no

Font
Theme

' ရှန်လျန်ရဲ့ ရည်ရွယ်ချက် '

"ကိစ္စတွေက တော်တော် တိုက်ဆိုင်တာပဲ၊

ရှန်လျန်ရဲ့ခြံဝန်းဖျက်စီးခံနေရချိန်မှာ မမက အိမ်တော်အပြင်မှာ ရောက်နေတယ်"

လုယန်က အခြေအနေကို ဆက်လက်သုံးသပ်နေတယ်။

" ကိုယ်တိုင်မလုပ်ပဲ တစ်ခြားသူ‌ကို ခိုင်းစေတာမျိုးလဲ ဖြစ်နိုင်တာပဲ"

"ညီမ သုံး... စကားပြောတာ ဆင်ခြင်ပါ၊ အစ်မ

ရှန်လျန့်ခြံဝန်းကို ဖျက်စီးတာ ညီမ မျက်စိနဲ့ တပ်အပ်မြင်လို့လား?"

ဒီစကားကိုပြော ချိန်မှာ လျိုရှုဟန်က ယုံကြည်ချက်ရှိနေတယ် ၊ဘာလို့ဆို ဒီလိုကိစ္စမျိုး သူမ

လုံးဝ မလုပ်ခဲ့လို့ပါပဲ ။ ကံမကောင်းစွာနဲ့ သူမ မသိလိုက်တာက သူမရဲ့ ချစ်သမီးကောင်းလေးက ခုလိုတုံးအ မိုက်မဲလိမ့်မယ်ဆိုတာပဲ။

ရှန်ချန်မှာ အထိတ်ထိတ်အလန့်လန့်နဲ့ ပွဲ ဆက်မကြည့်နိုင်တော့ပေ။ အန်တီ နှစ်ယောက်က သူမ အမေကို တိုက်ခိုက်နေတာ မြင်ပြီး ရှန်လျန့်အား ပိုပို မုန်းတီးလာမိသည်။

"အမေ..အဖိုးအဖွားတို့ဆီပြန်တာ က ဓားပြတွေကိစ္စကြောင့်လား?"

လုယန် ဘာမှ မပြောနိုင်တော့တာ မြင်တော့ ရှန်လျန် ဝင်ပြောသည်။လူတိုင်းက သူ့ကို အထူးတဆန်းလှည့်ကြည့်လာပြီး ဘာလုပ်ရမှန်းမသိဖြစ်ကုန်သည်။လျိုရှုဟန်က စိတ်ရှင်းရှင်းနဲ့ သူမရဲ့ ဇာတိမြေကိုပြန်တာ လေ...။

လျိုရှုဟန် မျက်မှောင်ကြုံ့လိုက်၏။

"သားငယ်.. ဓားပြတွေကိစ္စက အဖွားဝေ လုပ်တဲ့ကိစ္စ၊ အမေနဲ့ ဘာမှ မပတ်သက်ဘူးလို့ပြောထားပြီးပြီလေကွယ်"

"တစ်ကယ်?"

ရှန်လျန့်နှုတ်ခမ်းက အနည်းငယ် ပွင့်ဟလျက်။

"ဒီနေ့ ကျွန်တော် တရားခုံရုံးနားရောက်ခဲ့တော့ စိတ်ဝင်စားဖို့ ကောင်းတာလေး ကြုံခဲ့တယ်။ မင်းသားသွမ်းက ကျွန်တော်မြို့တော်ကိုပြန်ရောက်တဲ့နေ့ ..ညပိုင်းမှာ မင်းသမီးယွဲ့ဟွားရဲ့မြေးကို ပြန်ပေးဆွဲတဲ့ဓားပြ၊ တစ်နည်းအားဖြင့် ကျွန်တော့ကို လိုက်ဖမ်းတဲ့ ဓားပြတွေရဲ့ စခန်းကို ချေမှုန်းပြီး ဖမ်းဆီးတာလည်းလုပ်ခဲ့တယ်။

အဲ့ဓားပြတွေအားလုံးက နောက်တစ်ရက်ညမှာ ပဲ ကိုယ့်ကိုကိုယ် သတ်သေသွားကြတယ်တဲ့လေ၊ ဓားပြအကုန်လုံးနော်၊ အဲ့တာကြောင့် အမေ အိမ်ပြန်သွားတယ်ဆိုတော့ ဒီက်ိစ္စကြောင့်လားလို့ ကျွန်တော်တွေးမိသွားတာ၊ ဒီတိုင်းတွေးမိတာပါအမေ က ဘာမှ မလုပ်ခဲ့ဘူးဆိုရင်လဲ ရပါတယ်"

ရှန်လျန်ကို သတ်ချင်ရုံတင်မက ဓားပြတွေဟာ မင်းသမီးရဲ့မြေးကိုပါ ပြန်ပေးဆွဲပြီး မျိုးဆက် ပြတ်စေချင်နေသည်လေ။

ရှန်လျန် ရှည်ရှည်ဝေးဝေး ရှင်းပြနေစရာပင်မလို။ လူတိုင်း တွေးစရာတွေ များသွားသည်။

"သားငယ် ၊ ပေါက်ကရတွေ မပြောစမ်းနဲ့..."

လျိုရှုဟန် ဒေါသထွက်သွားသည်။ဒီလို စကားကို ရှန်လျန်ပြောရဲမယ်လို့ အိပ်မက်ပင် မမက်ခဲ့ဖူးပေ။

မတော်တဆ မင်းသမီးယွဲ့ဟွားရဲ့ နားထဲ ရောက်သွားမယ်ဆိုရင် အမှန်တရားဟုတ်ဟုတ်၊မဟုတ်ဟုတ် မင်းသမီးက သူမရဲ့ လျိုတစ်မိသားစုလုံးကိုမုန်းတီးနေတော့မှာ ပင်။

'ဒီမကောင်းဆိုးဝါးလေးက လှည့်ကွက်တွေသုံးနေတယ်'

"ဘာပြောမိလို့လဲဗျာ၊ကျွန်တော့အတွက် အမေလုပ်ပေးတယ်ထင်ပြီး ချီးကျူးမလို့ဟာကို"

မျက်ခုံးပင့်လျက် သူ့မျက်နှာလေးမှာ အပြစ်ကင်းစင်နေဟန်..ရုတ်တရက် ရှန်လျန်သည် တစ်ခုခု တွေးမိသွားပုံနှင့် ဆက်ပြောသည်။

"ဒါပေမယ့်.. အမေ က ဘာမှ မလုပ်ခဲ့ဘူးဆိုရင်တောင် အဖွားဝေက အမေ့လူ မလား? တနေ့နေ့မှာ တစ်ယောက်ယောက်က မေးမြန်းလာနိုင်တယ်၊ တရားရုံးကို ဘယ်လို ပြန်ဖြေ ရမလဲဆိုတာ အမေ တွေးထားသင့်တယ်နော်"

"မင်း...."

သတိပေးစကားလိုလိုနှင့် ခြိမ်းခြောက်နေတာ ဖြစ်သည်။လျိုရှုဟန် စိတ်ရှုပ်ထွေး သွားသည်။

ရှန်လျန်က ဘာလို့သူမ ကို စကားပြောဖို့ အခွင့်အရေးလေးတောင် မပေးတာလဲ။

ရှန်လျန်က ချီညီအစ်ကို ဒူးထောက်နေသည်အား ထရပ်နိုင်ရန် ကူညီပေးလိုက်ပြီး

"ဖွားဖွား ၊ အမေက မိသားစုရေး၊ ဓားပြ ‌တွေကိစ္စနဲ့ အလုပ်ရှုပ်နေမှာ ဆိုတော့ အန်တီနှစ်ယောက်ကိုပဲ ကျွန်တော့ရဲ့ ခြံဝန်းဖျက်စီးသွားသူကို စုံစမ်းခိုင်းလိုက်ရင်ရော? အန်တီနှစ်နဲ့ အန်တီသုံးက ကျွန်တော့အတွက်တရားမျှတမှု ရှာပေးနိုင်မယ်လို့ ယုံကြည်တယ်"

ဒုတိယနဲ့ တတိယ မိသားစုကို မြှောက်စား ချင်နေတယ်ပေါ့!

လျိုရှုဟန်က ပြင်းပြင်းထန်ထန် စိုက်ကြည့်သည်။

ကျောက်လန်နဲ့ လုယန်တို့ကတော့ အလွန်စိတ်လှုပ်ရှားနေသည်။

သခင်မ ကြီးက အံ့ဩကာ

"အဲ့လိုလဲ အဆင်ပြေသားပဲ"

သခင်ကြီး ပြီးလျှင် သခင်မ သာ ဆုံးဖြတ်ချက်ချသည်လေ။ ယခု ရှန်လျန်က သူမ(သခင်မကြီး)ကို နေရာပေးသည်ဆိုတော့ ဒီအခွင့်အရေးကို ဘယ်လက်လွှတ်လို့ဖြစ်မလဲ?

"ကျွန်မ သဘော မတူဘူး"

ဒါပေမယ့် လျိုရှုဟန် အော်ဟစ်နေတာကိုတော့ လစ်လျူရှုထား၍ မရချေ။

"ညည်းက သဘောမတူဘူး ဟုတ်စ?"

'ညည်း ဘာတွေးနေလဲ ဆိုတာ ငါအကုန်သိတယ်'

သခင်မကြီး၏ မျက်လုံးသည် စူးရဲသွားသည်။

သူမနဲ့ လျိုမိသားစု ပူးပေါင်းပြီး ဓားပြတွေ ကို ခိုင်းစေကာ မြေးတော်ကိုပြန်ပေးဆွဲစေသည်။ ထို့နောက် ရှန်လျန်နှင့် မြေးတော်ကို ပြန်လည်ကယ်တင်ဖို့က သူမတို့ အကြံပင်။

အစီအစဉ်အောင်မြင်သွားလျှင် လျိုဝမ်ကျင်း က အကြီးအကျယ် ဂုဏ်ပြုခံရမှာဖြစ်သည်။ မင်းသမီးယွဲ့ဟွားသာ ထောက်တိုင်ဖြစ်ပေးလျှင် လျိုမိသားစုက အင်အားကြီးလာမှာဖြစ်ပြီး လျိုရှုဟန်က တုံးလင်အိမ်တော်တွင်လည်း အာဏာ ခိုင်မြဲ သွားမည်။

ဘယ်လိုတောင် ကောင်းလိုက်တဲ့ တွက်ချက်မှုလဲ!!

အားလုံး ဖော်ထုတ်ခံလိုက်ရတာမို့ လျိုရှုဟန် အံကြိတ်ကာ စိတ်အေးအေး ထားလိုက်သည်။

"အမေ၊ ကျွန်မက အမတ်ကြီးရဲ့ဇနီးပါ၊ သားငယ်က လည်း ပင်မ အိမ်တော်ရဲ့သခင်လေး တစ်ယောက်လေ၊ သူ့ခြံဝန်းက တစ်ခုခုဖြစ်တာ ကို ဒုတိယ နဲ့ တတိယ ဇနီးတို့က စုံစမ်းမယ်ဆိုတဲ့သတင်းသာ ပျံ့သွားကြည့် တုံးလင်အိမ်တော်ကို သူများဘယ်လိုထင်ကြမလဲ?"

အပြင်ပန်းမှာတော့ ကျောက်လန်နဲ့ လုယန်က တာဝန်အရ စုံစမ်းပေးမည်ပေါ့လေ၊ ဒါပေမယ့် သူမ အပေါ် သံသယ မျိုးစေ့တွေ ကြဲချလာမှာ အတိအကျပင်။

ဇနီးကြီးရဲ့သားကို သူမလို မိထွေးက သဘောမကျဘူး ဟု ဆိုလိုက်လျှင် တုံးလင် အိမ်တော်မှာ ဘယ်လို အသက်ဆက်ရှင်ရမည်လဲ?

သခင်မကြီးပါ ဝင်ပါလိုက်လျှင် အခြေအနေက ပိုဆိုးသွားပြီး သခင်မနေရာက တစ်ခြားသူဆီပြောင်းသွားနိုင်သည်။ သခင်ကြီးက ဆုံးဖြတ်ရတယ်ဆိုပေမယ့် သူလည်းသဘော ကျသည်ဆိုလျှင် သခင်မ ကြီး နေရာက အတည်ဖြစ်သွားပြီး မည်သူကမှ မပြောင်းလဲ နိုင်တော့ချေ။

'မကောင်းဆိုးဝါးလေးရဲ့ အကြံက ဒီလိုလား!'

ရှန်လျန့်အား တစစီ ဆွဲ ဖြဲ ပစ်ချင်နေသော်လည်း လက်ရှိ သူမရဲ့ အကြီးဆုံးရန်သူတွေက သခင်မကြီးနဲ့ လင်ညီအစ်မနှစ်ယောက်ပင်။

သခင်မကြီးက ချက်ချင်းပင် သူမကို ဆူပူတော့သည်။

"နင့်ကိုနင် အမတ်ကြီးရဲ့ဇနီးမှန်း သိသေးတယ်ပေါ့၊ အိမ်တော်ရဲ့ အခြေအနေကို သေချာတောင်မထိန်းသိမ်း မစီမံနိုင်သေးပဲ နင့်မိသားစုအကြောင်းပဲ တစ်ချိန်လုံးတွေးနေတယ်။ မိသားစုနဲ့ မခွဲနိုင်ရင်လဲ အိမ် ပြန်တော့မယ့်အကြောင်း...ဘာလို့ သခင်ကြီးကိုမပြောလိုက်လဲ?"

ရှန်လျန်က တံတားခင်းပေးပြီးနေပြီ။ ဘယ်လို ဆက်လျှောက်ရမယ်ဆိုတာ သူမတို့ မသိရင်တော့ တစ်ကယ် မိုက်မဲတာပဲ မဟုတ်ပေလော ။

"အမေ...."

လျိုရှုဟန်က ဆက်ပြောချင်သော်လည်း သခင်မကြီးက အခွင့်အရေးမပေးပေ။

"တစ်ကယ်လို့ ဒီလိုဆုံးဖြတ်တာ မကျေနပ်ရင်လဲ ရှန်သခင်ကြီးဆီသွားပြောပြီး ငါ့ဆီလွှတ်လိုက်။ ကျောက်လန်နဲ့ လုယန်ကို မြေးငယ်က ယုံကြည်တယ်ဆိုမှတော့ ဘယ်သူက သူ့ခြံဝန်းက်ို ဖျက်စီးရဲလဲ ဆိုတာ စုံစမ်းပေးလိုက်၊ သူ့ ပရိဘောဂတွေ အသစ် ပြန်ဝယ်ပြီးအစားထိုးပေးလိုက်ဦး၊ ကျိုးပဲ့သွားတာတွေကို အိမ်တော်ထိန်းကိုပြောပြီး ဂိုထောင်ထဲ ထည့်လိုက်ပေါ့ ၊ ငါအရမ်းပင်ပန်းနေပြီ အရင် ပြန်နှင့်မယ်"

မှာ စရာရှိတာ မှာကြားပြီး သူမရဲ့အစေခံ နှင့်အတူ လျှောက်ထွက်သွားသည်။

"အမေ ဖြေးဖြေး ပြန်ပါ"

ကျောက်လန်နဲ့လုယန်က အရမ်းတက်ကြွနေကာ သခင်မကြီးအား အပြုံးဝေဝေဆာဆာနှင့် အပြင်သို့ လိုက်ပို့သည်။

လျိုရှုဟန် က သူမရဲ့ စိတ်အနှောက်အယှက် ဖြစ်မှုတွေကို ဆက်ထိန်းမထားတော့ပဲ ရှန်လျန်အား မှုန်တေတေ ကြည့်သည်။

"သားငယ် က အရမ်းတော်တာပဲ ၊ ဒီအမေ အထင်သေးမိသွားတယ်"

မဟုတ်ရင် သူမ ခုလို အရှက်ခွဲ ခံရပါ့မလား?

"ဒါက အစပဲ ရှိသေးတယ်၊ ကျွန်တော်က ခံရသမျှ အကုန်မှတ်ထားတဲ့သူစားမျိုး၊ ကျွန်တော်နဲ့

အစ်ကို့ အပေါ် ရှန်သခင်မနဲ့ အဖေ ပေးခဲ့သမျှ နာကျင်မှုတွေ ကို ဖြည်းဖြည်းချင်း ပြန်ဆပ်ခိုင်းမယ်"

အပြင်လူ မရှိတာမို့ ရှန်လျန်လည်းဟန်ဆောင် မနေချေ။ သူ့ အမူအရာမှ အမုန်းတရား များစွာ မှာ ပေါ်လွင်နေလျက်။

"ကြည့်ကြသေးတာပေါ့လေ"

အစေခံနှစ်ယောက်နဲ့ သခင်ငယ် ကို ဝေ့ကြည့်ပြီး

သူမရဲ့ မသိတတ်တဲ့သမီး လက်ကို ဆွဲ ကာ သူမ ၏ လူတွေနှင့် အပြင် ထွက်ခဲ့လိုက်သည်။

"ဖွီး... ရွံဖို့ကောင်းချက်!"

ချီရွှမ်းက မြေပြင်ပေါ် သို့ တံတွေးထွေးချသည်။ ချီယွဲ့ကမူ ခေါင်းတယမ်းယမ်း။

"သခင်မကြီးနဲ့ ဇနီးတွေပေါင်းပြီး သူမကို ဆွဲမချနိုင်ရင်တောင် နာမည်ဂုဏ်ကတော့ ပျက်စီးသွားမှာပါ"

ရှန်လျန် သက်ပြင်းချသည်။

"တစ်ကယ်က ဒီခြံဝန်းကို လျိုရှုဟန် ဖျက်စီးခဲ့တာ မဟုတ်ဘူး"

"ဟင်? "

"ဘယ်လို?"

ချီယွဲ့နှင့် ချီရွှမ်းတို့ နှစ်ဦးလုံး အံ့အားသင့်သွားကြသည်။ ရှန်လျန်က ပြုံးနေပြီး ဆက်မရှင်းပြချေ။ လျိုရှုဟန်က ဒီအိမ်တော်မှာ နှစ်၂၀ နေထိုင်‌ခဲ့ပြီး ခုလိုအဓိပ္ပာယ်မရှိတဲ့ လှည့်ကွက်မျိုး ကို သူမ လုပ်မည်မဟုတ်။

သူတွေးတာ မှန်ရင် ဒီလိုလုပ်တာ ဟာ ရှန်ချန် မဟုတ်ရင် ရှန်ချောင်ပဲ။ သူတို့အမေ ကို မပြောပဲ လုပ်လိမ့်မယ်။ ဒါပေမယ့် ခြံဝန်းကို ဘယ်သူပဲ ဖျက်စီးပါစေ၊ ရှန်လျန်က ဂရုစိုက်မှာ မဟုတ်ပဲ ၊ ပျက်စီးသွားတယ်ဆိုတဲ့ အကြောင်းအရာကိုပဲ လိုချင်တာ ဖြစ်တယ်။ အဲ့တာမှ လျိုရှုဟန်နဲ့ သခင်မကြီးတို့ နှစ်ဦး... အာဏာ အတွက် တိုက်ခိုက်ကြမှာ ။

'မင်းတို့ သေကြ၊ ငါတော့ အသက်ဆက်ရှင်မယ်'

ဒါ သူလိုချင်တဲ့ ရလဒ် ပဲ ဖြစ်သည်။

Words 1797

Grape 🍇

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment