'ဧကရီ နတ်ရွာစံပြီ'
နောက်တစ်နေ့၏ မနက်၇နာရီဝန်းကျင်တွင်ဖြစ်သည်။
ချင်ဖင်းမြို့စားက ဘုန်းတော်ကြီးဟွေအန်းရဲ့ သဘာဝဘေးတွက်ချက်မှုကို စိတ်ဝင်စားသဖြင့် အင်ပါယာ မြို့တော်မှ ထွက်ခွာမည့်သတင်းက ပျံ့နှံ့သွား၏။ သူ့အကြောင်းပြချက်က မည်မျှ အဓိပ္ပာယ်မရှိ ဖြစ်နေစေကာမူ အရာရှိများနှင့် စစ်သည်တို့က အင်အားဖြည့်ပါဝင်လာကြသည်။
မနက်စောစောစီးစီး ဧကရာဇ်က ညီလာခံ၌ မျက်နှာ အမူအရာ အမျိုးမျိုးပြောင်းလျက်ရှိ၏။ ဗိုလ်ချုပ်လင်းကလည်း ဝမ်ယွဲ့မြို့သို့ နောက်တစ်ကြိမ်သွားခွင့်ပြုပါရန် တောင်းဆိုတင်ပြလာရာ ဧကရာဇ်က ခွင့်ပြုလိုက်သည်။ ဤသို့ဖြင့် မနက် ဆယ့်တစ်နာရီ လေးဆယ့်ငါးတွင် နောက်ပါနောက်သားများနှင့် အရှေ့ဘက်စစ်တန်းလျားမှစတင်၍ ဝမ်ယွဲ့မြို့သို့ဦးတည် ထွက်ခွာသွားကြသည်။
ထိုနေ့မှာ တပ်ဖွဲ့နှစ်ဖွဲ့က ရှေ့ဆင့်နောက်ဆင့် ဝမ်ယွဲ့မြို့သို့ ထွက်ခွာသွားသည့်သတင်းက ဟိုးလေးတကျော်ကျော် ဖြစ်သွားတော့၏။ သို့သော် ထိုသတင်းက လူတွေရဲ့ပါးစပ်ဖျားတွင် နာရီဝက်လောက်သာ ခံလိုက်၏။ အကြောင်းမှာ တော်ဝင်နန်းတော်မှ နတ်ရွာစံခြင်းဥဩ မြည်လာသောကြောင့်ပင် ဖြစ်သည်။
ပြည်သူလူထုတစ်ရပ်လုံးက နှစ်ပေါင်းများစွာ အိပ်ရာထဲ လဲနေတဲ့ ဧကရီ နတ်ရွာစံတဲ့ သတင်းကြောင့် ထရပ်ကြကုန်၏။ အင်ပါယာ တစ်ခုလုံး၏ ဥသျှောင်၊ ချင်တိုင်းပြည်၏မိခင်တစ်ပါးကြွေလွင့်သွားပြီဖြစ်တာကြောင့် ပူဆွေးဝမ်းနည်းမိကြ၏။ ကျင်းပရမည့် ပွဲလမ်းသဘင်တွေကို တစ်လလုံးနောက်ဆုတ် ဆိုင်းငံ့လိုက်ကြ၏။
"သခင် ပြောတာ မှန်တယ်.. ဧကရီ နတ်ရွာစံသွားပါပြီ"
သတင်းပို့ရင်း လေ့ကျန်း စိတ်တွေရှုပ်ထွေးသွားသည်။ ဒီလိုဆိုရင် ဝမ်ယွဲ့ကကပ်ဘေး တစ်ကယ် ဖြစ်လာတော့မှာကို စိုးရိမ်မိသည်။
"ဧကရီနတ်ရွာစံတဲ့ကိစ္စနဲ့ အကုန်လုံးရှုပ်ယှက်ခတ်နေကြတယ်"
လူတိုင်းကဝမ်ယွဲ့အရေးကိုသာ အာရုံစိုက်နေကြတာကြောင့် ရုတ်တရက်ကြီး ဒီလိုအချိန်မှာဧကရီ နတ်ရွာစံမယ်လို့ ထင်မထားမိကြ။
"သာမန်၊အလယ်အလတ်မိသားစုတွေက ကိစ္စမရှိဘူး၊ ချမ်းသာတဲ့မိသားစု အရာရှိ အရာခံနဲ့ အသိုင်းဝိုင်းကြီးတွေ အကုန်လုံးပိတ်ဖြူဝယ်ဖို့ ဆိုင်တွေမှာ တိုးကြိတ်နေကြတော့မှာ... အားလုံးကို မုရုန်အိမ်တော်က ကြားဖြတ်ဝယ်ထားပြီးပြီဆိုတော့ သတင်းတွေအရ တော်ဝင်မိသားစုတွေအပါအဝင် လူတိုင်း မုရုန်အိမ်တော်ကို သွားကြလိမ့်မယ်... လူကများလွန်းတော့ ပိတ်စတောင် မလောက်လောက်ဘူး"
လေ့ကျန်းက ကျုံးလင်မှာ ရှိလို့တော်သေးသည်။ အပြင်မှ သတင်းတွေကို မှန်မှန်ကန်ကန် အချိန်နဲ့ အမျှ စုံစမ်းပေး၏။
"ကုန်သင်္ဘောက မရောက်လာသေးဘူး.. လေ့ကျန်း.. မုရုန်အိမ်ကိုသွား... ခဏလောက် ဆက်ထိန်းထားဖို့ ပြောလိုက်ပါ"
မနက်ဖြန်ဆို မိုးစရွာတော့မှာ ... ဝမ်ယွဲ့မြို့မှာ ရေကြီးရုံတင်မက.. ရေဘေးဒုက္ခလည်း ခံစားရတော့မှာ.. မကြာခင် ဆိုက်ကပ်မယ့် သင်္ဘောပေါ်မှာ ပိတ်စဖြူတွေပါလာလိမ့်မယ်... မုရုန်မိသားစုက စီးပွားရေးလုပ်ကြတာဆိုတော့ အစအဆုံးရှန်လျန် မပြောရင်တောင် မုရုန်မိသားစုမှာ ကိုယ်ပိုင်နည်းလမ်းရှိနေလောက်ပါသည်။
"ဟုတ်ကဲ့"
လေ့ကျန်းခေါင်းငြိတ်ပြီး တစ်ပြိုင်နက်လုပ်ဆောင်ရန် ထွက်သွားသည်။
ရှန်လျန်က ကလေး ငယ်ကို ပွေ့ချီပြီး စနောက်လိုက်၏။
"ယွဲ့ကော... ဒီနေ့ကစပြီး ကျုံးလင်အိမ်ကိုတံခါးပိတ်ထားမယ်... ဘယ်သူဖြစ်ဖြစ်၊ ဘယ်ခြံဝန်းက လာလာ... တုံးလင်အိမ်က ပင်မခြံဝန်းကဆိုရင်တောင် လှည့်ပြန်ခိုင်းလိုက်"
"ဟုတ်"
သူတို့ကို ဒုက္ခထပ်လာပေး မှာစိုးလို့ ဒီအမိန့်ထုတ်မှန်း ချီယွဲ့ သိလိုက်သည်။
"မနက်ဖြန် ကျောင်းသွားဦးမှာလား"
"မသွားတော့ဘူး.. ကျောင်းခဏနားထားလိုက်မယ်.. ယိုအာကိုပဲကောင်းကောင်း အဖော်ပြုပြီး အချိန်ကုန်ဆုံးကြတာပေါ့"
ခေါင်းခါရင်း ကလေးထိုင်ခုံမှာထိုင်နေတဲ့ ရှန်ယို အပေါ်ပဲ သူ့စကားတွေက အတိကျရည်ညွှန်း၏။ ကလေးက မိဘမျိုးရိုးကောင်းလို့ပဲလား... တစ်ကိုယ်တော် ခရီးရှည်ကြီး ထွက်ခဲ့ရလို့ပဲလား မသိ.. အမူအကျင့်ကောင်းပြီး ပျိုးထောင်ရလွယ်သည့်အပြင် အားအင်အပြည့်ဖြင့် တက်ကြွစွာ ဆော့ကစားနိုင်သည်။ ရှန်လျန့်ဆီက အစခံရတိုင်း သူ့ဦးလေးမှန်း သိလို့ပဲလား..သို့တည်းမဟုတ် မငိုတတ်ခြင်းလားမပြောတတ်ပါချေ။ အမြဲတမ်းတခစ်ခစ်ရယ်မောကာ စိတ်လှုပ်ရှားရင်း သဘောကျနေတတ်၏။
"လျန်လျန်.. သူ့ပါးကိုမညစ်ပါနဲ့တော့... သူ့ပါးဖောင်းဖောင်းလေးက ကလေးအဆီကြောင့်မဟုတ်ပဲ လက်ယောင်လိုက်ပြီး ဖောင်းနေတာလို့ ထင်ရတော့မယ်"
ဖုရင်က ဆူပူ၏။ ဘယ်ဦးလေးက သူ့တူလေးရဲ့ပါးကို အခွင့်ကြုံတိုင်းဆွဲညှစ်နေလို့လဲ ?
"အဟဲ မတတ်နိုင်ဘူးလေ ဦးလေးဖုကလည်း... သူ့ပါးကညှစ်လို့ကောင်းတာကို"
ဖုရင်က ကလေးကိုချီပြီးဖက်ထားတာမြင်တော့ လက်က ယားကျိကျိ ဖြစ်မှုကို ရှန်လျန်ခံစားရင်း ခပ်ဟဟရယ်၏။ ရှုရှုရယ်နေတာတွေ့တော့ ရှန်ယိုက လက်တဆန့်ဆန့်နှင့် ခြေထောက်ကန်ကာ သူ့အားဖက်ပွေ့ပေးပါရန် တောင်းဆို၏။ ဖုရင်က ကလေးလက်ကို အောက်ဖိချရင်း ရှန်လျန့်အား စိတ်တိုစွာကြည့်၏။
"သခင်ငယ်လေး လိမ္မာနော်...မင်းရှုရှုက အနိုင်ကျင့်တတ်တယ်.. သူနဲ့မပေါင်းနဲ့"
"အာ...အာ..."
"ဟားဟား"
ဖုရင်ပြောချင်တာကို ရှန်ယ်ိုလေးက သဘာဝကျစွာ သဘောမပေါက်ပဲ သူ့ရှုရှု စနောက်ပြနေတာကိုသာ မျက်ဝန်းတလက်လက်နဲ့ ကြည့်နေ၏။ ချီယွဲ့က ကူကယ်ရာမဲ့စွာ ရယ်မောလိုက်သည်။ အဆုံးမှာတော့ ဖုရင်လည်း ဘာမှ မတတ်နိုင်ပဲ ရောယောင် ရယ်မောလေ၏။ ကြည့်ရတာ သွေးသားရင်း ဖြစ်နေတာကြောင့်ပဲ ထင်ပါရဲ့..
ရှန်လျန်က ကလေးနဲ့ သိပ်မနေတာတောင် ရှန်ယိုလေးရဲ့ အနှစ်သက်ဆုံးလူဖြစ်နေသေး၏။ ရှန်
လျန့်ကိုမြင်တိုင်း သူ့အားပွေ့ချီပေးစေချင်နေဆဲပင်။
ဟယ်ရှန်း ခြံဝန်းတွင် ဖြစ်၏။
"ဘာပြောတယ်? တစ်ထည်မှ ဝယ်မရဘူး"
ဧကရီနတ်ရွာစံတဲ့သတင်းကြောင့် အိမ်ကိစ္စအဝဝ တာဝန်ယူပေးနေသော ကျောက်လန်က အိမ်ထိန်းကိုလွှတ်ကာ ပိတ်ဖြူစ ဝယ်ခိုင်းလိုက်ခြင်းဖြစ်သည်။
သို့သော် တစ်မြို့လုံးရှိဆိုင်တွေပတ်ရှာတာတောင် ပိတ်စအသေးလေးတောင် မရှိချေ။ ဟယ်ရှန်းခြံဝန်းမှာ ဧကရီနတ်ရွာစံတဲ့အကြောင်းဆွေးနွေးရင်း ထိုင်နေကြတဲ့ ယောက္ခမနှင့်သားများ၊ ချွေးမနှစ်ဦးနှင့်သားသမီးတို့အားလုံး စိတ်သောက ရောက်သွားကြသည်။ တစ်တိုင်းပြည်လုံး ဝမ်းနည်းပူဆွေး ရမည်ကို သူတို့အိမ်ကပိတ်ဖြူမဝယ်နိုင်ခဲ့ဘူးဆိုရင်.....
"ဘယ်လိုဖြစ်နိုင်မှာလဲ? ဆိုင်တိုင်း သွားရှာတာ သေချာရဲ့လား? အသင့်ချုပ်ပြီးသား အဝတ်ဆိုင်တွေမှာရော ရှာခဲ့လား?"
ကျောက်လန်၏ မျက်နှာက ချက်ချင်း ဖြူဖျော့လာသည်။ အိမ်တစ်ခုလုံးရဲ့တာဝန်ယူခွင့်ရထားတာမှ မကြာသေးဘူး ပြဿနာ ဖြစ်ပြီ။
"ဟုတ်ကဲ့ နေရာတိုင်းသွားရှာခဲ့ပြီးပါပြီ ယုံကြည်ပေးပါ.. ဆိုင်တိုင်း ၊ကုန်သည်တိုင်းက ကုန်သွားပြီလို့ပဲဖြေကြတယ်..ခုချိန်ကလည်း ဈေးမတင်ရဲကြတော့ တစ်ကယ်ကုန်သွားတာပါ ဒါပေမယ့်..."
စကားက တစ်ဝက်တစ်ပြက်နဲ့ ရပ်သွားပြီး ကသခင်မကို တွေဝေစွာကြည့်နေ၏။
ကျောက်လန် စိတ်မရှည်တော့ပဲ စားပွဲကို အားဖြင့်ရိုက်ချကာ
"ဒါပေမယ့် ဘာဖြစ်လဲ ဆက်ပြောလေ!"
"ဟုတ် ဟုတ်ကဲ့ဗျ"
အိမ်ထိန်းက ကြောက်ရွံ့မှုကြောင့် တုန်ရီသွားပြီး အလျင်အမြန် ပြန်ဖြေ၏။
"ကျုပ် ကြားခဲ့တာ တစ်မြို့လုံးရဲ့ ပိတ်စကို မုရုန်မိသားစုက အရင်ကတည်းက ဝယ်သွားတာတဲ့.. ရေဘေးဒုက္ခသည်တွေကို အဝတ်အထည်တွေ လှူဒါန်းပေးဖို့ အသုံးပြုမှာလို့ သိရပါတယ်.. ဒါပေမယ့်အခု ဧကရီက ရုတ်တရက် နတ်ရွာစံသွားတော့ သူတို့က အစီအစဉ်ပြောင်းပြီး၊ ဆင်းရဲတဲ့အိမ်တွေကို အခမဲ့လိုက်ဝေနေပြီး လူတွေအများကြီးကလည်း ချီးကျူးနေကြတယ်... မုရုန်မိသားစုကို အလှူရှင်မိသားစုလို့ ခေါ်နေကြပါတယ်"
အဲ့တာတင်မကသေး.. ချမ်းသာကြွယ်ဝတဲ့ မိသားစု၊မျိုးရိုးကြီးမိသားစုတွေ အများအပြား မုရုန်အိမ်ရှေ့မှာ စုဝေးပြီး ပိတ်စရောင်းပေးဖို့ တောင်းပန်နေကြသေး၏။ သူလည်း အစက မု
ရုန်အိမ်ကို သွားရန်ပြင်လိုက်ပေမယ့် မုရုန်မိသားစုက စီးပွားရေးသမားတွေဆိုတော့.. ခုချိန် ဈေးတင်လိုက်ရင် ပိတ်စကို ဈေးကြီးကြီးနဲ့ ဝယ်ရတော့မှာ... ဒုတိယသခင်မဆီ အရင်ပြန်ပြီး ဒီကိစ္စကို ပြောပြသင့်တယ်လို့ထင်၏။
"မုရုန်အိမ်က ဘာလုပ်ဖို့ကြံနေတာလဲ? ပြည်သူတွေရဲ့နှလုံးသားကိုရအောင်ယူပြီး အင်ပါယာကို ပုန်ကန်ချင်နေတာလား?
ကျောက်လန်သည် ဒေါသထွက်လွန်း၍ ရှေ့နောက်မဆင်ခြင်တော့ပဲ ပြောထွက်ကုန်သည်။
သခင်မကြီးက မျက်မှောင်ကြုံ့ပြီး လေသံတိုးကာ...
"ကျောက်လန် စကားပြောတာ ဆင်ခြင်စမ်း!"
မုရုန်မိသားစုက တစ်ကယ်တမ်း ဘာပဲ လုပ်ချင်နေပါစေ.... ယခု ကျောက်လန်ပြောတဲ့စကားသာ အပြင်သို့ ပျံ့သွားပါက သူရော၊ သူ့သားရှန်ရုချင်ရဲ့ အနာဂါတ်ကိုပါ ခက်ခဲသွားစေလိမ့်မည်။
"ဟုတ်ကဲ့အမေ.. ကျွန်မ စိတ်လွတ်သွားလို့ပါ"
သတင်းပေးမှုကြောင့် နောက်ဆုံးတော့ ကျောက်လန် အသိပြန်ဝင်ကာ စိတ်ထိန်းလိုက်နိုင်၏။
သခင်မကြီးက အိမ်ထိန်းဘက် လှည့်ကာ..
"မုရုန်မိသားစုက ပိတ်စအကုန်ဝယ်ထားတယ် ဆိုရင်လည်း သူတို့ဆီပဲ သွားဝယ်လိုက်... ငွေပိုပေးရလည်းကိစ္စမရှိဘူး.. အရေးကြီးဆုံးက ပိတ်စရလာဖို့ပဲ"
မုရုန်မိသားစုက စီးပွားရေးသမားတွေ ဖြစ်နေသရွေ့ တုံးလင်အိမ်တော်က အိမ်တော်ထိန်းကို သူတို့တံခါးရှေ့လွှတ်လိုက်တာဆိုရင် မျက်နှာသာပေးကြမှာပါ။
"ဒါက..."
"ဘာလဲ? ခုထိ မသွားသေးဘူးလား"
အိမ်တော်ထိန်းရဲ့တွေဝေနေမှုကြောင့် ကျောက်လန် ဒေါသထွက်လာပြီး အော်လိုက်ရာ..
"ဟုတ်ကဲ့ အခုပဲသွားပါပြီ"
သူပြေးထွက်သွားတာကို သခင်မကြီး မြင်သော်လည်း ပြောမနေတော့ပဲ မျက်စိမှိတ်ကာ ပုတီးစိပ်နေလိုက်၏။
သို့သော် နှစ်နာရီကြာသောအခါ အိမ်တော်ထိန်းက လက်ဗလာနှင့် ပြန်ရောက်လာဆဲပင်။
"ဒီတစ်ခါ ဘာဖြစ်ပြန်ပြီလဲ... မုရုန်မိသားစုက တုံးလင်အိမ်ကို စော်ကားရဲတယ်လား"
ဒီတစ်ကြိမ်တွင် ကျောက်လန်ပါမက သခင်မကြီးလည်း မျက်မှောင်ကြုံ့သွား၏။ အချိန်ကည ကိုးနာရီ ကျော်နေပြီ ... ပိတ်စဝယ်မရသေးပါ... မနက်ဖြန်မနက် ရှန်သခင်ကြီး ညီလာခံသွားတက်ရင် ဝတ်သွားဖို့လိုသည်။ တစ်ကယ်လို့ မဝတ်သွားခဲ့ရင် တုံးလင်အိမ်က ဇာတ်သိမ်းပြီပဲ ။
"ဟို... သခင်မကြီး.. ဒုတိယသခင်မ.. မုရုန်အိမ်ရှေ့မှာ ပိတ်စဝယ်ဖို့ တောင်းဆိုနေကြသူတွေ အရမ်းများလို့ ကျွန်တော်တို့ အတွက် မကျန်တော့တာလားမသိဘူး"
နောက်ဆုံးပိုင်းနားက စကားကို အိမ်တော်ထိန်းထုတ်မပြောရဲပါချေ။
"မင်းက တုံးလင်အိမ်တော်ကလို့ မပြောလိုက်ဘူးလား"
အိမ်တော်ထိန်းရဲ့မျက်နှာက ညှိုးငယ်နေပြီး
"ကျွန်တော်ပြောပေမယ့် သူတို့ မရောင်းပေးဘူး"
မင်းသား၄ရဲ့ အိမ်တော်ကိုတောင် မရောင်းပေးတာ တုံးလင်အိမ်လောက်က ဘယ်မှုမလဲ?
"ရိုင်းစိုင်းလိုက်တာ!"
စားပွဲကို ခပ်ပြင်းပြင်း ရိုက်ပြီး ကျောက်လန် ထရပ်လိုက်သည်။
"ပိုက်ဆံလေးနည်းနည်းရှိတဲ့ စီးပွားရေးသမားကများ ...ငါတို့ကို မျက်စိထဲ မထည့်ပဲနေရဲတယ်ပေါ့လေ!"
ထိုစကားကိုကြားသော် အိမ်ထိန်းက ပြောစရာစကားမဲ့သွား၏။ မည်သူမှ သတိမထားမိချိန်မှာ မျက်လုံးလိမ့်လိုက်သည် ။
တော်ဝင်မိသားစုလည်းမဟုတ်၊ အင်ပါယာမြို့တော်မှာ အာဏာအကြီးဆုံး မိသားစုလို့ ထင်နေလားမသိ?
" သခင်မကြီး... ဒုတိယသခင်မ .. မနက်ဖြန် ညီလာခံဝတ်ဖို့ အင်္ကျီ ပြင်ထားပြီးပြီလားလို့ အမတ်ကြီးက လူလွှတ်ပြီးမေးခိုင်းလိုက်ပါတယ်"
ဟယ်ရှန်းခြံဝန်းထဲသို့ ဒုတိယအဆင့် အစေခံက ခပ်သုတ်သုတ် ဝင်လာကာ အကြောင်းကြား၏။
ကျောက်လန်မှာ ထိတ်လန့်မှုကြောင့် သွေးပင်အန်ထွက်လာတော့မတတ် ။ ပိတ်စက ခုချိန်ထိ လက်ထဲ မရှိသေး... မနက်ဖြန် အတွက် ဘယ်မှာ သွားရှာရပါ့မလဲ?
"မရသေးတဲ့အကြောင်းကို သခင်ကြီး ပြန်လာရင် ပြောလိုက်ဦး.. "
"ဟုတ်ကဲ့"
သခင်မကြီးက အစေခံက်ို လက်ဝေ့ယမ်းပြကာ သွားခွင့်ပြုလိုက်၏။ တစ်ခဏအကြာတွင် လေသံတိုးတိုးနှင့် ...
"ဒီလိုဖြစ်လာပြီဆိုမှတော့... ကျောက်လန် နင်ကိုယ်တိုင် မုရုန်အိမ်ကိုသွားလိုက်... သူတို့က ငွေလိုချင်တာ မဟုတ်လောက်ဘူး...ခုက အရေးပေါ် အခြေအနေဖြစ်နေပြီ...သူတို့ကို မျက်နှာသာမပေးချင်လည်း ပေးမှ ရတော့မယ်"
"ကျွန်မ...."
သူ့လို ဂုဏ်သရေရှိ အမျိုးသမီးက ပိတ်စ နည်းနည်းလေးအတွက်နဲ့ ရောင်းသူအိမ်ကို ကိုယ်တိုင်သွားဝယ်ရမယ်ပေါ့?
ကျောက်လန်ရဲ့ မျက်နှာက အလိုမကျစွာ မည်းမှောင်သွားသည်ကို သခင်မကြီး မြင်သော် သက်ပြင်းအသာချကာ..
"သွားတော့... အခုချက်ချင်း ပိတ်စရဖို့လိုတယ်.. တစ်ခြားကိစ္စတွေကို နောက်မှ ဆွေးနွေးကြမယ်"
"ဟုတ်ကဲ့အမေ!"
ကျောက်လန် စိတ်မပါလက်မပါ ထရပ်လိုက်သည်။ မိသားစုအရေးကိုင်တွယ်နေရမှတော့ မသွားချင်လည်း သွားရတော့မှာပင်။
ကျုံးလင်အိမ်တော်တွင် ဖြစ်၏။
"သခင်.. ဒုတိယသခင်မ ကိုယ်တိုင် မုရုန်အိမ်သွားလိုက်ပါတယ်"
ကျောက်လန်စီးနင်းလိုက်ပါသွားတဲ့ ရထားလုံးက အိမ်တော်ကစတင်ထွက်ခွာတာနဲ့ တစ်ပြိုင်နက် လေ့ကျန်းလည်း ရှန်လျန့်ဆီ သတင်းပို့၏။
"ဟဟ... သူဒေါသထွက်နေမှာ သေချာတယ်.. ကျောက်လန်က လုယန်ထက် ပါးနပ်တယ်.. ဒါကြောင့်လည်း မျိုးရိုးမြင့်တဲ့မိသားစုက သမီးက တုံးလင်အိမ်ထဲ ဝင်လာနိုင်ပြီး အိမ်တော်ကိုတောင် လက်ဝါးကြီး အုပ်ထားနိုင်ပြီ... သူမုရုန်အိမ်ကိုပြဿနာသွားရှာရင် ဘယ်လိုလုပ်မလဲ? ကိုယ်တိုင်သွားကြည့်မှ ကောင်းမယ်"
မုရုန်မိသားစုက ပေးထားတဲ့ ကတိတည်သရွေ့
ရှန်လျန့်ကိုပဲ မျက်နှာသာပေးမှာပင်။ စိတ်ဝင်စားဖို့ကောင်းတဲ့ မြင်ကွင်းကို သွားကြည့်ချင်သေး၏။ ရှန်လျန်၏အေးစက်စက် အကြည့်တွေကြောင့် လေ့ကျန်း ခေါင်းကြိမ်းလာသည်။ နောက်ဆုံးတော့ တုံ့ပြန်လိုက်ရ၏။
"သခင်.. မသွားနဲ့လေနော်... ဒီည လေအရမ်းကြမ်းတယ်.. သခင် အအေးမိသွားရင် ဘယ်လိုလုပ်မလဲ... သိချင်ရင် မနက်ဖြန်ကျမှ လုံးစေ့ပတ်စေ့ သရုပ်ဆောင် ပြမယ့်သူ နှစ်ယောက်ရှာပေးမယ်လေ"
ပြဿနာကို လောင်စာဆီ ထပ်ထည့်ချင်နေတဲ့ သခင်တစ်ယောက်ကြောင့် လေ့ကျန်း အကျပ်ရိုက်နေတော့သည်။
"သရုပ်ဆောင်ပြတာ ကောင်းတော့ရော? တစ်ဆင့်ဖြစ်နေမှတော့ ကြည့်ကောင်းပါဦးမလား? လေ့ကျန်း ခင်ဗျားရဲ့ ကိုယ်ဖော့ပညာက ထိပ်တန်းပဲမလား? ဘာလို့ကျွန်တော့်ကို လေပေါ်ပျံပြီး မခေါ်သွားပေးတာလဲ?
နဂိုထဲက စိတ်ဝင်တစားတက်ကြွနေတဲ့ ရှန်လျန်က ချက်ချင်းထရပ်တော့သည်။
"မသွားပါနဲ့... မသွားပါနဲ့သခင်.. ကျွန်တော့်ကိုယ်ဖော့ပညာက အဲ့လောက်မကောင်းဘူး"
ပြဿနာ ထပ်မရှာတော့ဖို့ ကျွန်တော်မျိုး တောင်းပန်ဆိုလည်းတောင်းပန်ပါ့မယ်!
လေ့ကျန်း မျက်ရည်မကျပဲ ငိုနေမိ၏။သူ ဘာလို့ အရင်ကတည်းက သခင့်ကို ရှာမတွေ့ခဲ့ရတာလဲ?
"ဘာပေါက်ကရတွေပြောနေတာလဲ.. ကျွန်တော် အားလုံးကိုမေးပြီးပြီ.. အရိပ်ကိုယ်ရံတော်တွေထဲ ခင်ဗျားရဲ့ကိုယ်ဖော့ပညာက အတော်ဆုံးဆိုပဲ... မကောင်းစရာအကြောင်းမရှိဘူး"
လျန်လျန်... တဖြည်းဖြည်း ရှေ့တိုးလာပြီး မျက်နှာပေါ်က အပြုံးလည်း ကြီးသထက်ကြီးလာ၏။ လေ့ကျန်းက နောက်နှစ်လှမ်းဆုတ်ကာ ကိုယ့်သေတွင်းကိုယ်တူးလိုက်သည်။
"သခင်နားလည်မှုလွဲနေပါပြီ... ကျွန်တော့် ပညာက သာမာန်ပါပဲ.. တစ်ကယ်တမ်းရှောင်ယွီက ပိုတော်တယ်.. မင်းသား၄ မကြာခင် ရောက်လာတော့မှာဆိုတော့ ကျွန်တော် သွားစုံစမ်းလိုက်ဦးမယ်.. သခင် စောစော နားပါဗျ"
ပြောပြီးသည်နှင့်အမှောင်ထဲ ရိပ်ခနဲ တိုးဝင်ပျောက်ကွယ်သွားသည်မှာ အလွန်လျင်မြန်၏။
"ဟဟား.."
ရှန်လျန် ခပ်ကျယ်ကျယ်လေး ရယ်မိသွားသည်။ သူတို့မိသားစုရဲ့ အရိပ်တပ်ဖွဲ့ခေါင်းဆောင်က ဘာလို့ အဲ့လောက် စလို့ကောင်းတာလဲ?
"ကျန်းကောက လျန်လျန့်အတွက် စဉ်းစားပေးတာပါ..ဘာလို့ဖိအားတွေ သွားပေးနေတာလဲ"
ချီရွှမ်းနဲ့က ဆက်ဆံရေးကောင်းပြီး လတ်တလောမှာလည်း သိုင်းပညာ သင်ယူခွင့်ရနေတာကြောင့် သေချာပေါက် လေ့ကျန်းဘက်က ကာပြောပေးနေ၏။
"အွန်း သိတယ်... ကဲ 11 နာရီရှိနေပြီ.. ညနက်ပြီ နားကြစို့လေ"
"အဲ့တာဆို လျန်လျန် နားတော့နော်... အပြင်ထွက်ဖို့ တွေးမနေပဲ မနက်မှပဲ စီစဉ်လိုက်ပါတော့"
"ဟုတ်ပါပြီ ဟုတ်ပါပြီဗျာ"
ကိုယ်အခန်းးကို
ယ် မဝင်ခင် သခင်နဲ့ အစေခံဟာ အကြည့်ချင်းဖလှယ်ခဲ့ကြသည်။ ထိုညက ရှန်
လျန် ကောင်းကောင်း အိပ်မပျော်ပါ.. ပြတင်းဘက် အကြည့်ပို့ကာ ဝမ်ယွဲ့မြို့ရှိရာ အရပ်ကို ငေးနေမိ၏။
မနက်ဖြန်က တစ်ကယ်ကိုပရမ်းပတာ ဖြစ်မယ့်နေ့ပဲ.....။
Words 2864
Grape 🍇