' ဦးလေးတဲ့လား ၊ အတင့်ရဲ လိုက်တာ! '
မိုးရွာတာကြောင့် လမ်းပေါ်မှာ လူသွားလူလာ သိပ်မရှိချေ။ လူတစ်ချို့သာ မြင်းရထားနှင့်သွားသွားလာလာ ရှိသည်။ ဖွင့်လှစ်ထားသော ဈေးဆိုင်တစ်ချို့တွင် လူအနည်းငယ် ရှိနေသော်လည်း လျင်လျင်မြန်မြန်ပင် လစ်လျူရှုသွားကြသည်။ လူတစ်ဦးစ ၊နှစ်ဦးစ သာလျှင် ပေါ်ပေါ်ထင်ထင် ရပ်ကြည့်ရဲသည်။ သို့ပါသော်လည်း ဝင်ရောက်နှောင့်ယှက်ခြင်းတော့မပြုရဲကြ။
"တုံးလင် အိမ်တော် ဆိုတော့ရောဘာဖြစ်လဲ? ၊ငါတို့က ဧကရာဇ်ရဲ့အမိန့်ကြောင့် တာဝန်အရလုပ်ရတာ ၊ မင်းသမီးနဲ့ အရှင့်သားတွေတောင် မြင်းရထားထဲက ထွက်ပေးကြတယ်ကွ! "
စစ်သည် ငယ်လေးက အလွန်ဇောင်းကြွနေလေတယ်။ သူ့နောက်က မြင်းပေါ်မှာ ထိုင်နေသူကလည်း တစ်ခွန်းမှ ဝင်မတားချေ။ အလွန်လိုက်လျော ညီထွေ နေကြ၏။
"ခင်ဗျား..."
"ချီရွှမ်း!"
(Tn. ရှန်လျန်က ချီညီအစ်ကိုကို အစ်ကိုလို့တပ်ခေါ်ချင်ခေါ်တယ် နာမည်လဲ တည့်ခေါ်တယ် အမှန်မရှိဘူးရယ်)
ချီရွှမ်းက အလွန်ဒေါသထွက်နေပေမယ့် ရှန်လျန့်အသံကြောင့် တန့်လိုက်သည်။ မြင်းရထား၏ လိုက်ကာ ပွင့်သွားကာ ရှန်လျန်အပြင်ထွက်လာသည်။ ထို့နောက် လှည်းဘေးတွင်ရပ်နေလိုက်၏။
ဦးဆောင်လာသူ ခေါင်းဆောင်က သူ့ကိုကြည့်လိုက်၏။ ဆယ်ရက် လွန်မြောက်ပြီးနောက် ကိုယ်ခန္ဓာမှာ အတန်အသင့်ပြည့်လာပြီး မျက်နှာဝင်းကာ ပိုတောက်ပလာသည်။ သာမာန်ရိုးရှင်းသည့် အဝတ်အစား ဝတ်ထားလျှင် တောင် အခြားသူများကို ကြောင်ငေးနေမိအောင် လုပ်နိုင်သည်။ ခေါင်းဆောင်နဲ့ စစ်သည် တို့၏ မျက်လုံးသည် ရှန်လျန်၏အလှကြောင့် တပ်မက်စိတ်များပေါ်လွင်နေသည်။
လျို ဝမ်ကျင်း!
တစ်ချက်ကြည့်ရုံနှင့် မြင်းပေါ်ထိုင်နေသူက လျိုဝမ်ကျင်း ဖြစ်သည်ကို ရှန်လျန်မှတ်မိသည်။ ထိုသူက လျိုရှုဟန်၏ အစ်ကိုတော်သည်။ ဓားပြတွေက သူ့ကြောင့်သေရတာ ဆိုတော့ လျိုဝမ်ကျင်းက မကျေမနပ်ဖြစ်ပြီး သူ့ကိုပြဿနာ လာရှာခြင်းပင်။ တိုက်တိုက်ဆိုင်ဆိုင် လာပိတ်ရပ်နိုင်သည်ဆိုတော့ နဂိုထဲက တုံးလင်အိမ်တော်တစ်ဝိုက်မှာ လာစောင့်နေကြခြင်းဖြစ်မည်။
အဲ့လိုဆိုလျှင်တောင် ရှန်လျန့်ခေါင်းထဲ ဖြေရှင်းဖို့ နည်းသောင်းချီရှိသည်။ လျိုဝမ်ကျင်းနှင့် စစ်သည်တို့ကို အေးအေးဆေးဆေး ဝေ့ကြည့်လိုက်သည်။
"မင်းသမီးတို့ရဲ့ မြင်းရထားတောင်စစ်ဆေးခံရပြီးပြီဆိုတော့ ကိစ္စက မသေးဘူးပဲ ၊ ကျွန်တော်က တုံးလင်အိမ်တော်က သခင်ငယ်လေးပါပဲ ၊ ဒီစစ်ဆေးမှုကို မငြင်းဝံ့ပါဘူး၊ ဒါပေမယ့် မစစ်ဆေးခင်တော့ ရှာဖွေခွင့်စာ အရင်ပြပါ"
လျိုဝမ်ကျင်းကို မသိချင်ယောင်ဆောင်ကာ ရှန်လျန် ခပ်တည်တည်ပြောသည်။
သူ့ရထားလုံး သေးသေးလေး က အစစ်ဆေးခံရတဲ့
သတင်းသာ ပျံ့သွားရင် နာမည်ပျက်ရလိမ့်မယ် ၊ ဒီနည်းနဲ့လျိုဝမ်ကျင်းက သူ့ကို ဒုက္ခပေးချင်တာ ဖြစ်မည်။ မကြာခင်မှာ လည်း မင်းသမီးယွဲ့ဟွားရဲ့ အလှူပွဲကို တက်ရောက်ရမှာမို့အဲ့ပွဲမှာ ပါးစပ်မဆော့ဖို့သူ့ကို ခြိမ်းခြောက်ချင်တာ လည်းပါမည်။
အရင်ဘဝကဆိုလျှင် ကြောက်ပြီး နာခံလိမ့်မည် ဖြစ်သော်လည်း ယခုမူ လျိုဝမ်ကျင်းကိုယ်တိုင်က သူ့တံခါးရှေ့ ရောက်ချလာသည်။ မျက်နှာ ဖြတ်ရိုက်ဖို့အခွင့်အရေးပေးလာတာကို သူငြင်းမှာ မဟုတ်။
"အဲ့တာဆို .... မင်းက ရှောင်ဝူ ပေါ့?"
(TN. ရှောင်ဝူ- ပဉ္စမမြောက် သားငယ်)
စစ်သည်တို့က လန့်သွားပြီး မတုံ့ပြန်နိုင်တော့ပေ။ လျိုဝမ်ကျင်းက ချက်ချင်း သူ့အမူအရာကိုထိန်းကာ ပြုံးပြလာသည်။
ထိုသူဘက် ကြည့်ကာ ရှန်လျန်မျက်မှောင်ကြုံ့၏။
"ဒီက လူကြီးမင်းနဲ့ ကျွန်တော် ဆုံဖူးမယ်မထင်ဘူး၊ ရှောင်ဝူ ဆိုတာ ကျွန်တော့အိမ်နာမည်ဖြစ်ပြီး မိသားစုတွေကပဲခေါ်တာ ၊ ဒီကလူကြီးမင်း ခေါ်ဖို့ မသင့်တော်ဘူးလေ၊ ဒါမှမဟုတ် ကျွန်တော့မျိုးရိုးကို စော်ကားချင်တာလား?"
ပြတ်သားရက်စက်တဲ့စကားလုံးတွေက ယခု ရှန်လျန်ရဲ့ ခံစားချက်နဲ့တစ်ထပ်တည်းပင်။
"ဟားဟား ရှောင်ဝူ အထင်လွှဲနေပါပြီ၊ ဦးလေးကိုမသိဘူးလို့ မထင်ထားမိဘူး၊ ဦးလေးနာမည်က လျိုဝမ်ကျင်း.. ရှန်သခင်မရဲ့ အစ်ကို ဖြစ်ပြီး ရှောင်ဝူရဲ့ဦးလေးတော်တာပေါ့"
လျိုဝမ်ကျင်းက ခေါင်းမော့ပြီးရယ်မောတယ်။ တစ်ဖက်သားရဲ့ တုံ့ပြန်မှုကြောင့် သူအံ့အားသင့်မိပေမယ့် ဟန်ကိုယ့်ဖို့နေနေဆဲပင်။
"ဦလေးလား?"
ရှန်လျန် သံယောင်လိုက်ပြီး ပြောသည်။
"ကျွန်တော့ဖေဖေ နာမည်က ဝေကျစ်ချန်၊ ဝေမိသားစုရဲ့သခင်လေးလေ ၊သူကဘယ်လိုလုပ် လျိုမိသားစုနဲ့သက်ဆိုင်မှာလဲ၊ ဦးလေးနေရာ ယူရဲသေးတာလား ခင်ဗျားက?"
သူ့စကားတွေက အနည်းငယ် မယဉ်ကျေးတာကြောင့် လျိုဝမ်ကျင်းရဲ့ မျက်နှာပေါ်ကအပြုံးတွေပျောက်ကွယ်သွားတယ်။
"လူကြီးမင်းလျိုက ကျွန်တော့လှည်းကိုစစ်ဆေး
ချင်ရင် ရှာဖွေအမိန့်စာ ပြပါ၊ မပြနိုင်ရင်တော့ ရှာဖွေဖို့ကို ငြင်းဆန်ရပါလိမ့်မယ်၊ ခင်ဗျားဆက်ပြီး တင်းခံနေရင် ကျွန်တော်တို့ တရားရုံးကို အတူ သွားကြတာပေါ့"
ဒီလူက သူ့ဦးလေးဖြစ်ဖို့ တန်လို့လား?
ရှန်လျန်က အခွင့်အရေးမပေးပဲ ဆက်တိုက်ပြောလေသည်။ သူအလွယ်တကူ ဖြေရှင်း နိုင်တာ မြင်တော့ ချီညီအစ်ကိုတို့ ရင်ထဲမှ အလုံးကြီးကျသွားသည် ။
"ရှောင်ဝူက ငယ်ငယ် တုန်းကလို မဟုတ်တော့ဘူးပဲ၊ အများကြီးပြောင်းလဲသွားတယ်"
လျိုဝမ်ကျင်းက အံကြိတ်လျက် ပြောသည်။ အရင်က ရှန်လျန်ဆိုတာ အနိုင်ကျင့်လို့ လွယ်တဲ့ ကလေး ဖြစ်ပြီး အရမ်းလဲ အသုံးချလို့လွယ်သည်။ သူက ကြောက်ဖို့ကောင်းပြီး၊ ရင်ဆိုင်ဖို့မလွယ်တော့ဘူးလို့ သူ့ညီမပြောတုန်းက သူ
မယုံကြည်ခဲ့မိပေ။
အခု ကိုယ်တိုင်ကြုံလိုက်ရခါမှ ရှန်လျန်က ဖြိုရခက်တဲ့ ရက်စက်တဲ့သူမှန်း နားလည်လိုက်ရသည်။
"လူဆိုတာ ပြောင်းလဲတတ်တာပဲ၊ ရှန်သခင်မတောင် ကိုယ်လုပ်တော်ဘဝက ကျွန်တော့ဖေဖေရှေ့မှာဆို အပိုးကျိုးလို့ ... ဖေဖေလဲ ဆုံးသွားရော သူမက သခင်မကြီးအကူအညီနဲ့ ရှန်သခင်ကြီးကို နားချပြီး ရှန်သခင်မဆိုတဲ့ဂုဏ်ပုဒ်တောင် ယူလိုက်သေးတယ် ၊
ဒါတင်မကဘူး ဖေဖေအရင်း ဆုံးသွားတာကို ကျွန်တော့ကြောင့်ပါ ဆိုပြီး လှည့်ကွက်ကြီး ဖန်တီးလိုက်နိုင်သေးတယ်၊ ကျွန်တော့ အစ်ကိုသာ မရှိရင် အဲ့ကတည်းက ကျွန်တော် သေပြီးနေလောက်ပြီ၊ ဆယ်နှစ်သာ ကြာသွားတယ် အမွေ ဆက်ခံဖို့ ရှန်ချန် ကလွဲပြီး သားတစ်ယောက်မှ မွေးဖွားမလာတော့ တာအိုဆရာကို ထပ်ပင့်ဖိတ်တယ် ၊
အသက်ဆယ်နှစ်ပဲရှိသေးတဲ့ ကျွန်တော့ကို ကံဆိုးစေသူ လို့သမုတ်ပြီး ကံ ပြန်ကောင်းအောင်လို့ သခင်ကြီးကို သူ့သားသူ စွန့်ပစ်စေတယ် ၊ သားကြီးကိုလည်း အဝေးရောက်အောင်လုပ်တယ် ၊သားငယ်ကိုလည်း နယ်စွန်နယ်ဖျားပို့ပစ်တယ်၊ အဲ့လိုလုပ်တော့ရော?
တုံးလင်သခင်ကြီးမှာ သားထပ်မွေးလို့လား? ငါးနှစ်တောင်ထပ်ကြာသွားပြီလေ... ဒါကို ဘယ်လိုရှင်းပြမလဲ? ကျွန်တော့အစ်ကိုသာ သူ့အရည်အချင်းကိုအားကိုးပြီး စစ်တပ်ကိုမဦးဆောင်နိုင်ခဲ့ရင် သူ့ညီဖြစ်တဲ့ ကျွန်တော့ကို ဘယ်သူက သတိရကြမလဲ? သားအရင်းတစ်ယောက်လုံး က ဒီလိုပဲ အဆုံးသတ်သွားရတော့မှာလား?"
အတိတ်အကြောင်းကို ပြန်ပြောရပေမယ့် ရှန်လျန်မည်သို့မှ မခံစားရတော့ချေ။ ခဏ နားပြီး ဆက်ပြောသည်။
"ရှန်သခင်မက အရွယ်ရောက်ပြီးသားလူတစ်ယောက်လေ ၊ လူမမယ် ကလေးတစ်ဦးထဲ ပစ်ထားရက်တယ်တဲ့လား? ဓားပြတွေ ရဲ့ကိစ္စကလည်း လျိုသခင်မနဲ့ ရှန်သခင်မ ပူးပေါင်းလုပ်တယ်လို့ပြောတယ်၊ လူကြီးမင်းလျိုရော ဘာထူးလဲ၊ လမ်းပေါ်မှာ လူတွေဒီလောက် သွားလာနေတာကို ကျွန်တော့လှည်းကိုမှ တားတယ် စစ်သည် တွေက အထဲပါ ဝင်စစ်ချင်တယ်တဲ့၊ ကျွန်တော်က ' ကော ' တစ်ယောက်ပါ၊ အထဲ ဝင်စစ်ခံလိုက်ရင် ကျွန်တော့ ဂုဏ်သတင်း ဘယ်လို ဆိုးရွားသွားမလဲ?"
အစထဲက ငြိမ်ခံဖို့ရှန်လျန် မတွေးထားခဲ့ချေ။ လျိုဝမ်ကျင်းက စစ်သည်အပေါင်းအပါနဲ့လာတားရဲမှတော့ မျက်နှာပျက်အောင် ပြန် လုပ်ပေးရမှာပေါ့။
ဒီနေ့တော့ လျို မောင်နှမ နှစ်ဦးလုံးကို အေးဆေးမနေနိုင်အောင် လုပ်ပေးလိုက်မယ် ။
Words 1414
Grape 🍇