'ဘယ်သူ့ အကူအညီ မှ မတောင်းပဲ ကိုယ့်အားကိုယ် ကိုးပါ'
နောက်ဆုံးတော့ တုံးလင် အိမ်တော်ရဲ့ တရားမျှတမှုကို ရှာဖွေဖို့အချိန်ရောက်လာလေပြီ။ အဖြစ်အပျက်တွေကို ကျောက်လန်နဲ့ လုယန်က ချက်ချင်း ပဲသူတို့ရဲ့အစေခံတွေကတဆင့် စစ်ဆေးစေ ပြီးတော့ ခြံဝန်းထဲက ပရိဘောဂတွေ ကို ပြုပြင်လဲလှယ်ပေးလိုက်ကြတယ်။
အရာအားလုံးကို ရှန်လျန်က တည်တည်ငြိမ်ငြိမ်ပဲ လက်ခံလိုက်တယ်။ ည မမှောင်ခင် မှာပဲ ခြံဝန်းက ပုံစံအသစ်နဲ့အတူ ရုပ်လုံးပေါ်လာတယ်။
"မိုက်လိုက်တာ ဒုတိယနဲ့တတိယဇနီး တို့က အရမ်းတက်ကြွနေတာပဲ"
အစားအစာပင် ပြင်ဆင်ပေးထားသဖြင့် ချီရွှမ်းမှာ မနေတတ်စွာပင်လက်ခံလိုက်သည်။
"သူများကိုလုပ်ပြချင်ရင် ပိုတက်ကြွရမှာပေါ့...နန်းတွင်းနောက်ခံကိုသာ ဖမ်းဆွဲထားနိုင်ရင် အနာဂါတ်က သူတို့ဟာ.. အခုသူတို့နဲ့ တခြားစီဖြစ်သွားနိုင်တယ်လေ၊ နေစရာလေးပြင်ပေးတာရယ် ညစာလေး တည်ခင်းပေးလိုက်တာက ဘာမှ မပြောပလောက်ဘူး"
ပြောလည်းပြောရင်း ရှန်လျန်မှစ၍ တူ ကောက်ကိုင်လိုက်သဖြင့် ချီယွဲ့နှင့်ချီရွှမ်းလည်း တစ်ဦးမျက်နှာ တစ်ဦးကြည့်ကာ စားပွဲတွင်ဝင်ထိုင်လိုက်ကြသည်။ နေ့ခင်းက Tysonအဆောက်အဦးမှာ ရှန်လျန့်အားစိုးရိမ်တကြီးထိုင်စောင့်နေကြသည်မို့ သူတို့လည်း နေ့လည်စာကို ဖြောင့်အောင်မစားလိုက်ရချေ။ တစ်နေ့လုံး လည်း လူးလာ ကူးသန်းနေရသည်ကြောင့် ဗိုက်အလွန်ဆာနေသည်။
"သူတို့ သာ အာဏာ ကြီးသွားမယ်မှန်းသိရင်
လျန်လျန်က ဘာလို့သွားကူညီနေတာလဲ "
သူတို့ တွေးတတ်ပါသေးသည်။ ဒီနေ့..လျန်လျန်ကြောင့်သာ မဟုတ်ရင် မိန်းမအိုကြီးတွေက ဘယ်လိုလုပ် အင်အားကြီးလာမည့်နည်းလမ်းကိုသိပါ့မတဲ့လဲ?
ရှန်လျန်က စကားမပြောခင် အစားတစ်လုတ် အရင်စားလိုက်ကာ...
"သူတို့ကို အမြင့်ရောက်အောင် တမင် တင်ပေးတာ၊ လျိုရှုဟန်က အေးအေးဆေးဆေးနေတတ်တဲ့သူ လို့ထင်လို့လား? ပြဿနာ တစ်ခုခု အမှားလုပ်မိတာနဲ့ အခွင့်အရေးယူခံရပြီး ရိုက်ချခံရလိမ့်မယ်၊ ဒုတိယနဲ့ တတိယ မိသားစုက ကျားချောင်း ချောင်းနေကြတာ လေ ..
ပထမ မိသားစု ကျရှုံးသွားရင် ဒုတိယနဲ့တတိယမိသားစုက ဆက်တိုက်ခိုက်ကြလိမ့်မယ် ၊ နောက်ဆုံး အားလုံး သေပြီး ကျွန်တော်ပဲ ကျန်ခဲ့မယ်၊ အဆုံးမှာ တံငါသည် ကသာ အမြတ်ရမယ့်သူပဲလေ"
စကားလုံးတွေက လှည့်ကွက်လေးတွေပါပေမယ့် ရှန်လျန်က အတတ်နိုင်ဆုံး နားလည်လွယ်မယ့်စကားလုံးလေးတွေကိုရွေးချယ်ပြောပေးတယ်။ အရင်ဘဝက မင်းသား၄ရဲ့ အိမ်တော်မှာ နှစ်အတန်ကြာ နေထိုင်ခဲ့ရင်း အနောက်မောင်းမဆောင်တစ်ခုလုံးကို အုပ်ချုပ်ခဲ့တာမို့ မောင်းမတွေရဲ့ လှည့်ကွက်အမျိုးမျိုးကို နောကျေနေခဲ့တယ်။
မည်သို့ပင်ဆိုစေ သူက တစ်ဦးတည်း ဖြစ်ပြီးနောက်စေ့တွင် မျက်စိအပို မပါသည်ကြောင့် ကိုယ်တိုင် ထိန်းချုပ်သည်ထက် ရန်သူအချင်းချင်း ကိုက်ခိုင်းတာက စစ်ပွဲကိုအောင်နိုင်စေသည်။
"မိုက်လိုက်တာ ! သခင်လေး ဘာလို့အဲ့လောက် ထက်မြက်သွားတာလဲ? ကျွန်တော်ပဲ
ငတုံး ဖြစ်နေတာ ထင်တယ် ဗျာ"
ချီရွှမ်းက သူ့အကျင့်အတိုင်း.. ခေါင်းလေးကုတ်ကာ ရှက်ရှက်နှင့်ပြောသည်။
"လျန်လျန်က အရင်ထဲက ဉာဏ်ကောင်းပြီးသား၊ အလျှော့ပဲ ပေးနေပြီး ပြန်တိုက်ခိုက်ရမှန်းမသိသေးတာပဲ ရှိတာ"
ချီယွဲ့က မျက်မှောင်ကြုံ့လျက် ပြုံးစစနှင့်ပြောလိုက်ကာ ရှန်လျန့်အား....
"လျန်လျန်က တစ်ကယ် ရင့်ကျက်လာပြီပဲ... ကျွန်တော်တို့ နည်းနည်းပဲနာကျင်ရလဲ ရန်သူကို အလျှော့ပေးစရာမလိုဘူး၊ လက်စားပြန်ချေရမယ်၊ လျန်လျန် က ဒါကို သဘောပေါက်သွားပြီဆိုတော့ အနာဂါတ်မှာ သခင်လေး ပိုပျော်ရွှင်ရတော့မှာ သေချာတယ်"
"အွန်း.. ယွဲ့ကောနဲ့ ရွှမ်းကောတို့အပေါ် ဒီနှစ်တွေ အတွင်း ကျွန်တော့်ဘက်က လုံလောက်အောင်မကောင်းပေးနိုင်ခဲ့ဘူး၊ ဒါပေမယ့်စိတ်ချပါ နောက်နောင်ကို တစ်ခြားသူတွေ အနိုင်လာကျင့်တာမျိုး မရှိစေရဘူး"
ရှန်လျန် ခေါင်းငြိမ့်ရင်း ...ထိုသူတို့အား အကောင်းဆုံး ဆက်ဆံပေးရန် စိတ်ထဲထည့်မိသည်။
"ဪ ဒါနဲ့ လျန်လျန်ရေ.. ရှောင်ရွှမ်းက သိုင်းသင်ချင်လို့တဲ့၊ သိုင်းဆရာ တစ်ဦးလောက် ရှာပေးနိုင်မလား?"
သူတို့ မှာ ငွေကြေး မပေါများပေမယ့် ချီယွဲ့ အတွေးထဲ ... သခင်လေးကို ကာကွယ်ချင်တာတစ်ခုပဲ ရှိသည်။
"သင်မယ်ဆိုရင် ကောင်းတာပေါ့၊ ဆရာ ရှာဖို့တော့ မေ့လိုက်ပါ၊ အားလုံးက အပေါ်ယံတွေပဲ သာ...ရာဘက်လိုက်တဲ့ သူတွေမို့ ဘာပညာမှ ရမှာ မဟုတ်ဘူး။ဒီလိုလုပ်! မနက်ဖြန် ကျွန်တော်စာတစ်စောင် ရေးပေးလိုက်မယ်၊ ရွှမ်းကော က မြို့ပြင်ကိုသွားပြီး ဝမ်ချင်းဖုန်လို့ခေါ်တဲ့ လူကိုသွားရှာ လိုက် ၊တစ်ကယ်ကောင်းပြီးသင့်တော်တဲ့ ဆရာ စီစဉ်ပေးမယ် ၊ အဲ့ဒီအချိန်ကျရင်
ဆေးရုံကို အချိန်တိုင်းသွားနေရတာတို့ ၊ အပြင်နေ့တိုင်းထွက်လည်တာတို့ ဖြစ်ရင်တော့ ပညာဆက်သင်သင့်၊ မသင်သင့် ပြန်စဉ်းစားကြတာပေါ့"
ချီရွှမ်းက သိုင်းသင်ပြီး သူ့အတွက် သန်မာတဲ့ အကူအညီ ဖြစ်စေချင်တာကို သူသိပေမယ့် ရှန်လျန့် အတွေးက ချီရွှမ်းတို့နဲ့ မတူဘူး၊ သူ့ကို ကာကွယ်နိုင်တာက နောက်မှ...အနည်ဆုံး သူ့ကိုယ်သူ အရင်ကာကွယ်နိုင်ရင် ကောင်းမယ်လို့တွေးမိတယ်။
"လျန်လျန်က အရမ်းစိတ်ထားကောင်းတယ်"
ကိစ္စတွေက အဆင်ပြေသွားတော့ ချီရွှမ်းရဲ့အပြုံးက နားရွက်တက်ချိတ်မတတ်ပင်။
ရှန်လျန်နဲ့ ချီယွဲ့တို့ အချင်းချင်း ကြည့်ကာ ပြုံးလိုက်ကြသည်။ ညဘက်သူတို့ အနားယူနေချိန်တွင်လည်း ရှန်လျန် ဆက်မေးလိုက်၏။
"ယွဲ့ကောရော? သင်ချင်တာ ရှိလား"
အရမ်းမသန်မာ လာလျှင်တောင် ကိုယ့်ကိုကိုယ် ကာကွယ်နိုင်ဖို့ စွမ်းရည်တစ်ခုခုတတ်ကျွမ်းထားရန် သူမျှော်လင့်မိပါ၏။
"သင်တော့သင်ချင်တယ် ဒါပေမယ့် ဘာသင်ရမလဲ မသိသေးဘူး"
သူ့ပုံစံက ချီရွှမ်းလောက် မသွက်တာမို့ သိုင်းသင်တာလည်း အဆင်မပြေလောက်ပေ။ တစ်ခြားအရာလည်း သင်ယူစရာ မတွေ့ချေ။
"အင်း....."
ရှန်လျန်က ကုတင်ပေါ်ထိုင်လျက် မေးစေ့ပွတ်ကာ တစ်ခဏတွေးလိုက်သည်။
"ယွဲ့ကော က စာရေးတတ်တာပဲကို ၊ကျွန်တော့ဆီက အဆိပ်ပညာ ဘာလို့ မသင်လဲ?"
"ဟင်?"
အဆိပ်ပညာ? အဲ့ပညာက ဝေမိသားစုရဲ့ အမွေ မဟုတ်လား? သူစိမ်းကို ဘယ်လိုလုပ်သင်ပေးလို့ရပါ့မလဲ?
"ဒီတိုင်းပဲ ဆုံးဖြတ်လိုက်မယ်၊ မနက်ဖြန်ကစပြီး အဆိပ်ပညာ သင်ပေးမယ်၊ ဆေးပညာရောပဲ၊ ဘယ်သူ့အကူအညီမှ သွားတောင်းစရာမလိုဘူး၊ ကိုယ့်အချင်းချင်းပဲ အားကိုးလိုက်တာ ကောင်းတယ်"
ရှန်လျန် ပစ်စလတ်ခတ် ဆုံးဖြတ်ခြင်းမျိုးမဟုတ်ပေ။ ဝေမိသားစု အမွေ ဖြစ်တဲ့ ဆေးကျမ်းနဲ့ အဆိပ်ကျမ်းက သူ့လက်ထဲ ရှိနေမှတော့ ဘယ်လိုအသုံးချသင့်လဲဆိုလဲ သူ့ဆုံးဖြတ်ခွင့်ပဲ ဖြစ်တယ်။
"ဒါပေမယ့်..."
"ငြင်းလို့မရဘူး ယွဲ့ကော ! ဒါကျွန်တော်တို့ အနာဂါတ် ကောင်းဖို့အတွက်ပဲလေ"
"ဟုတ်တော့ ဟုတ်ပါတယ်..."
သူတို့ကောင်းဖို့ပဲ ဆိုတဲ့စကားလုံးက ချီယွဲ့ ရဲ့စိုးရိမ်မှုတွေ လွင့်ပါးစေခဲ့ပြီး ညီအစ်ကိုနှစ်ဦးလုံး၏ နှုတ်ခမ်းကို တိတ်ဆိတ်သွားစေခဲ့ပါတယ်။
Words 1258
Grape 🍇