွေက တဖြည်းဖြည်း တိုးကာ သိသာလာစေသည်။ လက်ရှိ မိသားစုရေးအခြေအနေသည် ယခင်ဘဝကနှင့်ယှဉ်၍မရပေ။
ရှန်လျန်ကလက်ရှိမှာ အနာဂါတ်ကိုကြိုသိနေပြီး ဒီလူတွေကို သတ်ပစ်ဖို့က ပုံမှန် ခေါင်းငြိမ့်သလောက်ကိုလွယ်ကူသည်။ ဒါပေမယ့် အလွယ်လေးသေခိုင်းလိုက်ရင် အလွန်ဈေးပေါနေလိမ့်မည် ။ အရင်ဘဝက သူခံစားခဲ့ရသလို အရာအားလုံး ပြန်ခံစားခိုင်းမည် ဖြစ်၏။
"ရှောင်ဝူ.. ဒီနားလာခဲ့.. ဖွားဖွားဘေးနား လာ"
နားနေဆောင်က ရုတ်တရက် တိတ်ကျသွား၏။ အဖွားအိုက သူရှိနေတာကို သတိပြုမိသွားပြီး ဖြည်းဖြည်းချင်း လှည့်ကြည့်ကာ နူးညံ့သည့်အပြုံးကိုချိတ်ဆွဲရင်း ခေါ်လာသည်။
"ရှောင်ဝူ ရောက်နေတာ ကြာနေပြီလား"
"ခုလေးတင် ရောက်တာပါဗျ"
ထိုင်နေတဲ့ ရှန်ရှောင်က ခေါင်းငုံ့ကာ တိတ်တဆိတ် မျက်နှာ မဲ့လိုက်ပြီး အပြင်ပန်းမှာတော့ အတွင်းစိတ်နှင့်ကွာခြားကာ ကျက်သရေရှိနေ၏။
သခင်မကြီးက သက်ပြင်းချကာ
"ဖွားဖွားက အသက်ကြီးနေပြီ.. မဖြစ်ချင်ပေမယ့်လည်း လူ့ဘဝကို အရှုံးပေးချိန်တန်ပြီ ။ သိပ်မကြာခင် ဖွားဖွား ထာဝရအိပ်ပျော်သွားတော့မှာ... ရှောင်ဝူ ဒီအိမ် ရောက်လာတာတောင် အဖွားက ခုချိန်ထိ ထုတ်မပြောဖြစ်လို့ ဖွားဖွားကို အပြစ်မတင်ပါနဲ့"
မျက်တောင် တစ်ချက်ခတ်လိုက်တာနဲ့ အလိမ်အညာစကားတွေ အထိန်းကွပ်မရှိ ထုတ်ပြောလာသည်။ တစ်ချို့တလေ ကလည်း သူမစကားကို ယုံကြသည်။
"မြေးငယ် အပြစ်မတင်ရဲပါဘူး"
ရှန်လျန် အင်အားမဲ့စွာ ပြန်ဖြေရင်း မျက်ဝန်းတွေ မှေးကျဉ်းလိုက်၏။ တစ်ကယ်ပဲ သိချင်လိုက်တာ.. အုံလိုက်ကျင်းလိုက်ကြီး စုဝေးပြီး ဘာတွေ ကြံစည်နေကြတာလဲ?
"ဒီကလေး ကတော့လေ... အရမ်းနားလည်ပေးတတ်တာပဲ.. ဖွားဖွားမင်းအဖေဆီက သတင်းကြားပြီးပြီ.. အခု မြေးရဲ့ ခြံဝန်းထဲမှာ ဘယ်ကမှန်းမသိတဲ့ ကလေးတစ်ယောက်ရှ်ိနေတယ်ဆို?
မြေးက လက်မထပ်ရသေးတဲ့ ကောတစ်ယောက်လေ.. ရုတ်တရက်ကြီး ကလေးခေါ်မွေးရင် လူတွေ ရဲ့တံတွေးခွက်ထဲ ပက်လက်မျောသွားရလိမ့်မယ်"
ရှန်လျန့်ကို စကားလုံးတွေနှင့် ဖြည်းဖြည်းနား နားဝင်အောင် သိမ်းသွင်းကာ သူမရဲ့ ချစ်ခင်နှစ်သက် ဂရုစိုက်မှုတွေကို ထုတ်ပြနေ၏။
ရှန်လျန့်အမူအရာကတော့ အေးဆေးနေဆဲပင်။
"အဆင်ပြေပါတယ်..သူတို့ပါးစပ်နဲ့ သူတို့ပြောတာ ပြောကြပလေ့စေ.. ကျွန်တော့်ကိုယ် ကျွန်တော် လိပ်ပြာလုံရင်ရပြီ"
"ဒါပေမယ့် မြေးက လက်ထပ်ရဦးမှာလေ.. မြေးက သူများပြောတာတွေ ဂရုမစိုက်ဘူးထားဦး၊ အနာဂါတ်ခင်ပွန်းရဲ့ မိသားစုက ရော ဂရုမစိုက်တော့ဘူးတဲ့လား"
မကျေမနပ်ဖြစ်တာကို ဖုံးကွယ်ရင်း သခင်မကြီးက သူ့ကိုစိုက်ကြည့်၏။ ထို့နောက်
"ကလေးကို မိဘမဲ့ဂေဟာ ပို့လိုက်ရင်ရော ဒါမှမဟုတ်ရင် အိမ်တော်ထဲမှာ ကလေးထိန်းတစ်ယောက်နဲ့ လွှတ်ထားလိုက်ပေါ့.. ကလေးထိန်းက မြေးထက် ပိုပြီး အတွေ့ကြုံရှိတယ်.. ပြီးတော့ မြေးက စာကိုပဲ သေချာအာရုံစိုက်... တာ့အာ ပြန်လာရင် လက်ထပ်ဖို့ ကောင်းမွန်တဲ့ မိသားစုကို မြေးအဖေ ရှာပေးလိမ့်မယ်.. အဲ့ဒီအချိန်ဆိုရင် .. ကျက်သရေမင်္ဂလာနှင့် ပြည့်စုံပြီးပျော်ရွှင်တဲ့ မင်္ဂလာပွဲကို ဆင်နွှဲနိုင်လိမ့်မယ်"
"ဟုတ်တယ် ရှောင်ဝူ.. အဖွားက သားကောင်းဖို့ တွေးပေးနေတာ... မင်းအရွယ်နဲ့ ကလေးတစ်ယောက်ကို ပြုစုဖို့ လွယ်တာမှ မဟုတ်တာ"
ကျောက်လန်ကလည်း စကားဝိုင်းထဲ ဝင်လာကာ စိုးရိမ်ပူပန်ပေးနေသလိုနှင့် ဝင်ပြော၏။
ပထမတော့ လုယန်က ဒီက်စ္စမှာ ဝင်မပါဖို့ လုပ်ထားသော်လည်း ရှန်ကျင်းက သူ့ကို မျက်ရိပ်မျက်ခြေ ပြလာပြီး ပြောလိုက်၏။
"ကလေးက စွန့်ပစ်ခံထားရတဲ့ကလေးပဲ မဟုတ်လား? ဘာလို့ ရတနာ တစ်ပါးလို ဆက်ဆံနေတာလဲ.. အစ်ကို့ရဲ့ ဘဝကို သူ့ကြောင့် နစ်မွန်းခံတော့မလို့လား"
ယောက္ခမရော ချွေးမတွေရော တစ်ကြိတ်ထဲ တစ်ဉာဏ်ထဲ ဖြစ်ကာ သိချင်သည့်အကြောင်းအရာကို စကားနှိုက်ရန် ကြိုးပမ်းနေကြ၏။ ဘေးမှာ ထိုင်နေတဲ့ ရှန်ေရွ့ထင်က အမျိုးသမီးသုံးဦးကို ကြည့်လိုက် ရှန်လျန့် ကိုပြန်ကြည့်လိုက်နှင့် နောက်ဆုံးတော့ မျက်စိမှိတ်ကာ လစ်လျူရှုလိုက်တော့၏။
"ဖွားဖွားနဲ့ ဒေါ်ဒေါ်နှစ်၊ ဒေါ်ဒေါ်သုံးတို့ စိုးရိမ်ပေးကြလို့ ကျေးဇူးပါ"
ရှန်လျန်ထရပ်ကာ ဦးညွှတ်လိုက်၏။ ထို့နောက် ပြန်ထိုင်လိုက်ပြီး ဆက်ပြော၏။
"တစ်ကယ်လို့ အနာဂါတ် ခင်ပွန်းရဲ့မိသားစုက ကလေးတစ်ယောက်မွေးစားထားတဲ့ ကျွန်တော့် အပေါ် အထင်သေးမယ်ဆိုရင် သူတို့က ကျွန်တော့်ခင်ပွန်းမိသားစု မဖြစ်ထိုက်ဘူး... အခု လူကြီးတွေလည်းစုံနေတယ်ဆိုတော့ ကျွန်တော့်ကို တစ်ခု ပြောခွင့်ပေးပါ..ကျွန်တော်မွေးဖွားလာတဲ့ နေ့ကစပြီးကျွန်တော့်အပေါ် အစ်ကိုကြီးတစ်ယောက်တည်းကပဲ ကောင်းပေးတာ...
အခု သူက ချင်အင်ပါယာအတွက် ပြည်သူလူထုအတွက် အနောက်မြောက်စစ်ပွဲမှာ အသက်စွန့်ပြီး ရန်သူတွေကို ချေမှုန်းနေတာ၊ ဘယ်လိုလုပ် သူ့ညီလေးကို စိုးရိမ်နေဖို့အချိန် ရှ်ိပါ့မလဲ.. ပြီးတော့ ယိုအာက ကျွန်တော့ ကလေးမဟုတ်ပေမယ့် တုံးလင်အိမ်တော်တစ်ခုလုံးမှာ ကျွန်တော့်ကို နွေးထွေးစေတဲ့ အစ်ကိုကြီးလို လူမျိုး နောက်တစ်ယောက်ပဲ... ကလေးက ကျွန်တော့်လိုမျိုး ကြီးပြင်းခဲ့ရရှာတယ်.. သူ့ကို စွန့်ပစ်ခံရတဲ့ကလေးလို့ ထပ်မပြောပါနဲ့"
ပြောချင်တဲ့ အဓိပ္ပာယ်ကို အလွန်ပြတ်သားစွာ ဖြေရှင်းလိုက်၏။
သူ့ကိုနွေးထွေးစေတဲ့သူဆိုပြီး မမွေးစားဖို့ တားလို့လည်း မရအောင် ၊ကလေးလည်း ပေးပစ်လို့မရအောင် တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြေရှင်းလိုက်၏။
ရှန်လျန့်စကားက ပညာသားပါတာကြောင့် ရှိနေသူတွေအားလုံးကလည်း ငတုံးတွေ မဟုတ်ရာ ကွက်ခနဲ မျက်နှာ ပျက်ကုန်ကြ၏။
ဒီကိစ္စမှာ တစ်ကယ်တမ်း သူတို့ ဂုဏ်သိက္ခာကို အဖတ်ဆယ်ချင်ကြတာ ဖြစ်သော်လည်း အဆုံးမှာတော့ ရှန်လျန်က ခုမှ နယ်က ပြန်လာခွင့်ရတဲ့သူဖြစ်နေသဖြင့် ပြောဆိုခွင့်၌ တစ်ပန်းသာသွားပြန်သည်။
"ပဉ္စမ အစ်ကို..."
ရှန်ချန်က လက်မခံနိုင်ဖြစ်ကာ ထပ်ပြောချင်သော်လည်း ရှန်ေရွ့ထင်က သတိပေးသည့်အနေဖြင့်စိုက်ကြည့်လိုက်ရာ ရှန်ချန့်မျက်နှာက ကြောက်ရွံ့မှုကြောင့် ဖြူဖျော့သွား၏ ။ သူမ ရွေးချယ်စရာမရှိပဲ ပြောချင်သည့်စကားများကို လည်ချောင်းထဲ ပြန်မျိုချလိုက်သည်။
ရှန်ရှောင်ကလည်း အင်္ကျီလက်ကို မသိမသာ လှမ်းဆွဲပြီး ပြဿနာ ထပ်မရှာတော့ရန် မျက်ရိပ်ပြလိုက်၏။သူတို့က ဒုတိယနဲ့ တတိယမိခင်တွေရဲ့ သရုပ်ဖော်ပွဲကို လာကြည့်ရုံသက်သက်သာ။
"ညီမလေး၇က ဘာပြောချင်လို့လဲ"
လက်အနေအထားကို ပြုပြင်ရင်း ရှန်လျန်လှမ်းကြည့်လိုက်၏။ သူ့အကြည့်က ရေကို သုံးမီတာအနက် ခဲသွားစေနိုင်သည်အထိ အေးစက်စက်နိုင်သည်။ ရှန်ချန်မှာ ပို၍ပို၍ ခေါင်းငုံ့သွာပြီးကြောက်လန့်နေတော့၏။
နောက်တစ်ကြိမ် ခေါင်းပြန်မော့လာသည့်အခါတွင်မူ ရှန်လျန်က သူမကို အာရုံစိုက်မနေတော့ပဲ စိတ်အနှောင့်အယှက်ဖြစ်ပြီး မသက်မသာ ဖြစ်အောင် လုပ်ခဲ့လေသည်။ သူမလက်ထဲက လက်ကိုင်ပဝါလေးက ဆွဲခြေ ခံရမှုကြောင့် စုတ်ပြဲခါနီးလေးပင်။
"ထားလိုက်တော့ ထား လိုက်တော့ ၊ ဒီကလေးကို မွေးချင်သပ ဆိုရင်လည်း မွေးလိုက်၊ ဒီအဖွားအိုက ဝင်လျှာရှည်မိသွားတာပဲ"
ဘာအကျိုးအမြတ်မှ မရလိုက်တာကြောင့် ရှန်
လျန့် သဘောဟု ချော်လဲ ရောထိုင်လိုက်ကာ ရှင်းရှင်းလင်းလင်းပင် စိတ်ကြည်မနေတော့ပေ။
ရှန်ေရွ့ထင်ရဲ့ ဒုတိယစိုက်ကြည့်ခြင်းခံလိုက်ရတဲ့ ရှန်လျန်က ရှန်ချန်လို ကြောက်ရွံ့မသွားပဲ အကြည့်ချင်းတိုက်ရိုက်ဆုံလိုက်၏။ ထို့အပြင်
အပြုံးကြီးကြီးပါ ပြုံးပြလိုက်ရာ ရှန်ေရွ့ထင်မှာ တစ်ကိုယ်လုံး တောင့်တင်းသွား၏။
သူ့နှလုံး၊ အသဲ၊ ကျောက်ကပ် ၊သရက်ရွက်၊ အဆုတ် ... ကိုယ်တွင်းကလီစာ အကုန် နာကျင်လာသလို ခံစားလိုက်ရ၏။
"အမေ.. ရှောင်ဝူက ကြင်နာသနားတတ်တော့ ကောင်းတဲ့ကိစ္စ လုပ်ခဲ့တာပေါ့... လူတွေ မဟုတ်တာ မပြောကြလောက်ပါဘူး"
ကျောက်လန်က ထင်မထားစွာ ကူပြောပေးလာသဖြင့် ရှန်လျန် လှည့်ကြည့်လိုက်၏။ ထို့နောက် လင်မယားစုံတွဲ၏နောက်မှာထိုင်နေတဲ့ ရှန်ချောင်ကို ကြည့်လိုက်ပြီး တစ်စုံတစ်ခုကို သဘောပေါက်သွားဟန် မျက်ဝန်းထဲ အလင်းတစ်ချက် လက်သွား၏။ သူတို့ရဲ့အဓိက ရည်ရွယ်ချက်က ကလေးမဟုတ်ဘူး တစ်ခြားကိစ္စတစ်ခုပဲ ဖြစ်ရမယ် ။
"ဟင်း ..ဖွားဖွားက အသက်ကြီးနေပြီ"
အဖွားအိုက ရေရွတ်လာပြန်သည်။ တစ်ခဏကြာမှ ရှန်လျန့်ဘက် လှည့်ပြီး
"ရှောင်ဝူ ဟိုးရှေ့ရက်က မင်းနဲ့ ချောင်အာကြားဖြစ်တဲ့ပြဿနာကို ဖွားဖွား ကြားပြီးပြီ
ချောင်အာက်ိုလည်း သေချာမေးပြီးပြီ... တစ်ကယ်တော့ သူက ဘာမှမလုပ်ပဲနဲ့ သူများတွန်းတာ ခံလိုက်ရတာ.. ဘယ်သူသိမှာလဲ သူတစ်ဆင့်ပြန်တွန်းမိသွားတာက မြေး ဖြစ်နေမယ်လို့? ဘာပဲဖြစ်ဖြစ် ရေထဲ တွန်းချတဲ့လူက သူပါလို့ အထင်လွဲခံလိုက်ရတာပေါ့.... ပြီးတော့ သူလည်း မြေးကြောင့် ရေထဲ ကျသွားရတာပဲကို"
"ဪ .. ဆိုတော့ ဖွားဖွားပြောချင်တာ က အားလုံးကျွန်တော့အမှားပဲမဟုတ်လား"
ရှန်လျန် က ရှန်ချောင့်ကို ကြည့်လိုက်သည်။ ဒီကိစ္စပြီးတာ ဘယ်လောက်ကြာနေပြီလဲ ... ပြန်အစဖော်ဖို့ အတော်လေးနောက်ကျသွားပြီမဟုတ်ဘူးလား... အသုံးမဝင် အဓိပ္ပာယ်မရှိတဲ့ ကိစ္စလေးတစ်ခုနဲ့ ကျွန်တော်မှားပါတယ်လို့ ဝန်ခံဖို့တွန်းအားပေးချင်နေတယ်ပေါ့လေ....
"မဟုတ်ဘူး ရှောင်ဝူ.. အထင်မလွှဲနဲ့"
သခင်မကြီးဘာမှ မပြောရသေးခင် ကျောက်လန်က ငြင်းပယ်လာသည်။ ထို့နောက် နေရခက်ဟန် အမူအရာနဲ့
"တမင်လုပ်တာ မဟုတ်ဘူးဆိုရင်တောင် ဘာပဲဖြစ်ဖြစ် ရှန်ချောင်ရဲ့အမှားပဲလေ..ဒေါ်လေး သိပါတယ် ရှောင်ဝူ ရင်ထဲမှာ ဒါကိုအခဲမကျေမှန်း.. ရှေ့ရက်တွေကလည်း အလုပ်ရှုပ်နေတာနဲ့ သေသေချာချာ ဖြေရှင်းဖို့ မလုပ်ခဲ့ရဘူး..ပြီးတော့ ဒေါ်လေးကြားတာ သားရဲ့ အိမ်ကလည်းဆောက်လို့ပြီးစီးနေပြီဆိုတော့ ဒီနေ့ပဲ မိသားစုစုံညီအောင် သခင်ကြီးကို ခေါ်ထားတယ်... ဘာလို့ဆို စိတ်ထဲ မတင်မကျဖြစ်နေသမျှ ပွင့်ပွင့်လင်းလင်းဖြေရှင်းလိုက်ရင် ကောင်းတယ်မလား"
ဒီနေ့ သွေးမိုးရွာမယ့်နေ့များလား?
ဒေါ်လေးနှစ်က အစပိုင်းကောင်းချင်ယောင်ဆောင်နေတာ တစ်ကယ်တော့ သူ့ကိုယ်သူ ကာကွယ်ဖို့ပေါ့လေ... တော်တော် တရားပါပေတယ်... ရှန်လျန်တောင် ဘာမှ ဆက်မပြောနိုင်အောင် အံ့အားသင့်မိသွားသည်။
မကောင်းတဲ့စိတ်ရှိသူဟာ အမြဲ ဖုံးကွယ်ပြီးဟန်ဆောင်နေတတ်ကြပေမယ့် ချက်ချင်း ကောင်းတဲ့သူဖြစ်သွားမယ်လို့လည်း
ရှန်လျန် မတွေးထားပါ။ ထိုလို လူမျိုးတွေ ဖြစ်နေသရွေ့ အိမ်တော်ဦးစီးနေရာရဖို့ ငမ်းငမ်းတက်လိုချင်လည်း ဆယ်စုနှစ်ကြာသွားတောင် ရနိုင်မှာ မဟုတ် ။
"မိသားစုတဲ့လား....."
ရှန်လျန့်အပြုံးက ထူးဆန်းပြီး သံရှည်ဆွဲကာ ပြောလိုက်သံက လူတိုင်းကို နင်သွားစေသည်။
နောက်တစ်စက္ကန့်တွင် ကျောက်လန်က သံယောင်လိုက်ပြောလာသည်။
"မိသားစုဆိုတာ ဒီလိုပဲ ဖြစ်နေသင့်တာ"
ဒါပေမယ့် သူတို့က မိသားစု ဟုတ်လို့လား?
"ဒေါ်လေးက လူတွေအကြောင်း တော်တော်သိတာပဲ.. ကျွန်တော်က တစ်ကယ် ကြင်နာ တတ်တယ်"
ရှန်လျန် ရွဲ့စောင်းပြောလိုက်ပေမယ့် ကျောက်လန်က စိတ်အေးသက်သာရာရသွားကာ သူ့သမီးကိုပြောလိုက်၏။
"ချောင်အာ မြန်မြန်.. သမီးရဲ့အစ်ကို ကို ရေနွေးကြမ်းတစ်ခွက် ငှဲ့ပေးလိုက်...ပြီးရင်ကိုယ့်အမှားကိုယ် ဝန်ခံပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်လိုက် ဟုတ်ပြီလား"
"အမေ..."
ရှန်ချောင်က ကလန်ကဆန်လုပ်ချင်နေသေးကာ မတရားခံရသလို မျက်ရည်ဝဲနေ၏။
"နင့်အစ်ကိုက အတိတ်ကို သင်ပုန်းချေပေးမှာလေ.. မြန်မြန် ခွင့်လွှတ်ပေးဖို့ တောင်းဆိုလိုက်.. နောက်ကို မောင်နှမတွေ ချစ်ချစ်ခင်ခင် နေသွားကြ"
ကျောက်လန်ရဲ့ ကိုယ်ရောနှုတ်ရော တိုက်တွန်းမှုကြောင့် ရှန်ချောင် ကအစေခံကမ်းပေးလာသည့် ရေနွေးကြမ်းကိုယူကာ ရှန်လျန့်ဆီ တိုးကပ်သွားလိုက်၏။
"ဝူကော.. ညီမမှားသွားပါတယ်.. ညီမသေချာ မရပ်နေတာကြောင့် အစ်ကို့ကို ရေထဲ တွန်းချမိသွားတယ်"
ခေါင်းငုံ့ကာ မျက်ရည်ကျရင်း ရေနွေးကြမ်းခွက်ကို ကိုင်မြောက်ထားကာ ပြော၏။ သို့ပေမယ့်စိတ်ထဲ ဘယ်လောက် ဒေါသထွက်နေမလဲ ကောင်းကင်ကသာ သိမည်။
လူတိုင်း စိတ်အားထက်သန်စွာ စောင့်ကြည့်နေပေမယ့် ရှန်လျန်က လက်ဖက်ရည်ခွက်ကို ချက်ချင်းလက်မခံလိုက်ပဲ ထိုအစား ရှန်ချောင်ကိုသာ မဲ့ပြုံးပြုံး၍ ကြည့်နေလိုက်၏။
ရေထဲ ကျသွားတဲ့ နေ့တည်းက မျက်စိရှေ့ကပျောက်သွားပြီး ခုမှ မြင်ရ၏။ ..ဒီရက်အနည်းငယ် အတွင်း စိတ်ဖိစီးပြီး အတော်လေး
ဝိတ်ကျသွားတာပဲ ။
"အစ်ကို"
တုပ်တုပ်မှ လှုပ်မလာတာကြောင့် ရှန်ချောင် မျက်ရည်တွေပြည့်လာပြီး မော့ကြည့်လိုက်၏။ သူမ မသိလိုက်တာတစ်ခုက ခေါင်းငုံ့နေချိန် မျက်ဝန်းထဲ ပေါ်နေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့
ပုံရိပ်တွေကို ရှန်လျန်က ဖမ်းမိလိုက်တာပဲ။ အားလုံးရဲ့ အကြည့်တွေက သူ့ကို လက်ဖက်ရည်ခွက် ယူလိုက်ဖို့ ပြောနေလေတယ်... ရှန်ရုထင်ရှိနေတာကြောင့် ခွက်ကို အတင်းထိုးပေးလိုက်သည့်အပြုအမူလည်း လုပ်၍မဖြစ်ပေ။
"ဘာလဲ ချောင်အာ့ကို ခွင့်မလွှတ်ချင်သေးဘူးလား"
သခင်မကြီးရဲ့ မကျေမနပ်လေသံက ထွက်ပေါ်လာ၏။ သူမရဲ့လေသံက မတူညီစွာ မာရေကျောရေ နိုင်နေ၏။
"အားလုံးက အထင်လွှဲတာဆိုမှတော့ ချောင်အာကလည်း အမှားကို ဝန်ချတောင်းပန်နေပြီလေ.. အစ်ကိုကြီးတစ်ယောက်အနေနဲ့ အငြိုးထားမနေသင့်တော့ဘူး"
မိခင် မပျော်မရွှင် ဖြစ်လာတာကို ရှန်ေရွ့ထင် မြင်သော အခါ ပါးစပ်ဟလာ၏။ ဒါပေမယ့် ဒီကိစ္စမှာ သူလည်းသံသယတော့ ဖြစ်မိ၏။ ကိစ္စတွေက ဒီလောက် တိုက်ဆိုင်ရလား? လျိုရှုဟန်အမှားလုပ်လို့ ထိန်းသိမ်းထားပြီး အနောက်ဆောင် ကိစ္စတွေကို ဒုတိယခယ်မဆီ လက်လွှဲထားတာ ကြာလှပြီ ဖြစ်ပြီး ရှန်လျန့်ကို မျက်နှာသာမပေးထားရင်တောင် သူက ရှန်ေရွ့ထင်ရဲ့ သား ဖြစ်နေဆဲပဲ။ အိမ်တွင်းရေး ပြဿနာတွေကို မျက်စိပိတ် နားပိတ် လုပ်ထားပေးပေမယ့် မင်းသမီးကြီးရဲ့ အလှူပွဲမှာ ဖြစ်သွားတဲ့ကိစ္စကတော့ ဝန်မင်းတစ်ဖြစ်လည်း တုံးလင်အိမ်ဦးစီးဖြစ်တဲ့ သူ့ဂုဏ်သိက္ခာကို မလေးစားရာ ကျသွားပြီ ။
ရှန်လျန်က နှုတ်ခမ်းထောင့်မှ ခပ်ယောင်ယောင်ပြုံးရင်း သူ့ကို ကြည့်လာသည်။ တစ်ဖက်လူရဲ့ လျှော့ချ ချင်နေတဲ့ အမှားတွေကို မရိပ်မိဘူးဆိုတော့ ခင်ဗျားရဲ့ အိမ်ဦးစီးရာထူးကထိုက်တန်လို့ရလာတာ မဟုတ်ပဲ ငွေနဲ့ ပစ်ဝယ်ထားတာများလား ?
"မင်း!"
ရှန်လျန့် အကြည့်တွေထဲက ပြောချင်နေတဲ့ အဓိပ္ပာယ်ကိုမြင်လိုက်သဖြင့် ရှန်ေရွ့ထင် ဒေါသထွက်လာတော့သည်။
သားအဖနှစ်ဦးကြားစစ်ပွဲကို မြင်နေရသည့် ကျောပ်လန်က သူ့ကိစ္စတွေ နှောင့်နှေးသွားမှာစိုးကာ အလျင်အမြန် ကြားဖြတ်လိုက်၏။
"ရှောင်ဝူ.. ချောင်အာက သူ့အမှားသူ တစ်ကယ် သိနေပါပြီ.. ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးလိုက်ပါ"
"အစ်ကို...."
ရှန်ချောင်လည်း အံကြိတ်ကာ သူ့အမေနဲ့ ပူးပေါင်းလိုက်သည်။ အားလုံးကလည်း ဝိုင်းကြည့်နေသဖြင့် ဒီနေ့မှာ လက်ဖက်ရည် ခွက်ကို
မယူလိုက်ရင် ဟယ်ရှန်းခြံဝန်းထဲကနေ ထွက်ဖို့ ခက်ခဲလောက်တယ်လို့ ရှန်လျန်သံသယဝင်မိ၏။
Words 2882
Grape 🍇