no

Font
Theme

သူငယ်ချင်းတွေ ဆုံကြ

တစ်ညဆိုတဲ့ အချိန်ကျော်လွန်သွားတာနဲ့ တုံးလင်အိမ်တော်က သတင်းဟာ တစ်ဆင့်စကားတစ်ဆင့်နားနဲ့ ပြန့်နှံ့သွားတော့တယ်၊ လူဆင်းရဲ ချမ်းသာမရွေး နှစ်ယောက်ထက်ပိုစုမိပြီဆိုရင် တုံးလင်အိမ်တော်သတင်းခေါင်းစဉ်ကိုသာ ပြောကြသည်။ ရှန်မိသားစုရဲ့ ဂုဏ်သတင်းဟာဆိုရင် ပိုပိုပြီး ပျက်စီးလာကာ လမ်းဘေးက ကြွက်လို လူတကာ၏ မေးငေါ့ပြောဆိုစရာဖြစ်၏။ ကဲ့ရဲ့ခံရဆုံးလူတွေကတော့ သခင်မကြီးအပါအဝင် လုယန်နဲ့ကျောက်လန်တို့‌ဖြစ်သည်။

မည်သူမှ မရိပ်မိအောင် ရှန်လျန်က မထွက်ခွာခင် လေ့ကျန်းအား သာမာန်ဆန်သော ရထားလုံးတစ်စီး ရှာထားစေသည်။ ယောင်းကွမ်ကိုလည်း သူနဲ့အတူ ခေါ်လာလိုက်၏။ စားတော်ဆက်သို့ရောက်သော် ရှန်ကျိုးတို့ရှိရာ တတိယထပ်သို့ စားပွဲထိုး၏ လမ်းပြမှုအရ တစ်ခါတည်းတက်လာလိုက်သည်။

"ဒီဘက်မှာပါခင်ဗျ"

ရောက်နေသူတွေကတော့ ရှန်ကျိုး၊ ရှဲ့ယန်နဲ့ ယန်ထျန်းယွီ အပြင် ဝေထန်လည်း ပါ၏။ ရှန်လျန် လူတိုင်းကို နှုတ်ဆက်လိုက်ပြီး ခုံဆွဲယူကာ ထိုင်၏။ ရှန်ကျိုးက သူ့ဘေးနား ချက်ချင်းနေရာရွှေ့လာပြီး...

"မင်းမလာတော့ဘူးထင်နေတာ၊ ငါတို့ မင်းအိမ်ကို လိုက်လာတော့မလို့ ပြောနေကြတုန်း မင်းရောက်လာတာပဲ"

"လျှောက်ပြောနေပြန်ပြီ၊ စိုးရိမ်ရင်စိုးရိမ်တယ်ပေါ့၊ တုံးလင်အိမ်တော်က ဒီလောက် ပြဿနာကြီးနေတာ၊ ရှန်လျန်ဘာမှ မခံစားရရင်တောင် အနည်းနဲ့အများ သက်ရောက်မှုရှိမှာပဲ၊ မိသားစုဝင်အကုန်လုံးက သူ့ကို အကြံကြီးကြီးနဲ့ ထိခိုက်အောင် လုပ်ကြတာလေ"

"ဘာလို့နောက်ကျနေတာလဲ"

အားလုံးစိုးရိမ်နေတာ မြင်တော့ ရှန်လျန် မတတ်နိုင်စွာ ရယ်မော၏။

"ဧကရာဇ်က တော်ဝင်အမိန့်စာထုတ်လိုက်တယ်၊ ရှန်ကျင်းနဲ့ ရှန်ချန်ကို စတုတ္ထမင်းသားရဲ့ ကိုယ်လုပ်‌တော်အဖြစ် ခစားခွင့်ပြုလိုက်တယ်တဲ့၊ မကြာခင် ဒီအရှုပ်ထုတ်တွေကို လာသိမ်းသွားမယ့်သူရှိတယ်ဆိုတော့ ငါက အေးဆေးဖြစ်သွားပြီ"

"ချင်ယွင်ရှန်းက ဆန္ဒရှ်ိရှိ၊မရှိရှိ ကိုယ်လုပ်တော် နှစ်ယောက် ရသွားခဲ့ပြီ ၊ အဲ့ဒါအပြင် ကိုယ်လုပ်တော်တွေရဲ့ ဂုဏ်သတင်းက မကောင်းတာကြောင့် မင်းသားအပေါ် ဆိုးရွားတဲ့သက်ရောက်မှုရှိ‌မှာပဲ၊ အဲ့ဒါအသာထား အရှင့်သား ဒီကိစ္စကို သဘောတူလားဆိုတာပဲ သိချင်တာ"

"သူတို့က စတုတ္ထမင်းသားရဲ့အိပ်ရာပေါ် တစ်ကယ်တက်ရဲတယ်နော် အံ့ဩပါ့၊ ဪ ရှန်ချောင်က မင်းရဲ့အခန်းထဲ ရောက်နေတာဆို.. ဒုက္ခပေးဖို့ပဲ နေမှာပေါ့ ‌၊နောက်ဆုံးတော့လည်း သူများကဘာမှ မဖြစ်ပဲ သူတို့ပဲ ဒုက္ခရောက်သွားရတယ်"

ရှန်ကျိုးက ရှန်မိသားစု ဇနီးသည်တွေရဲ့ စိတ်ဓာတ်ကို သဘောမကျတာကြောင့် အာပေါင်အာရေးသန်သန်နဲ့ အတင်းတုပ်လေသည်။ ခန့်မှန်းသမျှက မှန်နေတော့လည်း ရှန်လျန် ဘာပြန်ပြောရမှန်းမသိစွာ နားထောင်ရင်းရေနွေးကြမ်း တစ်ငုံသောက်လိုက်သည်။

"အကုန်သိနေပြီးပြီကို ဘာလို့လာမေးနေသေးလဲ"

"တစ်ကယ်ကြီး ငါပြောသလိုဖြစ်နေတာလား"

လျန်လျန့်ကို တစ်မိသားစုလုံး ဒုက္ခပေးဖို့ကြိုးစားကြတယ်ပေါ့လေ... စိတ်ဓာတ်တွေက ဝမ်းတွင်းမဲတွေပါလား?

"အဲ့ဒီကိစ္စ မနက်ရောက်မှ သိတာလား"

ရှဲ့ယန်က လေးလေးနက်နက် ကြည့်သည်။

ညကတည်းက အခန်းလဲလိုက်တယ်ဆိုတာ ပြောလို့လည်း မဖြစ်ရာ...

" သတိမထားမိဘူးဆိုမှ ထူးဆန်းမှာပေါ့၊ အဖွားက ရှန်ရှောင်နဲ့ရှန်ယန်ကိစ္စကြောင့် ကိစ္စတွေရှုပ်ထွေးနေတာတောင် ရုတ်တရက်ကြီး ခရီးထွက်ချင်သေးတယ်၊ မိသားစုလိုက်ကြီး ဘုရ‌ားမှာ သွားဆုတောင်းမယ်တဲ့၊ ငါ့ကို နာမည်တပ်ပြီးကိုခေါ်တာ၊ ဝက်ဦးနှောက်နဲ့ တွေးရင်ကို မသင်္ကာစရာအနံ့ရတယ်၊ငါ့အခန်းထဲကို အမွှေးဖယောင်းတိုင်ဆိုပြီး လာထွန်းသေးတယ်လေ... ငါသတိမထားမိပဲနေမလား၊ အဲ့ဒါနဲ့ ဘေးအခန်းကို တစ်ည ပြောင်းအိပ်လိုက်တာ၊ တိုက်တိုက်ဆိုင်ဆိုင် ငါ့အခန်းထဲကို ရှန်ချောင် မှားဝင်လာရော၊ သူ့သူကံဆိုးတာ အပြစ်တင်ရုံပေါ့"

ရှင်းပြချက်က ဟာကွက်တွေရှိပေမယ့် ရှန်လျန်က အေးအေးလူလူပဲ အကြောင်းစုံပြောပြလိုက်သည်။

အမှန်အတိုင်းပြောမှာ မဟုတ်မှန်း ရှဲ့ယန်သိပေမယ့် မဖွင့်ချပေ။ ဘာလို့ဆို အချင်းချင်းရဲ့ဆက်ဆံရေးက ပွင့်ပွင့်လင်းလင်းပြောရလောက်တဲ့ထိမှ မရင်းနှီးသေးတာ ၊ မိသားစုအတွင်းရေးဖြစ်တဲ့အတွက် သူတို့အနေနဲ့အတင်းဝင်စွက်ဖက်လို့လည်းမကောင်း။

ရှန်လျန် အပြုံး လေးနဲ့ စကားလမ်းကြောင်းပြောင်းလိုက်သည်။

"ကဲ လူစုံတုန်း ငါတို့လုပ်မယ့် အလုပ်အကြောင်း ဆွေးနွေးလိုက်ကြတော့မလား"

ရှန်ကျိုးက သဘောတူသည်။

"ငါတို့ ဒုက္ခသည်တွေကို ကူညီကြမယ်၊ ဆန်ပြုတ်ချက်ပြီးဝေတာ ဖြစ်ဖြစ် တစ်ခြားပစ္စည်းဝေတာဖြစ်ဖြစ် မင်းတွေးထားတာရှိရင် ပြောလိုက်၊ ဒုက္ခသည်တွေအတွက်ဆို ငါတို့သေချာပေါက် ကူညီဖို့တာဝန်ရှိတယ်"

ပြည်သူတွေ ရေနှစ်မြှုပ်တဲ့သတင်းကြားတော့ ရှဲ့ယန်လည်း စိတ်မကောင်းဖြစ်ကာ တစ်ခုခုလုပ်ပေးရန် ဆန္ဒရှိခဲ့တာ ကြာလှပြီဖြစ်၏။

"ငါကြားတာတော့ ရေဘေးဒုက္ခသည်တွေရဲ့ အိုးအိမ်တွေ တော်တော်များများဖျက်စီးခံရပြီး အိုးမဲ့အိမ်မဲ့ဖြစ်ကုန်ကြတယ်တဲ့ ၊ မြို့တော်ကလည်း အကုန်လုံးကို လက်ခံဖို့မဖြစ်နိုင်တော့ နည်းလမ်းရှိရင် ပြောလိုက်၊ တူတူအကောင်ထည်ဖော်ကြတာပေါ့၊ စုပေါင်းကူညီတော့ ပိုထိရောက်တယ်လေ"

"ပြီးတော့ လူမှုထောက်ပံ့ငွေတွေအကုန် ဒုက္ခသည်စခန်းဆီ ပို့လိုက်ပြီးပြီမို့ ငွေထပ်ထုတ်ပေးဖို့မရှိသေးဘူး လို့ငါ့အဖေပြောတာ ကြားခဲ့တယ်"

ရန်ထျန်းယွီနဲ့ ဝေထန်တို့ အသီးသီးအချက်အလက်တွေမျှဝေ၏။ အတော်လေးစိတ်ဖိစီးနေဟန်၊ အသက်အရွယ်အားဖြင့် ငယ်ရွယ်ကြသေးရာ အရာရှိမျိုးနွယ်မှာ မွေးဖွားလာလည်း ကြီးကြီးမားမား လုပ်နိုင်စွမ်း မရှိသေးတာကြောင့်  စိတ်ထဲ အားမလိုအားမရ ဖြစ်နေကြသည်။

"ထူးဆန်းတယ် ကျောက်ဟုန်မလာဘူးလား"

လူတစ်ယောက်လျော့နေတာကို ရှန်လျန် သတိထားမိသွားသည်။ ခါတိုင်းဆို ဘယ်သွားသွားတပူးပူးတတွဲတွဲ မဟုတ်လား။

"ကျောက်ဟုန်က အိမ်ထောင်ကျသွားပြီ"

လူတိုင်း တိခနဲ အသံတိတ်သွားသည်။ ခုမှ အသက် ဆယ့်ငါး၊ဆယ့်ခြောက် ပဲရှိသေးတာရည်းစားထားရမယ့်အရွယ်ကို လက်ထပ်လိုက်ရပြီလား၊စိတ်ကြိုက်ရွေးချယ်ခွင့်မရှိပဲ သူစိမ်းတစ်ယောက်နဲ့ တစ်ဘဝလုံးအတူတူနေသွားရတော့မှာလား၊ မပျော်တော့ဘူး၊ တော်ဝင်မိသားစုဝင်နဲ့သာ ထိမ်းမြားလိုက်ရရင် ဘာတွေ ဆက်ဖြစ်မလဲ မတွေးရဲစရာ....

"သူဘယ်သူနဲ့ ယူလိုက်တာလဲ"

ရှန်လျန်လည်း ဘာမှ မတတ်နိုင်၊ 'ကော'တွေရဲ့ ကောင်းခြင်းဆိုးခြင်း ကံကြမ္မာက အနာဂါတ်သတို့သားနဲ့ပဲ သက်ဆိုင်သည်။

"ကျင်းရန်အိမ်တော်က ကြင်ယာတော်ရှုရဲ့ဒုတိယမြောက် သားနဲ့ယူလိုက်တာ၊ ဧကရာဇ် ခွင့်ပြုမိန့်ရပြီးသား"

ကြင်ယာတော်ရှုက သတ္တမမင်းသားရဲ့မိခင်ဖြစ်ပြီး ကျင်းရန်အိမ်တော်ဆိုတာ ကြင်ယာတော်ရဲ့အိမ်တော်ဖြစ်သည်။ ကျင်းကျောက်ယင်က အငယ်တန်းအရာရှိဖြစ်ပေမယ့် မြို့တော် တစ်ခုလုံးရဲ့ နယ်ပယ်စုံလှုပ်ရှားမှု မြေပြင်အခြေအနေကို ကျွမ်းကျင်တဲ့သူဖြစ်သည်။ နောက်ခံဆွေမျိုးက ကြင်ယာတော်နဲ့ မင်းသားတစ်ပါးရှိရာ ကျားကို အတောင်တပ်ပေးထားသလိုဖြစ်နေသည်။

"ဟင်း... နောက်ဆို သူနဲ့ ခပ်ခွာခွာ နေမှပဲ..."

ရှန်လျန် အေးစက်စက် ပြုံးသည်။ ဖေးယွမ်ရွှင်းနဲ့ လက်ထပ်ပြီးတဲ့ တစ်နေ့မှာ သူလည်း တော်ဝင်မျိုးနွယ်ဝင်ဖြစ်လာလိမ့်မယ်၊ ကျောက်ဟုန်က သတ္တမမင်းသားဘက် ပါမှာဆိုတော့ ခုကတည်းက ‌ဝေးဝေးနေထားရင် နောင်မှာ အချင်းချင်း မခက်ခဲတော့ဘူးပေါ့ ။

" ချင်ဖင်းမြို့စားကတော်လောင်းဖြစ်မှာ ကြိုသိထားတော့ မင်းကတော်ပါသေးတယ်၊ ငါတို့ပဲ နောင်တစ်ချိန် ဘယ်သူနဲ့ ယူရမလဲ မသိတာ၊ ငါ့အဖိုးက ငါ့ကိုအရမ်းချစ်တော့ စိတ်အရမ်းမပူပေမယ့်လည်း သူက ဟိုတစ်ယောက်နဲ့ လက်ထပ်ပေးချင်နေ...."

ရှဲ့ယန် တောက်တောင်အီအီ အတွေးများနေသည်။ လက်ထပ်ရန်ဆန္ဒရှိသူက နောက်ခံသာမာန်ပဲရှိပြီး တိုင်းပြည်အာဏာအရှုပ်အထွေးထဲ ဝင်ပါဖို့မကြိုစားဘူးဆိုရင် အိုမင်း‌တဲ့အထိ နှစ်ယောက်တူတူ အေးချမ်းစွာ နေသွားနိုင်သည် ။

"ဟင်..မင်းကြည့်ရတာ ပိုင်ရှင်ရှိနေပြီထင်တယ်၊အဲ့ဒါ ဘယ်သူလဲ"

ရှဲ့အကြီးအကဲရွေးချယ်မယ့် မြေးသတို့သားလောင်းက ဘယ်လိုလူများလဲ?

ရှန်လျန် ရုတ်တရက် ရှဲ့ယန်ရဲ့အရင်ဘဝအကြောင်း တွေးမိသွားသည်။ သူက ပဉ္စမမင်းသားချင်ယွင်ထျန်းနဲ့ လက်ဆက်လိုက်ရသည်။ ရှဲ့ယန်က ဆန္ဒမရှိတာကြောင့် ပြတ်ပြတ်သားသားပဲ မင်္ဂလာပွဲလာ ဧည့်ပရိတ်သတ်ရှေ့မှောက်မှာ ကက်ကြေးကိုင်ပြီး ဆံပင်ဖြတ်ချပစ်လိုက်တယ်၊ အဲ့ဒီပုံစံနဲ့ ခန်းမထဲဝင်လာတာမို့ လက်ထပ်ဖို့ ဆန္ဒမရှိမှန်း ပေါ်လွင်တယ်၊ ဖြစ်ချင်တော့ ရှန်လျန်လည်း ချင်ယွင်ရှန်းနဲ့အတူ ပွဲတက်ခဲ့တာဖြစ်၏။

နောက်ပိုင်းမှာ ချင်ယွင်ရှန်း အမြဲပြောတဲ့စကားတစ်ခွန်းရှိသည်။သူသာ မြေးတစ်ယောက်ထဲရှိရင် အချစ်တွေအကုန်ပုံပေးထားမှာဖြစ်ပြီး ရှဲ့အကြီးအကဲထက် မလျော့စေရဟူ၍။

"ဘာလို့ အကုန်သိချင်နေတာလဲ"

အားလုံးက သိချင်စိတ်နဲ့ ဝိုင်းကြည့်နေကြတော့ ရှဲ့ယန် ပြောပြီးမှ နောင်တနည်းနည်းရသလို ဖြစ်မိသည်။

"မင်းက စပြောတာလေ... ငါတို့သိချင်တာ မှားလား"

ရှန်ကျိုးက တက်ကြွလွန်းလို့ ရှန်လျန့်ဘေးကနေတောင် ခွာပြီး သူ့ဆီကပ်သွားပြီ၊ ရန်ထျန်းယွီနဲ့ဝေထန်လည်း မျက်လုံးက တလက်လက်တောက်ပြီး တီးတိုးအတင်းတုပ်နေကြသည်။

"သိချင်တော့လည်း ပြောရမှာပေါ့၊ ဒါပေမယ့် မင်းတို့လေးယောက်ပဲသိပါစေနော်၊ ခြောက်ယော‌က်‌မြောက်လူ သိလို့မဖြစ်ဘူး"

ရှဲ့ယန်ဆီ မျက်လုံးလေးစုံက အာရုံစိုက်လာသည်။ သူတို့တောင်းဆိုလွန်းလို့ မသက်သာပဲ ထုတ်ပြောရသလိုလိုနဲ့။

"အေးပါ အေးပါ"

လူငယ်လေးတွေဟာ ခေါင်းတဆတ်ဆတ်ငြိမ့်ပြီး သဘောတူလိုက်ကြသည်ကိုကြားသော် ရှန်လျန်ပြုံးပြီး ရေနွေးတစ်လုတ်သောက်ရင်း နားစွင့်ထားလိုက်သည်။

"အဲ့လူက ဖုယွင်ရှီးတဲ့၊ အရင်နှစ်က ကဗျာခြောက်ပုဒ်တစ်ခါတည်းစပ်ဆိုနိုင်တဲ့...."

"ဖူး....."

ဖုယွင်ရှီးဆိုတဲ့ နာမည်သုံးလုံးလည်း ကြားရောရှန်လျန်ရဲ့ သောက်‌လက်စ ရေနွေးတွေ အပြင်ထုတ်ခံလိုက်ရ၏။ ရှဲ့ယန်ရဲ့စကားက ဆုံးအောင် ပြောခွင့်မရလိုက်ပဲ ကြားဖြတ်ခံလိုက်ရသည်။ ကျန်တဲ့သုံးယောက် လုံးက စိတ်တိုတိုနဲ့...

"ညစ်ပတ်တဲ့ကောင်... ဒီမှာ ကောင်းခန်းရောက်နေတာကို..."

"အဟမ်း.. တောင်းပန်ပါတယ်ကွာ၊ ရုတ်တရက် ရေသီးသွားလို့"

စက္ကူယူပြီး တောင်းတောင်းပန်ပန်နဲ့ သုတ်လိုက်သည်။ စိတ်ထဲမှာတော့ စကားလုံးတွေ ပြည့်နှက်‌နေခဲ့သည်။ ရှဲ့အကြီးအကဲက ဖုယွင်ရှီးကို တစ်ကယ်တန်ဖိုးထားမယ်မှန်း မထင်ထားမိဘူး၊ သူ့မြေးနဲ့တောင် လက်ထပ်ပေးချင်နေတယ်၊ ဧကရာဇ်က ဖုယွင်ရှီးကိုသေစေချင်နေတာ မထူးဆန်းတော့ဘူး၊ မီးမလောင်ခင် ကြိုတားခဲ့တာကိုး၊ မသိရင် ပညာရှိထူးချွန်သူတွေကို နှစ်သက်တဲ့ ဧကရာဇ်ပါပေါ့ ၊နောက်ကွယ်က လျှို့ဝှက်ထားတဲ့ အကြောင်းအရင်းရှိမှန်း ခုမှသိတော့သည်။

အခုတော့ ဖုယွင်ရှီးရဲ့နာမည်ဆိုးကို ချေဖျက်ပြီးပြီဖြစ်ရာ ရှဲ့အကြီးအကဲရဲ့ သူ့မြေးနဲ့ လက်ထပ်ပေးချင်သည့်ပိုးက တစ်စခန်းထလာရောပေါ့။

နောက်မှဖုယွင်ရှီးက အရာရှိစစ်ဆေးပွဲ ဝင်မဖြေတော့မှာကိုသိပြီးရင် ကိုယ်တိုင်ဖြောင်းဖျပြီး ကျွမ်းကျင်လှတဲ့ စကားပြောစွမ်းရည်နဲ့သွေးဆောင်ဖို့က်ြုးစားနိုင်တယ်၊ ဖုယွင်ရှီးက အရှက်ရပြီး ပြန်ကြိုးစားမယ်ဆိုရင် ရှဲ့အကြီးအကဲကသာ သူ့ဘဝကိုကယ်တင်တဲ့သူဖြစ်သွားမှာပဲ။

ရှန်လျန်က အတွေးနက်နေတာ မြင်တော့ ရှဲ့ယန်က ရှန်ကျိုးဘက်လှည့်ကာ သူ့အဖိုးက ဖုယွင်ရှီးကို မျက်စိကျနေကြောင်း ဆက်ပြောပြနေလေသည်။ သူကိုယ်တိုင်က စာဖတ်ရတာနှစ်သက်ပြီး စာပေချစ်မြတ်နိုးသူမို့ ဖုယွင်ရှီးလို အရည်အချင်းမျိုးနဲ့ဆိုရင် နောက်ခံက သာမာန်ဖြစ်နေပါစေဦးတော့ ကောင်းကင်ကဖန်တီးပေးသည့် နတ်ဖက်တဲ့စုံ‌တွဲ မဟုတ်ပါလော။

"သခင် မနေ့ညက .....ဒီလိုဖြစ်ခဲ့တာပါ"

တိုင်ဆန်အဆောက်အဦး၏ သီးသန့်ခန်းထဲတွင် ဖေးယွမ်ရွှင်းက ရေနွေးတစ်အိုးချလျက် ထိုင်သောက်နေသည်။ ထျန်းရှုက နောက်တည့်တည့်မှာ ရပ်နေသည်။အကြောင်းစုံ သတင်းလာပို့တဲ့ ယောင်းကွမ်က ဂရုတစိုက်နဲ့ သခင့်မျက်နှာကိုအကဲခတ်လိုက်တယ်၊ မျက်နှာ အမူအရာက မပြောင်းလဲပေမယ့် မျက်လုံးက အေးစက်နေတာ တွေ့လိုက်ရတော့ သခင်က အကြီးအကျယ် ဒေါပွနေတာ သေချာသွား၏။

သူတို့သခင်က နဂိုကမှ ဒေါသကြီးပါတယ်ဆို ရွံရှာ စက်ဆုပ်ဖို့ကောင်းတဲ့ အလုပ်မျိုး လုပ်လုနီးပါးဖြစ်သွားတာ သိလိုက်ရမှတော့ ဒေါသမထွက်ပဲဘယ်နေမလဲ?

"ထျန်းရှု ကျန်းမင်းသားကို ဓားနဲ့ သွားထိုးခဲ့၊ အချိန်ဘယ်လောက်ယူရယူရ ငါဂရုမစိုက်ဘူး"

ဖေးယွမ်ရွှင်း ရုတ်တရက် ပြောလာသည်။

"ဟုတ်ကဲ့"

ထျန်းရှုက ဘာကြောင့်လဲ တစ်ခွန်းမှ မေးခွန်းမထုတ်၊ အမိန့်ရတာနဲ့ ‌လုပ်ဆောင်ဖို့ ချက်ချင်း ထွက်သွားသည်။ သခင့်ရဲ့ စိတ်မာန်တော်ကို အမြန်ဆုံးဖြေဖျောက်နိုင်ဖို့ ပြင်ဆင်ရဦးမည်ဖြစ်သည်။

"အဲ့လောက်ပဲလား"

ယောင်းကွမ်က နားမလည်စွာ ‌ရေရွတ်သည်။ ဘယ်အချိန်က ဒီလောက်ထိ ကြင်နာတတ်သွားပါလိမ့်? အရင်ကလိုဆို အကြိမ်ပေါင်းများစွာထိုးသတ်ခိုင်းမှာ မဟုတ်လား?

"လျန်လျန်က သူ့အစီအစဉ်နဲ့သူရှိတယ်၊ ငါ အဲ့လောက်ဝင်ရှုပ်ရင်ရပြီ"

ဖြစ်နိုင်ရင်တော့ ဟိုမိန်းမတွေပါမကျန် ချက်ချင်းသတ်ပစ်ချင်ပေမယ့် သူ့မိသားစုက လျန်လျန်ကိုယ်တိုင် စီရင်ချင်တယ်ဆိုမှတော့ သဘောကျ လုပ်ပါစေ...

"ရှန်မိသားစုရဲ့ ဒုတိယ၊တတိယ မိသားစုခွဲတွေ အခြေအနေကရော?"

အကုန်လုံးပါဝင် ပတ်သက်ကြတယ်မလား? တစ်ယောက်မှ မေ့ထားလို့မရဘူး။

"လျိုမိသားစု၊ ကျောက်မိသားစုနဲ့ လုမိသားစုဝင်တွေရဲ့ အရာရှိကို လာဘ်ထိုးတဲ့ကိစ္စပေါ်သွားကတည်းက ညီလာခံမှာ ထောက်ခံမှုတွေ မရတော့ဘူး၊ သူတို့ဘယ်လောက်ကြာကြာ ဘဝင်မြင့်နိုင်မှာမို့လဲ"

"မနေ့ကလည်း စတုတ္ထမင်းသားရဲ့ အိပ်ရာပေါ်က က်စ္စကြောင့် ကျောက်နဲ့ လုမိသားစုက ကောင်မနှစ်ကောင်ကို ကိုယ်လုပ်တော်ထားလိုက်တယ်၊ နန်းတွင်းထဲ ဝင်သွားပြီဆိုတော့ အပ်ပေါ် ဖင်ခုထိုင်ရတော့မှာပေါ့"

ခုနေတော့ ပျော်ဖို့ပဲ သိနေကြမှာ၊ နောက်မှ တုံးလင်အိမ်တော်ရဲ့ အားနည်းချက်တွေ ဖြစ်သွားကြမှ နောင်တရကြလိမ့်မယ်။

2572 words

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment