no

Font
Theme

'တဖြည်းဖြည်း နီးကပ်လာပြီ'

ဒီရက်တွေမှာ ကလေးရဲ့အသက်၊ ကလေးအကြောင်းတစ်ခုမှ စုံစမ်းမရတာကြောင့်

တုံးလင်အိမ်တော်တစ်ခုလုံး ကောင်းစွာ မအိပ်နိုင်၊ မစားနိုင် ဖြစ်နေကြရ၏။ ကလေးကို ရှန်

လျန်က မွေးစားမယ်ဆိုတာ တစ်ခုပဲ သိကြပြီး

ရှန်လျန်ဟာ ကလေးအတွက် သူ့ခြံဝန်းကိုတောင် ထပ်ချဲ့ခွင့်ရလိုက်သေး၏။ သူမွေးလာပြီး ခုအရွယ်ထိ ရှန်ရွေ့ထင် သူ့အတွက်ညှိနှိုင်းပေးတာ ဘယ်တုန်းက ရှိဖူးလို့လဲ? ဒါပေမယ့် သူ လုပ်နိုင်သွားတယ်....

ရှန်‌ေရွ့ထင်ဟာ အိမ်အသုံးစရိတ်ကို ထုတ်သုံးစေရုံတင်မက အနောက်ဆောင်တွေအား ယာယီကြီးကြပ်နေတဲ့ ကျောက်လန်ဆီကပါ ငွေတစ်ချို့ယူပြီး ရှန်လျန်ကိုထပ်ပေးသေးသည်။ ထိုမျှမကသေး.. ကလေးသတင်း ပျံ့နှံ့သွားစေဖို့ လုံးဝခွင့်မပြုကြောင်း မှာကြားလေရာ အားလုံးကို ထိတ်လန့်သွားစေသည်။ ရှန်ရုထင်အကြောင်း နှစ်ပေါင်းများစွာ သိကျွမ်းခဲ့တဲ့ သခင်မကြီးပင် ဆွံ့အသွားသည်။ လူတိုင်းပြောနေကြသလို ကလေးက ရုန်‌ေရွ့ထင် အပြင်မှာ တရားမဝင်မွေးထားတဲ့ကလေး ဖြစ်နေမလား... ဒါကြီးက အဓိပ္ပာယ် သိပ်မရှိဘူး... ဘာလို့ဆို ရှန်လျန်က လက်မှ မထပ်ရသေးတာ ကလေးပျိုးထောင်ခိုင်းလို့ ဖြစ်လို့လား?

အတင်းအဖျင်းတွေ မည်သို့ပြောနေကြပါစေ ရှန်လျန်က နောက်တစ်နေ့ကစပြီး စောစောထကာ အလုပ်တွေရှုပ်နေတော့သည်။ အချိန်ကုန်သက်သာစေရန်အတွက် လေ့ကျန်းက အရိပ်တပ်ဖွဲ့မှ ဆောက်လုပ်ရေးနည်းပညာရှင် အယောက် နှစ်ရာကျော် ကို ခေါ်ချလာသည်။ နေ့တစ်ဝက်မကျိုးခင်ပင် အမြင့်နှစ်မီတာအထက် ရှိသော နံရံကြီးသုံးခုက ကျုံးလင်ခြံဝန်းနဲ့ တုံးလင်အိမ်တော်ကြားစိုက်ထူခံလိုက်ရသည်။ နံရံကြီးပေါ်က ကြွေချပ်အကွဲစတွေဟာ သူခိုးတွေကို ကာကွယ်ပေးဖို့ သင့်တော်လှ၏။

ငါးရက်ခန့်ကြာပြီးနောက် လူပေါင်းနှစ်ရာကျော်၏ အားသွန်ခွန်စိုက် ကြိုးစားတည်ဆောက်မှုကြောင့် ကြွေပြားခေါင်မိုးနဲ့ ဆောက်လုပ်ထားတဲ့ အိမ်သုံးဆောင် က ခြံဝန်းနေရာလွတ်မှာ ဝုန်းခနဲ ပေါ်ထွက်လာသည်။ အလယ်ခေါင်မှာတော့ ဥယျာဉ်ခြံ တူးဖော်လိုက်ပြီး မူလရှိနေတဲ့ ပန်းခြံငယ်လေးက ပြုပြင်မွမ်းမံခံလိုက်ရ၏။ ကျုံးလင်အိမ်သစ်ကြီးဟာ တုံးလင်အိမ်‌တော်ရှိ

ရှိ တစ်ခြားအိမ်တော်တွေထက် အ‌ဆောင် အယောင်အပြင်အဆင်သည် အနည်းငယ် သော်မျှ နိမ့်ကျမနေပေ။ လှပတောက်ပြောင်နေရုံသာမက ကြီးမားစွာတည်ဆောက်ထားပြီး ပတ်ပတ်လည်တွင် အိပ်ခန်းများစွာ ဖွဲ့ထားသေးသည်။ ထို့အပြင် အဆိပ်နဲ့ဆေးပညာကို လေ့လာစမ်းသပ်ရန်အတွက် ကိုယ်ပိုင်ဓာတ်ခွဲခန်းပင် ရှိသေး၏။

"လျန်လျန်.. အိမ်ဆောက်ပြီးရင် သူတို့ဆီ လာလည်ဖို့ ဟယ်ရှန်းခြံဝန်းကလူတွေ လာပြောသွားတယ်"

ရှန်လျန်ဟာ လူများစွာကို ကိုယ်တိုင်ကြီးကြပ်ကွပ်ကဲရင်း ရှစ်ရက်မြောက်နေ့မှာပဲ ကျုံးလင်အိမ်သစ်က အခြေကျသွားခဲ့သည်။ အရိပ်တပ်သားတွေဟာ ဒီအိမ်တစ်ဝိုက်ကို စောင့်ကြပ်ဖို့ လေ့ကျန်းနဲ့ လူတစ်ချို့ကို ချန်ရစ်ခဲ့ပြီး ပြန်သွားကြ၏။

ကျောင်းကပြန်လာရင် ပုံမှန်အတိုင်းပဲ ရှန်လျန်က ဖုရင် အခန်းကိုသွားပြီး ရှန်ယို့ဆီသွားလည်သည်။ ထို့နောက် ကိုယ့်အခန်းကိုယ် ပြန်လာတဲ့အခါမှာတော့ လေ့ကျန်း၊ ချီရွှမ်းနဲ့ ချီယွဲ့ တို့ဟာ ဒီကိစ္စကို ပြောဖို့ ရောက်လာကြ၏။ ရှစ်ရက်လုံးလုံး နှုတ်ဆိတ်နေကြပေမယ့် ဒီထက်ပိုပြီး မပြောပြပဲမနေနိုင်ကြတော့ဟန် တူ၏။

"အင်း.. လေ့ကျန်း၊ ဝမ်ယွဲ့မြို့အခြေအနေ ဘယ်လိုရှိလဲ"

အဖြေပေးရမယ့်အစား ရှန်လျန်က မေးခွန်းထုတ်လိုက်သည်။ ဟယ်ရှန်းခြံဝန်းက လာလည်စေ ချင်သည်ဖြစ်စေ၊ မလာလည်စေ ချင်သည် ဖြစ်စေ ဝမ်ယွဲ့မြို့က သဘာဝကပ်ဘေးလောက် စိတ်မဝင်စားချေ။

"ဟွေအန်းက အချုပ်ကျနေပြီး လင်းလူကြီးမင်းကလည်း ရေကာတာကို ဆက်စောင့်ကြည့်နေပါတယ်"

လွန်ခဲ့တဲ့သုံးရက်က ရေကာတာကိုခိုင်ခံ့အောင် ဆောက်လုပ်ပြီးစီးခဲ့ပြီး ရာသီဥတုကလည်း တစ်ရက်ပြီးတစ်ရက် ကောင်းသထက်ကောင်းလာသည်။ ထို့ကြောင့် ဝမ်ယွမ်က စိတ်ချမ်းသာပြီး မြို့တော်ဆီ အမြန်ပြန်ကာ ဧကရာဇ်ကို ဒီအကြောင်းတင်ပြရန် စိတ်စောတော့သည်။ ထိုအချိန်မှာပဲ ဟွေအန်းက ရုတ်တရက် ‌ပေါ်လာပြီး နောက်ငါးရက်အတွင်း ရေကြီးမိုးကြီးရွာချမည့်

နမိတ် ရှိတာကြောင့် လင်းတပ်သားတွေ ရေကာတာကို ဆက်လက်စောင့်ကြပ်သင့်ကြောင်း ပြောလာသည်။ ဝမ်ယွမ်က ဤလူ၏ စုန်းအတတ် ပါးစပ်နမိတ်ကြောင့် လူပုံအလယ်မှာ ခေါင်းဖြတ်သတ်စေရာ စီစဉ်ထားသည့်အတိုင်း ပြည်သူလူထုဟန် ယူထားသော အရိပ်တပ်သားများက သူ့ဘက် ပါကာ အချိန်ကိုက် ကာကွယ်လာကြသည်။

ဗိုလ်ချုပ်လင်း၏ ကာကွယ်ပေးတတ်သည့်စရိုက်အရ ဟွေအန်းကို ခေတ္တ လွှတ်ပေးလိုက်ကာ အကျဉ်းချထားရန် ဆုံးဖြတ်လိုက်သည်။ သို့သော် မြို့တော်အမြန်ပြင်ချင်နေသည့် ဝမ်ယွမ်ကတော့ တားမရဖြစ်ကာ အတူ ပြန်လိုက်သွားရသည်။ သို့သော် မ‌သွားခင်တော့ တပ်သားအနည်းငယ်ကို ချန်ထားပြီး ရေကာတာ စောင့်ကြပ်စေသည်။ တစ် အချက်က မတော်လို့ နမိတ်အတိုင်း ရေကာတာ ပြိုခဲ့ရင်ဆိုသည့်အတွေးနှင့်၊ နှစ် အချက်က တစ်စုံတစ်ယောက်မှ ရည်ရွယ်ချက်ရှိရှိ ရေကာတာကို ဖျက်စီးမည် စိုး၍ ဖြစ်သည်။

"နန်းတွင်းထဲ ရော အခြေအနေ ဘယ်လိုရှိလဲ"

ခေါင်းငြိမ့်ကာ ရှန်လျန် ဆက်မေးသည်။ ဒီရက်တွေမှာ ဖေးယွမ်ရွှင်းကို မတွေ့ပေမယ့် သူလည်း ဝမ်ယွဲ့မြို့၏စိုးရိမ်ဖွယ်ကိစ္စကို ကိုင်တွယ်နေမှာမှန်းသိပါ၏။ လူစိတ်ရှိသည့် မည်သူမဆို လူရာချီ ထောင်ချီ ရေနှစ် သေဆုံးမည့်ကိစ္စကို ဒီတိုင်းလက်ပိုက်ကြည့်မနေနိုင်ဘူးလေ..။

"ဧကရာဇ်က ဟွေအန်းပြောတာ ကြားလိုက်ရတာမလို့ သူ့အတိတ်အကြောင်း စုံစမ်းဖို့လူလွှတ်တယ်.. ဒီကိစ္စကို ကျွန်တော်တို့ အားလုံးပြင်ထားပြီးပါပြီ.. ဘယ်လိုစုံစမ်းစုံစမ်း ဟွေအန်းရဲ့ ကောင်းချီးပေးတာ၊ အောင်မြင်တာ နဲ့ လူသားအားလုံးကို ကယ်တင်ချင်တဲ့စိတ်ဓာတ်ကိုပဲ ကြားသိရလိမ့်မယ်.. ဒါကြောင့် ဧကရာဇ်က ဝမ်ယွမ်နဲ့ ဗိုလ်ကြီးလင်းတို့ကိုဂုဏ်ပြုပွဲ ကျင်းပပေးဖို့ နောက်နှစ်ရက် ဆိုင်းငံ့ထားလိုက်တယ်.. မိုးတစ်ကယ် ရွာမှာလားဆိုတာ စောင့်ကြည့်မလို့ ထင်တယ်"

အရိပ်အဖွဲ့ဝင်တွေဟာ နန်းတွင်းထဲ လည်းဖြန့်ကျက်ထားတာကြောင့် သိသင့်သမျှ အကုန်သိသည်။ တစ်ကယ်က အရိပ်အဖွဲ့ဝင်တွေကိုယ်တိုင်က သိရဖို့ရာအတွက် စိတ်ပါဝင်စားလွန်းနေတာပဲဖြစ်၏။

"အင်း.. နှစ်ရက်တောင်ရှိခဲ့ပြီပဲ.. ဧကရာဇ်တင်မက .. တစ်ခြားလူတွေပါ ရေတာတမံ ကို အတော်လေးအာရုံစိုက်နေကြလိမ့်မယ်။ ဗိုလ်ကြီးလင်းက တာဝန်ယူစိတ်ရှိပြီး ဝမ်ယွဲ့မြို့ကို ပြန်သွားဖို့ မျှော်လင့်ပါတယ်"

ရှန်လျန် ထရပ်ကာ ပြတင်းပေါက်နား လျှောက်သွားပြီး ကောင်းကင်က ရောင်နီသန်းနေသော တိမ်တိုက်တွေက်ုမော့ငေးလိုက်၏။ တည်တည်ငြိမ်ငြိမ်နှင့် စကားပြောဆိုနေသော်လည်း တစ်ကယ်တမ်း ဒီကိစ္စကို သူအတော်လေးစိုးရိမ်ပူပန်နေလေ၏။ အရင်ဘဝက ဧကရီတစ်ပါးဖြစ်ခဲ့သည့်အလျောက် သူ၏တိုင်းပြည်မိခင်စိတ်က အပြစ်မဲ့သည့်ပြည်သူတွေ ခေါ်ဆောင်သွားခံရမှာကို လုံးဝ လစ်လျူရှုမနေနိူင်ပါလေ....

"ဟုတ်ကဲ့...သခင် တွက်ထားသလို ဖြစ်လာဖို့ ကျွန်တော်လည်း တစ်ကယ်မျှော်လင့်မိတယ်"

အချိန်တစ်ချို့ တစ်အိမ်ထဲနေကြပြီးနောက်မှာ လေ့ကျန်းက စကားပိုပြောလာသည်။ သခင်နဲ့ ငယ်သားဆက်ဆံရေးမှသည်.. တိုင်ပင်ဖော်သူငယ်ချင်းနှင့် ပိုပိုတူလာ၏။

"ဟဟ..."

ရှန်လျန် သဘောတကျ ရယ်မောလိုက်ပြီး

"တစ်ခါတစ်လေကျတော့ ငါလည်း သူများတွေလို လူဆိုး လုပ်ချင်ပေမယ့် .. အရာအားလုံးကို ပျက်စီးစေရလောက်တဲ့အထိတော့ မလုပ်နိုင်မှာ သေချာတယ်"

လူသားတွေက ဒီလိုပဲ မကြာခဏ ကိုယ့်ကိုကိုယ် ငြင်းခုံနေရတာပါပဲ ။

"လေ့ကျန်း.. မင်း ယွမ်ရှောင်းနဲ့ တိုင်ပင်ရမယ့်ကိစ္စတစ်ခုရှိသေးတယ်"

နှစ်ယောက်သား ရယ်မောကြပြီးနောက် ရှန်လျန့်အမူအရာက လေးနက်သွားသည်။

"တစ်ကယ်လို့ ဘာမှ မဖြစ်ခဲ့ရင်.... မနက်ဖြန်ဟာ ဧကရီသေမယ့်နေ့ပဲ ၊ သူသေဆုံးရင် နောက်တစ်ရက်မှာ မိုးကြီးရေလျှံဖြစ်လိမ့်မယ် ဆိုတာကို ယွမ်ရှောင်းနဲ့ တိုင်ပင်ပြီး စကားဖွခိုင်းလိုက် !မိုးနတ်မင်းက ဧကရီတစ်ပါးနတ်ရွာစံသွားတာ မဖြစ်သင့်လို့ ကမ္ဘာကြီးကို ဒဏ်ခတ်လိုက်တာ၊ ဧကရီက ကိစ္စတစ်ခုကြောင့် ပူဆွေးသောကရောက်ပြီး သေဆုံးရမှာ.. အဲ့တာကအရာရှိစာမေးပွဲမှာ

မသမာမှု လုပ်ဖို့ ကြိုးစားနေသူတွေကြောင့် ဖြစ်တယ်ပေါ့ ကဲ.. အသေးစိတ်လည်း ပြောပြပြီးပြီဆိုတော့ မင်းကိုတာဝန်ပေးလိုက်ပြီ.. အကူအညီ လိုရင် ရင်းလမ်းကြားက ဖုယွင်ရှီးဆီသွားလိုက်.. သူကူညီပေးနိုင်တယ်"

လူတွေရဲ့နှုတ်ဖျားက စကားလုံးဟာ ကြောက်စရာကောင်းတဲ့ လက်နက်ဖြစ်၏။ လူထုက တုန်လှုပ်နေသရွှေ့ ဧကရာဇ်က ဝမ်ယွမ်တို့ကိုကြည့်ပေးချင်ရင်တောင် ရွေးချယ်စရာမရှိဘူး။

ဒါပေမယ့် ဧကရာဇ် ကိုယ်တိုင်ကလည်း အေးအေးချမ်းချမ်းနေချင်တာဆိုတော့.. ချက်ချင်းပဲ အရာရှိစာမေးပွဲ ရဲ့မသမာမှုကိစ္စကို စုံစမ်းစစ်ဆေးစေသည်။ ထို့နောက်မှာတော့ များစွာသော အရာရှိများ ဖြုတ်ချခံရပြီး နိုင်ငံ့သား‌ကောင်း

ရတနာတွေသည် အဆုံးသတ်သို့ရောက်ရှိသွား၏။ လက်ရှိ စစ်ပွဲတွင် အသက်ပေးနေကြသူများနှင့် သဘာဝကပ်ဘေးကို ကယ်တင်ပေးနေသူများသာ တစ်ကယ့် ရတနာများဖြစ်သည်။ ဒီတစ်ကြိမ်တွင် ဝမ်ယွမ်လည်းရာထူးပြုတ်သွား၏။ အရာရှိစာမေးပွဲ ကြီးကြပ်ရေးမှူး

ဝမ်ယွမ်က တော်ဝင်မိသားစုနာမည်ကို အလွဲသုံးစားလုပ်ခြင်းကြောင့်ဖြစ်၏။ ဤသို့သော ကိစ္စမျိုးကို ဧကရာဇ်က လက်မခံချင်ဆုံးပင်။

"ဟုတ်ကဲ့"

လေ့ကျန်းမအံ့ဩဘူးဟုဆိုလျှင် လိမ်ညာရာ ကျလိမ့်မည်။ ဧကရီက နာမကျန်းမှုကြောင့် အိပ်ရာထဲ လဲနေတာ အချိန်ကြာညောင်းလှပြီဖြစ်ကာ အချိန်မရွေး နတ်ရွာစံသွားနိုင်သည့်အခြေအနေဖြစ်၏။ လေ့ကျန်း စိတ်တွေ ထိန်းချုပ်ရင်း ခေါင်းငြိမ့်၏။

"လျန်လျန် ကျွန်တော်တို့ ဟယ်ရှန်းခြံဝန်းကို စကားပြန်ရဦးမလား "

စကားဝိုင်းပြီးသွားသည်ကို မြင်တာနှင့် ချီယွဲ့ရှေ့တိုးလာသည်။ သေချာတာက သူလည်း ထိုလူတွေကို ထပ်မမြင်ချင်ပေ။ ထိုလူတွေက ကျုံးလင်ခြံဝန်းက အိမ်အသစ်ကို လာလှောင်ပြောင်ချင်ရုံသက်သက်နဲ့ လူတွေလွှတ်လိုက်တယ်ဆိုတာ ဖင်နဲ့တွေးကြည့်ရင်‌တောင် သိဖို့မခက်ခဲပေ။

"မီးထဲ လောင်စာဆီ ထပ်ထည့်ဖို့ အချိန်တန်ပြီ ဒါပေမယ့်...."

ရှန်လျန့်အကြည့်က ချီယွဲ့နဲ့ ချီရွှမ်းအပေါ် ကူးလူးနေပြီး‌နောက် ချီရွှမ်းက်ုကြည့်လိုက်သည်။

"ရွှမ်းကော.. မုရုန်မိသားစုဆီသွားပြီး ဧကရီက မနက်ဖြန် နတ်ရွာစံတော့မှာလို့သွားပြောလိုက်ပါ... အဲ့ဒီအချိန် အရာရှိအရာခံ၊ မိသားစုကြီးတွေ အကုန်လုံး ပိတ်စဖြူလိုလာမှာမလို့

ပြီးတော့ လူထုကို ပိတ်စက အကုန်လုံးမရှိတော့ဘူး .. ရေဘေးဒုက္ခသည်တွေ လိုအပ်လာမှာစိုးလို့ ကြိုဝယ်သွားသူရှိတယ်.. တစ်ကယ်လို့ ဝယ်ချင်ရင် မုရုန်မိသားစုဆီမှာ ဝယ်လို့ရတယ်လို့ စကားဖွလိုက်...

ဒီအခွင့်အရေးကိုကောင်းကောင်း အသုံးချနိုင်ရင် မုရုန်မိသားစုအတွက် အမြတ်အများကြီးရှိလိမ့်မယ်.. တစ်ခုတော့မှတ်ထားရမယ် ဒီပိတ်စဖြူကို မင်းသား၄နဲ့ တုံးလင်အိမ်ကို လုံးဝ မရောင်းရဘူး"

တိုင်းပြည် တစ်ခုရဲ့ ဧကရီ နတ်ရွာစံတာကြောင့် တစ်တိုင်းပြည်လုံး အဖြူစ ဝတ်ဆင်ကာ ဝမ်းနည်းပူဆွေးကြောင်းပြသရ၏။ ထို့ကြောင့် ဈေးကွက်မှာ ပိတ်ဖြူသားက အလွန်ရှားပါးတဲ့ပစ္စည်းဖြစ်လာလိမ့်မည်။ ဤကိစ္စကို ပြင်ဆင်စောင့်ဆ်ိုင်းနေခဲ့သည်မှာ ရှန်လျန် ပြန်လာကတည်းကပင်။ တုံးလင်အိမ်နဲ့ ချင်ယွင်ရှန်းကို ဒီနည်းနဲ့ ဖိနှိပ်ပြီး လူထောင်ပေါင်းများစွာရဲ့

အပြစ်တင်ခံရကာ ဆိုးရွားတဲ့ ပျက်စီးခြင်းရလဒ်ကိုဖြစ်‌စေမည်။

"တုံးလင်အိမ်တော်ကို မရောင်းဘူးလား.. အဲ့တာဆို ကျွန်တော်တို့..."

ချီရွှမ်း က သဘောမပေါက်ပေ.. ငါတို့ပဲဒုက္ခရောက်‌မှာ မဟုတ်ဘူးလား?

"ငတုံးလား မင်းက? ငါတို့အတွက် တိတ်တိတ်လေး အရင်ယူထားမှာပေါ့ဟ!"

ညီငယ်ရဲ့ ထုံထိုင်းမှုကြောင့် ချီယွဲ့ အောင့်သက်သက် ရယ်မောမိ၏။

"အေး ဟုတ်သားပဲ ဒီပိတ်စက ငါတို့ဝယ်ထားတာပဲကို"

"တော်ပြီ.. ဒီမှာ ကြောင်တောင်တောင်နဲ့ ရပ်မနေတော့နဲ့.. ဒီကိစ္စက အမြန်လုပ်ရမှာ.. မြန်မြန်သွား မြန်မြန်ပြန်ခဲ့နော်"

ရှန်လျန် ကူကယ်ရာမဲ့စွာ ခေါင်းယမ်းလိုက်မိ၏။ ချီရွှမ်းက တစ်ကယ်တမ်းတုံးအတာ မဟုတ်ပဲ သူ့က်ုယ်သူ တုံးလင်အိမ်တော်ကလူ မဟုတ်ဘူးလို့ ခွဲမထွက်‌နိုင်သေးတာပဲဖြစ်လေသည်။

"စိတ်ချ စိတ်ချ"

ချီရွှမ်း အအင်အပြည့်နှင့် ပြေးထွက်သွားသည်။

ချီယွဲ့က မထိန်းနိုင်ပဲ ထပ်ရယ်မိပြန်သည်။ ထို့နောက်...

"လျန်လျန် တုံးလင်အိမ်တော်ကို ဖိနှိပ်လိုက်ရင် အကြီးဆုံးသခင်လေး ကိုသက်ရောက်မှုရှိနိုင်လား"

"ဘယ်လိုလုပ် ရှိမှာလဲ"

ရှန်လျန်သူ့ကို ပေါ့ပေါ့ပါးပါး လှမ်းကြည့်ပြီး ရေနွေးကြမ်းတစ်ငုံသောက်ကာ လည်ချောင်းရှင်းလိုက်၏။

"အစ်ကိုက အိမ်တော် သခင်မှ မဟုတ်တာ.. ပြီးတော့ သူ့အသက်နဲ့ရင်းပြီး အနောက်မြောက်အရပ်မှာ စစ်တိုက်ပေးနေရသေးတယ်.. ဘယ်သူက သူ့ကို ပြဿနာထဲ ဆွဲထည့်ရဲမှာလဲ"

ရှန်တာ့ကို ထိခိုက်စေမယ့်အရာမျိုး ဆိုရင် ရှန်

လျန် တစ်ခြားနည်း စဉ်းစားမှာပင်။

"အင်း... လျန်လျန်ပြောတာ အဓိပ္ပာယ်ရှိတယ်"

ဂရုတစိုက် စဉ်းစားပြီးနောက် ချီယွဲ့ ထောက်ခံသည့်အနေဖြင့် ခေါင်းငြိမ့်၏။

"ဒါပေမယ့် လျန်လျန်.. သခင်ကြီးက အကြီးဆုံးသခင်လေးကို အမွေဆက်ခံခိုင်းမှာ မလား.. အကြီးဆုံးသခင်လေးကို သူ နည်းနည်း ဂရုစိုက်သလိုပဲ"

"သူအဲ့လိုလုပ်ချင်တော့ရော သခင်မကြီးနဲ့ တစ်ခြားသူတွေက အေးဆေး လွှတ်‌ထားပေးမယ်ထင်လို့လား"

ရှန်လျန်သည် နှုတ်ခမ်းကိုတင်းတင်းပိတ်ကာ မျက်ဝန်းက မုန်းတီးရိပ်အပြည့်! ရှန်ရုထင်က အိုမင်းရွတ်တွနေသူတွေနဲ့ အတော်လေး ဓာတ်တည့်သည်လေ...

"........"

အဲ့တာကြောင့်လား?

ချီယွဲ့ မျက်မှောင်ကြုံ့ကာ ရှန်‌ေရွ့ထင်ရဲ့အပြုအမှုကို ပြောစရာစကားပင် မရှိတော့..အကြီးဆုံးသခင်လေးက ပင်ကိုယ်အစွမ်းအစရှိပြီး ထက်မြက်သူမလို့ တုံးလင်အိမ်တော်ရဲ့ နာမည်ကို မမှီခိုပဲ ကိုယ်ပိုင်အရည်အချင်းနှင့် ကိုယ့်လမ်းကိုယ် ဖောက်နိုင်သည်။ ထို့ကြောင့် တုံးလင်အိမ်တော်ရဲ့ အမွေဆက်ခံသူနေရာက သူ့အတွက် ဘာအဓိပ္ပာယ်မှရှိမနေ။

"သွားစို့"

ရှန်လျန် ရုတ်တရက် ထရပ်လိုက်ပြီး ချီယွဲ့၏ အူကြောင်ကြောင် ရုပ်ကိုမြင်သော် ရယ်မောလိုက်ပါ၏။

"အစ်ကိုပဲ ပြောတယ်မလား ဟယ်ရှန်းခြံဝန်းကို အလည်ပတ်သွားသင့်တယ်ဆို! ဘာလှည့်ကွက်တွေ ထုတ်ပြီး ကိုယ့်ကိုကိုယ် ဖြတ်ရိုက်မလဲ သွားကြည့်ကြစို့"

ဒီရက်တွေအတွင်း လူတွေ အတော်လေး နေမထိ ထိုင်မသာ ဖြစ်နေကြရာ သူခန့်မှန်းတာ မမှားလျှင် ဟယ်ရှန်းခြံဝန်းထဲ လူတစ်ချို့ ထိုင်စောင့်နေကြလိမ့်မည်။

"အိုး အိုး လျန်လျန်.. ကျွန်တော်ထင်တာတော့ ဒီအိမ်ထဲ သူလျှို ထည့်ဖို့ တွန်းအားပေးလောက်တယ်"

မဟုတ်ရင် ဒီလောက်တိုက်ဆိုင်နိုင်ပါ့မလား ... အိမ်စဆောက်ကတည်းက မျက်ခြေမပြတ်‌စောင့်ကြည့်နေကြပြီး တစ်ချို့ဆို ခြံအပြင်ကို သိသိသာသာ ထွက်ကြည့်ကြသည်။

"မထူးဆန်းပါဘူး.. အရင်တစ်ခါက သူတို့ရဲ့ ရည်ရွယ်ချက်ကောင်းကို ကျွန်တော် ငြင်းလိုက်တာဆိုတော့"

အဲ့တုန်းကကျတော့ အိမ်ကသေးပြီး လူမဆန့်တော့ သူတို့နောက်ဆုတ်သွားတာ.. အခု သေချာပေါက် နောက်တစ်ကြိမ် ထပ်ပြောဖို့ကြိုးစားမှာပဲ.. နောက်ဆုံးတော့လည်း လူကြီး‌ဖြစ်ပြီး ဘာမှ အကျိုးအမြတ်မရပဲ အချိန်ပဲကုန်ရမှာ... ဒါပေမယ့် သူတို့မှာ တစ်ခြားရည်ရွယ်ချက် ရှိဦးမယ်လို့ထင်တယ်"

ရှန်လျန် လမ်းလျှောက်ထွက် လာရင်း ပြော၏ ။

ထိုလူတွေ ဘာလုပ်ရန် ကြံနေသည်ကို ‌မှန်းဆဖို့

ရှန်လျန်အရမ်းပျင်း၏။ ဘယ်လိုပင် ဖြစ်စေ အချိန်တန်ရင် သိရမှာပင်။

ဒါပေမယ့် ခုကိစ္စက ထိုလူတွေ အကွက်ကျကျ စီစဉ်ထားပြီးပြီထင်၏။ ဟမ့်! သူတို့ဘက်က စ

မလုပ်ရင်တော့ ခွင့်လွှတ်ပေးလိုက်မည် ။ ရည်ရွယ်ချက်ရှိရှိကို လှုပ်ရှားလာရင်တော့ ငြင်းခုံ ဆန့်ကျင်ဖို့ ရှန်လျန်ဝန်မလေးပေ။ ဒီတစ်ခါတော့ ပြင်းပြင်းထန်ထန် ခံစားသွားရအောင် လုပ်ပစ်လိုက်မည် ။

"ကိုယ် လုပ်တဲ့ဒဏ် ..ကိုယ်ပြန်ခံရမှာပဲ"

ချီယွဲ့က စိတ်သဘောထားကောင်းသူပီပီ နောက်ဆုံးတော့ ထိန်းချုပ်ထားတဲ့စိတ်ကို လွှတ်ချလိုက်ပြီး ပြောဆိုလိုက်သည်။ ဤစကားကကျိန်ဆဲတာဟု ပြော၍မရချေ။

"အာ...အာ.."

"ယိုအာ နိုးလာပြီပေါ့.. လာပါဦးရှုရှု ဖက်ပါရစေဦး"

သူတို့နှစ်ယောက် တံခါးမှ ထွက်ခွာနီးဆဲဆဲ ဖုရင်က ရှန်ယိုကိုချီကာ အခန်းပြင်ထွက်လာသည်။

ကလေးလေးက ခုမှ တစ်ရေးနိုးလာပြီး ရှန်လျန့်ကို မြင်သည်နှင့် စိတ်လှုပ်ရှားစွာ လှုပ်ယမ်းတော့သည်။ ရှန်လျန့်မျက်နှာပေါ်ဝယ် အပြုံးတစ်ခုက ချက်ချင်း ပေါ်လာပြီး.

"ယိုအာလေးက ထွားလာတာပဲ... တော်တော်

လေးတယ်"

ရှန်လျန့်က သူ့ဆံပင်ကို ဆွဲထားတဲ့ လက်သီးဆုပ်သေးသေးလေးထဲ လက်တစ်ချောင်း ထည့်ပေးလိုက်ရင်း ပြောသည်။

လအနည်းငယ်သာ ရှိသေးတဲ့ မွေးကင်းစ ကလေးငယ်ဟာ နေ့တိုင်းပြောင်းလဲနေသည်။ ဤဆယ်ရက်အတွင်း ရှန်ယို မှာ ပိုမို ပြည့်ဖြိုးလာကာ ပါးလေးတွေ ဖောင်းကားနေ၏။ သို့သော် ဝတုတ်နေခြင်းမျိုးမဟုတ်ပါ၊ မည်သို့ပင် ဆိုစေ ရှန်ယိုလေးက အနောက်မြောက် အရပ်မှ ပြန်ရောက်လာသည်မှာ မကြာသေးပဲ ခရီးလမ်းကလည်း ခက်ခဲ ကြမ်းတမ်းသေး၏။ လူကြီးတွေအတွက်ပင် ခရီးပန်းသည့်ဒဏ် အတော်ခံရသည်ကြောင့် ခင်းနှီးထုတ်အရွယ်လေးက ဆိုဖွယ်ရာ မရှိပြီ ။

"ဟုတ်တယ်.. သူ နည်းနည်း ပိုလေးလာတယ် .. သခင်ငယ်လေးက ကောင်းကောင်းစားပြီး ကောင်းကောင်းအိပ်တယ်... သူ့ကို အချိန်ခဏပဲ ပျိုးထောင်ရသေးပေမယ့် သခင်ငယ်လေးက အရမ်းချစ်စရာကောင်းတယ်"

ရှန်လျန်က နေ့ဘက်မှာ ကျောင်းသွားလျှင် ချီယွဲ့ကိုပါ အတူခေါ်သွားသည်။ ချီရွှမ်းကလည်း သူ့အလုပ်နှင့် သူ ရှုပ်နေရာ ရှန်ယို့ကိုပြုစုစောင့်ရှောက်ဖို့က ဖုရင်၏တာဝန်ဖြစ်သွားသည်။ သို့သော် ဖုရင်မှာ အနည်းငယ်မျှ မပင်ပန်းပဲ ရှန်ယိုလေးနဲ့ အချိန်ကုန်ရတာကို ပိုပိုပြီးနှစ်ခြိုက်ပျော်ရွှင်နေပြီး သူ့မြေးအရင်းလိုပင် သတ်မှတ်ထားတော့၏။

"ကောင်းတယ်.. ကလေးတွေက ချစ်စရာကောင်းပြီး ဝတုတ်တုတ်လေး ဖြစ်နေသင့်တယ်"

ရှန်လျန်လည်း ကြည်နူးကာ ခေါင်းငုံ့လိုက်ပြီ ဖွေးအုနေတဲ့ပါးဖောင်းဖောင်းလေးကို နမ်းရှုံ့ကာ ဖုရင်ဆီ ကလေးကို ပြန်ချီစေလိုက်၏။

"ယိုအာ လိမ္မာနော်.. ရှုရှု ကိစ္စလေးရှိသေးလို့ ညပြန်လာမှ ဆော့ကူမယ်နော်"

ထို့နောက် ကလေးဆုပ်ကိုင်ထားသည့် လက်ချောင်းကိုဆွဲထုတ်ကာ အသံချိုချိုဖြင့် ချော့မော့၏။

"လျန်လျန် ဟယ်ရှန်းခြံဝန်းကို သွားမလို့လား"

ငြိမ်ငြိမ်လေးနေနေတဲ့ ရှန်ယိုကိုပွေ့ချီထားရင်း ဖုရင် စိုးရိမ်တကြီးမေး၏။ ထိုခုံက လူတွေလွှတ်လိုက်ကတည်းက ရှန်လျန့်အတွက် စိတ်ပူနေခဲ့တာ ဖြစ်၏။

"ဟုတ်တယ်ဗျ... မသွားရင်လည်း အကြောင်းပြချက်ရှာပြီး ပြဿနာ လာလုပ်တော့မှာ သူတို့က"

ရှန်လျန် ခေါင်းငြိမ့်ရင်း ပုံမှန်ဆန်စွာ ပြန်ဖြေလိုက်သည်။

ဖုရင်မှာတော့ စိတ်ဖိစီးနေကာ

"ဒါဆို ဂရုစိုက်ဦးနော်.. အနောက်ဆောင်တွေ အကုန်လုံးက ယုတ်မာတဲ့နည်းလမ်းတွေပဲ တွေးနေကြတာ... ရှောင်တိမ်း ကာကွယ်ဖို့ လွယ်တာ မဟုတ်ဘူး"

သူတို့ ရှန်လျန်ကို ဘာတွေဒုက္ခထပ်ပေးဦးမလဲ ဆိုတာ ဘယ်သူသိမလဲ? ရက်နည်းနည်းလောက်ငြိမ်နေတယ်ဆိုတာ မကောင်းတာ ထပ်လုပ်ဖို့ ချောင်းနေကြတာပဲ....

"ဟဟ.. သူတို့ဘာမှ မကြံစည်ထားဘူးဆိုတာမှ ထူးဆန်းနေဦးမယ်"

ရှန်လျန် ရယ်မောရင်း ခြံဝန်းထဲက လျှောက်ထွက်သွားသည်။ နောက်ပါး လိုက်ပါသွားသူက ချီယွဲ့ဖြစ်၏။

ရှန်ယို့ကို ချီထားရင်း ဖုရင် သည် ပိန်ပါးတဲ့နောက်ကျောပြင်လေးကို ငေးကာ စိတ်မချမ်းမြေ့ချေ။ ဒီအိမ်ကို သူရောက်တာ ရက်၂၀ကျော်သာ ရှိသေးပေမယ့် မြင်သင့်တာရော ၊မမြင်သင့်တာရော အကုန်မြင်တွေ့ခဲ့ရသည်။

တုံးလင်မိသားစုရေးက အလွန်ရှုပ်ထွေးပွေလီ သည်ဟု ပြောနိုင်၏။ ရှန်လျန့်ဘဝက အမှန်တစ်ကယ် ခက်ခဲ ပင်ပန်းလှသည်။ သို့သော် ချင်ဖင်းမြို့စားအိမ်တော်၌ အခြား မိန်းမသားများ နေထိုင်သည်ဟု မကြားမိပဲ အစေခံအားလုံးကလည်း သံမဏိတပ်ဖွဲ့ဝင်များသာ ဖြစ်သည် ။ ထို့အပြင် ဖိနှိပ်မည့် လူကြီးများလည်းမရှိရာ အနာဂါတ်တွင် လက်ထပ်ထိမ်းမြားပြီးပါက အနည်းဆုံးတော့ အနောက်မောင်းမဆောင် ကအေးချမ်းနေသဖြင့် ရှန်လျန် ငြိမ်းငြိမ်းချမ်းချမ်းနေရလောက်သည် မဟုတ်ပါလော......။

Words 3535

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment