'ရှန်ဟွေးသေဆုံး၊ လျိုရှုဟန်ရဲ့ လျို့ဝှက်ချက်'
နေ့လည်ဘက် ရှန်လျန်ပြန်ရောက်ချိန် အရမ်းပင်ပန်းလွန်းနေရာ လေ့ကျန်းကိုခေါ်ပြီး သတင်းပင် မမေးနိုင်။ သို့ရာတွင် ယောင်းကွမ်က အလိုက်သိစွာနဲ့ လျို၊ကျောက်နဲ့လုမိသားစုကို ဖေးယွမ်ရွှင်းမှ ကောင်းစွာဖြေရှင်းပြီးပြီဖြစ်ကြောင်း ပြောပြလာသည်။
ထို့အပြင် ရှန်ချောင့်ကို အနိုင်ကျင့်ခဲ့သည့်သူက မင်းသားကျန်း ဆိုတာကို ကောလဟာလ လွှင့်ခဲ့သေးသည်။ မင်းသားကျန်းက ယခုလို ကိစ္စမျိုးဆိုလျှင် တည့်တိုးဝန်ခံမည့်သူဖြစ်ရာ အလိုအလျောက် တူနဲ့နာနာ ထုပြီးသားဖြစ်သွားလိမ့်မည်။
"သခင်... ရှန်ဟွေး သေသွားပါပြီ"
ညလယ်ခေါင် အိပ်ပျော်တော့မည့် အချိန်တွင် လေ့ကျန်း ရုတ်တရက် ရောက်ချလာသည် ။
"ဟုတ်လား"
ရှန်လျန် မျက်ခုံးပင့်၏။ ဆံပင်ရှည်ကို ရှေ့သို့ စုသိမ်းကာ စားပွဲ မှာ ထိုင်လိုက်သည်။
"ဘယ်လိုမျိုး သေသွားတာလဲ"
"ပြည့်တန်ဆာတစ်ယောက်ရဲ့ ကုတင်ပေါ်မှာ သေဆုံးနေတာပါ"
"ဒီလိုနည်းနဲ့ သေခိုင်းတယ်ပေါ့၊ လျိုရှုဟန်လုပ်တာလား"
ရှန်လျန် ရယ်ချင်နေသည်။ ရှန်ဟွေးက နောက်ဆုံးတော့ သေလမ်းပေါ်တည့်တည့်လျှောက်မိတာပဲ။
လုယန်က ယခုအချိန်မှာ သူ့သားအတွက် စိုးရိမ်နေတာကြောင့် လူသတ်ဖို့ စိတ်ကူးရှိမှာ မဟုတ်၊ ရှန်ကျင်းနဲ့ ရှန်ချန်ဆိုရင်လည်း ထိုညကတည်းက တရားခံကို သိထားပြီးဖြစ်ရာ ဆက်လက်မသိချင်ယောင်ဆောင်နေလိမ့်မည်။
ရှန်ဟွေးက နှုတ်ပိတ်ခအနေနဲ့ ငွေကြေးမြောက်များစွာ ရရှိခဲ့ပြီးနောက် မိုးလင်းမိုးချုပ် ဆောင်ကြာမြိုင်အိမ်မှာပဲ ကိုယ်ရည်သွေးနေခဲ့သည် ။ သေဆုံးသည်ထိ ထိုနေရာမှာပဲ သေခဲ့သည်။
"ရှန်ကျင်း လုပ်တာဗျ"
လေ့ကျန်းက ရှန်လျန့်အမြင်ကို ငြင်းဆိုပြီး တရားခံက မည်သူဖြစ်ကြောင်း ပြောပြသည်။ ရှန်လျန် အတော်အံ့အားသင့်မိ၏။
"ရှန်ကျင်း သတ်တာလား"
ထင်မှတ်မထားတဲ့ အမျိုးသမီးတွေက တစ်ကယ် အဆိပ်ပြင်းတာပဲ၊ မတော်တဆမှုကြုံရပြီးတော့ ရှန်ကျင်းရဲ့ စိတ်က သန်မာသွားတာ ဖြစ်နိုင်တယ်၊ လျိုရှုဟန်က သူဝင်ပါစရာမလိုဘူးဆိုမှတော့ ပျော်နေမှာပေါ့၊ ရှန်ဟွေးကို နာနာခံခံနဲ့ ဆောင်ကြာမြိုင်ရောက်အောင် တွန်းအားပေးလိုက်ရုံပဲ၊ ပြည့်တန်ဆာမရဲ့ အိပ်ရာပေါ် သေဆုံးသွားတယ်ဆိုတော့ သဘာဝကျပြီး တုံးလင်အိမ်တော်ကိုအမှုပတ်မလာနိုင်တော့ဘူး၊ နောက်ကွယ်က လှုပ်ရှားသူတွေလည်း အပြစ်လွတ်မယ်။
"ဟုတ်ကဲ့၊ ရှန်ကျင်းကို ကြာကြာ မလွှတ်ထားသင့်တော့ဘူး သခင်လေး"
လေ့ကျန်းက လေးလေးနက်နက် အကြံပေးသည်။ ပိုပြီး သန်မာလေလေ အန္တရာယ်များလေပင်။ အခုချိန်မှာ ထိုမိန်းမ အမုန်းဆုံးလူက သူတို့သခင် ဖြစ်မှာ ကျိန်းသေ၏။
"မသတ်နဲ့ဦး၊ သူက အသုံးဝင်သေးတယ်၊ ဒါဆိုရင် ရှန်ဟွေးဆီ ရောက်သွားတဲ့ ရှန်ချန်ရဲ့ အခြွေရံနှစ်ယောက်ရော ဘာဖြစ်သွားလဲ"
ရှန်လျန်က ခါးထိရှည်တဲ့ ဆံနွယ်တွေကို ကျောနောက်ဘက် ပို့ကာ ဖြန့်ချထားသည်။ လေ့ကျန်းက ပိုပြီး အလေးအနက်ဖြစ်လာသည်။
"သတင်းအချက်အလက် အများကြီးထဲက တစ်ခုကို ကျွန်တော် သံသယရှိတယ်ဗျ၊ လျိုရှုဟန်က အိမ်ပြင်မထွက်လာပဲနဲ့ တခါတလေ ဒီတိုင်း ပျောက်ပျောက်သွားတယ်၊ ခြံဝန်းထဲမှာ ရှိကိုမရှိတော့တာ၊ ရှန်ချန် လာတွေ့ရင်တောင် လျိုရှုဟန်က အကြိမ်တိုင်း အလုပ်များနေတယ်၊ သိုလှောင်ရုံမှာ စီမံနေရတယ်လို့ အကြောင်းပြချက်ပေးပေမယ့် တစ်ခါနှစ်ခါမကဘူး၊ အကြိမ်စိတ်လာတော့ သံသဝင်စရာဖြစ်လာပါတယ်၊ သူ့အိမ်ရဲ့ တစ်နေရာမှာ လျို့ဝှက်အခန်း ရှိတဲ့ပုံပဲဗျ၊ ဒါမှမဟုတ်လည်း အပြင်ထွက်နိုင်တဲ့ လျို့ဝှက်လမ်းကြောင်းဖြစ်နိုင်တယ်"
ပိုပြီး ထူးဆန်းတာက ထိုအခန်း သို့မဟုတ် လျို့ဝှက်လမ်းကြောင်းရှိနေမှန်း ရှန်ရွေ့ထင် လုံးဝ မသိခြင်းပင်။ လျိုရှုဟန်လို အနောက်ဆောင်က အမျိုးသမီးတစ်ယောက်အနေနဲ့ လျို့လျို့ဝှက်ဝှက်ကိစ္စ လုပ်စရာဘာများရှိလို့လဲ?
မကြာခဏ အပြင်ထွက်ပြီး ဘယ်သူ့ကိုသွားတွေ့နေတာလဲ?လေ့ကျန်းက တွေးကြည့်လေလေ ပိုပြီး ထူးဆန်းလာလေ ဖြစ်သည်။ စောင့်ကြည့်တဲ့သူတွေကို မေးကြည့်တော့လည်း သိတဲ့အချက်တွေများပေမယ့် အထောက်အကူဖြစ်မည့်သဲလွန်စမျိုးမရခဲ့ချေ။
"ထူးဆန်းလိုက်တာ၊ မင်းတို့ ဒီလောက်အကြာကြီး သူ့ကိုစောင့်ကြည့်နေတာတောင် အဖြေ ရှာမတွေ့သေးဘူးဆိုတော့"
ရှန်လျန် မျက်မှောင်ကြုံ့သည် ။ ဒီကိစ္စမျိုး အရင်ဘဝ မှတ်ဉာဏ် မှာ မရှိတာကြောင့် အလွယ်တကူ အဖြေမရှာနိုင်ဖြစ်နေသည်။
"သူက ရှန်ရှောင်ဆီ နေ့တိုင်း သွားတယ်၊ ပြီးရင် ရှန်ချန်အတွက် ခန်းဝင်ပစ္စည်း ပြင်ဆင်တယ်၊ ဒါပဲလုပ်နေတော့ ပုံမှန်မဆန်တာမျိုး မတွေ့ဘူးဖြစ်နေတာဗျ"
"ဆက်စောင့်ကြည့်ထား၊ ဘာမှ မထူးခြားရင် သူ့အခန်းထဲမှာ ဖြစ်ဖို့များတယ်၊ အခန်းထဲကနေ ခိုးထွက်ရင် ဘယ်သူမှ မြင်မှာ မဟုတ်ဘူးဆိုတော့"
သမီးအရင်းကိုတောင် ပေးမသိဘူးဆိုတော့ အဲ့ဒီလျှို့ဝှက်အခန်း၊ လျှို့ဝှက်လမ်းကြောင်းက အရမ်းအရေးကြီးတာဖြစ်နိုင်တယ်၊ အရိပ်တပ်သားတွေက လချီ မျက်ခြေမပြတ်စောင့်ကြည့်နေတာကို ရှာမတွေ့ဘူးဆိုမှတော့ သေချာပေါက် အခန်းထဲမှာပဲဖြစ်လိမ့်မယ်။
"ဟုတ်ကဲ့ မှာထားလိုက်ပါမယ်၊နောက်ထပ် သတင်းတစ်ခုရှိသေးတယ် သခင်လေး ၊ရှန်ရွေ့ထင်က ဒီနေ့ အဖွားအို မေ့လဲချင်ယောင်ဆောင်တာကို မိခါနီးလေး ဖြစ်သွားတယ်၊
ပြီးေတာ့ ရှန်ရွေ့ချင်နဲ့ ရှန်ရွေ့ကျန်းက စာကြည့်ခန်းထဲကနေ မထွက်လာတာ အတော်ကြာပါပြီ၊ ဒါပေမယ့် သူတို့ရဲ့နောက်လိုက်က နေ့လည်တုန်းက မြို့ပြင်ကိုထွက်သွားလို့ ကျွန်တော် လူလွတ်ပြီး နောက်ယောင်ခံလိုက်ခိုင်းထားပါတယ်၊ သွားတဲ့နေရာအတိအကျကို မသိရသေးပါဘူး"
"ဘာမှ တိတိကျကျ သိတာ မရှိပါလား"
ရှန်လျန်က ဆူပူသည်။
"စတုတ္ထမင်းသားဘက်က အခြေအနေရော? ချင်ယွင်ရှန်း ဘာလို့ သတို့သမီးနှစ်ယောက်ကို လာမကြိုသေးတာလဲ၊ရက်ကြာသွားရင် ဗိုက်ထွက်လာတော့မယ်"
ဒါကြောင့်ပဲ မင်းသားက မပျော်မရွှင် ဖြစ်နေလား မပြောတတ်ချေ။ စတုတ္ထမင်းသား၏စံအိမ်တော်က တုံးလင်အိမ်တော်လို လွတ်လွတ်လပ်လပ် သွားလာ၍ မရချေ။ အစောင့်အကြပ်ထူထပ်သည်။ အခြေအနေအတိအကျကို လေ့ကျန်း မပြောနိုင်ပါချေ။
"ကိစ္စတော့မရှိဘူး၊ အများဆုံးမှ တစ်လပဲ သူအချိန်ဆွဲနိုင်မှာ၊ ဆန္ဒမရှိလည်း ယူကိုယူရမှာပဲ"
ရှန်ချန်နဲ့ ရှန်ကျင်းရဲ့ ခန္ဓာကိုယ်ကျန်းမာရေးက ရှန်ချောင်နဲ့ ထပ်တူပဲဖြစ်သည် ။တစ်ကြိမ်ထဲနဲ့ကိုယ်ဝန်ဆောင်နိုင်ချေမြင့်သည်။ ချင်ယွင်ရှန်း ထွက်ပြေးချင်လည်း ပြေးမလွတ်နိုင်ပါ။
"နောက်ပြီး..."
လေ့ကျန်းက ပြောရန် တွန့်ဆုတ်နေသည်။ တစ်ခဏ တုံ့ဆိုင်းနေပြီးမှ...
"ရှန်ရွေ့ထင်က ညသန်းခေါင်ကြီး မြို့ပြင်ထွက်သွားပါတယ်၊ ကျွန်တော် ကိုယ်တိုင်လိုက်ကြည့်တော့ သူဝမ်ယွဲ့မြို့ကိုသွားနေတာ သခင်၊ နောက်လိုက် ရှန်ကျီတို့သားအဖကိုပဲ ခေါ်သွားတာ၊ တုံးလင်အိမ်တော်က ဘယ်အစောင့်ကိုမှ ကိုယ်ရံတော်အဖြစ် ခေါ်မသွားဘူး သခင်လေး"
"ဝမ်ယွဲ့မြို့ကိုသွားတယ်ဟုတ်လား"
ရှန်လျန် မျက်ဝန်းတွေ မှေးကျဉ်းလိုက်တယ်၊ လက်ညိုးက စားပွဲပေါ် တတောက်တောက် ခေါက်လျက်..အသိတရားရသွားတာလား? ဟွေအန်း ကိုသွားတွေ့တာများလား?
"သခင်..ရှန်ရွေ့ထင်က ဘုန်းတော်ကြီးေဟွအန်းကို သွားတွေ့တာလို့ ကျွန်တော်ထင်တယ်"
လေ့ကျန်း တစ်ခုတောါစိုးရိမ်မိသည်။ လက်ရှိ သူတို့ချင်းအဆက်အသွယ် ပြတ်နေတာကြောင့် ဟွေအန်းက ပေါက်ကရတွေပြောလွှတ်လိုက်မှာ စိုးရသည်။
" ငါကမကောင်းတဲ့ နက္ခတ်နဲ့ယှဉ်ပြီး မွေးလာမှာလားလို့ပဲ သူ့မှာ မေးစရာရှိမှာပဲ၊ ကြိုသိပြီးသားပါ"
ရှန်လျန်က လက်ဝေ့ယမ်းလိုက်ပြီး စိတ်ပူမနေခဲ့၊ သူက ကံဆိုးစေတော့ရော ရှန်သွေးစီးဆင်းနေတဲ့ ရှန်မိသားစုဝင်ဖြစ်နေဆဲ မဟုတ်လား! ဒါက အဓိက အချက်ပဲ!
"အိုး..သခင်! ရှန်ယန်ရဲ့ ခန္ဓာကိုယ်က ပြောင်းလဲ လာတယ်လို့ သတင်းရောက်လာသေးတယ်ဗျ"
လေ့ကျန်း ရယ်ချင်နေသလို အထင်သေး လှောင်ပြောင်ချင်နေသည်။ ဒါတွေဟာ ရှန်လျန်ရဲ့ ဆေးအစွမ်းကြောင့် ဖြစ်လာတာမှန်း သူသိသည်။
ထိုဆေးက ယောင်္ကျားတစ်ယောက်ကို ရင်သားတွေထွက်လာစေပြီး၊ လိင်အင်္ဂါတိုဝင်သွားတာမျိုးထိ အစွမ်းထိမယ်မှန်း မထင်ထားမိရုံတင်။
"နှစ်ယောက်လုံး ပြောင်းလဲတဲ့ပုံစံက တူလိမ့်မယ် အသက်ငယ်ငယ်နဲ့ ယောင်္ကျားဘဝတုံးသွားရှာပြီပေါ့ ၊ ရှန်ရွေ့ချင်တို့လည်း ပုံမမှန်တာမျိုး ဖြစ်ချင်ဖြစ်လာနိုင်တယ်၊ မယုံမရှိနဲ့၊ နောက်ဆို ဘယ်မိန်းမနဲ့မှ အိပ်နိုင်တော့မှာ မဟုတ်ဘူး"
လေ့ကျန်း ဆွံ့အနေမိသည်။ ရှန်လျန်က စိတ်အခြေအနေကောင်းနေသည်။ ပြုံးလျက်...
"ခဏလောက် လွှတ်ထားပေးလိုက်၊ အလျင်မလိုဘူး၊ ငါ..."
ရှန်လျန့်စကားမဆုံးခင်မှာပဲ နှောင့်ယှက်ခံလိုက်ရလေ၏။ ရှည်သွယ်တဲ့ လက်တစ်ဖက်က သူ့ကိုရင်ခွင်ထဲ သိမ်းကြုံးဆွဲဖက်လိုက်ခြင်းဖြစ်၏။
လေ့ကျန်းက အလိုက်သိစွာဖြင့်...
"ဒါဆိုရင် ကျွန်တော် မနှောင့်ယှက်တော့ပါဘူး၊ လျိုရှုဟန်ကို သေချာစောင့်ကြည်ဖို့ မှာထားလိုက်ပါ့မယ်"
ပြောပြီးသည်နှင့် လစ်ခနဲ ပျောက်ကွယ်သွားသည်။ ရှန်လျန်က ခေါင်းမော့ပြီး တစ်စုံတယောက်ကို ဒေါသတကြီး ကြည့်သည်။
"ခင်ဗျား အခု ညလယ်ခေါင်ဆိုတာ သိလား? ဘာလို့ နေ့တိုင်း ပြေးပြေးလာနေတာလဲ၊မမောဘူးလား"
ထိုညမှစ၍ ဝမ်ရယ်က နေ့တိုင်းရောက်လာသည်။ ရှန်လျန်မအိပ်သေးလျှင် စကားစမြည် ပြောကြပြီး ၊ရှန်လျန်အိပ်ရာဝင်တော့မည်ဆိုလျှင်လည်း ကုတင်ပေါ် တူတူတက်အိပ်လိုက်သည်သာ။
"ဝမ်ဖေးက ကိုယ့်အိမ်ကိုမရောက်လာသေးဘူးလေ၊ ကိုယ် တစ်ယောက်ထဲ အရမ်းအထီးကျန်တယ်၊ ဒါကြောင့်နည်းနည်းလေး အလုပ်ကြိုးစားတာကို"
ဖေးယွမ်ရွှင်းက နှာခေါင်းပွတ်လျက် ဆင်ခြေပေးသည်။ အနောက်မြောက်အရပ်ဒေသမှာ ရှိတဲ့ ဆရာတူအစ်ကိုနဲ့ ရှန်တာ့ကိုလည်း သုံးလအတွင်း အမြန်ပြန်လာဖို့ စာပို့ထားပြီးဖြစ်သည်။ သို့မှသာ ရှန်တာ့ရဲ့ တန်ဖိုးရှိလှစွာသော ညီငယ်လေးကို သူအမြန်အပိုင်သိမ်းနိုင်မှာလေ၊ စာထဲက အကြောင်းအရာအရဆို ရှန်တာ့လည်း သူ့ညီကိုပြန်ပေးဆွဲသွားတဲ့ သူ့ကို သင်ခန်းစာပေးဖို့ အမြန်ပြန်လာချင်နေလောက်ပါပြီ။
"ဪ.. ခင်ဗျားကို နွေးထွေးအောင်လုပ်ပေးမယ့် အလှလေးနည်းနည်းလောက် ကူရှာပေးရမလား၊ အိမ်မှာ တစ်ယောက်ထဲ အထီးကျန်နေရတယ်ဆိုပဲ... သူများကြားရင် ချင်ဖင်းမြို့စားက လူစားထိုးခံထားရတယ်ထင်နေမယ်"
"လျန်လျန်က ကိုယ့်ကို စိတ်ကုန်နေပြီလား ဟုတ်လား"
အမြင်စောင်းခံနေရတာကြောင့် ဖေးယွမ်ရွှင်းမှာ ကူကယ်ရာမဲ့လျက်။
"ဘာပေါက်ကရတွေပြောနေတာလဲ၊ ညလယ်ခေါင်ထိ မအိပ်ရသေးလို့ အိပ်ငိုက်နေပြီ၊ အရေးကြီးကိစ္စမရှိရင် အိပ်နှင့်တော့မယ်၊ကျွန်တော့်ကို ချီ..."
ရှန်လျန်က မြို့စားမင်းရဲ့ လည်တိုင်ကို လက်နှစ်ဖက်ဝိုက်ကာ ဖက်လိုက်ပြီး သန်းဝေသည်။အတော်လေး အိပ်ချင်နေပုံပင်။
"ဝမ်ဖေးရဲ့ သဘောအတိုင်းပါဗျာ"
ဖေးယွမ်ရွှင်းက မလုပ်ချင်ပဲ ဘယ်နေလိမ့်မလဲ ?ချက်ချင်း ချီပွေ့လိုက်ပြီး ကုတင်ပေါ် ခေါ်သွားသည်။ နှစ်ဦးလုံး ကုတင်ပေါ် လဲလျောင်းနေလျက်က သူ့ရင်ခွင်ထဲ ရှန်လျန် မျက်စိအမှိတ်လိုက်နှင့်တိုးဝင်လာသည်။
"ယွမ်..ကျွန်တော် စိတ်ပြောင်းသွားပြီ၊ ဖုယွင်ရှီးကို အရာရှိ စာမေးပွဲ ဝင်ဖြေခိုင်းတော့မယ်"
"ဟင်?"
ရုတ်တရက်ကြီးဘာဖြစ်လို့လဲ?
ဖေးယွမ်ရွှင်းက ရင်ခွင်ထဲက လူကိုငုံ့ကြည့်သည်။ သူမမေးလိုက်နိုင်ခင် ရှန်လျန် ဆက်ပြောလာသည်။
"ရှဲ့ယန်က ဖုယွင်ရှီးနဲ့ တွေ့ချင်နေတယ်၊ သူတစ်ကယ် ကြိုက်နေတာဖြစ်မယ်၊ ကျွန်တော် သေချာတွေးကြည့်လိုက်တော့လည်း ဟုတ်တယ်.. ဖုယွင်ရှီးရဲ့ အနာဂါတ်ကို ကျွန်တော့်ရန်ငြိုးရန်စကြောင့်နဲ့ မပျက်စီးသွားစေချင်ဘူး၊ လက်စားချေချင်တယ်ဆိုရင်တောင် ကျွန်တော် လူသားဆန်ရမယ်၊ ဦးလေးဖုက ကျွန်တော့်အပေါ် တစ်ကယ်ကောင်းသလို ဖုယွင်ရှီးဆိုလည်း ကျွန်တော်နဲ့ သူငယ်ချင်းလိုပဲ၊ ကျွန်တော်က သူ့အရည်အချင်းကို အသုံးချချင်ချမယ်၊ ဒါပေမယ့် သူ့အနာဂါတ်ကိုတော့ မဖျက်ဆီးနိုင်ဘူး"
ချီယွဲ့နဲ့ ချီရွှမ်းတို့လိုပဲ ဦးလေးဖုနဲ့ သူ့သားကို ရှန်လျန် ရဲ့ မိသားစုဝင်လိုသဘောထားသည်။ ချင်ယွင်ရှန်းကို ဖိနှိပ်ဖို့ ဖုယွင်ရှီးကိုမဖြစ်မနေလိုအပ်မယ်လို့တော့ မဆိုလိုပေမယ့် အနာဂါတ်မှာ ကိစ္စကြီး တစ်ခုခု လုပ်ဖို့လိုရင် အဲ့ဒီအချိန်ကျမှ ဖုယွင်ရှီး က သူလျှိုအနေနဲ့ ဝင်ပါလို့ရ၏။ သို့ရာတွင် ယခုအချိန်ထဲက ရှဲ့ယန်နဲ့ ဖုယွင်ရှီးတို့ အချင်းချင်း မနီးစပ်ခဲ့လျှင် အရင်ဘဝကလို ဖုယွင်ရှီးက တစ်ယောက်ထဲ နေနေရဦးမှာပေါ့၊ ဒီဘဝမှာတော့ သူ့အတွက် လူတစ်ယောက်ကို ဆွဲဖမ်းပေးချင်ခဲ့သည်။
"ရှဲ့ယန်နဲ့ သူက ပေါင်းစပ်လို့ရနိုင်ပါ့မလား၊ ရှဲ့အကြီးအကဲက ဧကရာဇ်အပေါ် သစ္စာရှိတယ်၊ ကိုယ်တို့ ပုန်ကန်တဲ့အခါ ဖုယွင်ရှီးက ကိုယ်တို့ဘက်၊ ရှဲ့ယန်က သူ့အဖိုးဘက်နေရင် ဆန့်ကျင်ဘက် ဖြစ်ကုန်မှာပေါ့၊ သူတို့နှစ်ယောက် ဘယ်လိုညှိုနှိုင်းမှာလဲ"
ဖေးယွမ်ရွှင်းက သူ့အတွေးကို မဆန့်ကျင်ပါ၊ သူသိခဲ့သမျှ ရှန်လျန်က အလွန်ကြင်နာတတ်ရာ ဒီအတိုင်း ရှန်လျန် တွဲပေးချင်သည့် လူနှစ်ဦးအပေါ် မျှော်လင့်ချက် ကြီးကြီးမထားမိစေရန်သာ သတိပေးခဲ့သည်။
"အင်း ကျွန်တော် သိပါတယ်၊ ဒါကတော့ သူတို့အပိုင်းပေါ့၊ ကျွန်တော့်ဘက်က အကောင်းဆုံးလိုက်လျောပေးနိုင်တာက ဖုယွင်ရှီးနဲ့ သဘောတူထားတာကိုဖျက်ပေးလိုက်တာပဲ"
ဘယ်သူသိမှာလဲ ? ဖုရင်ကိုပြန်လွှတ်လိုက်ပြီး ဖုယွင်ရှီးကို အဆက်အသွယ်မလုပ်တော့ရင် ရှဲ့ယန်နဲ့ အဆင်ပြေသွားနိုင်မလားဆိုတာကို...သူ့ဘက်က အခွင့်အရေးဖန်တီးပေးလိုက်ပြီး ထိုလမ်းကို ဆက်လျှောက်မလျှောက်က သူတို့သမိုင်းပဲဖြစ်သည် ။
"ဆုံးဖြတ်ပြီးပြီဆိုလည်း လုပ်သာလုပ်၊ ချင်ယွင်ရှန်းကိုစိတ်မပူနဲ့၊ ကိုယ်ထည့်ထားတဲ့လူရှိတယ်၊ သူတစ်ခုခု လုပ်ဖို့ကြံတာနဲ့ တန်းသိမှာပဲ"
ဖေးယွမ်ရွှင်းက သူ့ခေါင်းကို အသာပွတ်ပေးကာ အလိုလိုက်သည်။
"ဒါဆို မနက်ဖြန်ပဲ ဖုယွင်ရှီးနဲ့ တွေ့ပြီးပြောလိုက်မယ်"
ရှန်လျန်က ကျေနပ်စွာ ခေါင်းငြိမ့်လျက် ရင်ခွင်ထဲ တိုးဝင်လိုက်ပြန်သည်။ လင်လင်နှစ်ဦးက စကားမပြောတော့ပဲ တိတ်ဆိတ်သွားသည်။ မကြာခင် ရှန်လျန် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျသွားတော့၏။
"အရူးလေး... လုပ်ချင်ရင် ရဲရဲသာလုပ်၊ မင်းနောက်မှာ ကိုယ်ရှိတယ် မဟုတ်ဘူးလား"
အသက်ရှူသံပုံမှန်ဖြစ်သွားသည်ကို ကြားသော် ဖေးယွမ်ရွှင်း၏လက်သွယ်သွယ်က ရှန်လျန့်နဖူးပေါ်က ဆံနွယ်တွေကို ဘေးဘက်သို့ ဖယ်ချပေးပြီး ကြင်နာစွာ အနမ်းတစ်ပွင့်ခြွေသည်။ သူများအပေါ် အပြစ်လုပ်မိမှာ စိုးနေရှာတာ...ဖုယွင်ရှီးက တစ်ကယ်လို့ ချင်ယွင်ရှန်းဘက်ရောက်သွားရင်၊သူတို့ရဲ့ ပူးပေါင်းမှုကြောင့် အကျိုးအမြတ်တွေ အများကြီး ရသွားရင်တောင် သူကတော့ ဝမ်ဖေးကိုပဲ ဂရုစိုက်သည်။ ဝမ်ဖေး စိတ်ပျော်လျှင် လုံလောက်ပြီ ဖြစ်၏။
2701 words
Grape 🍇
BiBi26
1 year ago
ချစ်တတ်လိုက်တဲ့ ဝမ်ရယ်🥹